Category: News

  • မိုးထိတောင်တိုက်ပွဲ က သေဆုံး/ဒဏ်ရာရ စစ်ကောင်စီ တပ်သားတွေကို ဉသျှစ်ပင်သို့ သယ်ယူ

    မိုးထိတောင်တိုက်ပွဲ က သေဆုံး/ဒဏ်ရာရ စစ်ကောင်စီ တပ်သားတွေကို ဉသျှစ်ပင်သို့ သယ်ယူ

    ရခိုင်-ပဲခူး နယ်ခြားဂိတ်စခန်းဖြစ်တဲ့ မိုးထိတောင် စခန်းသိမ်းတိုက်ပွဲမှာ ဒဏ်ရာပြင်းထန်ရရှိထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ သေဆုံးသွားတဲ့ သူတွေကို ဉသျှစ်ပင်မြို့ကို ဇန်နဝါရီ ၂၇၊ ၂၈ ရက်တွေမှာ ကားတွေနဲ့ တင်ဆောင်ပြောင်းရွှေ့နေတယ်လို့ သတင်းရရှိပါတယ်။

    မိုးထိတောင် တိုက်ပွဲက နောက်ဆုတ်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ညောင်ကျိုးနဲ့ ချင်းကုန်းအမြှောက်စခန်း မှာ စခန်းချဆေးကုနေပြီး သေဆုံးသူတွေလည်းရှိနေတယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။

    “ညောင်ကျိုးစခန်းကို ရိက္ခာ နဲ့ စစ်ကူ လာပို့တဲ့ ကားတွေနဲ့ အလောင်းတွေ၊ ဒဏ်ရာပြင်းတဲ့ သူတွေကို ပြန်တင်သွားတယ်၊ သေတဲ့လူတွေကတော့ ဉသျှစ်ပင်မှာ သဂြိုလ်တယ်လို့ ကြားတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    ပြန်လည်တင်ဆောင်သွားတဲ့ ဒဏ်ရာရရှိသူနဲ့ သေဆုံးသူအရေအတွက်ဟာ ၁၀၀ ကျော်ရှိနေပြီး အဲ့ဒီလူတွေကို ဉသျှစ်ပင်မြို့မှာ ညအချိန်တွေ မြေမြုပ်သဂြိုလ်နေရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    “မိုးထိတောင်တိုက်ပွဲမှာ ကွက်ကဲခဲ့တဲ့ ဗိုလ်မှူးချုပ်ကောင်းမြတ်ကို ကယ်ထုတ်ပြီး အပြန်မှာ အာပီဂျီထိပြီး ဒဏ်ရာရသွားတယ်။ မဂ်လာဒုံဆေးရုံကို သယ်သွားတယ်” လို့ စစ်ကောင်စီ အသိုင်းအဝိုင်းနဲ့ နီးစပ်သူက ပြောပါတယ်။

    ညောင်ချိုးတပ်စခန်း ၊ ချင်းကုန်းစခန်းတွေနဲ့ ညောင်ချေထောက်ကျေးရွာတို့ မှာ စစ်ကောင်စီ အင်အားတွေ အလုံးအရင်းနဲ့ ထပ်မံဖြည့်ထားတယ်လို့ ဆိုပါတယ်။

  • အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ယာဥ်အန္တရာယ်ကင်းရှင်းရေးတွေ ပြုလုပ်နေ

    အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ယာဥ်အန္တရာယ်ကင်းရှင်းရေးတွေ ပြုလုပ်နေ

    အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ယာဥ်အန္တရယ်ကင်းရှင်းရေးတွေ ပြုလုပ်နေပါတယ်။

    အဲဒီအာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့တွေမှာ ပြည်သူတွေဝင်ရောက်နေတဲ့အချိန်မှစလို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အာရက္ခပြည်သူတွေအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးတွေ ပုံမှန်ပြုလုပ်နေတာဖြစ်ပါတယ်။

    အဲဒီသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့တွေက ယာဥ်အသွားအလာများတဲ့ လမ်းတွေမှာ အာရက္ခစစ်သည်တော်တွေနဲ့ DLEPS တပ်ဖွဲ့ဝင်တွေက အာရက္ခပြည်သူလူထူတွေယာဥ်အန္တရာယ်မဖြစ်စေဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုပါတယ်။

    အဲဒီလုပ်ဆောင်ချက်တွေက ဆိုင်ကယ်စီးရင် ဆိုင်ကယ်ဦးထုပ်ဆောင်းရန်၊မိတ်သိုင်းကြိုးတပ်ရန်နဲ့ ဆိုင်ကယ်တစီးမှာ လူနှစ်ယောက်ထက်ပိုမစီးရန် စတဲ့စည်းကမ်းချက်တွေကို လမ်းသွားလမ်းလာတွေလိုက်နာဖို့ သတိပေးနှိုးဆော်နေပြီး နောက်ထပ်စည်းကမ်းချိုးဖောက်ခဲ့ရင် အပြစ်ဒဏ်ပေးသွားမယ်လို့ဆိုပါတယ်။

    အဲဒီစည်းကမ်းချက်ဆိုင်းဘုတ်တွေကို လမ်းခွဆုံတွေ၊အဝေးပြေးကားလမ်းမတွေမှာ ထောင်ထားပြီး သတိပေးနှိုးဆော်နေတာဖြစ်ပါတယ်။

    ခုလိုမျိုး သတိပေးစစ်ဆေးနေတာဟာ အာရက္ခပြည်သူတွေကို ယာဥ်အန္တရာယ်တွေကြောင်းထိခိုက်ဒဏ်ရာမရစေဖို့၊ယာဥ်နဲ့ပတ်သက်ပြီးအသက်ဘေးအန္တရာယ်မဖြစ်စေတဲ့ စည်းကမ်းချက်တွေကို လိုက်နာကြဖို့ကိုလည်းဆိုထားပါတယ်။

    အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွ မြို့နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

    အာရက္ခတပ်တော်ထိုးစစ်ဆင်သိမ်းပိုက်ရမယ့် စစ်တွေ၊ကျောက်ဖြူ၊မာန်အောင်သုံးမြို့နယ်သာကျန်နေပြီး အဲဒီမြို့နယ်တွေမှာလည်း စစ်ရေးတင်းမာမှုတွေဖြ စ်နေတယ်လို အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

    အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

    Photo-APM

  • “PDF တွေ သေချင်ရင် လာခဲ့” ဟု စိန်ခေါ်ထားသော လက်နက်ကိုင် ပျူစောထီးခေါင်းဆောင်  မြင့်ဆွေ ပစ်ခတ်ခံရပြီး သေဆုံး

    “PDF တွေ သေချင်ရင် လာခဲ့” ဟု စိန်ခေါ်ထားသော လက်နက်ကိုင် ပျူစောထီးခေါင်းဆောင် မြင့်ဆွေ ပစ်ခတ်ခံရပြီး သေဆုံး

    ကော့သောင်းတွင် “PDF တွေ သေချင်ရင် လာခဲ့” ဟု စိန်ခေါ်ထားသော လက်နက်ကိုင် ပျူစောထီးခေါင်းဆောင် မြင့်ဆွေ ပစ်ခတ်ခံရပြီး သေဆုံး

    တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် “PDF တွေ သေချင်ရင် လာခဲ့” ဟု စိန်ခေါ်ထားသော လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် ခေါင်းဖြူ (ခ)မြင့်ဆွေ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် ကော့သောင်းမြို့နယ်၊ အော်ကြီးကျေးရွာအုပ်စု၊ ဟတ်စဒင်းကျေးရွာမှ ပျူစောထီးခေါင်းဆောင် အသက် ၅၀ ကျော်ခန့်အရွယ်ရှိ ခေါင်းဖြူ (ခ)မြင့်ဆွေကို ၎င်းနေထိုင်ရာ ဟက်စဒင်းကျေးရွာအနီး၌ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွားကြောင်း သိရသည်။

    သေဆုံးသူ မြင့်ဆွေသည် အကြမ်းဖက် စစ်ကောင်စီတပ် အားကိုးဖြင့် ဒေသနေပြည်သူများအပေါ် နိုင် ထက်စီးနင်းလုပ်နေခြင်း၊ တော်လှန်ရေးသမားများအား စုံစမ်းထောက်လှမ်းပြီး စစ်ကောင်စီထံသို့ သ တင်းများပေးပို့ခြင်းနှင့် စစ်မှုထမ်းဥပဒေအတွက် လူသစ်စုဆောင်းရာတွင် အားကြိုးမန်တက် ပါဝင် ဆောင်ရွက်ခြင်းတို့ လုပ်ဆောင်နေသူဖြစ်ကြောင်း၊ ထိုသို့ လုပ်ရပ်များကို မလုပ်ဆောင်ရန် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ၎င်းထံသို့ သတိပေးစာများ ပေးပို့ခဲ့သော်လည်း ဂရုမစိုက်သည့်အပြင် “PDF တွေ သေချင်ရင် လာခဲ့” ဟု ကြွေးကြော်နေသူဖြစ်ကြောင်း သိရသည်။

    “သူက ပျူစောထီးခေါင်းဆောင်၊ ရာအိမ်မှူးလည်း ဟုတ်တယ်။သူက လက်နက်ကိုင်ဆောင်ပြီး စကစ အားကိုးနဲ့ ပျူစောထီးအရှိန်အဝါနဲ့ ရပ်ထဲရွာထဲမှာ ထင်တိုင်းကျဲနေတဲ့ လူတစ်ယောက်၊ သူ့ကို ဒေသခံ အများစုကတော့ ခေါင်းဖြူပဲခေါ်ကြတာ။ မြင့်ဆွေဆိုပြီးတော့ တော်ရုံမခေါ်ကြဘူး။ အလောင်းကို တော့ ကော့သောင်းဆေးရုံကို သယ်သွားတယ်လို့ သိရပါတယ်” ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောကြား သည်။

    ကော့သောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူများ၊ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ပျူစောထီးများ အစရှိသော စစ်ကောင်စီထောက်တိုင်များအားလုံး အနေဖြင့် အချိန် မနှောင်းခင် ပြည်သူ့ဘက်ရပ်တည်ပြီး ပြည်သူနှင့်အတူပူးပေါင်းကြပါရန်နှင့် ပြည်သူ့ ဘက်မရပ်တည် သော မည်သူ့ကိုဖြစ်စေ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ လုပ်ထုံးလုပ် နည်းအညီ ထိရောက်စွာ အရေးယူနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

  • အထက် မင်းလှမြို့နယ်မြို့နယ်တွင် စစ်ကား ၂ စီးကို အနီးကပ် စောင့်ကြို တိုက်ခိုက်

    အထက် မင်းလှမြို့နယ်မြို့နယ်တွင် စစ်ကား ၂ စီးကို အနီးကပ် စောင့်ကြို တိုက်ခိုက်

    အထက် မင်းလှမြို့နယ်မြို့နယ်တွင် စစ်ကား ၂ စီးကို အနီးကပ် စောင့်ကြို တိုက်ခိုက်မှု ကပစ ၁၀ မှ အရာရှိများ အပါအဝင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

    မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်ကား ၂ စီးကို အနီးကပ် စောင့်ကြို တိုက်ခိုက်ခဲ့ရာ ကပစ ၁၀ မှ အရာရှိများ အပါအဝင် စစ်သား ၃၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း United States Of Burma Army – USBA တပ်ဖွဲ့ တာဝန်ခံ ကိုဗဟိန်းက ပြောဆိုသည်။

    ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၈ မိနစ်ခန့်တွင် ကံတုပ်ကျေးရွာ အကြမ်းဖက် စစ်တပ်ဂိတ်မှ အထက် မင်းလှမြို့ဘက်သို့ ပြန်လာသည့် အင်အား ၄၉ ဦးပါ စစ်ကား ၂ စီးကို အထက်မင်းလှမြို့ နယ်အတွင်းရှိ သရက်-မင်းလှ ကားလမ်းနှင့် ပုသိမ်-မုံရွာ ကားလမ်းကို ဆက်သွယ်ပေးထားသော ကံတုပ် – စစ္စနို့ ကားပိုင်းရှိ လယ်လှကျေးရွာအနီး မန်းသံပုရာကန် ရေနံချက်စက်ရုံ -PIC နှင့် ၁၅ မိုင်အကွာ လမ်းပိုင်း တစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ကံတုတ်ကနေ စစ္စနို့ဘက်ကို (မင်းလှဘက်ကိုပေါ့) မောင်းပြီး ပြန်တာ။ အရာရှိအပါအဝင် ၃၁ ဦး သေတယ်။ လက်နက်ကမရဘူး။တိုက်ခိုက်ခံရပြီးတော့ ကားသမားက မသေမရှင်နဲ့ မောင်းနိုင်လိုက် တဲ့အခါကျတော့ ရှေ့မီတာ ၄၀၀ လောက်အထိမောင်း ပြေးသွားတာ အဲလောက် အကွာအဝေးကျမှ ကားသမားက မမောင်းနိုင်ဘဲနဲ့ သတိလွတ်သွားတာ အဲဒီအချိန်မှာ အကောင်း အတိုင်းကျန်နေတဲ့ သေနတ် ပစ်နိုင်သေးတဲ့ စစ်ခွေး ၁၅ ယောက် လောက်က ခုခံပြန်ပစ်တာ အဲဒီလို ပြန်ခံပစ်တာရယ် အဲဒီနေရာက ရန်သူ့အတွင်းပိုင်းကို အရမ်းကျ တယ်။ ကျနော်တို့အတွက် ဆုတ်ဖို့အချိန် မရဘူး။ တကယ်လို့ သူတို့နဲ့ ဆက်ပြီးတိုက်လိုက်ရင် ကျနော် တို့ ဆုတ်လမ်းအတွက်က တော်တော် အဆင်မပြေတော့ဘူး။ ချုံခို တိုက်ပွဲကနေ သမရိုးကျတိုက်ပွဲ အသွင် ပြောင်းသွားတဲ့အခါ ကျတော့ ဆုတ်ပေးလိုက်တာပါ။ ဘာမှတော့ သိမ်းဆည်းရရှိတာ မရလိုက်ဘူး” ဟု United States Of Burma Army – USBA တပ်ဖွဲ့မှာ တာဝန်ခံ ကိုဗဟိန်းက ပြောကြား သည်။

    ထိုသို့ စီးနင်းတိုက်ခိုက်မှုအတွင်း ပကစ ၁၀ မှ အရာရှိများအပါအဝင် အကြမ်းဖက်စစ်သား ၃၁ ဦး သေဆုံးပြီး ၇ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ လက်ကျန်စစ်သား အနည်းငယ်ဖြင့် အထက်မင်းလှ ဆေးရုံးသို့ မောင်းပြေးသွားကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့ – United States Of Burma Army – USBA တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာအခြေအနေမရှိကြောင်း သိရသည်။

    ထိတွေ့ တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခဲ့သော နေရာ အနီးတဝိုက်ကို မြေပြင် စစ်ကြောင်း ၊ Drone များဖြင့်ပါ တိုက်ခိုက်နေပြီး လေယာဉ်ဖြင့်ပါ တိုက်ခိုက်မှုများ အချိန်မရွေး လုပ်ဆောင်လာနိုင်သောကြောင့် မင်းတုန်းမြို့နယ်၊ အထက် မင်းလှအတွင်းရှိ ပြည်သူများအနေဖြင့် အထူးဂရုပြု နေထိုင်ကြရန် တိုက်တွန်းထားသည်။

    ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်ကာ ပုသိမ် -မုံရွာ လမ်းပိုင်းရှိ ကံတုတ်ကျေးရွာဂိတ်စခန်းကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ပံတံခါးတိုက်နယ်နှင့် ရှမ်းတပ်တိုက်နယ် အတွင်းကို သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ စစ်ကြောင်းထိုးနေခြင်းကြောင့် ပြည်သူ ၄၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။

    “ဒီတစ်ခါသူတို့က အငိုက်မိတာ။ အဲဒီပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေဆိုရင်လည်း စစ်ကောင်စီယန္တရား ၁၀၀ ရာခိုင်နှုန်းအပြည့်လည်ပတ်နေတဲ့ ရွာတွေပေါ့။ နည်းနည်းလေး လူတစ်ယောက်နဲ့ တွေ့ရင်က အစ သတင်းပေါက်မယ့် အနေအထားတွေပေါ့။ သူတို့နယ်မြေလို့ အပိုင်သတ်မှတ်ပြီးတော့ အဲဒီလမ်းပေါ်မှ သူတို့က တစ်ယောက်တည်းလည်းသွားတယ်။ ၂ ယောက်တည်းလည်းသွားတယ်။ အခုကား‌တွေဆိုရင်လည်း လုံးဝအေးအေးဆေးဆေးနဲ့သွားလာခဲ့တာ လက်နက်ကိုင်တော်လှန်ရေး ၄ နှစ် ပြည့်လို့ပြည့်ချိန်ကာလမှာတောင်မှ သူတို့က စိုးမိုးတဲ့ဒေသ အဲဒီလို ဒေသမှာ အခုလိုထဖြစ်တဲ့ အချိန် ကျတေ့ သူတို့အတွက်တော်တော်လေးတော့ ဆိုးဆိုးရွားရွား တုံ့ပြန်လာနိုင်ပါတယ်။ ဒါကြောင့် ဒေသပြည်သူတွေအနေနဲ့ကတော့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မယ့်အန္တရာယ်တွေ၊ လေကြောင်း တိုက်ခိုက်မှုတွေကို သတိဝီရိယထားပြီးတော့ ကြိုတင်ပြင်ဆင်ကြဖို့ တိုက်တွန်းအကြံပေးလိုပါတယ်” United States Of Burma Army – USBA တပ်ဖွဲ့မှာ တာဝန်ခံ ကိုဗဟိန်းက ဆက်လက်ပြောဆိုသည်။

  • မြဝတီမြို့ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်များက စစ်မှုထမ်းရန် လူငယ်များလိုက်လံဖမ်းဆီးနေ

    မြဝတီမြို့ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်များက စစ်မှုထမ်းရန် လူငယ်များလိုက်လံဖမ်းဆီးနေ

    ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်များသည် စစ်မှုထမ်းရန်အတွက် လူငယ်များလိုက်လံဖမ်းဆီးပြီး စစ်ကောင်စီအတွက် ပို့ဆောင်နေကြောင်း အဆိုပါမြို့ခံများက ပြောသည်။

    မြဝတီမြို့ (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး စည်လှိုင်ဆိုသူနှင့် ပြည်သူ့စစ်များသည် ညပိုင်းအချိန်တွင် ကားများဖြင့် လူငယ်များ လိုက်လံဖမ်းဆီးကာ စစ်မှုထမ်းရန် ခေါ်ဆောင်နေခြင်းဟု မြဝတီမြို့ခံများက ပြောသည်။

    “သူက မြဝတီကလူငယ်တွေကို ညဘက်မှာ သူ့ပြည်သူ့စစ်တွေနဲ့ ကား၄စီးထွက်ပြီး လူငယ်တွေကိုပေါ်တာဆွဲတယ်။ စစ်မှုထမ်းထဲ တစ်ခါတည်းထည့်တယ်”ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

    ဖမ်းဆီးခံရသည့် လူငယ်များ၏ မိသားစုဝင်များ လိုက်လံဖြေရှင်းပါက (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး စည်လှိုင်ဆိုသူက ရိုင်းပြစွာဆဲဆိုလေ့ရှိသည်ဟု ဆိုသည်။

    ” လောလောဆယ် ဆယ်ဂဏန်းလောက်ရှိမယ်”ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

    ၂၀၂၄ ဒီဇင်ဘာ၂၈ရက်ကလည်း စစ်မှုထမ်းရန်ဖမ်းဆီးခြင်းနှင့် ပြည်သူများအပေါ်ခြိမ်းခြောက်ဖမ်းဆီးငွေတောင်းခံနေသော မြဝတီမြို့မရဲစခန်းအား ဗုံးချတိုက်ခိုက်ခံရမှုဖြစ်ခဲ့သေးသည်။ မြဝတီမြို့မရဲစခန်း ဗုံးနှစ်လုံးချတိုက်ခိုက်ခံရမှုတွင် ရဲလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    တော်လှန်ရေးတပ်များက ပြီးခဲ့သည့် ၂၀၂၄ ဧပြီလအတွင်း မြဝတီမြို့စောင့်တပ်အားတိုက်ခိုက်ပြီးနောက် မြဝတီမြို့မရဲစခန်းအား ပထမဆုံးအကြိမ်တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

    ထိုင်း – မြန်မာနယ်စပ် ကုန်သွယ်ရေးဇုန်အတွက်အရေးပါသည့် မြဝတီမြို့နှင့် သင်္ဃန်းညီနောင်မြို့ စစ်ဆင်ရေးကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ဦးဆောင်သည့် PDF ပူးပေါင်းများက ၂၀၁၄ မတ်လတွင် စတင်ခဲ့သည်။

    နယ်စပ်ကုန်သွယ်ရေးမြို့တော်ဖြစ်သော မြဝတီမြို့အတွက်စစ်ရေးအရအရေးပါသည့် သင်္ဃန်းညီနောင်မြို့ရှိ ဗျူဟာစခန်းအပါအဝင် ခြေလျင်တပ်ရင်းများအား ၂၀၂၄ မတ်လ ၇ရက်ကထိုးစစ်စတင်ရာ တစ်လအကြာ ဧပြီ ၅ ရက်တွင် သင်္ဃန်းညီနောင်မြို့ဗျူဟာတစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့သည်။

    ထို့နောက် မြဝတီမြို့စောင့်တပ်ဖြစ်သော ခလရ(၂၇၅)တပ်ရင်းအား ဆက်လက်ထိုးစစ်ဆင်ရာ ၂၀၂၄ ဧပြီ ၁၀ရက်တွင် သိမ်းပိုက်ခဲ့သည်။ အဆိုပါ ခလရ(၂၇၅)မှ ထွက်ပြေးကြသည့် တပ်မ(၄၄)တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းထက် ဦးဆောင်သော စစ်ကောင်စီတပ်သားများမှာ ထိုင်း – မြန်မာချစ်ကြည်ရေးအမှတ်(၂)တံတားအောက်၌ သွားရောက်ခိုလှုံခဲ့ကြသည်။

    မြဝတီမြို့ အမှတ်(၂) ထိုင်း – မြန်မာချစ်ကြည်ရေးတံတားရှိ စစ်ကောင်စီတပ်ဖွဲ့အား တော်လှန်ရေးပူးပေါင်းတပ်က ၃၆ နာရီကြာတိုက်ခိုက်ပြီးနောက် ၂၀၂၄ ဧပြီ ၂၁ ရက် နံနက်တွင် ပစ်ခတ်မှုရပ်ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

    ထို့နောက်ပိုင်းတွင် စစ်ကောင်စီက မြဝတီမြို့ကို အင်အားထပ်ဖြည့်ပြီးနောက် မြို့အားထိန်းချုပ်ရန်ကြိုးပမ်းလာခြင်းဖြစ်သည်။

    လက်ရှိတွင် မြဝတီမြို့ရှိ ရဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များက မြို့ခံများအပေါ် ခြိမ်းခြောက်ဖမ်းဆီးငွေတောင်းခံနေမှု ဆိုးရွားစွာပြုလုပ်နေသည်ဟု အဆိုပါမြို့ခံများက ပြောသည်။

    (မြဝတီမြို့ (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး စည်လှိုင်ဆိုသူအား တွေ့ရစဉ်)