Category: News
-

အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး အငြိမ်းစား ဗိုလ်ကြီး အောင်ပြည့်စုံစိုး သေဆုံးမှု မိသားစုထံသို့ ၈ လကြာမှ စစ်တပ်က အသိပေး အကြောင်းကြား
အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး အငြိမ်းစား ဗိုလ်ကြီး အောင်ပြည့်စုံစိုး သေဆုံးမှု မိသားစုထံသို့ ၈ လကြာမှ စစ်တပ်က အသိပေး အကြောင်းကြား AA က တိုက်ခိုက်သိမ်းပိုက်လိုက်သော အမ်းမြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူး အငြိမ်းစား ဗိုလ်ကြီး အောင်ပြည့်စုံစိုး သေဆုံးမှုကို မိသားစုထံသို့ ၈ လကြာမှ စစ်တပ်က အသိပေးအကြောင်းကြားလာကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်အုပ်ချုပ်ရေးမှူအဖြစ် တာဝန်ထမ်းဆောင်နေသည့် အငြိမ်းစား ဗိုလ်ကြီးအောင်ပြည့်စုံစိုးမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း AA က အမ်းမြို့နယ်တစ်ခုလုံးနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်စဉ် စစ်တပ်နှင့်အတူ ခုခံရင်းသေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများကဆိုသည်။ သေဆုံးသွားခဲ့သော ဗိုလ်ကြီး အောင်ပြည့်စုံစိုးတွင် ဇနီး သိမ့်သူသူအောင်နှင့် သမီးကျန်ရစ်ခဲ့ပြီး သမီးမှာ အမေရိကန်တွင် နေထိုင်ပညာသင်ကြားနေကြောင်း သိရှိရသည်။ ” သူရော၊…
-

မြင်းခြံ ပျူရွာမှ ထွက်လာသော စစ်တပ် PDF တိုက်ခိုက်ခြင်းကြောင့် ၁၀ဦး သေဆုံးဟုဆို
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျူစောထီးရွာမှ ထွက်လာသော စစ်တပ်ကို PDF တို့ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးကြောင်း သိရသည်။ ဩဂုတ် ၂၁ ရက်၊ နေ့ခင်း ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ဆုံရွာမှ အင်အား ၃၀ ကျော်လိုက်ပါလာသည့် ထော်လာဂျီ ၁ စီးနှင့် ဆိုင်ကယ် ၃ စီးကို PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ၁ နာရီဝန်းကျင်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားများ သေဆုံးခြင်းကို မျက်မြင်တွေ့ရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၄-၁၀ တပ်ရင်းက ဩဂုတ် ၂၁ ရက် ညပိုင်း၌ သတင်းထုတ်ပြန်ထားသည်။ “ဆုံရွာနဲ့ ငါန်းမြာရဲစခန်းကူးတဲ့လမ်းမှာပါ။မြင်းခြံမြို့နယ်၊ ဆုံရွာပျူရွာကနေ ငါန်းဇွန်မြို့နယ် ငါန်းမြာရဲစခန်းဘက်ကို ပြန်တဲ့ အချိန်စစ်ကြောင်းကို…
-

တယ်လီနော မက်တာဒေတာကြောင့် ကိုဂျင်မီ ဖမ်းဆီးခံရကြောင်း နော်ဝေ- မြန်မာကော်မတီ အကြီးအကဲဟောင်း စွပ်စွဲ
တယ်လီနော မက်တာဒေတာကြောင့် ကိုဂျင်မီ ဖမ်းဆီးခံရကြောင်း နော်ဝေ- မြန်မာကော်မတီ အကြီးအကဲဟောင်း စွပ်စွဲ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီအဖမ်းခံရမှုနှင့် တယ်လီနော-မြန်မာက တယ်လီဖုန်းသုံးစွဲမှုဆိုင်ရာအချက်အလက်များ၊ ဖုန်းဟန်းဆက်တည်နေရာတို့ပါသောအချက်အလက်များကို စစ်အုပ်စုထံလွှဲပြောင်းပေးခဲ့မှုနှင့် ဆက်စပ်နေကြောင်း နော်ဝေ-မြန်မာ ကော်မတီ ဒါရိုက်တာဟောင်း အော်ဒွန်း အာဂါ (Audun Aagre) က စွပ်စွဲလိုက်သည်။ အာဏာသိမ်းပြီးနောက် ကိုဂျင်မီ ပုန်းအောင်းနေခဲ့သဖြင့် စစ်တပ်က ရှာမတွေ့ ခဲ့သော်လည်း တယ်လီနောက ကိုဂျင်မီနှင့်ပတ်သက်သည့် မက်တာဒေတာကို ထုတ်ပြန်ပြီးနောက် မကြာမီတွင် ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။ “တယ်လီနောက ကိုဂျင်မီနဲ့ပတ်သက်တဲ့ Metadata (မက်တာဒေတာ) လွှဲပြောင်းပေးလိုက်ပြီးတဲ့နောက်သိပ်မကြာခင်မှာပဲ သူအဖမ်းခံခဲ့ရတယ်။ ဇူလိုင် ၂၃ ရက်၊ ၂၀၂၂ ခုနှစ်မှာ သူကြိုးပေးကွပ်မျက်ခံခဲ့ရတယ်” ဟု အော်ဒွန်း အာဂါက နော်ဝေအခြေစိုက် Panorama…
-

ခြံအမှတ်(၅၄)ကိစ္စ လျှောက်ထားချက်များ ဆက်တိုက်ပယ်ချခံရပြီးနောက် ဦးအောင်ဆန်းဦးဘက်က ထပ်မံတင်ပြနိုင်မှု မရှိ
ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)ကို လေးကြိမ်တိုင် လေလံတင်ရောင်းချခဲ့သော် လည်း ဝယ်ယူသူမရှိခဲ့ခြင်းနှင့်ပတ်သက်ပြီး ဦးအောင်ဆန်းဦး၏ လျှောက်ထားချက်များ ဆက်တိုက်ပယ်ချခံထားရပြီးနောက် လက်ရှိတွင် ထပ်မံတင်ပြလာခြင်း မရှိသေးကြောင်း တရားရုံးနှင့် နီးစပ်သူများထံက သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်ထဲတွင် ခြံအမှတ် (၅၄)၏ မြေတဝက်ကို ယူလိုကြောင်း ဦးအောင်ဆန်းဦး၏ သုံးကြိမ်မြောက် လျှောက်ထားချက်ကိုလည်း ရန်ကုန်တိုင်း၊ ကမာရွတ်ခရိုင်တရားရုံးက ဩဂုတ်လ ၇ ရက်နေ့က ပယ်ချခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အဆိုပါ ခြံနှင့်ပတ်သက်ပြီး ဦးအောင်ဆန်းဦးဘက်က ထပ်မံတင်ပြလျှောက်ထားရန် ဩဂုတ်လ ၁၃ ရက်နေ့နှင့် ယနေ့ (ဩဂုတ် ၂၁)တို့တွင် ရုံးချိန်းခေါ်ယူခဲ့သော်လည်း တင်ပြခြင်းမရှိသေးကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။ ယနေ့ရုံးချိန်းတွင်မူ ဦးအောင်ဆန်းဦး၏ ရှေ့နေဘက်က အမှုသည်နှင့် မတွေ့ရသေးဟုသာ…
-
ကျောက်ဖြူတိုက်ပွဲ AA စစ်ရှိန်ပြန်မြှင့် စစ်တပ်အထိနာ
အာရက္ခတပ်တော်(AA)ကAAသိမ်းယူထားသည့်စခန်းများကို ထိုးစစ်ဆင်လာသည့်စစ်ကောင်စီတပ်ကို AA ကတိုက်ခိုက်ရာ စစ်တပ် စစ်ကြောင်းလိုက်ပြုတ်သည်အထိ တိုက်ခိုက်ခံရပြီး တိုက်ပွဲဆက်ပြင်းထန်နေကြောင်း စစ်ရေးသတင်းရေးမြစ်များကပြောသည်။ ဇွန်လမတိုင်မီက တိုက်ပွဲများတွင် AA သိမ်းယူခဲ့သည့် လိပ်ခမော်၊ နှမ်းဖဲတောင်၊ မင်းတပ်တောင်၊ သပြုတောင်၊ ပြင်ရှည်ရွာနှင့် စည်မော်ရွာဘက်၌ တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ပြီး ယင်းတိုက်ပွဲများ၌ စစ်တပ်အထိနာပြီ ဖရိုဖရဲဖြစ်ကာတပ်ပျက်နေကြောင်း AA နှင့် နီးစပ်သောသတင်းရင်းမြစ်ကပြောသည်။ “တိုက်ပွဲတွေက သြဂုတ်လဆန်းမှာ ပိုပြီးပြင်းထန်လာတာပါ။AAရှိတဲ့နေရာတွေကို စစ်တပ်က ထိုးစစ်လုပ်လာတာ။ သူတို့တပ်လန်ကျနေတယ်။ သေဆုံးတာတွေ များတယ်။ သြဂုတ်လ ၁၀ ရက်နောက်ပိုင်းတိုက်ပွဲတွေမှာ စစ်တပ်ဘက်ကသေတာ ၁၀၀ ကျော်ပြီလို့ သတင်းရတယ်”ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။ AAသည် ရခိုင်ပြည်နယ်မှမြို့နယ်အများအပြားကိုသိမ်းယူပြီးနောက် ကျောက်ဖြူ မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့်ဇန်နဝါရီလမှစတင်၍ အရှိန်မြှင့်ခဲ့သည်။ ဓညဝတီရေတပ်စခန်းဌာနချုပ်အနီး ကာကင်းများကို သိမ်းယူနိုင်သည်အထိ စစ်ရေးအသာစီးရခဲ့ပြီးနောက် မတ်လ ၂၈ ရက်က…