Category: News
-

ပြင်ဦးလွင်၊ ရေချမ်းအိုး ရပ်ကွက်ရှိ ပြည်သူပိုင် မြေဧက ၂၀၀ ကျော်တွင် တည်ဆောက်ထားသော နေအိမ်များကို စစ်တပ်က အတင်းအကျပ် ဖျက်ဆီးပြီးနောက် ဒုဗိုလ်မှူးကြီး သိန်းနိုင်ထွန်းအမည်ဖြင့် တပ်ပိုင်မြေလျှောက်ထား
ပြင်ဦးလွင်၊ ရေချမ်းအိုး ရပ်ကွက်ရှိ ပြည်သူပိုင် မြေဧက ၂၀၀ ကျော်တွင် တည်ဆောက်ထားသော နေအိမ်များကို စစ်တပ်က အတင်းအကျပ် ဖျက်ဆီးပြီးနောက် ဒုဗိုလ်မှူးကြီး သိန်းနိုင်ထွန်းအမည်ဖြင့် တပ်ပိုင်မြေလျှောက်ထား လမ်းမတန်း မျက်နှာစာ မြေဧက ၅၀ ကို မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ရယူမည် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရပ်ကွက်ကြီး ၁၂ ၊ ရေ ချမ်းအိုး ရပ်ကွက်ရှိ ပြည်သူလူထု နေထိုင်သော မြေဧက ၂၀၀ ကျော်ပေါ်မှ နေအိမ်များကို စစ်တပ်က အတင်း အကျပ် ဖျက်ဆီးပြီးနောက် ဒုဗိုလ်မှူးကြီး သိန်းနိုင်ထွန်းအမည်ဖြင့် တပ်ပိုင်မြေလျှောက်ထားကြောင်း သိရှိရသည်။ ယမန်နှစ်နှစ်ကုန်ပိုင်းတွင် မန္တလေးတိုင်း ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရပ်ကွက်ကြီး ၁၂ ရေချမ်းအိုးရပ် ကွက်အတွင်း…
-

အလင်းဝင်ဖို့ သတိပေးခံရတဲ့ သုံပွင့်ဗိုလ် ခန့်ထက်နောင် ဗန်းမော်တိုက်ပွဲမှာ သေဆုံး
စစ်ကောင်စီတပ်တပ်က တန်ပြန်ထိုးစစ်ဆင်ပြီး တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိနေတဲ့ထဲ သုံးပွင့်ဗိုလ်တစ်ဦးဖြစ်တဲ့ ခန့်ထက်နောင်ဆိုသူလည်း သေဆုံးသွားတယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ သုံးပွင့်ဗိုလ် ခန့်ထက်နောင်ဆိုသူဟာ ဩဂုတ်လ ၂၃ ကနေ ၂၅ ရက်နေ့အထိ ဗန်းမော် သံချပ်ကာတပ် အမှတ် ၅၀၁၄ ၊ ခလရ ၂၃၆ နဲ့ အမတ ၃၆၆ စတဲ့ တပ်နေရာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း သေဆုံးသွားတာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးပြောပါတယ်။ “ဟုတ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာဖြစ်တဲ့တိုက်ပွဲမှာပဲ ပါသွားတယ်လို့ပြောပါတယ်။ သူနဲ့ နောက်ထပ် အရာရှိ နှစ်ဦးလည်းပါတယ်လို့ပြောတယ်။ အဲ့နှစ်ယောက်ကတော့ ဘယ်သူဘယ်ဝါဆိုတာတော့ သေချာမသိရဘူး”လို့ပြောပါတယ်။ ရုပ်အလောင်းပြန်ရမရ အသေးစိတ်မသိရပေမယ့် ကသာဒေသခံတစ်ဦးဖြစ်တာကြောင့် မိဘဖြစ်သူတွေက နာရေးပြုလုပ်လိုက်ပြီလို့ သိရပြီး သတင်းမပေါက်ကြားဖို့အတွက်လည်း စစ်တပ်က သတိပေးထားတယ်လို့လည်း သိရပါတယ်။ တိုက်ပွဲမှာ…
-

မြထွန်းဦးကို ဖယ်ရှားပြီး ညိုစောကို နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်
အကြမ်းဖက် မင်းအောင်လှိုင်က မြထွန်းဦးကို ဖယ်ရှားပြီး ညိုစောကို နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ် ဒေါ်လာအဝင်နည်းပါး၍ ပြည်ပသွင်းကုန်များအားလုံးနီးပါး တင်သွင်းခွင့် ပိတ်ပင်ထား အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြထွန်းဦးကို ဖယ်ရှားပြီး ညိုစောကို နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မ တီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်လိုက်သည်။ ယခင်က နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ အဖြစ် မြထွန်းဦးကို ခန့်အပ်ခဲ့သော်လည်း ဇူလိုင် လ ၃၁ ရက်နေ့ စစ်ကောင်စီကို ဖျက်သိမ်းပြီးနောက် မြထွန်းဦး ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသော နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီကိုပါ ဖျက်သိမ်းခဲ့ကြောင်း၊ ယင်းနောက် ဩဂုတ်လ ၆ ရက်နေ့တွင် ညိုစောကို ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ပြီး ဝန်ကြီးအဆင့်…
-

ကာဂျီကီမုန်တိုင်းအရှိန်ကြောင့် မိုးရွာရေကြီးပြီး ရှမ်းပြည်တောင်ပိုင်း၌ လူသေဆုံးမှုရှိလာ
KAJIKI(ကာဂျီကီ)မုန်တိုင်း အားလျော့သွားသော်လည်း မိုးဆက်ကောင်းနေပြီး နေပြည်တော်၊ ရှမ်းတောင်နှင့် ရှမ်းအရှေ့တို့ရှိ မြို့နယ်အချို့၌ ရေကြီးနေကာ တောင်ကျရေကြောင့် လူနှစ်ဦး မျောပါသွားကာ တစ်ဦး၏ ရုပ်အလောင်းကို ရရှိထားကြောင်း သတင်းရရှိသည်။ နေပြည်တော်တွင် တပ်ကုန်းမြို့နှင့် ဇေယျာသီရိမြို့နယ်မှ ရွာအချို့ ယနေ့ နံနက်ပိုင်းမှစ၍ ရေကြီးနေသည်။ တပ်ကုန်းမြို့၊ ညောင်ပင်သာကျေးရွာ၊ မကျီးပင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာ၊ ရှောက်ကုန်းကျေးရွာများ၌ ရေကြီးနေပြီး ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေကြောင်း နေပြည်တော်မှ လူမှုရေးအသင်းတာဝန်ခံတစ်ဦးက ပြောသည်။ လူသေဆုံးမှုမှာ ရှမ်းပြည်နယ်တောင်ပိုင်း ပေါင်းလောင်းမြို့သစ်၊ ဧဒင်ကျေးရွာ၌ ဖြစ်ခဲ့သည်။ ယမန်နေ့ညနေပိုင်းတွင် တောင်ကျရေဆင်းလာပြီး လူနှစ်ဦးမျောပါသွားပြီး တစ်ဦး၏ ရုပ်အလောင်းသာ ပြန်လည်ရရှိသေးကြောင်း သိရသည်။ “ရှမ်းရိုးမနဲ့ ဆက်တဲ့ရွာတွေမှာ တောင်ကျရေ ဘေးကြုံနေတယ်။ ဧဒင်ရွာက နှစ်ယောက်မှာ တစ်ယောက်ပဲ ရုပ်အလောင်းပြန်တွေ့သေးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၌…
-

ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်ကြောင်းတစ်ခုကို KIA ရှင်းလင်းနိုင်ခဲ့တယ်လို့ဆို
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ နေရာယူထားတဲ့ဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတစ်ခုကို KIA ဘက်က ပိတ်ဆို့တိုက်ခိုက် ရှင်းလင်းနိုင်းခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၂၃ ရက်နေ့မှာ အမှတ် ၅၀၁၄ သံချပ်ကာတပ်ရှိတဲ့ဘက်ကနေ ခလရ ၂၃၆ တပ်ရင်ဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာမှာ တိုက်ခိုက်ခံရတာကြောင့် စစ်ကြောင်းနှစ်ခုကွဲသွားပြီး တစ်ကြောင်းကို KIA ဘက်က တစ်ဦးမကျန် ရှင်းလင်းခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦး KNG ကိုပြောပါတယ်။ “၅၀၁၄ တပ်ချပ်ကာတပ်ရှိတဲ့ ဘက်ကနေ ဖောက်ပြီး ထိုးလာတာ KIA ဘက်ကပြန်တိုက်တော့ စစ်ကြောင်းနှစ်ခုကွဲသွားတယ်။ စစ်ကြောင်းကို ထွက်လို့မရအောင် ဝိုင်းရံပိတ်ဆို့ထားပြီး၂ ရက်တောင်ပစ်တာ ရှေ့တစ်ရက်ကမှ တစ်ယောက်မကျန် အကုန်ရှင်းလိုက်တယ်။ အဲ့လိုပဲ မနေ့ကလည်း နောက်စစ်ကြောင်းတစ်ခုကိုလည်း ပြန်ပစ်တော့…