Category: News

  • ဧရာ၀တီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများ၍ ညပိုင်းတွင်ပါ ‌သေနတ်ပစ်ဖောက် သင်္ဂြိုဟ်နေရ

    ဧရာ၀တီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများ၍ ညပိုင်းတွင်ပါ ‌သေနတ်ပစ်ဖောက် သင်္ဂြိုဟ်နေရ

    ဧရာ၀တီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများ၍ ညပိုင်းတွင်ပါ ‌သေနတ်ပစ်ဖောက် သင်္ဂြိုဟ်နေရပြီး ဒေသခံများထိတ်လန့်

    ဧရာ၀တီတိုင်း ပုသိမ်တွင် ဧရာဝတီနှင့်ရခိုင်အစပ် တိုက်ပွဲများမှနေ၍ ထိခိုက်မှုများပြားကာ သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နေ့စဉ်သင်္ဂြိုဟ်နေရကြောင်း သိရ သည်။

    ပုသိမ်မြို့နယ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) စစ်ဆေးရုံ မဆရ ၄ မှ ထွက်ခွာလာသည့် စစ်ကား ကိုး စီးသည် ယနေ့ ဇန်နဝါရီ ၂၈ ရက် နေ့လယ် ၁ နာရီ ၁၅ မိနစ်က စစ်ကောင်စီတပ်အရာရှိနှစ်ဦး ကို ရွှေမြင်တင်သင်္ဂြိုဟ်စက်တွင် နိုင်ငံတော် အလံများအုပ်ကာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

    “တိုက်ပွဲတွင်းမှာ သေဆုံးတွေကို ရွှေမြင်တင်မှာ သင်္ဂြိုဟ်နေတာ။ ညဘက်တွေလည်း အသုဘချနေရတယ်။ အရာရှိတွေလည်းပါတယ်။ အခမ်းအနားနဲ့ လုပ်ပြီး အလံအုပ်သင်္ဂြိုဟ်တာ။ သေနတ်တွေလည်း ပစ်ဖောက်တယ်”ဟု ပုသိမ်မြို့ရှိ သတင်းရင်းမြစ်က ပြောသည်။

    ထို့အပြင် ယမန်နေ့ ဇန်နဝါရီ ၂၇ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်ကလည်း ချောင်းသာဘက်မှနေ၍ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်သုံးဖောကားတစ်စီးဖြင့် မဆရ ၄ ဘက် သို့ အရေးပေါ်လာရောက်ပို့ဆောင်သွားကြောင်း သတင်းအထူးတပ်ဖွဲ့-ပုသိမ်ထံက သိရသည်။

    ဒဏ်ရာရရှိသူများအနက် သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ညပိုင်းအချိန်များတွင်ပါ ရွှေမြင်တင်မီးသင်္ဂြိုဟ်စက်၌ သင်္ဂြိုဟ်နေရပြီး သင်္ဂြိုဟ်သည့် အခမ်းအနားတွင် ပစ်ဖောက်သည့်သေနတ်သံများကြောင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများ ထိတ်လန့် လျက်ရှိကြောင်း သိရသည်။

    စစ်ကောင်စီသည် ဧရာဝတီ-ရခိုင်အစပ် တိုက်ပွဲများမှ ထိခိုက်ဒဏ်ရာရရှိ သူများနှင့် သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပုသိမ်ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ် မဆရ ၄ သို့ စစ်သုံးဖောကားများဖြင့် နေ့စဉ်နီးပါး ခေါ်ဆောင်လာနေရပြီး AA နှင့်တိုက်ပွဲများသည်လည်း ဧရာဝတီတိုင်း ရေကြည်နှင့် သာပေါင်းမြို့နယ်အစပ်ထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

    ဧရာဝတီတိုင်းအတွင်းရှိ ပွိုင့် ၂၆၃ စခန်း၊ ပွိုင့် ၃၆၉ စခန်းတို့ကို AA က ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့နှင့်၂၆ ရက်နေ့တို့တွင် အပြီးသတ်သိမ်းယူလိုက်ပြီဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာထား သည်။

    လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေသည့် ဧရာဝတီတိုင်းအစပ်ရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

    ပုံစာ-ရွှေမြင်တင်သင်္ဂြိုဟ်စက်တွင် လာရောက် သင်္ဂြိုဟ်နေစဉ် (ပုံဟောင်း)

  • သာပေါင်းမြို့မရဲစခန်းမှူး ရိက္ခာသွားပို့စဥ် စနိုက်ပါထိမှန်သေဆုံး

    သာပေါင်းမြို့မရဲစခန်းမှူး ရိက္ခာသွားပို့စဥ် စနိုက်ပါထိမှန်သေဆုံး

    သာပေါင်းမြို့မရဲစခန်းမှူး ရိက္ခာသွားပို့စဥ် စနိုက်ပါထိမှန်သေဆုံးပြီး အလောင်းပြန်ယူနိုင်ခြင်းမရှိသေး

    ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်တွင် ဇန်နဝါရီလ ၂၈ ရက်နေ့ညနေပိုင်းက မြို့မရဲစခန်းမှူး ဒုရဲမှူး၀င်းနိုင်ဦး စနိုက်ပါထိမှန်ကာ သေဆုံးခဲ့ကြောင်းသိရှိရသည်။

    အဆိုပါ ဒုရဲမှူးသည် သာပေါင်းမြို့နယ် ကျားခေါင်းကျေးရွာအကျော် တောတွင်း၌ ခံစစ်ပြင်ထားသော စစ်ကောင်စီနှင့်ရဲများ ထံသို့ အရပ်ဘက်ကားကိုအသုံးပြုကာ ရိက္ခာသွားပို့စဥ် စနိုက်ပါနှင့်ပစ်ခတ်ခံရပြီးသေဆုံးသွားကာ ယခုအချိန်ထိ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားနေသောကြောင့် အလောင်းကိုပြန်မယူနိုင်သေးကြောင်းသိရသည်။

    “ညက ရဲနဲ့စစ်တပ်နဲ့ပေါင်းပြီး အလောင်းသွားကောက်တာ ဟိုဘက်က ပြန်ပစ်နေလို့ တိုက်ပွဲဖြစ်နေလို့ကောက်လို့မရသေးဘူး။ သူနဲ့ပါသွားတဲ့ကားသမားတွေနဲ့ရဲတွေက ထွက်ပြေးသွားတာ စနိုက်ပါမှန်ပြီးသေတာကတော့သူတစ်ယောက်ထဲပါ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ပြောသည်။

    အာရက္ခတပ်တော် AAနှင့် ပူးပေါင်းတပ်များ သည်မကျီးဇင်မှတစ်ဆင့်သာပေါင်းမြို့နယ် အစပ်သို့ရောက်ရှိနေပြီး ယခုကဲ့သို့ စစ်တပ်နှင့်ရဲတံဆိပ်ပါကားများကို အသုံးပြုခြင်းမရှိပဲ အရပ်ဘက်ကားကိုအသုံးပြုလာသော ဒုရဲမှူးကို အတိအကျပစ်ခတ်ခံရခြင်းကြောင့် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နှင့်ရဲများထိတ်လန့်နေကြကြောင်း သိရသည်။

    သာပေါင်းမြို့နယ်၊မကျီးဇင်-သာပေါင်းကားလမ်းတွင်ဇန်နဝါရီ ၈ ရက်နေ့မှစတင်ကာ စစ်ကောင်စီမှခံစစ်ပုံစံပြင်ဆင်ထားပြီး​ကျားခေါင်း၊သဲဖြူ၊သစ်ဖြူ ကျေးရွာတို့တွင် စစ်ကောင်စီမှကတုတ်ကျင်းများတူးထားပြီး ကြက်သွန်ကွင်းဂိတ်တွင်လည်း စစ်ကောင်စီနှင့်ရဲများကို လက်နက်အပြည့်အစုံတပ်ဆင်ထားကာ သဲအိတ်ဘန်ကာများပြုလုပ်ထားကြောင်းသိရှိရသည်။

    ဓာတ်ပုံ- သာပေါင်းမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ၀င်းနိုင်ဦး

  • မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ အရာရှိများကို ဝန်ကြီးဌာန အုပ်ချုပ်ရေး ယန္တရားများအတွင်းသို့ အရပ်ဘက်ရာထူးကြီးများဖြင့် အလုံးအရင်း ပြောင်းရွှေ့ သွတ်သွင်းနေ

    မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ အရာရှိများကို ဝန်ကြီးဌာန အုပ်ချုပ်ရေး ယန္တရားများအတွင်းသို့ အရပ်ဘက်ရာထူးကြီးများဖြင့် အလုံးအရင်း ပြောင်းရွှေ့ သွတ်သွင်းနေ

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ အရာရှိများကို ဝန်ကြီးဌာနဆိုင်ရာ ယန္တရားများအတွင်း အရပ်ဘက်ရာထူးကြီးများဖြင့် အစားထိုးလျက်ရှိကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ အကြမ်းဖက်မင်းအောင်လှိုင်၏ အမိန့်အရ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ စစ်ရာထူးခန့်ချုပ်ရုံးက စစ်တပ်ဘက်မှ ဗိုလ်မှူးချုပ်အဆင့် အရာရှိကြီးများမှစ၍ ဗိုလ်ကြီးအဆင့်အထိ အရာရှိငယ်များကို ဝန်ကြီးဌာနဆိုင်ရာ ယန္တရားများအတွင်းသို့ အလုံးအရင်းဖြင့် ခန့်ထားသွပ်သွင်းလျက်ရှိကြောင်း သိရှိရသည်။

    ၂၀၂၄ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်းတွင်ပင် စစ်ကောင်စီက ဗိုလ်မှူးချုပ်အဆင့် အရာရှိကြီးများမှစ၍ ဗိုလ်ကြီးအဆင့် အရာရှိငယ် ၅၀ ဝန်းကျင်ကို စစ်ကောင်စီ၏ ယန္တရားများအတွင်းသို့ အရပ်ဘက်ရာထူးများဖြင့် သွပ်သွင်းခဲ့ကြောင်း၊ စစ်အရာရှိများကို အရပ်ဘက် အနိမ့်ဆုံး ဦးစီးအရာရှိရာထူးမှ အမြင့်ဆုံး ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ်နှင့်အတွင်းဝန်ရာထူးများအထိ သွပ်သွင်းခန့်အပ်ခဲ့ကြောင်း သိရှိရသည်။

    “နိုင်ငံရေးရာထူး ဒုဝန်ကြီးနဲ့ ဝန်ကြီးအဆင့် ရာထူးတွေမှာလည်း အရန်အင်အားသွင်းထားတဲ့ စစ်ဗိုလ်ချုပ်တွေကို ခန့်အပ်နေသလို ဝန်ကြီးဌာန ယန္တရားတွေမှာလည်း ဗိုလ်မှူးချုပ်အဆင့်ကနေပြီး ဗိုလ်ကြီးအဆင့်အထိ အရာရှိတွေကို အရပ်ဘက်အသွင်းပြောင်းပြီး ခန့်အပ်တာတွေ အရမ်းကိုများလာနေပါတယ်” ဟု နေပြည်တော် တပ်သတင်းရင်းမြစ်က ဆိုသည်။

    ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဗိုလ်မှူးချုပ် မျိုးကျော်သူကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေခဲ့ကြောင်း သိရှိရသည်။

    “နှစ်ပိုင်းရှိပါတယ်။ တချို့ စစ်ဘက်ရာထူးကြီး အရာရှိကြီးတွေကို အရပ်ဘက် ဝန်ကြီးဌာနဘက်မှာ နိုင်ငံရေးရာထူးဖြစ်တဲ့ ဒုဝန်ကြီး၊ ဝန်ကြီး မဟုတ်ဘဲ အခြားယန္တရား ရာထူးကြီးတွေကို ပေးတာက အပြစ်ပေးတဲ့ အနေနဲ့ ပို့တာရှိသလို အပြစ်ပေးတာမဟုတ်ဘဲ တမင်ကို ရည်ရွယ်ချက်ရှိရှိ ပို့တာလည်းရှိပါတယ်။ ဗိုလ်မှူးချုပ် မျိုးကျော်သူကို အားကစားနဲ့ လူငယ်ရေးရာ ဝန်ကြီးဌာနကို ပို့တာကတော့ သူ့လူမို့ ရာထူးတမင်ပေးပြီး လုပ်ပိုင်ခွင့်ပေးတာဖြစ်ပါတယ်” ဟု တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

    အလားတူ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ ဒုတိယဗိုလ်မှူးကြီး စိုးမြတ်သူကို နေပြည်တော်စည်ပင်တွင် လက်ထောက်ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူး) ရာထူးဖြင့်လည်းကောင်း၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဗိုလ်ကြီး မင်းကိုကိုဦး ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ဦးစီးအရာရှိအဖြစ်လည်းကောင်း၊ ဗိုလ်ကြီးကျော်မိုးထွန်းကို မော်လမြိုင်မြို့အခြေစိုက် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးအရာရှိအဖြစ်လည်းကောင်း ခန့်အပ်ခဲ့သည်။

    ထို့ပြင် ၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလ ၁၄ ရက်နေ့ တွင် ဗိုလ်မှူးကြီး မင်းသော်အေးကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ်လည်းကောင်း ၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဗိုလ်မှူး မျိုးဇေယျာအောင်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြင့်တင်ရေးအဖွဲ့၏ လက်ထောက်ညွှန်ကြားရေးမှူး အဖြစ်လည်းကောင်း၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဗိုလ်ကြီးအောင်အောင်ဦးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၏ ဦးစီးအရာရှိအဖြစ်လည်းကောင်း ခန့်အပ်ခဲ့သည်။

    ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဒုတိယဗိုလ်မှူးကြီး နိုင်နိုင်လွင်ကို ဘဏ္ဍာရေးနှင့်စီမံကိန်းဝန်ကြီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး အဖြစ်လည်းကောင်း၊ ဗိုလ်မှူး အာကာလရောင်ကိုလည်း အဆိုပါဌာန၏ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း ခန့်အပ်ခဲ့ပြန်သည်။

    ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဗိုလ်မှူးနေနိုင်ထွန်းကို ငါးလုပ်ငန်းဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး၊ ဗိုလ်မှူးထင်လင်းကျော်ကို ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး၊ ဗိုလ်ကြီးနေထူးနိုင်ကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ ဦးစီးအရာရှိများအဖြစ်လည်းကောင်း ခန့်အပ်ခဲ့သည်။

    ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ရေတပ်မှ ဗိုလ်ကြီးကျော်ဇေယျာလွင်ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ရုံးချုပ်၊ ဓာတ်အားဖြန့်ဖြူးရေးဌာနမှ မန်နေဂျာရာထူးနေရာသို့ လည်းကောင်း၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အမှတ် ၁၅ တပ်မတော်ဆေးရုံမှ ဗိုလ်ကြီး ညီညီထွန်းကို မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မြစ်သားမြို့နယ် လျှပ်စစ်မန်နေဂျာရုံး၏ မန်နေဂျာ(စီမံ) ရာထူးသို့လည်းကောင်း ပြောင်းရွှေ့ ခန့်အပ်ထားသည်။

    ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဗိုလ်ကြီးဝင်းမောင်ကို စီးပွား/ကူသန်းဝန်ကြီးဌာန၏ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ဦးစီးအရာရှိ အဖြစ်လည်းကောင်း၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် အမှတ် ၅၁၅ ခြေမြန်တပ်ရင်းမှ အီးအေ ၁ အရာရှိ ဗိုလ်ကြီး ကျော်မိုးထွေးကို ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံး၏ ဦးစီးအရာရှိအဖြစ်လည်းကောင်း ခန့်အပ်လိုက်ကြောင်း သိရှိရသည်။

    မင်းအောင်လှိုင်၏ ရည်ရွယ်ချက်မှာ ရွေးကောက်ပွဲ ကျင်းပဖြစ်၍ အရပ်သားအစိုးရ အပြောင်းအလဲများ ဖြစ်လာသည့်တိုင် စစ်အရာရှိများ ကြီးစိုးထားသော အုပ်ချုပ်ရေးယန္တရားကို ဆက်လက် အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း တပ်သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

  • ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လာ စစ်မှုထမ်းရန် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးချိန် စစ်မှုဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ထောက်ခံချက် မဖြစ်မနေ ရယူရမည်

    ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လာ စစ်မှုထမ်းရန် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးချိန် စစ်မှုဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ထောက်ခံချက် မဖြစ်မနေ ရယူရမည်

    ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လာ စစ်မှုထမ်းရန် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးချိန် စစ်မှုဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ထောက်ခံချက် မဖြစ်မနေ ရယူရမည်

    စစ်မှုထမ်းရမည့် အရေအတွက်စာရင်း အမြန်ဆုံးပြုစုပြီး သက်ဆိုင်သူများကို အသိပေးရန် အမိန့်ပေးညွှန်ကြား

    ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လာ စစ်မှုထမ်းရေး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးချိန် စစ်မှုဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ထောက်ခံချက် ရယူတော့မည်ဖြစ်ကြောင်း နေပြည်တော်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    မြန်မာနိုင်ငံတွင် စစ်မှုမထမ်းရန်အတွက် လူငယ်များက နိုင်ငံခြားသို့ ပုံစံမျိုးဖြင့် ထွက်ခွာလျက်ရှိကြောင်း၊ ယင်းသို့ ထွက်ခွာသွားသည့် လူငယ်အရေအတွက်မှာ သန်းချီရှိပြီး ယင်းလူငယ်များ မြန်မာနိုင်ငံအတွင်းသို့ ပြန်လာ စစ်မှုထမ်းရေးအတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးချိန်တွင် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ ထောက်ခံချက် လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ထံတွင် စစ်မှုထမ်းရန် ရွှေ့ဆိုင်းခွင့်(သို့မဟုတ်) ကင်း လွတ်ခွင့်(သို့မဟုတ်) လျှော့ပေါ့ခွင့် ထောက်ခံချက် မဖြစ်မနေ ပါရှိမှသာလျှင် သက်ဆိုင်ရာ သံရုံးများက သက်တမ်းတိုး ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

    ” စစ်မှုထမ်းအမိန့်စာရတဲ့သူတွေအနေနဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွင့် မပြုတဲ့ ညွှန်ကြားချက်တွေ၊ နိုင်ငံကူးလက်မှတ်သက် တမ်းတိုးတာမှာ လိုအပ်မယ့် ဗဟိုအဖွဲ့ ထောက်ခံချက်တွေ ရယူရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ထွက်လာဖို့ရှိပါတယ်” ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    လတ်တလော ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ထောက်ခံချက်ပါမှ လူငယ်များ ပြည်ပထွက်ခွင့်ပြုမည်ဆိုသော စနစ် မတင်သေးကြောင်း၊ သို့ရာတွင် သက်ဆိုင်ရာက အမိန့် ညွှန်ကြားချက်များ ထွက်ပေါ်လာပြီးပါ ယင်းစနစ် တရားဝင်စတင်လိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။

    ထို့ပြင်ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့၏ ၁/၂၀၂၅ အစည်းအဝေးတွင် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဥပဒေပါ သတ်မှတ်အကျုံးဝင်သည့် အရေအတွက်ကို စနစ်တကျမှန်ကန်အောင် ကြိုတင်ပြုစုထားပြီး သက်ဆိုင်သူများကို အသိပေးရန် ညွှန်ကြားသည်။

    နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းတွင်တာဝန်ရှိပြီး ဥပဒေအရသတ်မှတ်ထားသော အသက်ကန့်သတ်ချက်အတွင်းရှိသူများ သတ်မှတ်ကာလအလိုက် အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်သွားရန် လိုမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အနေဖြင့် စာရင်းဇယားမှန်ကန်ရန်နှင့်ရေရှည်တွင် မှတ်တမ်းထည့်သွင်းမှု လွယ်ကူစေရန်အတွက် ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

  • စစ်ကိုင်းတွင် စစ်တပ် ဒေါင်တိုင် ထွန်းဝေ ပိုင်ဆိုင်သော ကားကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့က ဖမ်းဆီး သိမ်းဆည်း

    စစ်ကိုင်းတွင် စစ်တပ် ဒေါင်တိုင် ထွန်းဝေ ပိုင်ဆိုင်သော ကားကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့က ဖမ်းဆီး သိမ်းဆည်း

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ပြည်သူပိုင် စက်လှေများထံမှ ဆက်ကြေးယူပြီး နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသည့် စစ်တပ် ဒေါင်တိုင် ထွန်းဝေ ပိုင်ဆိုင်သော ကားကို ဖမ်းဆီး သိမ်းဆည်းခဲ့ကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်မှ ရာထူး အကြီးပိုင်းများနှင့် ပေါင်းပြီး ပြည်သူအပေါ် နှင့် ဧရာဝတီမြစ်အတွင်းသွားလာသော သစ်ဖောင်၊ ဝါးဖောင်များ စက်လှေများကို အမျိုးမျိုး ဒုက္ခပေးပြီး ဆက်ကြေးကောက်ယူနေသော ရှာရောင်းကျေးရွာမှ စစ်တပ် ဒေါက်တိုင် ထွန်းဝေ ပိုင်ဆိုင်သော ကားကို မင်းကွန်းဒေသ လမ်းပိုင်းတစ်နေရာတွင် ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုသို့ ဖမ်းဆီးစဉ် ကားမောင်းလာသူသည် ဒေသပြည်သူဖြစ်သောကြောင့် ပြန်လွှတ်ပေးခဲ့ပြီး ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ ရဲဘော်များက ကားကို သိမ်းဆည်းခဲ့ကြောင်း၊ အဆိုပါ ကားကို တော်လှန်ရေး အတွက် လိုအပ်သော နေရာများနှင့် အများ ပြည်သူ အကြိုးပြုသော နေရာများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

    “ကားမောင်းတဲ့လူက ပြည်သူဖြစ်နေလို့ပါ။ အဓိကကတော့ မင်းကွန်းဒေသက စကစ ဒေါက်တိုင်တွေ ပြည်သူ့စစ်တွေ ရဲတွေနဲ့ ပတ်သတ်နေတဲ့ ဘုန်ကြီးတွေကို နောက်ဆုံးအနေနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ အသိပေးလိုပါတယ်။ တိုင်ကြားမှုတွေ စာရင်းတွေ အဆက်အသွယ်လုပ်ထားတဲ့ contant တွေ အတိအကျ ရထားပြီးတာမို့ပါ” ဟု ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    စစ်ကိုင်းပြည်သူ့စစ် ဦးဆောင် ကိုယ်တော် ဝေပုလ္လ နှင့် ပတ်သတ် ဆက်နွယ်နေသော ဘုန်းကြီးကျောင်း စာရင်းများလည်း ရရှိထားပြီးဖြစ်၍ ပတ်သတ် ဆက်နွယ်နေသော ဘုန်းကြီးများ အနေဖြင့် အသိစိတ်ဖြင့် ကင်းကင်းရှင်းရှင်း နေထိုင်ကြရန်နှင့် ဆက်လက်ပူပေါင်းပါက အရေးယူမှုများ ပြုလုပ်သွားမည်ကြောင်း နောက်ဆုံးအကြိမ် အသိပေးအပ်ကြောင်းနှင့် ဆက်လက်ပူပေါင်း နေ၍ ထိခိုက်မှု တစုံတရာရှိပါက လုံးဝ တာဝန်ယူဖြေရှင်းမည်မဟုတ်ကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့က သတိပေး ပြောဆိုထားသည်။