Category: News

  • မဲပလီ စခန်းသိမ်းတိုက်ပွဲတွင် ခမရ ၄၀၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း အပါအဝင် စစ်သား ၄၀ ဦးသေဆုံး

    မဲပလီ စခန်းသိမ်းတိုက်ပွဲတွင် ခမရ ၄၀၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း အပါအဝင် စစ်သား ၄၀ ဦးသေဆုံး

    ဘီးလင်း၊ မဲပလီ စခန်းသိမ်းတိုက်ပွဲတွင် ခမရ ၄၀၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း အပါအဝင် စစ်သား ၄၀ ဦးသေဆုံးပြီး ဒုတိယဗိုလ်မှူးကြီး တင့်လွင်ဦးနှင့် ဒုတိယဗိုလ်မှူးကြီး စိုင်းသူရ အပါအဝင် ၂၀ ဦးထွက်ပြေး

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီစစ်တပ်စခန်းသိမ်း တိုက်ပွဲတွင် ခမရ ၄၀၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း အပါအဝင် စစ်သား ၄၀ ဦးသေဆုံးပြီး ဒုတိယဗိုလ်မှူးကြီး တင့်လွင်ဦးနှင့် ဒုတိယဗိုလ်မှူးကြီး စိုင်းသူရ အပါအဝင် ၂၀ ဦး ထွက် ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂၇ စစ်ဗျူဟာမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီအချိန် ဘီးလင်းမြို့နယ်၊ မဲပလီစစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်များက တိုက် ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ တစ်လတာ တိုက်ခိုက်ပြီးနောက် စခန်းကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း ၊ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ခမရ ၄၀၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း၊ ဒုတပ်ကြပ် လှမျိုးနိုင်၊တပ်သား အာကာ၊ တပ် သား ကျော်မြင့်၊ တပ်ကြပ်ကိုသက်၊ ဒုတပ်ကြပ်ကျော်ကျော်၊ တပ်သား သန်းစိုးအောင်၊ တပ်သား စောအယ်ဒိုထူး၊ တပ်သားဇော် ပိုင်၊တပ်သား ကျော်မင်းဦး၊တပ်ကြပ် သန်းမိုး၊ ခွဲတပ်ကြပ်ကြီးလှဌေး၊တပ်ကြပ်ကြီးကျော်ခိုင် အပါအဝင် စစ်သား ၄၀ ဦးခန့်သေဆုံးခဲ့ကြောင်း သိရှိရသည်။

    တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သော မဲပလီဗျူဟာတပ်စခန်းမှ စကခ ၈ ဒုဗိုလ်မှူးကြီးတင့်လွင်ဦး၊ခမရ ၄၀၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစိုင်းသူရဌေး အပါအဝင် ၂၀ ဦးခန့်မှာလည်း စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စကခ ၈ မှ စစ်ဦးစီး (တတိယတန်း) G3 ဗိုလ်ကြီးသော်တာ အပါအဝင် စစ်သုံ့ပန်း ၂၇ ဦးဖမ်းဆီရမိပြီး ကောင်းမွန်စွာစောင့်ရှောက် ထားကြောင်း၊ ထွက်ပြေးလွတ်မြောက်နေသောအကြမ်းဖက်စစ်ကောင်စီ မဲပလီဗျူဟာမှူးနှင့်အဖွဲ့ကို တော်လှန်ရေးတပ်များက လိုက်လံချေမှုန်းလျက်ရှိကြောင်း သိရှိရသည်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂၇ စစ်ဗျူဟာ၊ တပ်ရင်းများမှ သူရိယစစ်ကြောင်း၊ တပင်ရွှေထီး စစ်ကြောင်းတပ်ဖွဲ့ဝင်များ၊ တပ်မဟာဒရုန်းအဖွဲ့၊ နဂါးဖြူစစ်ကြောင်း၊ တောင်ညိုစစ်ကြောင်း အပါအဝင် KNLA၊ PDF၊ BPLA၊ FFDဒရုန်းအဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့က စစ်ကောင်စီ၏ မဲပလီဗျူဟာစခန်းကုန်းကို ၁ လအတွင်းအောင်မြင်စွာအပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

    ထွက်ပြေးသွားသော စစ်ကောင်စီတပ်မှ ဗျူဟာမှူးနှင့်တပ်ရင်းမှူးတို့မှာ ပြည်သူများကို ဖိနှိပ် ရိုက်နှက်သတ်ဖြတ်ခဲ့သူများ ဖြစ် ကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင်လည်း ခမရ ၄၀၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုင်းသူရဌေး၊ ဗိုလ်ကြီးကမ်းဒိုးဟောက်၊ ဒုတပ်ကြပ် နေမျိုး၊ တပ်သား သန်းစိုးအောင် တို့က အရက်သေစာသောက်စားမူးယစ်ရမ်းကားပြီး မဲပလီရွာ သား အမျိုးသမီးတစ်ဦး အပါအဝင် ၈ ဦးကို အကြောင်းမဲ့ အပြင်းအထန်ရိုက်နှက်ပြီး မဲပလီဗျူဟာထဲသို့ခေါ်ဆောင်သွားပြီး ဗျူဟာဓမ္မာရုံတွင် ဆေးကုသပေးခြင်းမရှိဘဲ ပစ်ထားခဲ့ကြောင်း သိရှိရသည်။

    ဒုတိယဗိုလ်မှူးကြီးစိုင်းသူရဌေး၏ရိုက်နှက်မှုကြောင့် မဲပလီရွာသား ကိုစိန်ဝင်းမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ သေ ဆုံးသွားခဲ့ကြောင်း၊ ဒုဗိုလ်မှူးကြီးစိုင်းသူရဌေးက မဲပလီရွာမှအမျိုးသမီး ၂ ဦးကိုလည်း ခြိမ်းခြောက် အတင်းအဓမ္မအနိုင်ကျင့်စေခိုင်းခဲ့သည့်ဖြစ်စဉ် လည်းရှိခဲ့ကြောင်း သိရှိရသည်။

  • နတ်မောက်မှာ ၁ ရက်တည်း အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရ

    နတ်မောက်မှာ ၁ ရက်တည်း အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရ

    သေနတ်သံကြောင့် နှလုံးရောဂါအခံရှိသူ အမျိုးသား ၁ ဦးပါသေဆုံး

    မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊အုပ်ရှစ်မျှောင်ကျေးရွာနဲ့ စန်းကုန်းကျေးရွာမှာ ၁ ရက်တည်း အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပြီး သေနတ်သံကြောင့် နှလုံးရောဂါအခံရှိသူ အမျိုးသား ၁ ဦးပါသေဆုံးခဲ့တယ်လို့ နတ်မောက်မြို့နယ်ပကဖ တာဝန်ခံထံက သိရပါတယ်။

    ဖေဖော်ဝါရီ ၂ ရက်နေ့ညနေ ၆ နာရီလောက်မှာအုပ်ရှစ်မျှောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးချစ်ကို နေအိမ်မှာဝင်ရောက်ပစ်ခတ်ခဲ့ပြီး ညနေ ၆ နာရီခွဲကျော်ခန့်မှာ အသက် ၇၆ နှစ်အရွယ် စန်းကုန်းရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကိုလည်း နေအိမ်မှာပင် ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

    “အုပ်ရှစ်မျှောင်ပြီးတော့ စန်းကုန်းအုပ်ကြီးကို တခါတည်းဝင်ရှင်းတာ။ ရွာတွေက ကပ်လျက်ပါ။ နေအိမ်ထဲဝင်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာချည်းပါပဲ။ ခေါင်းတွေချည်း ပစ်ခဲ့တာပါ။”လို့ နတ်မောက်မြို့နယ် ပကဖတာဝန်ခံ ကိုအဆိပ်သီးက ပြောပါတယ်။

    သေနတ်နဲ့အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အုပ်ချုပ်ရေးမှူး ၂ ဦးစလုံးမှာ ဦးခေါင်းကျည် ထိဒဏ်ရာတွေနဲ့ နေရာမှာပင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

    စန်းကုန်းရွာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ပြီးချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အဲ့ဒီရွာထဲမှာရှိတဲ့ စစ်ကောင်စီသတင်းပေးတွေကို သေနတ်ပစ်ဖောက်သတိပေးခဲ့ရာ ကျေးရွာအတွင်း နှလုံးရောဂါ အခံရှိသူ အသက် ၆၃ နှစ်အရွယ် ဦးကောက်ရဟာ သေနတ်သံကြောင့်လန့်ပြီး ည ၈ နာရီခန့်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    အုပ်ရှစ်မျှောင်ကျေးရွာအုပ်ချုပ်ရေးမှုးနဲ့စန်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူးတို့ဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီ သတင်းပေးနေသူတွေဖြစ်သလို ဒေသခံတွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲရာမှာလည်း ပူးပေါင်းလုပ်ဆောင်ပေးနေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

    ဇန်နဝါရီ ၇ ရက်နေ့ညပိုင်းကလည်း နတ်မောက်မြို့နယ်၊ အိုင်ဇောက်ကျေးရွာမှာ စစ်မှုထမ်းကိစ္စနဲ့ပြည်သူကို အကြပ်မကိုင်ဖို့ သတိပေးပေမယ့် မလိုက်နာတဲ့ အုပ်ချုပ်ရေးမှူး ဦးဘိုဝင်းကိုနေအိမ်မှာ ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ပါသေးတယ်။

    ပုံစာ – နတ်မောက်မြို့နယ် ထွေအုပ်၊ ရပ်/ကျေး ဝန်ထမ်းစွမ်းဆောင်ရည်ဖြေဆိုနေကြသူများ

  • ကန့်ဘလူနယ်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

    ကန့်ဘလူနယ်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ညောင်ပင်ဆိပ်ရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့၀င်ကို ဒေသခံတော်လှန် ရေးတပ်က စောင့်ကြိုတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့၀င် ၄ ဦးသေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

    ဖေဖော်ဝါရီလ ၃ ရက် မနက်ပိုင်းက ကန့်ဘလူမြို့ နယ်ချင်မြစ်ကျင်းကျေးရွာပျူအထိုင်စခန်းကနေ ချင်မြစ်ကျင်း-ကာဘိုးလမ်းပိုင်းကင်းယူဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီး၈ ဦးကို ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်း နဲ့ နယ်မြေခံ ပကဖ ပူး ပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီး ၄ ဦးသေဆုံးပြီး G3သေနတ် ၃ လက်နဲ့ ကာဘိုင် သေနတ် ၂ လက် သိမ်းဆည်းနိုင်ခဲ့ပြီး တေယ်လှန်ရေးတပ်ဖွဲ့၀င်တွေ ထိခိုက်မှုမရှ်ိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်အမှတ် ၄ တပ်ရင်းကသတင်းထုတ်ပြန်ထားပါတယ်။

    ပုံစာ – တိုက်ခိုက်မှုမှာ ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ။

  • စိုက်ပျိုးရေးနှင့် မွေးမြူရေးပေါင်းစည်းထားသည့် တက္ကသိုလ်တစ်ခု ဧရာ၀တီတိုင်းတွင် လာမည့် ပညာသင်နှစ်ဖွင့်လှစ်မည်ဟု မင်းအောင်လှိုင် ထုတ်ပြော

    စိုက်ပျိုးရေးနှင့် မွေးမြူရေးပေါင်းစည်းထားသည့် တက္ကသိုလ်တစ်ခု ဧရာ၀တီတိုင်းတွင် လာမည့် ပညာသင်နှစ်ဖွင့်လှစ်မည်ဟု မင်းအောင်လှိုင် ထုတ်ပြော

    ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်များ လုံခြုံရေး စိုးရိမ်၍ ပြောင်းရွှေ့မည့်သတင်း ပိုမိုခိုင်မာလာ

    စိုက်ပျိုးရေးနှင့်မွေးမြူရေးပေါင်းစည်းထားသည့် တက္ကသိုလ်တစ်ခုကို ဧရာ၀တီတိုင်းတွင် လာမည့် ပညာသင်နှစ်အတွင်း ဖွင့်လှစ်မည်ဟု အကြမ်း ဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုလိုက်သည်။

    ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

    လာမည့်ပညာသင်နှစ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ပေါင်းစည်းထားသည့် တက္ကသိုလ်တစ်ခုကို ဧရာ၀တီတိုင်းအတွင်း ဖွင့်လှစ်ပေးနိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့ကြောင်း၊ ထိုသို့ ထုတ်ဖော်ပြောဆိုမှုကြောင့် မကြာမီ နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် သစ်တောတက္ကသိုလ်တို့ကို ဧရာ၀တီတိုင်းဘက်သို့ ပြောင်းရွှေ့ပြီး ပြင်ဦးလွင်မှ စစ်တက္ကသိုလ်များကို လုံခြုံရေးစိုးရိမ်ချက်အရ နေပြည်တော်သို့ ပြောင်းရွှေ့ရောက်ရှိလာမည်ဆိုသော သတင်းများမှာ ပိုမိုခိုင်မာလာကြောင်း အဆိုပါတက္ကသိုလ်များနှင့်နီးစပ်သော အသိုင်းအ၀ိုင်းက ပြောဆိုသည်။

    ထို့ပြင် စစ်ကောင်စီက ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်များ နေပြည်တော်သို့ ပြောင်း ရွှေ့နိုင်ရေးအတွက် နယ်မြေများချဲ့ထွင်သည့်အနေဖြင့် ဇေယျာသီရိမြို့နယ်ရှိ စစ်ရေးပြကွင်းနှင့် ပျဉ်းမနားမြို့နယ်ရှိ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်အနီးရှိ ကျေးရွာများကို ဖျက်သိမ်းခိုင်းနေကြောင်း သိရှိရသည်။

    ရန်ကုန်- မန္တလေး လမ်းဟောင်းဘေးရှိ ဇေယျာသီရိမြို့နယ် ကျောက်ချက်ရွာမှ ခရေပင်လမ်းခွဲအထိ ကျေးရွာများအားလုံးကို စစ်ရေးပြကွင်းနှင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နယ်မြေဧရိယာတို့ကို တိုးချဲ့ရန်နှင့် လုံခြုံရေး အကြောင်းပြကာ စီမံချက်ဖြင့် ဖျက်သိမ်းခိုင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

    ဖျက်သိမ်းရမည့် ကျေးရွာများတွင် ရန်ကုန်-မန္တလေး လမ်းဟောင်း တလျှောက်ရှိ ကျောက်ချက်ရွာ၊ အိုင်စောက်ရွာ၊ သစ်တပ်ရွာ၊ စိမ်းစားပင်ရွာ၊ မအူတောရွာ၊ ရေဆင်းရွာ၊ ရွေကျရွာ၊ ရွေတွင်းကုန်းရွာ၊ ခေတ်အေးရွာနှင့် ခရေပင်လမ်းခွဲအထိ ကျေးရွာနှင့်ရပ်ကွက်များ ပါဝင်ကြောင်း သိရှိရသည်။

    အလားတူ ဇေယျာဉ်သီရိမြို့နယ်ရှိ သစ်တပ်ရွာ မျက်နှာစာတွင်ရှိနေသာ အဆောက် အဦး များကိုလည်း အကြမ်းဖက် စစ်ကောင်စီက လုံခြုံရေးအတွက် လမ်းမကြီးများဥပဒေနှင့် ငြိစွန်းသည်ဟုဆိုပြီး ဖျက်သိမ်းခိုင်းနေကြောင်း သိရှိရသည်။

  • ပုဂံသို့ ဘုရားဖူးလာသည့် လူငယ်တချို့ ကို စစ်တပ်က စစ်မှုထမ်းတပ်သားများအဖြစ် ဖမ်းဆီး

    ပုဂံသို့ ဘုရားဖူးလာသည့် လူငယ်တချို့ ကို စစ်တပ်က စစ်မှုထမ်းတပ်သားများအဖြစ် ဖမ်းဆီး

    ဧည့်စာရင်းမတိုင်ဟု စစ်တပ်က အကြောင်းပြကာ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူများအားလုံး စစ်တပ်ထဲ အပို့ခံရ

    မန္တလေးတိုင်း၊ ပုဂံမြို့ကို ဘုရားဖူးလာသည့် လူငယ်တချို့ကို အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း တပ်သားများအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၂ ရက်နေ့နှင့် ၃ ရက်နေ့ ညပိုင်း အကြမ်းဖက် စစ်တပ်က ပုဂံမြို့ပေါ်ရှိ နေအိမ်များ၊ ဟိုတယ်များနှင့် တည်းခိုခန်းများကို ဧည့်စာရင်း ဝင်ရောက် စစ်ဆေးခဲ့ပြီး လူငယ် ၁၀ ဦးကျော်ကို ဖမ်းဆီးခဲ့ကြောင်း၊ ဧည့်စာရင်းမတိုင်ဟုဆိုကာ စစ်တပ်က လူငယ်များကို အကြောင်းပြ ဖမ်းဆီးခဲ့ပြီးနောက် ဖမ်းဆီးခံရသော လူငယ်များအားလုံးကို စစ်တပ်ထဲသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

    အကြမ်းဖက် စစ်တပ်က ပုဂံမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် ညပိုင်း ဧည့်စာရင်း အကြောင်းပြ၍ ဖမ်းဆီးမှုများ ဆက် တိုက် လုပ်ဆောင်လျက်ရှိကြောင်း၊ ညပိုင်း သွားလာနေသော ဆိုင်ကယ်စီး လူငယ်တချို့ကိုလည်း မှောင်ရိပ်ခိုသည်ဟုဆိုကာ ဖမ်းဆီးပြီး စစ်တပ်ထဲသို့ ပို့ဆောင်ကြောင်း သိရှိရသည်။

    “ပုဂံမြို့ခံကတော့ ညပိုင်း သိပ်မထွက်ကြဘူး။ ပုဂံကို လာလည်တဲ့တချိ့လူငယ်တွေကတော့ ည ၈ ခွဲ ဆိုင်ကယ်စီး အပြင်ထွက်ရင် မှောင်ရိပ်ခိုတယ်ဆိုပြီး အဖမ်းခံရတာ။ တပ်ထဲအပို့ခံရတယ်”ဟု ပုဂံဒေသမှ ဟိုတယ်ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။

    ထို့ကြောင့် စစ်တပ်က ပုဂံကို ဘုရားဖူးလာသည့် မိသားစုများအနက်မှ လူငယ်များကို ပစ်မှတ်ထား၍ ဖမ်းဆီးလာသဖြင့် သတိ ထားရန်လိုအပ်ကြောင်း၊ စစ်တပ်က အိမ်စီးကားများ အရပ်ဝတ်များဖြင့် ပုဂံရှိ ဘုရားများကို နေ့ည မပြတ် လှည့်ပတ်နေကြောင်း၊ ထို့ပြင် ပုဂံမြို့ပေါ်တွင် နေထိုင်သော လူငယ်တချို့မှာလည်း နေအိမ်များတွင် မနေရဲတော့ဘဲ ထွက်ပြေး တိမ်းရှောင်မှုများရှိကြောင်း သိရှိရသည်။

    ” အခု ပုဂံမြို့ပေါ်မှာ စစ်တပ်က ညဘက်တွေ ဧည့်စာရင်းနဲ့ ဝင်ဝင်ဆွဲနေတာ လူမပြည့်လို့ဆိုပြီး ။ဘုရားဖူးတွေပါ ဆွဲနေတယ်။ စစ်ခွေးတွေက အရပ်ဝတ်တွေ အိမ်စီးကားတွေနဲ့ ဘုရားတွေဘက်ကို နေ့တိုင်းပတ်နေတယ်။ ပုဂံမြို့သစ်ဘက်မှာလည်း ၂ ရက်ရှိပြီ ဧည့်စာရင်းစစ်မယ်ဆိုပြီး လူငယ်တွေကို ဝင်ဖမ်းနေတာ။ လူငယ်တွေရှိရင် တစ်ခါတည်း ခေါ်ဆောင်ဖမ်းဆီးတယ်။ ဧည့် စာရင်းစစ်လို့ တံခါးမဖွင့်ပေးတဲ့ အိမ်ဆိုရင် ခဲလုံးနဲ့ထုတယ်။ တံခါးတွေ ရိုက်ချိုးတာတွေထိ လုပ်ပြီးဝင်ဆွဲနေတာ ညဘက်တွေဆို လူကငယ်တွေက ရှောင်တာများလို့ နေ့ဘက်တွေပါ လူပြတ်နေတဲ့ နေရာတွေမှာ ဖမ်းတာရှိတယ်။ အခုလူငယ်တွေ အိမ်မှာမနေရဲတော့ဘူး။ တိမ်းရှောင်နေရပြီ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    မန္တလေးတိုင်း၊ ညောင်းဦးမြို့နယ်နှင့်ပုဂံဒေသတွင် စစ်မှုထမ်းအပတ်စဉ် ၇ မှစတင်၍ စစ်မှုထမ်း တပ်သားသစ် အရေအတွက် ပြည့်မီအောင် ပေးနိုင်ခြင်းမရှိ၍ စစ်ကောင်စီက နယ်မြေခံတပ်ရင်းနှင့် အုပ်ချုပ်ရေးအဖွဲ့များကို ဖိအားပေးမှုများရှိနေကြောင်း တပ်သတင်းရင်းမြစ်၏ အဆိုအရ သိရှိရသည်။

    ဓာတ်ပုံ- ၂၀၂၀ ခုနှစ်အတွင်း ပုဂံဘုရားများအတွင်း ကင်းလှည့်နေသည့် အကြမ်းဖက်စစ်တပ် လက်အောက်ခံရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

    Photo Credit- AFP