Category: News

  • အလုပ်ရမယ်ဆိုကာ အွန်လိုင်းကခေါ်ခံရတဲ့ အထက်တန်းကျောင်းသား ၂ ဦး စစ်မှုထမ်းစုဆောင်းခံထားရ

    အလုပ်ရမယ်ဆိုကာ အွန်လိုင်းကခေါ်ခံရတဲ့ အထက်တန်းကျောင်းသား ၂ ဦး စစ်မှုထမ်းစုဆောင်းခံထားရ

    ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ အနောက်ကြို့ကုန်းအထက်တန်းကျောင်းမှာ Grade – 9 တက်နေတဲ့ ကျောင်းသား ၂ ဦး အွန်လိုင်းကနေအလုပ်ရမယ်ဆိုကာ လိမ်ညာခေါ်ခံရပြီးနောက် စစ်မှုထမ်းစုဆောင်းခံထားရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ စစ်မှုထမ်းစုဆောင်းခံရသူတွေဟာ ဒန်းတောင်ရွာနဲ့ ကန်သာယာကျေးရွာနေ အသက် ၁၆ နှစ်အရွယ် မောင်တင်မျိုးအောင်းနဲ့ မောင်သော်ဇင်ဖြိုးတို့ဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်မှာကျောင်းသွားမယ်ဆိုပြီး နေအိမ်ကနေထွက်သွားရာက ပျောက်ဆုံးသွားကြတာလို့ ဆိုပါတယ်။ “သူတို့(စစ်မှုထမ်းစုဆောင်းခံရသူ)တွေက သူငယ်ချင်းတွေဆီကို ဆက်သွယ်ပြီး အလုပ်ရမယ်ဆိုပြီး လိုက်သွားတာ စစ်သားစုဆောင်းရေးထဲရောက်နေတယ်ဆိုပြီးပြောတယ်။ သူတို့လည်း ဟိုကနေတဲ့သူတွေနဲ့ အဆင်ပြေအောင်နေရတော့ ဖုန်းသုံးရတယ်ပေါ့နော်။ သူတို့တပ်ထဲရောက်နေတဲ့ အကြောင်းကို သူငယ်ချင်းတွေဆီပြောပြတာ။ “လို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။ ဒီဇင်ဘာ ၁၉ ရက်မှာ သူတို့ ၂ ဦးဟာ ကပစ ၆ လို့…

  • ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံ ပါ့သ်မြို့ရှိ မြန်မာလူထု တွေ့ဆုံပွဲ ပြုလုပ်

    ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံ ပါ့သ်မြို့ရှိ မြန်မာလူထု တွေ့ဆုံပွဲ ပြုလုပ်

    NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံ ပါ့သ်မြို့ရှိ မြန်မာလူထု တွေ့ဆုံပွဲ ပြုလုပ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံ ပါ့သ်မြို့ရှိ မြန်မာလူထု တွေ့ဆုံပွဲကို ယမန်နေ့ (ဒီဇင်ဘာ ၂၀ ရက်) ညနေ ၄ နာရီမှ ည ၈ နာရီအထိ Cockburn Youth Centre (Main Hall) ခန်းမ၌ ကျင်းပခဲ့ပြုလုပ်ခဲ့သည်။ တွေ့ဆုံပွဲ၌ NUG ဝန်ကြီးက ပြီးခဲ့သည့် ငါးနှစ်အတွင်း အာဏာသိမ်း မြန်မာစစ်တပ်သည် နိုင်ငံရေးအရ တရားဝင်မှုမရခဲ့ကြောင်း၊ မကြာခင် ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲနှင့် တရားဝင်ရေး ကြိုးပမ်းခြင်းကို ထွက်ပေါက်မပေးသင့်ကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် ပ သုံးလုံးနှင့် NUG ဝန်ကြီးဌာနများ…

  • အမေစုကိစ္စ ပွဲဆူနေပြီ

    အမေစုကိစ္စ ပွဲဆူနေပြီ

    ငါတို့လည်း လက်တံခြေတံအထိုက်အလျောက်ရှည်တယ်။ပြည်တွင်းကလူတွေများစွာနဲ့အဆက်အသွယ်တောက်လျောက်ရှိတယ်။ စစ်တပ်ကသူတွေနဲ့လည်းချိတ်ဆက်ထားတာရှိတယ်၊ သတင်းပေးနေတဲ့သူတွေရှိတယ်။ NUG က လူကြီးတွေ ၊ ဝန်ကြီးတွေ ၊ CRPH ကလူကြီးတွေ အားလုံးလည်း လက်တံခြေတံအထိုက်အလျောက်ရှည်ကြတယ်။ပြည်တွင်းကလူတွေများစွာနဲ့အဆက်အသွယ်တောက်လျောက်ရှိကြတယ်။ စစ်တပ်ကသူတွေကလှမ်းသတင်းပေးနေတာတွေရှိတယ်။ ကိုထိန်လင်းဆိုလည်းငါတို့လိုပဲ။အဆက်အသွယ်တွေရှိကြတယ်။ အဲ့ဒါတောင် အမေစုနဲ့ပက်သက်ပြီး ငါတို့ ဘာမှရေရေရာရာ၊ သေသေချာချာမသိရလို့ စီုးရိမ်နေတဲ့အချိန်မှာ မင်းကအတိအကျကိုသိနေတယ်၊ သတင်းကြားထားတယ်ဆိုတော့ မင်းကစစ်ထောက်လှမ်းရေးလားလို့ ငါမေးမယ်။ မင်းကမျက်နှာမပြပဲ Facebook သုံးနေတဲ့သူဖြစ်တယ်။ မင်းဘယ်သူလဲဆိုတာ ငါတို့မသိရဘူး။ ဘာနိုင်ငံရေး၊ တော်လှန်ရေး အစဉ်အလာမှလည်းရှိခဲ့ဖူးပုံမပေါ်ဘူး။ အခုအမေစုနဲ့ပက်သက်ပြီး သတင်းမှားလွှင့်ဖို့ကြိုးစားတာက အလွန်သံသယဖြစ်ဖို့ကောင်းတယ်။ တောက်လျောက်လည်း NUG ကိုဖောင်းထုတာ၊ ERO တွေနဲ့ NUG ကြားအထင်အမြင်လွဲအောင်ရေးတင်တာတွေလုပ်တယ်။ အခု ဘယ်သူမှ မသိရတဲ့ အမေစုရဲ့အခြေအနေကို အတိအကျလိုမျိုးရေးတင်တယ်ဆိုတာ မင်းဟာ စစ်တပ်သူလျှိုလို့ ငါကောက်ချက်ချတယ်။ လူတွေကို ငါတို့ကအမြဲစောင့်ကြည့်နေတယ်။ မင်းကိုလူတွေယုံနေပြီဆိုပြီး…

  • ခင်ရီ၏ တူအရင်းဖြစ်သူ ကျော်သက်ဟိန်းက ခင်ရီ နာမည်သုံး၍ ငွေကျပ် သိန်း ၂၀၀၀ ကျော် လိမ်လည်မှု

    ခင်ရီ၏ တူအရင်းဖြစ်သူ ကျော်သက်ဟိန်းက ခင်ရီ နာမည်သုံး၍ ငွေကျပ် သိန်း ၂၀၀၀ ကျော် လိမ်လည်မှု

    ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီ၏ တူအရင်းဖြစ်သူ ကျော်သက်ဟိန်းက ခင်ရီ နာမည်သုံး၍ ငွေကျပ် သိန်း ၂၀၀၀ ကျော် လိမ်လည်မှု တိုင်ကြားသော်လည်း ဖြေရှင်းမပေး ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီ၏ တူအရင်းဖြစ်သူ ကျော်သက်ဟိန်းက ခင်ရီ၏ နာမည်သုံး၍ ငွေကျပ် သိန်း ၂၀၀၀ ကျော် လိမ်လည်မှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်အတွက် ဖြေရှင်းပေးရန် ခင်ရီထံသို့ တိုင်ကြားခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိကြောင်း အလိမ်ခံရသူတချို့က ပြောဆိုသည်။ ဧရာ၀တီတိုင်း၊ မြောင်းမြမြို့နယ်တွင် ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီ၏ တူအရင်းဖြစ်သူ ကျော်သက်ဟိန်းက ဦးလေးဖြစ်သူ ခင်ရီ၏ ခိုင်းစေချက်အရ လုပ်ငန်းရှင်တချို့နှင့် မြောင်းမြအခြေ စိုက်မြို့မြို့မျက်ဖုံးအသိုင်းအ၀ိုင်းထံမှ ငွေကြေးများ ချေးငှားခဲ့ကြောင်း၊ ချေးငှားရာတွင် ချေးယူသည့်ငွေကြေးအတွက် ကားများ ပြန်လည်ပေးအပ်မည်ဟု ဆိုကာ ငွေကျပ် သိန်း ၂၀၀၀ ကျော်…

  • ညောင်ကျိုးကို ထိုးစစ်ဆင်သည့် စစ်ကောင်စီစစ်ကြောင်း အထိနာပြီး ပြန်ဆုတ်

    ညောင်ကျိုးကို ထိုးစစ်ဆင်သည့် စစ်ကောင်စီစစ်ကြောင်း အထိနာပြီး ပြန်ဆုတ်

    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှာ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားတဲ့ ညောင်ကျိုးကျေးရွာကို စစ်တပ်က အင်အား ၈၀ လောက်ပါ စစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာရာကနေ AA က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး ပြန်ဆုတ်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်တပ်က သူတို့ ခံစစ်ပြုလုပ်ထားတဲ့ ပန်းတောင်းမြို့နယ်၊ ဆင်လန်ကျေးရွာအနီးရှိ လေလာတောင်ကနေ ညောင်ကျိုးဘက်ကို ဒီဇင်ဘာလလယ်ပိုင်းက ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး AA နဲ့ ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သားအချို့သေဆုံးခဲ့ပြီး ဆင်လန်ဘက်ကို ပြန်ဆုတ်ခွာခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။ “ဆင်လန်ဘက်ကနေ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ စစ်ကောင်စီက ညောင်ကျိုးဘက်ကို ထိုးစစ်ဆင်လာတာရှိတယ်။ သူတို့က အင်အားတွေစုပြီးတော့ မြေပြင်ထိုးစစ်ဆင်တာ‌ပေါ့။ အဲဒီမှာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်တာမှာ စစ်ကောင်စီက အတုံးအရုံး သေကြရတာကြောင့်…