Category: News
-

မန္တလေးမှာ ပျူစောထီးတွေက အမျိုးသားတစ်ဦးရိုက်နှက်သတ်ပြီး အလောင်းအမှိုက်ပုံမှာစွန့်ပစ်
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ပျူစောထီးတွေက အမျိုးသားတစ်ဦးကို ရိုက်နှက်သတ်ဖြတ်ပြီး ရုပ်အလောင်းကို အမှိုက်ပုံလာပစ်သွားကြောင်း သတင်းရရှိပါတယ်။ မနေ့က ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်၊ ၅၉ လမ်း၊ ၁၁၄ လမ်းနဲ့ ၁၁၅ လမ်းကြားရှိ အမှိုက်ကန်အနီးမှာ ရိုက်နှက်နှိပ်စက်ခံထားရပြီး ဦးခေါင်းကြေမွဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို လူတစ်စုက လာရောက်စွန့်ပစ်သွားကြောင်း MDY Revolution က အသိပေးပါတယ်။ မျက်မြင်တွေ့ရှိသူတွေရဲ့အဆိုအရ အလောင်းလာပစ်သူတွေဟာ ၆၂လမ်း ၁၁၇ လမ်းနဲ့ ၁၁၈ ကြားရှိ ပြည်ကြီးတံခွန်မြို့နယ် (ဃ)ရပ်ကွက် ရပ်ကွက်ရုံးက ပျူစောထီးတွေ ဖြစ်ကြောင်း MDY Revolution က ထပ်မံ အသိပေးပါတယ်။ “တော်တော်သောင်းကျန်းနေတာ။ အဲဒီဘက် ဃ ရပ်ကွက်က ပျူတွေချည့်ပဲ။ ညဘက်ဆို…
-

ကြံ့ဖွတ်ပါတီက မဲဆန္ဒနယ် ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရထား
စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပခဲ့သော မြို့နယ် ၁၀၂ ခုအနက် ကနဦး မဲရလဒ်များအရ ကြံ့ဖွတ်ပါတီက မဲဆန္ဒနယ် ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရထားဟုဆို အကြမ်းဖက် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပခဲ့သော မြို့နယ် ၁၀၂ ခုတွင် ကြံ့ဖွတ်ပါတီက ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရရှိထားကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။ မြို့နယ်ပေါင်း ၁၀၂ ခုအနက်မှ ကြံ့ခိုင်ရေးပါတီက ရှုံးနိမ့်သော မဲဆန္ဒနယ် ၁၀ ခုဝန်းကျင် လတ်တလော သိရှိထားကြောင်း၊ စစ်ကိုင်းတိုင်းအတွင်းရှိ တချို့သော မဲဆန္ဒနယ်မြေများ၏ မဲရလဒ်များမှာ နေရာ ကွာဝေးနေ၍ အတိအကျ မသိရှိရသေးသော်လည်း ယေဘုယျ ခန့်မှန်းခြေအားဖြင့် အနိုင်ရရှိထားသည်ဟု သိရှိရကြောင်း၊…
-

ကောင်မလေးကို ဟိုတယ်ခေါ်တာ မလိုက်လို့တဲ့
စင်ကာပူကသတင်း မနေ့ကညနေ သူငယ်ချင်းတယောက်နဲ့ စီးတီးဟောနား တောင်ကုန်းအစပ်မှာ စကားပြောနေကြတုန်း မိန်းကလေးတယောက်ရဲ့စူးစူးဝါးဝါးအော်သံကြားတော့ ကိုက ထသွားကြည့်တယ်။ အဲဒီမှာ မိန်းကလေးက မြေပေါ်မှာ ငုတ်တုတ်လေး ယောကျာ်းတယောက်က မိန်းကလေးရဲ့လက်ကိုအတင်းဆွဲ၊ မိန်းကလေးရဲ့အိတ်ကို အတင်းဆွဲနေတော့ ကိုက ညီမ ဘာဖြစ်တာလဲမေးတယ်။ မိန်းခလေးက အတင်းငိုယိုပီး အကိုရယ် ကူညီပါ ကယ်ပါဆိုတာနဲ့ အဲဒီကောင်ကို တွန်းလိုက်ပီး အဲ့လိုမလုပ်ဖို့ပြောတယ်။ အဲ့ကောင်က ခများနဲ့မဆိုင်ဘူး ဘေးဖယ်နေတဲ့ ။ ငါမဖယ်နိုင်ဘူး ငါ့မျက်စိရှေ့မှာ မိန်းကလေးတယောက်ကို တွန်းထိုးဆွဲရမ်းပီး အနိုင်ကျင့်နေတာ ငါရပ်ကြည့်မနေနိုင်ဘူးပြောပီး သူအတင်းဆွဲယူထားတဲ့ မိန်းကလေးရဲ့အိတ်ကို ပြန်လုယူလိုက်တယ်။ အဲ့မှာ မိန်းကလေးက အရမ်းကြောက်ပီး အသားတွေစဆတ်ဆတ်တုန်နေတာ နဲ့ ညီမ မကြောက်နဲ့ ရဲခေါ်ပေးမယ်ဆိုပီး 999 ကိုဖုန်းဆက်လိုက်တယ်။ ရဲခေါ်ပီး ရဲမလာခင်ထိ မိန်းကလေးကို အတင်းလိုက်ဆွဲနေတုန်း။…
-

ဒေါ်ကြည်ပြာတို့အမှုနဲ့ပတ်သက်ပြီး NUGဝန်ကြီးချုပ်ရုံး ဝန်ကြီးထုတ်ပြောလာ
အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်ဖြစ်တဲ့ ဒေါ်ကြည်ပြာနဲ့ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့ကို စစ်ဆေးပေးဖို့တိုင်ကြားထားတာနဲ့ပတ်သက်ပြီး တိုင်ကြားသူ ၁၂ဦး၊ အတိုင်ခံရသူ ၂ ဦး၊ ကြားသက်သေ ၉ ဦးတို့ကို နေ့စဉ်စစ်ဆေးကြားနာနေတယ်လို့ NUGဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီနေ့ ဒီဇင်ဘာ ၂၉ရက်မှာပြောပါတယ်။ ဒေါ်ကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ဟာ လူ့အခွင့်အရေးချိုးဖောက်တာ၊ အဂတိလိုက်စားတာနဲ့ အာဏာအလွဲသုံးစားလုပ်တာတွေရှိနေလို့ဆိုပြီး ဒီအပေါ်မှာစုံစမ်းစစ်ဆေးပေးဖို့ ဝန်ကြီးချုပ်ရုံးမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းဟောင်း ၁၂ယောက်က ပြီးခဲ့တဲ့လ နိုဝင်ဘာ ၁၉ရက်က တိုင်ကြားထားတာဖြစ်ပါတယ်။ ဒီပေါ်မှာNUGအနေနဲ့စစ်ဆေးမှုကို ပွင့်လင်းမြင်သာစွာချမပြသေးဘဲ ကြန့်ကြာနေတာ၊ တိုင်ကြားသူ ၁၂ဦးကို ဒေါ်ကြည်ပြာတို့က နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ပြန်တိုင်ကြားထားတယ်ဆိုတဲ့ကိစ္စတွေကြောင့် ဝေဖန်မှုတွေရှိနေတဲ့အပေါ်မှာ ဝန်ကြီးချုပ်ရုံးဝန်ကြီးက NUGပြန်ကြားရေး PVTVကနေတဆင့် အခုလိုထုတ်ပြောလာတာပါ။ “ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးကထဲက ညစဉ် ၈နာရီမှ၁၀နာရီအထိသီးခြားအချိန်ပေးပြီး ဒီကိစ္စကို အမှန်တရားပေါ်ပေါက်စေရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။ တိုင်ကြားသူ ၁၂ဦး၊ အတိုင်ခံရသူ…
-

နေပြည်တော်တိုင်းစစ်ဌာန စစ်ရေးအခြေအနေ သတင်းထုတ်ပြန်ချက်
(၁) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာနအနေဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို အခြေခံ၍ အကြမ်းဖက်စစ်ကော်မရှင်တပ်အား ဘက်ပေါင်းစုံမှ ထိုးနှက် တိုက်ခိုက်လျက်ရှိပါသည်။ (၂) ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ဆွာမကြီးကျေးရွာ နှင့် အနောက်ဘက်ကမ်းရှိ ခင်တန်းလေးကျေးရွာ၊ ဒိုးတန်းကျေးရွာတို့တွင် အကြမ်းဖက်စစ်ကော်မရှင်တပ်က မဲရုံများ တည်ဆောက်ကာ အနီးအနားကျေးရွာမှ ပြည်သူများအား မဲထည့်ရန် ဖိအားပေး ဆောင်ရွက်လျက်ရှိပါသည်။ အတုအယောင်ရွေးကောက်ပွဲအား ဟန့်တားတိုက်ဖျက်နိုင်ရေးအတွက် နေပြည်တော်တိုင်းစစ်ဌာန၏ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ အနေဖြင့်အဆိုပါ ကျေးရွာများအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါသည်။ (၃) အထက်ဖော်ပြပါကျေးရွာများရှိ စစ်ကော်မရှင်တပ်၏ အထိုင်စခန်းအချို့နှင့် မဲရုံနေရာများအား ရှင်းလင်းခဲ့ပါသည်။ စစ်ကော်မရှင်တပ်သား (၁၀) ဦးခန့် သေဆုံးပြီး အထိအခိုက်များစွာဖြင့် ဆုတ်ခွာ…