📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရန်ကုန်နှစ်သစ်ကူးပွဲကို စစ်တပ်နှင့်နီးစပ်​သော အဆို​တော်၊လုပ်ငန်ရှင် အာဘွိုင်း လုပ်ခွင့်ရ

ရန်ကုန်နှစ်သစ်ကူးပွဲကို စစ်တပ်နှင့်နီးစပ်​သော အဆို​တော်၊လုပ်ငန်ရှင် အာဘွိုင်း လုပ်ခွင့်ရ

ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်း၌ ပြုလုပ်မည့် နှသစ်ကူးည ​ဖျော်​ဖြေပွဲဖြစ်​သော Yangon Countdown Festival (YC Fest) ကို စစ်ကောင်စီက အဆိုတော်၊ လုပ်ငန်းရှင် အာဘွိုင်း(Ah Boy)ကို ဦးဆောင်စီစဉ်ခိုင်းထားခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

“ဒီဇင်ဘာ ၃၀ နဲ့ ၃၁ ၊ နှစ်ရက်တိတိ ကျိုက္ကဆံအားကစားကွင်းမှာပြုလုပ်မဲ့ New Year Countdown ပွဲ YC Fest ဟာ အကြမ်းဖက်စစ်တပ်ကနေ ခရိုနီ Ah boy နဲ့အပေါင်းအပါတွေကိုစီစဉ်ခိုင်းတဲ့ပွဲဖြစ်ပါတယ်”ဟု အဆိုပါ​ဖျော်ဖြေပွဲအ​ကြောင်း သိထားသူတစ်ဦးက ပြောသည်။

YC Fest ပွဲကို ဒီဇင်ဘာလဆန်းပိုင်းတွင် ​ဖေစ်ဘွခ်​​ပေချ်တစ်ခုသီးသန့်လုပ်၍စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၃၀ ရက်တွင် EDM Festival အနေဖြင့် နယ်သာလန်နိုင်ငံသား ဒီဂျေ Yellow Claw ၏ ဖျော်ဖြေမှု ပြုလုပ်မည်ဖြစ်ကာ ဒီဇင်ဘာ ၃၁ ရက်တွင် အဆိုတော် ဖြိုးလေး နှင့် နေဝင်းတို့က ဖျော်ဖြေမည်ဟု ကြေညာထားသည်။

ယင်းပွဲကို စီစဉ်သည့် အဆိုတော်အာဘွိုင်းသည် စစ်ကောင်စီကို လေယာဉ်ဆီ ပံ့ပိုးသောကြောင့်ဟုဆိုကာ ဗြိတိန်အစိုးရက အရေးယူဒဏ်ခပ်ပိတ်ဆို့ထားသည့် Swan Energy ကုမ္ပဏီပိုင်ရှင် ဦးစိန်ဝမ်၏ သားဖြစ်သည်။

ထို့အပြင် အာဘွိုင်းသည် စစ်ကောင်စီနှင့်နီးစပ်သည့်စီးပွားရေး လုပ်ငန်းရှင်များကို လက်နက်များဝယ်ယူပေးနေသူတစ်ဦးဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါဖျော်ဖြေပွဲကျင်းပသည့် အဖွဲ့အစည်း နှင့် ပတ်သက်၍ သီးသန့်ကြေညာထားခြင်းမရှိဘဲ အခြားပွဲများကဲ့သို့ ပံ့ပို့ပေးသည့် ကုမ္ပဏီနာမည်များကိုလည်း ထည့်သွင်းကြေညာထားခြင်းမရှိပေ။

လက်မှတ်ဈေးနှုန်းကိုလည်း နှစ်ရက်စာအတွက် ပုံမှန် လက်မှတ် အတွက်သုံးသောင်းကျပ် နှင့် VIPလက်မှတ် အတွက် ခြောက်သောင်းကျပ်သတ်မှတ်ကာ ရောင်းချ​နေသည်။ ယင်းလက်မှတ်ဈေးနှုန်းသည် ယနေ့ခေတ် ကုန်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပြည်တွင်းအဆိုတော်များ၏ ဖျော်ဖြေပွဲဈေးနှုန်းထက်ပင်သက်သာနေ​သည်။

​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထပ်တွင် နှစ်သစ်ကူးပွဲတော်များကို ကျိုက္ကစံ အားကစားကွင်း၌ နာမည်ကြီး အဆိုတော်များ၏ ဖျော်ဖြေမှုအစီအစဉ်များနှင့်အတူ အခမဲ့ စည်ကားစွာကျင်းပပေးလေ့ရှိသည်။

နိုင်ငံတစ်ဝန်း ​တော်လှန်​ရေးတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှု​ကြောင့် ​ဒေသအများစုတွင် စစ်ရှုံး​နေ​သောစစ်​ကောင်စီမှာ နိုင်ငံ သည် ပုံမှန်အခြေအနေရှိသည်ဟု ပြသရန် ၊ပြည်သူများကို ​တော်လှန်​ရေးတွင် စိတ်မဝင်စားဘဲ အာရုံ​​ပြောင်းရန် ရာသီအလိုက်ပွဲတော်များ ၊အားကစားပြိုင်ပွဲများ ၊ပွဲလမ်းသဘင်များကို ပိုမိုပြုလုပ်​နေသည်။ ​ရခိုင်ပြည်နယ်၊​မောင်​တောမြို့နယ်တွင် အဓိက နယ်ခြား​စောင့်ရဲစခန်းဌာနချုပ် လည်းဖြစ် ၊ဘဂ်လား​​ဒေရှ်နယ်စပ်တွင် အကြီးဆုံးစခန်းဖြစ်​သောနခခ (၅) ကို အာရက္ခတပ်​တော် (AA) ကသိမ်းပိုက်ပြီး ၊ အမ်း နပခ ဌာနချုပ်ကိုပါသိမ်းပိုက်ရန် ထိုးစစ်ဆင်​နေစဥ် အာဏာသိမ်း​ခေါင်း​ဆောင်နှင့် ဇနီးတို့က ​နေပြည်​တော်တွင် အမျိုးသားအားကစားပွဲ​တော်ဖွင့်ပွဲတက်​ရောက်​နေသဖြင့်စစ်တပ်အသိုင်းအဝိုင်းကြားမှာပင် ပြင်းထန်စွာ​ဝေဖန်ခဲ့ကြသည်။ ပြည်သူလူထုကြားတွင်မူ နခခ (၅) မှ စစ်သားများက အလံဖြူထောင် လက်နက်ချ ​​နေ​သောပုံ နှင့် အာဏာသိမ်း​ခေါင်း​ဆောင် ဇနီး​မောင်နှံက အမျိုးသားအားကစားပွဲ​တော်ဖွင့်ပွဲ အလံ​ဝှေ့ယမ်း​နေ​သောပုံတို့ကို ယှဥ်တွဲ၍ ရယ်​မောစရာဟာသဖြစ်​နေသည်။

စစ်အုပ်စုက အဓမ္မစစ်သားသစ်စု​ဆောင်းခြင်း၊​ပေါ်တာဆွဲခြင်းများကို စစ်​ကောင်စီထိန်းချုပ်​ဒေသများတွင်ပိုလုပ်​နေ​သော်လည်း ၊၎င်းတို့ပြုလုပ်​သောပျော်ပွဲရွှင်ပွဲများကိုမူ ပြည်သူများလာ​စေရန် စစ်သားသစ်စု​ဆောင်းခြင်း ၊​ပေါ်တာဆွဲခြင်းများကိုပြုလုပ်​လေ့မရှိ​ပေ ။

(အဆို​တော် လုပ်ငန်းရှင် အာဘွိုင်း)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်