Category: News

  • SSLRU ကို တော်လှန်ရေးတပ်ပေါင်းစုမှ တပ်ဖွဲ့အသွင်သို့ ပြောင်းမည်

    SSLRU ကို တော်လှန်ရေးတပ်ပေါင်းစုမှ တပ်ဖွဲ့အသွင်သို့ ပြောင်းမည်

    ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU)ကို တပ်ဖွဲ့အသွင်သို့ ပြောင်းကာ စစ်ကောင်စီအား တော်လှန်သွားမည်ဟု သိရသည်။

    ယနေ့ (ဒီဇင်ဘာ၂၀ရက်) နံနက် ၁၀နာရီက ရှမ်းပြည်တောင်ပိုင်းတစ်နေရာ၌ ကျင်းပသည့် SSLRU ဖွဲ့စည်းတည်ထောင်ခြင်း နှစ်နှစ်ပြည့် အခမ်းအနားတွင် SSLRU၏ ဒုတပ်ရင်းမှူး ကိုနေအောင် က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    “စဖွဲ့စည်းတဲ့အ ချိန်မှာတပ်ဖွဲ့ငါးဖွဲ့နဲ့ စဖွဲ့တယ်။ တပ်ပေါင်းစုအသွင်ကိုယူတယ်။ဒီနှစ်နှစ်ပြည့်နှစ် ကစပြီးတော့ ကျတော်တို့ တပ်တစ်တပ်တည်းနဲ့ သွားဖို့ရှိတယ်။SSLRUတပ်ပေါင်းစုကနေ တပ် အသွင်ကို ပြောင်းမယ်ပေါ့။ကျတော်တို့ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဂျိုးဖြူအဖွဲ့ကတော့ ဒီရှမ်းတောင်ဒေသအ တွင်း တစ်နေရာမှာ သူတို့အလုပ်လုပ်ဖို့အတွက်ကြိုးစားကြတယ်။သီးခြားပေမယ့် တချို့ကဏ္ဍတွေ အရ ကျတော်တို့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတာရှိပါတယ်” ဟု ၎င်းက ပြောသည်။

    SSLRU စတင်ဖွဲ့စည်းသည့်အချိန်တွင် ကလော၊ရွာငံ၊ပင်းတယ၊တောင်ကြီးနှင့် ညောင်ရွှေမြို့နယ် အတွင်းရှိ UGအဖွဲ့နှင့် Localအဖွဲ့များ စုစည်းဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

    လက်ရှိတွင် SSLRUအနေဖြင့် စစ်မျက်နှာအသစ်ဖွင့်ရန် ရည်ရွယ်ထားသော်လည်း ရှမ်းပြည်နယ် တောင်ပိုင်းဒေသအတွင်းကိုသာ အဓိကစစ်ရေးရည်မှန်းချက်အဖြစ် လုပ်ဆောင်လျက်ရှိပြီးဖယ်ခုံနှင့် မိုးဗြဲမြို့များအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ရေးပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

    ယနေ့ကျင်းပသည့် နှစ်နှစ်ပြည့်အခမ်းအနားသို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF )ဗျူဟာ နှစ်မှ ဗျူဟာမှူးက တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မဟာမိတ်တပ်ရင်း၊ တပ်ဖွဲ့များကလည်း ဂုဏ်ပြုသဝဏ်လွှာများပေးပို့ခဲ့ကြသည်။

    Photo – SSLRU နှစ်နှစ်ပြည့်အခမ်းအနား

  • ကန်နီပျူစောထီးရွာမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်

    ကန်နီပျူစောထီးရွာမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်

    မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၁ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ များပြား

    မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးပြီး ဒဏ်ရာရရှိသူများပြားကြောင်း MPL မြောက်ပိုင်းဇုန် (မြိုင်-ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ကန်နီပျူစောထီးရွာမှ မြောက်ဘက်ကို မြေပဲဖော်ရန် ထွက်လာသည့် အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များ၊ RC Plane များ ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီ တပ်သားများ ကျေးရွာအတွင်း တပ်ပျက်၍ ထွက်ပြေးသွားကြောင်း သိရှိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို MPL မြောက်ပိုင်းဇုန် (မြိုင်-ပကဖ)၊ ကိုဂတုံးအဖွဲ့ (မြိုင်-ပကဖ)၊ မြိုင်မြို့နယ်ပကဖ တပ်ရင်း၁ တပ်ခွဲ၁၊ ဗမာ့ဒေါင်း (မြိုင်-ပကဖ)၊ Eagle Brigade Drone force၊ မန်ကျည်းရိပ် ကိုငရဲ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

  • ရန်ကုန်နှစ်သစ်ကူးပွဲကို စစ်တပ်နှင့်နီးစပ်​သော အဆို​တော်၊လုပ်ငန်ရှင် အာဘွိုင်း လုပ်ခွင့်ရ

    ရန်ကုန်နှစ်သစ်ကူးပွဲကို စစ်တပ်နှင့်နီးစပ်​သော အဆို​တော်၊လုပ်ငန်ရှင် အာဘွိုင်း လုပ်ခွင့်ရ

    ရန်ကုန်နှစ်သစ်ကူးပွဲကို စစ်တပ်နှင့်နီးစပ်​သော အဆို​တော်၊လုပ်ငန်ရှင် အာဘွိုင်း လုပ်ခွင့်ရ

    ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်း၌ ပြုလုပ်မည့် နှသစ်ကူးည ​ဖျော်​ဖြေပွဲဖြစ်​သော Yangon Countdown Festival (YC Fest) ကို စစ်ကောင်စီက အဆိုတော်၊ လုပ်ငန်းရှင် အာဘွိုင်း(Ah Boy)ကို ဦးဆောင်စီစဉ်ခိုင်းထားခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

    “ဒီဇင်ဘာ ၃၀ နဲ့ ၃၁ ၊ နှစ်ရက်တိတိ ကျိုက္ကဆံအားကစားကွင်းမှာပြုလုပ်မဲ့ New Year Countdown ပွဲ YC Fest ဟာ အကြမ်းဖက်စစ်တပ်ကနေ ခရိုနီ Ah boy နဲ့အပေါင်းအပါတွေကိုစီစဉ်ခိုင်းတဲ့ပွဲဖြစ်ပါတယ်”ဟု အဆိုပါ​ဖျော်ဖြေပွဲအ​ကြောင်း သိထားသူတစ်ဦးက ပြောသည်။

    YC Fest ပွဲကို ဒီဇင်ဘာလဆန်းပိုင်းတွင် ​ဖေစ်ဘွခ်​​ပေချ်တစ်ခုသီးသန့်လုပ်၍စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၃၀ ရက်တွင် EDM Festival အနေဖြင့် နယ်သာလန်နိုင်ငံသား ဒီဂျေ Yellow Claw ၏ ဖျော်ဖြေမှု ပြုလုပ်မည်ဖြစ်ကာ ဒီဇင်ဘာ ၃၁ ရက်တွင် အဆိုတော် ဖြိုးလေး နှင့် နေဝင်းတို့က ဖျော်ဖြေမည်ဟု ကြေညာထားသည်။

    ယင်းပွဲကို စီစဉ်သည့် အဆိုတော်အာဘွိုင်းသည် စစ်ကောင်စီကို လေယာဉ်ဆီ ပံ့ပိုးသောကြောင့်ဟုဆိုကာ ဗြိတိန်အစိုးရက အရေးယူဒဏ်ခပ်ပိတ်ဆို့ထားသည့် Swan Energy ကုမ္ပဏီပိုင်ရှင် ဦးစိန်ဝမ်၏ သားဖြစ်သည်။

    ထို့အပြင် အာဘွိုင်းသည် စစ်ကောင်စီနှင့်နီးစပ်သည့်စီးပွားရေး လုပ်ငန်းရှင်များကို လက်နက်များဝယ်ယူပေးနေသူတစ်ဦးဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

    အဆိုပါဖျော်ဖြေပွဲကျင်းပသည့် အဖွဲ့အစည်း နှင့် ပတ်သက်၍ သီးသန့်ကြေညာထားခြင်းမရှိဘဲ အခြားပွဲများကဲ့သို့ ပံ့ပို့ပေးသည့် ကုမ္ပဏီနာမည်များကိုလည်း ထည့်သွင်းကြေညာထားခြင်းမရှိပေ။

    လက်မှတ်ဈေးနှုန်းကိုလည်း နှစ်ရက်စာအတွက် ပုံမှန် လက်မှတ် အတွက်သုံးသောင်းကျပ် နှင့် VIPလက်မှတ် အတွက် ခြောက်သောင်းကျပ်သတ်မှတ်ကာ ရောင်းချ​နေသည်။ ယင်းလက်မှတ်ဈေးနှုန်းသည် ယနေ့ခေတ် ကုန်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပြည်တွင်းအဆိုတော်များ၏ ဖျော်ဖြေပွဲဈေးနှုန်းထက်ပင်သက်သာနေ​သည်။

    ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထပ်တွင် နှစ်သစ်ကူးပွဲတော်များကို ကျိုက္ကစံ အားကစားကွင်း၌ နာမည်ကြီး အဆိုတော်များ၏ ဖျော်ဖြေမှုအစီအစဉ်များနှင့်အတူ အခမဲ့ စည်ကားစွာကျင်းပပေးလေ့ရှိသည်။

    နိုင်ငံတစ်ဝန်း ​တော်လှန်​ရေးတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှု​ကြောင့် ​ဒေသအများစုတွင် စစ်ရှုံး​နေ​သောစစ်​ကောင်စီမှာ နိုင်ငံ သည် ပုံမှန်အခြေအနေရှိသည်ဟု ပြသရန် ၊ပြည်သူများကို ​တော်လှန်​ရေးတွင် စိတ်မဝင်စားဘဲ အာရုံ​​ပြောင်းရန် ရာသီအလိုက်ပွဲတော်များ ၊အားကစားပြိုင်ပွဲများ ၊ပွဲလမ်းသဘင်များကို ပိုမိုပြုလုပ်​နေသည်။ ​ရခိုင်ပြည်နယ်၊​မောင်​တောမြို့နယ်တွင် အဓိက နယ်ခြား​စောင့်ရဲစခန်းဌာနချုပ် လည်းဖြစ် ၊ဘဂ်လား​​ဒေရှ်နယ်စပ်တွင် အကြီးဆုံးစခန်းဖြစ်​သောနခခ (၅) ကို အာရက္ခတပ်​တော် (AA) ကသိမ်းပိုက်ပြီး ၊ အမ်း နပခ ဌာနချုပ်ကိုပါသိမ်းပိုက်ရန် ထိုးစစ်ဆင်​နေစဥ် အာဏာသိမ်း​ခေါင်း​ဆောင်နှင့် ဇနီးတို့က ​နေပြည်​တော်တွင် အမျိုးသားအားကစားပွဲ​တော်ဖွင့်ပွဲတက်​ရောက်​နေသဖြင့်စစ်တပ်အသိုင်းအဝိုင်းကြားမှာပင် ပြင်းထန်စွာ​ဝေဖန်ခဲ့ကြသည်။ ပြည်သူလူထုကြားတွင်မူ နခခ (၅) မှ စစ်သားများက အလံဖြူထောင် လက်နက်ချ ​​နေ​သောပုံ နှင့် အာဏာသိမ်း​ခေါင်း​ဆောင် ဇနီး​မောင်နှံက အမျိုးသားအားကစားပွဲ​တော်ဖွင့်ပွဲ အလံ​ဝှေ့ယမ်း​နေ​သောပုံတို့ကို ယှဥ်တွဲ၍ ရယ်​မောစရာဟာသဖြစ်​နေသည်။

    စစ်အုပ်စုက အဓမ္မစစ်သားသစ်စု​ဆောင်းခြင်း၊​ပေါ်တာဆွဲခြင်းများကို စစ်​ကောင်စီထိန်းချုပ်​ဒေသများတွင်ပိုလုပ်​နေ​သော်လည်း ၊၎င်းတို့ပြုလုပ်​သောပျော်ပွဲရွှင်ပွဲများကိုမူ ပြည်သူများလာ​စေရန် စစ်သားသစ်စု​ဆောင်းခြင်း ၊​ပေါ်တာဆွဲခြင်းများကိုပြုလုပ်​လေ့မရှိ​ပေ ။

    (အဆို​တော် လုပ်ငန်းရှင် အာဘွိုင်း)

  • ဒုတိယမြောက် တိုင်းစစ်ဌာနချုပ် ဆုံးရှုံးမှုအဖြစ်  ရခိုင်ပြည်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို  ထပ်မံ လက်လွှတ်ရ

    ဒုတိယမြောက် တိုင်းစစ်ဌာနချုပ် ဆုံးရှုံးမှုအဖြစ် ရခိုင်ပြည်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထပ်မံ လက်လွှတ်ရ

    စစ်ကောင်စီက ဒုတိယမြောက် တိုင်းစစ်ဌာနချုပ် ဆုံးရှုံးမှုအဖြစ် ရခိုင်ပြည်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထပ်မံ လက်လွှတ်ရ

    ဗိုလ်မှူးချုပ် သောင်းထွန်း၊ ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနှင့် ဗိုလ်မှူးချုပ် သူရိန်ထွန်းတို့ကို AA အရှင် ဖမ်းဆီးရမိထား

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ထပ်မံ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။

    ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တစ်ခုလုံးကို AA က သိမ်းပိုက်ရရှိပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကို ဖမ်းဆီးရရှိကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် နပခ ဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုလည်း အရှင်ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

    AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် ဗိုလ်မှူးချုပ် ၃ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားရာ ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ စကခ ၁၅ တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းတို့မှာ AA ၏ လက်ထဲတွင် စစ်သုံ့ပန်းများ အဖြစ် ဖမ်းဆီးရရှိထားသည်။

    ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးအခြေ စိုက် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်ကို ကိုးကန့် MNDAA နှင့်တပ်ပေါင်းစုမဟာမိတ်များက သိမ်းပိုက်ခဲ့ပြီးနောက် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ဒုတိယအကြိမ် တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်းလည်းဖြစ်သည်။

  • AA က နပခဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်

    AA က နပခဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်

    AA က နပခဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းအားဖမ်းမိ

    ဂွမြို့ရှိခမရ(၅၆၃)ကိုလည်းသိမ်းပိုက်ပြီးမြို့ကို စတင်ထိန်းချုပ်

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို AAက အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး ဒုတိုင်းမှူးဗိုလ်မှူးချုပ်သောင်းထွန်းကို အရှင်ဖမ်းမိထားကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

    ဒုတိုင်းမှူးဗိုလ်မှူးချုပ်သောင်းထွန်း ကို ယနေ့ (ဒီဇင်ဘာ ၂၀ ရက်​နေ့ ) နံနက်ပိုင်းတွင် ဖမ်းဆီးလာခြင်းဖြစ်ပြီး နပခကိုလည်းအပြီးသတ် သိမ်းယူလိုက်ပြီဟုဆိုသည်။ သို့​သော်စစ်ကောင်စီကမူ လေကြောင်းမှအပြင်းအထန်တိုက်ခိုက်နေဆဲဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

    နပခသိမ်းပိုက်ရေးတိုက်ပွဲနှင့်ပတ်သက်၍ AAက ယမန်နေ့ညနက်ပိုင်းတွင် နောက်ဆုံး သတင်းထုတ်ပြန်စဉ် လက်နက်ချ အညံ့ခံထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုများကြားမှ ကယ်ထုတ်ခဲ့ကြောင်း ရုပ်သံမှတ်တမ်းနှင့်အတူထုတ်ပြန်ခဲ့သည်။

    ထွက်ပြေးလာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက နပခမှ အရာရှိများသည် ၎င်းတိုအားထား၍ထွက်ပြေးရန် ကြိုးစားခဲ့ကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နပခထဲသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း AAထံဝန်ခံထားသည်။

    AAတပ်ဖွဲ့ဝင်ကလည်း နပခထိပ်တန်းအရာရှိများနှင့်ပတ်သက်၍ မေးမြန်းနေသည်ကိုတွေ့ရသည်။

    နပခတိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးသည်လည်း ထွက်ပြေးနေကြောင်း ပြီးခဲ့သည့်နိုဝင်ဘာလကတည်းက သတင်းများထွက်ပေါ်ခဲ့သည်။

    ထို့အတူ ယခု ဖမ်းမိသည်ဆိုသည့် ဗိုလ်မှူးချုပ်သောင်းထွန်းသည် မကွေးမြို့ တပ်မ ၈၈သို့ နိုဝင်ဘာလ၁၄ရက်နေ့က ထွက်ပြေးသွားခဲ့ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ဖူးသည်။

    ထို့အတူတိုင်းစစ်ဦးစီးမှူးဗိုလ်မှူးချုပ်ကျော်ကျော်သန်းသည် နပခမှ ထွက်ပြေးစဉ် တောထဲတွင် AAစစ်ကြောင်းနှင့် ထိက်တိုက်တိုးပြီး တိုက်ပွဲဖြစ်ကာ သေဆုံးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောထားသည်။

    အထက်ပါအခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်အတည်ပြုချက်မရသေးပေ။ AAကလည်း သတင်းမထုတ်ပြန်သေးပေ။

    ထို့အပြင် ယနေ့နံနက်တိုက်ပွဲအတွင်း ဂွမြို့နယ်တွင်နောက်ဆုံးကျန်ရှိနေသည့် ခမရ(၅၆၃)ကို AAကသိမ်းပိုက်လိုက်ပြီး မြို့ကိုထိန်းချုပ်လိုက်ပြီဟု နောက်ထပ် စစ်ရေးသတင်းမြစ်တဦးကပြောသည်။

    ဂွတစ်မြို့နယ်လုံးကို စစ်ကောင်စီက ဒီဇင်ဘာလ၁၈ရက်နေ့ညမှစ၍ ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ပစ်ခဲ့သည်။

    ဂွမြို့နှင့် ဆက်စပ်နေသော ဧရာဝတီတိုင်းဘက်မှမြို့နယ်များကို စစ်ကောင်စီကပိတ်ဆို့ပြီး စစ်ဆေးမှုများပြုလုပ်နေသည်။