Category: News

  • မကွေး၊ နတ်ရေကန်ဗျူဟာအနီး တိုက်ပွဲပြင်းထန်

    မကွေး၊ နတ်ရေကန်ဗျူဟာအနီး တိုက်ပွဲပြင်းထန်

    အမ်း-ပဒါန်းလမ်းမပေါ် ရခိုင်ရိုးမက နတ်ရေကန်ဗျူဟာအနီးမှာရှိတဲ့ ဂုတ်ကြီးရွာမှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(အေအေ‌)ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဂုတ်ကြီးရွာဟာ နတ်ရေကန်ဗျူဟာစခန်းရဲ့ ကာကင်းတစ်ခုလည်းဖြစ်ပြီး အမ်း-ပဒါန်းလမ်းကို ထိန်းထားတဲ့နေရာတွေထဲက တစ်ခုလို့ သူက ရှင်းပြပါတယ်။ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ဂုတ်ကြီးရွာကို စစ်တပ်က ပြန်ထိန်းချုပ်ပြီလို့ ရေးသားနေကြပါတယ်။ ဂုတ်ကြီးရဲကင်းစခန်း၊ စာသင်ကျောင်းနဲ့ ဘုရားကုန်းစတဲ့ နေရာတွေအပါအဝင် ရွာတစ်ခုလုံးကို စစ်တပ်က ပြန်ထိန်းချုပ်လိုက်ပြီလို့ ဓာတ်ပုံတွေနဲ့အတူ ရေးသားဖော်ပြနေကြတာပါ။ သတင်းရင်းမြစ်ကတော့ “တချို့နေရာတွေ စစ်တပ်ပြန်ရတာမှန်ပေမယ့် အကုန်မထိန်းချုပ်နိုင်သေးဘူး။ နှစ်ဖက်တပ်တွေက တိုးလိုက်၊ ဆုတ်လိုက်ပဲ” လို့ ဒီနေ့ မနက်မှာ ပြောပါတယ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲမှာရှိတဲ့ ဂုတ်ကြီးရွာဟာ ရခိုင်-မကွေးအစပ်မှာရှိပြီး ကမ္ဘာလုံးစခန်းလို့ခေါ်တဲ့ နတ်ရေကန်ဗျူဟာနဲ့ ၂ မိုင်ကျော်ပဲ ဝေးပါတယ်။ ရိုးမပေါက်လမ်းအတိုင်းသွားမယ်ဆိုရင်တော့ ၁၅ မိုင်ဝန်းကျင်…

  • ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ပုဒ်မ ၅၈(ဂ) ဖြင့် အမှုဖွင့်

    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ပုဒ်မ ၅၈(ဂ) ဖြင့် အမှုဖွင့်

    မဲဆွယ်စည်းရုံးရာမှာ ‘တော်လှန်ရေး’ ဆိုတဲ့ စကားလုံးကို သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီက သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ဒီဇင်ဘာ ၁၈ ရက်မှာ မြို့နယ်ရဲစခန်းက ပုဒ်မ ၅၈(ဂ) နဲ့ အမှုဖွင့်လိုက်တယ်လို့ ပါတီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ဒီဇင်ဘာ ၁၇ ရက် မနက် ၉ နာရီမှာ စစ်ကောင်စီက နေအိမ်မှာ လာရောက်ဖမ်းဆီးပြီး ညပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ယောက်က အာမခံနဲ့ ပြန်လည်ထုတ်ခဲ့ရတယ်လို့ ပါတီဝင်တယောက်က DVB ကို ပြောပါတယ်။ “ရဲစခန်းမှာ စစ်တာအတော်ကြာတယ်၊ ည ၁ နာရီမှ ပြန်လွတ်တာ။ ဒါတောင် ကိုယ်စားလှယ်လောင်း ၂ ယောက်က အာမခံနဲ့ပြန်ထုတ်လို့။ ဖုန်းကိုတော့ CID က…

  • Two Worlds One Wish

    Two Worlds One Wish

    Two Worlds One Wish (2025 ) အချိန်အားဖြင့် ၂၀၀၀ခုနှစ် နှစ်သစ်ကူးညတစ်ည ကလေးဘဝအရွယ်တုန်းက ဆေးရုံတစ်မှာ‌တွေ့ဆုံခဲ့ကြတဲ့ ဂျန် နဲ့ ဘစ်ဂဲလ်တို့ရဲ့အချစ်ဇာတ်လမ်းလေးတစ်ခုအစပြုရာကနေ အဆုံးသတ်‌ရောက်တော့လည်း ဆေးရုံမှာပဲ ပူဆွေးဝမ်းနည်းစွာအပြီးသတ်ခဲ့ရပါတယ်။ နတ်သမီးပုံပြင်တွေ/အံ့ဖွယ်ဖြစ်ရပ်‌တွေကိုအယုံအကြည်မရှိတဲ့ ဂျန်ကို ယုံကြည်လာအောင် ဘစ်ဂဲလ်ကပဲ မီးမွှေးပေးခဲ့ပါတယ်။ ဘစ်ဂဲလ်ရဲ့ကောင်းမှုကြောင့် ‌ရှေးဟောင်းသုတေသနပညာရှင်ဖြစ်လာခဲ့တဲ့ ဂျန်ဟာ ” Amphora ” ဆိုတဲရှေဟောင်းအိုးခွက်တစ်မျိုးကိုရှာတွေ့ခဲ့ရာနေစတင်လို့ ယုံကြည်ရတဲ့သူငယ်ချင်းဖြစ်သူရဲ့ ချောက်ချမှုကြောင့်သေခြင်းနဲ့ရှင်ခြင်းအကြားမှာဒွန်တွဲနေရင်းနဲ့ပဲ မရဏပေါင်းကူးတံတားမှတစ်ဆင့် ဘစ်ဂဲလ်နဲ့တစ်ဖန်ထူးဆန်းစွာထပ်မံချည်နှောင်မိခဲ့ပါတယ်။ တင်းကြပ်စွာ ချည်‌နှောင်ရစ်ပတ်နေတဲ့ကြိုးကို ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ ဖြေလျှော့ဖို့ ကြိုးစားကြမလဲဆိုတာကို‌တော့ Romance / supernatural / melo / comedy စသဖြင့်ရသစုံလင်စွာ ကြည့်ရှုခံစားနိုင်မယ့် တူရကီရုပ်ရှင်တစ်ပုဒ်ပဲဖြစ်ပါတယ်။

  • စခွက်မပြောင်သင့်တာကို သွားပြောင်လိုက်တဲ့ ဖြူဖြူထွေး
  • အာဏာရှင်နဲ့ ရန်ငါစည်း ပြတ်တယ်လို့ တိုက်စစ်မှူး ကောင်းဆက်နိုင် ပြော

    အာဏာရှင်နဲ့ ရန်ငါစည်း ပြတ်တယ်လို့ တိုက်စစ်မှူး ကောင်းဆက်နိုင် ပြော

    အာဏာရှင်နဲ့ ရန်ငါစည်း ပြတ်တယ်လို့ တိုက်စစ်မှူး ကောင်းဆက်နိုင် ပြော မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးတစ်ဦးဖြစ်သူ ကောင်းဆက်နိုင်က စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးကာလအတွင်း ၎င်း၏ ခိုင်မာသော ခံယူချက်နှင့် “ရန်ငါစည်း” ကို မည်သို့ပြတ်သားစွာ ကျင့်သုံးနေကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ ကောင်းဆက်နိုင်သည် တော်လှန်ရေးစတင်ကတည်းက မြန်မာ့ဘောလုံးလောကနှင့် လက်ရွေးစင်အသင်းကို စွန့်ခွာခဲ့သူဖြစ်ပြီး၊ လက်ရှိတွင်လည်း တော်လှန်ရေးဘက်တော်သားများနှင့်သာ ထိတွေ့ဆက်ဆံကာ စစ်ကောင်စီနှင့် ပတ်သက်သမျှကို ထိရောက်စွာ သပိတ်မှောက် (Boycott) နေကြောင်း သိရသည်။ ကောင်းဆက်နိုင် က သူ့ရဲ့ လူမှုကွန်ရက်မှာ အခုလိုရေးသားထားပါတယ်။ “တော်လှန်ရေးမှာအဓိက ခံယူချက်ပါပဲ ကျွန်တော်တို့ဆို တော်လှန်ရေးစထဲက တော်လှန်ရေးဘက်က လူတွေကိုပဲ အဓိကဆက်ဆံတယ် BC တွေကိုထိထိရောက်ရောက်ဖြစ်အောင် သီချင်းနားထောင်ရင်တောင် တော်လှန်ရေး ဘက်က လူတွေရဲ့ သီချင်း ရုပ်ရှင်အားလုံးကိုပဲခံစားတယ်။ အားပေးတယ်…