Category: News

  • မြန်မာနိုင်ငံ၏ တရားဝင်အစိုးရမှာ အမျိုးသားညီညွတ်ရေးအစိုးရသာ ဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌသစ် မလေးရှားဝန်ကြီးချုပ်ထံသို့ NUG ယာယီသမ္မတ သဝဏ်လွှာပေးပို့ အကြောင်းကြား

    မြန်မာနိုင်ငံ၏ တရားဝင်အစိုးရမှာ အမျိုးသားညီညွတ်ရေးအစိုးရသာ ဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌသစ် မလေးရှားဝန်ကြီးချုပ်ထံသို့ NUG ယာယီသမ္မတ သဝဏ်လွှာပေးပို့ အကြောင်းကြား

    မြန်မာနိုင်ငံ၏ တရားဝင်အစိုးရမှာ အမျိုးသားညီညွတ်ရေးအစိုးရသာ ဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌသစ် မလေးရှားဝန်ကြီးချုပ်ထံသို့ NUG ယာယီသမ္မတ သဝဏ်လွှာပေးပို့ အကြောင်းကြား

    မြန်မာနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG မှာ တရားဝင် မြန်မာအစိုးရဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌသစ် မလေးရှားဝန်ကြီးချုပ် Dato’ Seri Anwar Ibrahim ထံသို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက သဝဏ်လွှာပေးပို့ အကြောင်းကြားလိုက်သည်။

    NUG အမျိုးသားညီညွတ်ရေးအစိုးရမှာ ဥပဒေအရရော မြေပြင်အချက်အလက်အရပါ မြန်မာအစိုးရဖြစ်ကြောင်း၊ မြန်မာစစ်တပ်က တိုင်းပြည်​၏နယ်မြေ ၂၅ ရာခိုင်နှုန်းထက်လျော့နည်းပြီးသာ ထိန်းချုပ်ထားနိုင်ခြင်းဖြစ်ပြီး အဆိုပါရာခိုင်နှုန်းကလည်း နေ့စဉ်နှင့်အမျှလျှော့နည်းလျက်ရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီကင်းစင်သွားသောနေရာဒေသများတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများက အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုပေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရက ဥပဒေအရရော မြေပြင်အချက်အလက်အရပါ မြန်မာအစိုးရဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

    မလေးရှားနိုင်ငံအနေဖြင့် ၂၀၂၅ အာဆီယံ ဥက္ကဌ အဖြစ် သက်တမ်းစတင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် မလေးရှားပြည်သူများအတွက် နှစ်သစ်ကူးဆုတောင်းထားကြောင်း၊ မလေးရှား ၊ မြန်မာနှစ်နိုင်ငံကြားက ဆက်ဆံရေးသည် ခိုင်မြဲအရေး ပါပြီး အာဆီယံမှတဆင့် ဒေသတွင်းဖွံဖြိုးတိုးတက်‌ရေးအတွက် အတူတကွလက်တွဲလုပ်ဆောင်လိုကြောင်း ယာယီသမ္မတက ဆိုသည်။

    လာမည့် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာပြည်သူများ​၏ နွေဦးတော်လှန်ရေးအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ​၏ မတရားအာဏာရယူထားခြင်းမှာ ဒီမိုကရေစီပြန်ရရေး ခုခံကာကွယ်သည့် ၄ နှစ်ပြည့်ဖြစ်ကြောင်း၊ အဆိုပါကာလတွေအတွင်း စစ်တပ်​၏ ရက်စက်ယုတ်မာမှု၊ မြန်မာနိုင်ငံတဝန်းက ပြည်သူလူထုကို အကြမ်းဖက်မှု၊ စီးပွားရေးဆုတ်ယုတ်မှု ၊ နိုင်ငံရေးစိန်ခေါ်မှုတွေကြောင့် ပြည်သူတရပ်လုံး ဒုက္ခဆင်းရဲရောက်ခဲ့ရကြောင်း ၊ထိုကဲ့သို အခက်အခဲများကို မြန်မာပြည်သူလူထုက ကြံ့ကြံ့ခံပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဖြစ်စေရန် စည်းလုံးစွာ ကြိုးပမ်းခဲ့ကြောင်း၊ နွေဦးတော်လှန်ရေးကာလများအတွင်း မလေးရှားနိုင်ငံ​၏ မြန်မာပြည်သူများအတွက် ကြိုးပမ်းမှုကို လှိက်လှဲစွာကျေးဇူးတင်ကြောင်း၊ ဒီမိုကရေစီမိတ်ဖက်အဖြစ် မြန်မာပြည်သူများက မှတ်ယူထားကြောင်း ယာယီသမ္မတက ပြောဆိုသည်။

    မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက အစီအစဉ်ချပြီး တရားမဝင်အတုအယောင်ရွေးကောက်ပွဲတခုကို ပြုလုပ်ရန်ကြိုး စားနေခြင်းသည် မြန်မာနိုင်ငံ​၏ အခြေအနေများအတွက် နိုင်ငံရေးအဖြေတခုဖြစ်လာမည်မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း အကြမ်း ဖက်မှုတွေပိုများလာစေပြီး အိမ်နီးချင်းနိုင်ငံတွေကိုပါ မတည်မငြိမ်ဖြစ်စေသည်အထိ သက်ရောက်လာလိမ့်မည်ဖြစ် ကြောင်း၊ အာဆီယံအလှည့်ကျဥက္ကဌအနေနှင့် မလေးရှားနိုင်ငံ တာဝန်ကျခြင်းသည် မြန်မာပြည်သူများ​၏ စစ်မှန်သော သဘော ထားကို ဖော်ဆောင်နိုင်မည့် ရှင်းလင်းပြတ်သားသော ခြေလှမ်းများပေါ်ပေါက်ရေးအတွက် အခွင့်အလမ်းသစ်တစ်ခုကို ဖြစ်စေပြီး အဆိုပါ ခြေလှမ်းများတွင် အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ၊ တိုင်းရင်းသားအဖွဲများ၊ လူမှုအခြေပြုအဖွဲအစည်းများနှင့် တရားဝင်ပိုမိုထိတွေ့ဆက်ဆံကာ မြန်မာပြည်သူလူထု​၏ စစ်မှန်သော သဘောထားနှင့်လိုက် လျော ညီထွေရှိသော အဖြေများကိုရှာဖွေခြင်းလည်း ပါဝင်လာနိုင်ဖို မျှော်လင့်ကြောင်း NUG ယာယီသမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

    မလေးရှားနိုင်ငံမှာ ယခု ၂၀၂၅ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌသစ် အဖြစ် စတင်တာဝန်ထမ်းဆောင်နေပြီး စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကို ဦးစားပေး မဖြစ်သင့်ဘဲ ငြိမ်းချမ်းရေး ဦးစားပေးဖြစ်သင့်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။

  • စစ်ကောင်စီက  ငွေကျပ် ၃၁ ထရီလီယံအထိ စည်းမဲ့ကမ်းမဲ့ ရိုက်ထုတ်

    စစ်ကောင်စီက ငွေကျပ် ၃၁ ထရီလီယံအထိ စည်းမဲ့ကမ်းမဲ့ ရိုက်ထုတ်

    စစ်ကောင်စီက ငွေကျပ် ၃၁ ထရီလီယံအထိ စည်းမဲ့ကမ်းမဲ့ ရိုက်ထုတ်မှုကြောင့် မြန်မာ့သမိုင်းတွင် စံချိန်တင် ငွေကြေးဖောင်းပွပြီး ပြည်သူလူထု စီးပွားရေးချွတ်ခြုံကျ ကျပ်တည်းနေဟု NUG ပြော

    အကြမ်းဖက် စစ်ကောင်စီက ငွေကျပ် ၃၁ ထရီလီယံအထိ စည်းမဲ့ကမ်းမဲ့ ရိုက်ထုတ်မှုကြောင့် မြန်မာ့သမိုင်းတွင် စံချိန်တင် ငွေကြေးဖောင်းပွပြီး ပြည်သူလူထု စီးပွားရေးချွတ်ခြုံကျ ကျပ်တည်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြော ရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုလိုက်သည်။

    ယနေ့ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် ၂/၂၀၂၅တွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

    မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီက နိုင်ငံ၏ စီးပွားရေးတစ်ခုလုံးကို ဖျက်ဆီးနေပြီး ကုန်စျေးနှုန်းများ မတန်မဆ မြင့်မားကာ လူထု စီးပွားရေးချွတ်ခြုံကျကာ ကျပ်တည်းနေကြောင်း၊ မြန်မာ့သမိုင်းတွင် စံချိန်တင် ငွေကြေးဖောင်းပွမှု အမြင့်ဆုံးရောက်ရှိနေကြောင်း ၎င်းက ဆိုသည်။

    “မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံရဲ့ စီးပွားရေးတခုလုံးကို ဖျက်ဆီးနေကြောင်း ဖြစ်ပါတ ယ်။ စစ်အုပ်စုရဲ့ စီးပွားရေးကမောက်ကမ လုပ်ရပ်တွေ၊ ကျပ်ငွေ ၃၁ ထရီလီယံအထိ စည်းမဲ့ကမ်းမဲ့ ကျပ်ငွေတွေ ရိုက်ထုတ် ခဲ့တာ တွေကြောင့် မြန်မာ့သမိုင်းမှာ စံချိန်တင် ငွေကြေးဖောင်းပွမှု အမြင့်မားဆုံးရောက်ရှိနေပြီး ကုန်စျေးနှုန်းတွေ မတန် တဆမြင့်မားကာ စီးပွားရေးချွတ်ခြုံကျလို့ ပြည်သူလူထုဟာ အကျပ်အတည်းတွေနဲ့ အဆမတန် ကြုံတွေ့နေရပါတယ်” ဟု အမျိုး သားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြော ရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုလိုက်သည်။

    ထို့ပြင် စစ်ကောင်စီ၏ စံချိန်သစ်တစ်ခုအနေဖြင့် လျှပ်စစ်မီး အပျက်ဆုံးကာလတစ်ခုသို့ ရောက်ရှိနေပြီး လူထုအတွက် အဆိုးဆုံး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

    “အကြမ်းဖက်စစ်ကောင်စီ ‌အနေနဲ့ နောက်စံချိန်သစ်တစ်ခုတင်နိုင်တာက သူတို့လုပ်ဆောင်ချက်ကြောင့်လျှပ်စစ် မီး အပျက်ဆုံးကာလတခုကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ လိုနေရာမှာတောင် လျှပ်စစ်မီးကို တစ်ရက် လေးနာရီ မှန်အောင် စီမံနိုင်စွမ်းမရှိတော့ပါဘူး။ အကြမ်းဖက်စစ်အုပ်စုရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းမှုနှင့် လူထုအကျိုး လျစ်လျူရူမှုတွေကြောင့် လျှပ်စစ်ဝန်အားကျဆင်းမှု အဆိုးဆုံးအခြေအနေသို့ ဆိုက်ရောက်နေခဲ့ပါပြီ” ဟု အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြော ရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ရှင်းပြသည်။

    လတ်တလော မြန်မာနိုင်ငံတစ်ဝန်း အသက်မပြည့်သေးသည့် လူငယ်များ သာမက လူကြီးများအထိပါ အတင်းအဓမ္မ စစ်မှုထမ်းရန် နေ့ညမရှောင် တရားမဲ့ ပေါ်တာဆွဲမှုများ နေရာအနှံ့အပြားမှာ ကျယ်ပြန့်စွာ ဖြစ်ပွားလျက်ရှိကြောင်း NUG ထောက်ပြထားသည်။

  • အမ်း-ပဒါန်းလမ်းအနီး တိုက်ပွဲများတွင် စစ်သားအလောင်းများ၊ လက်နက်ခဲယမ်းနှင့်စစ်သုံ့ပန်းများ ဖမ်းဆီးရရှိ

    အမ်း-ပဒါန်းလမ်းအနီး တိုက်ပွဲများတွင် စစ်သားအလောင်းများ၊ လက်နက်ခဲယမ်းနှင့်စစ်သုံ့ပန်းများ ဖမ်းဆီးရရှိ

    ရခိုင်နှင့်ထိစပ်နေသော ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းအစပ်တို့သို့ တိုက်ပွဲများ ရောက်ရှိနေပြီဟု AA ပြော ၊ အမ်း-ပဒါန်းလမ်းအနီး တိုက်ပွဲများတွင် စစ်သားအလောင်းများ၊ လက်နက်ခဲယမ်းနှင့်စစ်သုံ့ပန်းများ ဖမ်းဆီးရရှိ

    ရခိုင်ပြည်နယ်နှင့်စပ်လျက်ရှိသော ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းအစပ်တို့တွင် တိုက်ပွဲများ ရောက်ရှိနေပြီဖြစ်ကြောင်း AA က ပြောဆိုထုတ်ပြန်လိုက်သည်။

    စစ်ကောင်စီက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နှင့် အမ်း၊ တောင်ကုတ်၊ ဂွမြို့ များမှ ၎င်းတို့၏ စစ်စခန်းများအားလုံးကို တစ်ခုမကျန် လက်လွှတ်လိုက်ရပြီးနောက် ရခိုင်ရိုးမ နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော ရိုးမတောင်တန်း ၊ ရခိုင်-ပဲခူးအစပ်၊ ရခိုင်-မကွေးအစပ်၊ ရခိုင်-ဧရာဝတီတိုင်း အစပ် နှင့် ရခိုင်ရိုးမ-ဧရာဝတီတိုင်းအစပ်တို့တွင် စစ်တပ်နှင့် AA တို့အကြားတိုက်ပွဲများပြင်းထန်နေကြောင်း သိရှိရသည်။

    ရခိုင်-ဧရာဝတီတိုင်း အစပ်၏ နေရာအချို့၊ ပွိုင့် ၃၆၉ ကုန်း နှင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့၊ ချင်းစုကျေးရွာအနီးတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့ကြောင်း သိရှိရသည်။

    ထို့ပြင် ရခိုင်ပြည်နယ်၊ အမ်းမြို့ နယ်အတွင်း ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာ အနီးပတ်ဝန်းကျင် (တစ်နည်းအားဖြင့်) အမ်း-ပဒါန်း ကားလမ်းမအနီး အပြန်အလှန် ထိုးစစ်၊ ခံစစ်များနှင့်အတူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့သည်မှာ တစ်ပတ်ကျော်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ တပ်မ ၈၈၊ ၉၉ လက်အောက်ခံတပ်ရင်းများ၊ မကွေး၊ ကပစ မှ တပ်ဖွဲဝင်များပါဝင်သည့် စစ်တပ် တပ်ရင်းများနှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ ကတည်းကပင် စတင်ထိတွေ့ဖြစ်ပွားလျက်ရှိကြောင်း၊ အဆိုပါ တိုက်ပွဲများအတွင်း စစ်သားများ၏ အလောင်းအမြောက်အမြားကို သိမ်းဆည်းရမိသကဲ့သို လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားတိုကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်သုံ့ပန်းအချို့ ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

    ရခိုင်ပြည်နယ်အတွင်းတွင်လည်း အာရက္ခတပ်တော်က သိမ်းပိုက်ရန် ကျန်ရှိနေသည့် အဓိက မြို့ ကြီးသုံးမြို့ ဖြစ်ကြသော စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့ များထဲမှ စစ်တွေမြို့ နှင့်အနီးတစ်ဝိုက်တွင် စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ စနိုက်ဘာများဖြင့် တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသကဲ့သို လေကြောင်း၊ ရေကြောင်းများမှလည်း ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့စဉ်နှင့်အမျှရှိနေခဲ့ကြောင်း၊ အထူးသဖြင့် ဒရုန်းတိုက်ခိုက်မှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုများမှာ ပိုမိုများပြားခဲ့ကြောင်း သိရှိရသည်။

    ဇန်နဝါရီလ ၂၀ ရက်၊ မွန်းလွဲ ၁ နာရီ ၁၂ မိနစ်အချိန် စစ်ကောင်စီက စစ်တွေမြိုနယ်၊ ကံ့ကော်ကျွန်းရွာမှ ၎င်း၏တစ်ဖက်ကမ်းရှိ ဝါဘိုကျေးရွာအတွင်းသို့ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ဝါဘိုကျေးရွာအတွင်းရှိ အရပ်သားလူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

    ဓာတ်ပုံ – ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ မှ ၁၉ရက်နေ့များတွင် အမ်း-ပဒါန်းလမ်းပိုင်း သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ၊ စစ်သုံပန်း နှင့် စစ်သားအလောင်းတချို့။

  • စစ်တွေ၊ အမ်း၊ ဧရာ၀တီ၊ ရခိုင်ရိုးမတိုက်ပွဲများနှင့်စစ်ရေးအခြေအနေ AA ထုတ်ပြန်

    အမ်းမြို့နယ် ရိုးမပေါ်ရှိ ကံမြင်ကန်ပတ်ဝန်းကျင်တိုက်ပွဲတွေကနေ သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းတွေ၊ သုံ့ပန်းနဲ့ ရန်သူ့အလောင်းတချို့ AA သတင်းထုတ်ပြန်

    ရခိုင်ပြည်၊ အမ်းမြို့နယ် ရိုးမပေါ်ရှိ ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာအနီးပတ်ဝန်းကျင် တိုက်ပွဲတွေကနေ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေ စစ်အသုံးအဆောင် ပစ္စည်းတွေ သုံ့ပန်းနဲ့ရန်သူ့အလောင်းတချို့ကို အာရက္ခတပ်တော် (AA) က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    ဒီတိုက်ပွဲတွေဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်မှ (၁၉) ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

    အမ်းမြို့နယ်အတွင်း ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာ အနီးပတ်ဝန်းကျင် (တစ်နည်းအားဖြင့်) အမ်း-ပဒါန်း ကားလမ်းမအနီးမှာ အပြန်အလှန် ထိုးစစ်၊ ခံစစ်တွေနဲ့ အတူ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေခဲ့တာ တစ်ပတ်ကျော်ခန့် ကြာမြင့်ခဲ့ပြီဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    တပ်မ (၈၈)၊ (၉၉) လက်အောက်ခံတပ်ရင်းတွေ၊ မကွေး၊ ကပစက တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ စစ်ကောင်စီ တပ်ရင်းတွေနဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့ ကတည်းကပင် စတင် ထိတွေ့ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

    စစ်ကောင်စီဟာ AA တပ်ဖွဲ့ဝင်တွေ ရှိရာနေရာတွေကို အကြိမ်ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပေမယ့်လည်း အထိအခိုက် အကျအဆုံးများစွာနဲ့ ဆုတ်ခွာထွက်ပြေးရတာဟာလည်း အကြိမ်ကြိမ်ရှိခဲ့ပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    စစ်တွေ၊ အမ်း၊ ဧရာ၀တီ၊ ရခိုင်ရိုးမတိုက်ပွဲများနှင့်စစ်ရေးအခြေအနေ AA ထုတ်ပြန်

    စစ်တွေ၊ အမ်း၊ ဧရာ၀တီတိုက်ပွဲနှင့် ရခိုင်ရိုးမနှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော နေရာများတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် လတ်တလော စစ်ရေးအခြေအနေများကို အာရက္ခတပ်တော် (AA) ဇန်နဝါရီ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

    တိုက်ပွဲဖြစ်ပွားနေသော နေရာများ

    ရက္ခိုင်ရိုးမနှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော ရိုးမတောင်တန်းနှင့် ရက္ခိုင်-ပဲခူးအစပ်၊ ရက္ခိုင်-မကွေး အစပ်၊ ရက္ခိုင်-ဧရာဝတီတိုင်းအစပ်နှင့် ရက္ခိုင်ရိုးမ-ဧရာဝတီတိုင်းအစပ်တို့တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေခဲ့သည်။

    ရခိုင်က လက်ကျန် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်အခြေအနေ

    အာရက္ခဒေသအတွင်း၌ အာရက္ခတပ်တော်မှ သိမ်းပိုက်ရန် ကျန်ရှိနေသည့် အဓိက မြို့ကြီးသုံးမြို့ ဖြစ်ကြသော စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့များထဲမှ စစ်တွေမြို့နှင့်အနီးတစ်ဝိုက်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ စနိုက်ဘာများဖြင့် တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသကဲ့သို့ လေကြောင်း၊ ရေကြောင်းများမှလည်း ရမ်းသန်း ပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့စဉ်နှင့်အမျှရှိနေခဲ့သည်။ အထူးသဖြင့် ဒရုန်းတိုက်ခိုက်မှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုများမှာ ပိုမိုများပြားခဲ့သည်။

    စစ်တွေမြို့စစ်ရေးအခြေအနေ

    ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်၊ နေ့လယ် (၁) နာရီ (၁၂) မိနစ်အချိန်တွင် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီသည် စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းရွာမှ ၎င်း၏တစ်ဖက်ကမ်းရှိ ဝါဘိုကျေးရွာအတွင်းသို့ ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ဝါဘိုကျေးရွာအတွင်းရှိ အရပ်သားလူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ရသည်။

    ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ပဲခူး၊ မကွေး၊ဧရာ၀တီတိုက်ပွဲဖြစ်ပွားနေ

    ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နှင့် အမ်း၊ တောင်ကုတ်၊ ဂွမြို့ များမှ ၎င်းတို့၏ စစ်စခန်းများအားလုံးကို တစ်ခုမကျန် လက်လွှတ်လိုက်ရပြီးနောက်တွင် ရက္ခိုင်ရိုးမ နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော ရိုးမတောင်တန်း နှင့် ရက္ခိုင်-ပဲခူးအစပ်၊ ရက္ခိုင်-မကွေးအစပ်၊ ရက္ခိုင်-ဧရာဝတီ တိုင်း အစပ် နှင့် ရက္ခိုင်ရိုးမ-ဧရာဝတီတိုင်းအစပ်တို့တွင် ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ နှင့် အာရက္ခတပ်တော် တို့သည် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေခဲ့သည်။

    ဧရာ၀တီတိုင်းတိုက်ပွဲ

    ရက္ခိုင်-ဧရာဝတီတိုင်း အစပ်၏ နေရာအချို့၊ ပွိင့် (၃၆၉) ကုန်း နှင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့၊ ချင်းစုကျေးရွာအနီးတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့သည်ဟု ဖော်ပြသည်။

    အမ်းရိုးမပေါ်တိုက်ပွဲ

    အမ်းမြို့နယ်အတွင်း ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာ အနီးပတ်ဝန်းကျင် (တစ်နည်းအားဖြင့်) အမ်း-ပဒါန်း ကားလမ်းမအနီး၌ အပြန်အလှန် ထိုးစစ်၊ ခံစစ်များနှင့်အတူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့သည်မှာ တစ်ပတ်ကျော်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။

    တပ်မ (၈၈)၊ (၉၉) လက်အောက်ခံတပ်ရင်းများ၊ မကွေး၊ ကပစ မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ရန်သူ့ တပ်ရင်းများနှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့ ကတည်းကပင် စတင်ထိတွေ့ ဖြစ်ပွားလျက် ရှိသည်။

    ရန်သူသည် မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာသို့ အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း အထိအခိုက် အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးရသည်မှာလည်း အကြိမ်ကြိမ်ရှိခဲ့ပြီဖြစ်သည်။

    ဤတစ်ပတ်ကျော် ကြာတိုက်ပွဲများအတွင်း ရန်သူ့အလောင်းအမြောက်အမြားကို သိမ်းဆည်းရမိသကဲ့သို့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားတို့ကိုလည်း သိမ်းဆည်းရမိခဲ့ပြီး ရန်သူသုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။

    ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်မှ (၁၉) ရက်နေ့များတွင် အမ်းမြို့နယ်အတွင်း ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာအနီးပတ်ဝန်းကျင်တိုက်ပွဲများ၌ လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ၊ သုံ့ပန်း နှင့် ရန်သူ့အလောင်းတချို့ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

  • အောင်ဇေယျစစ်ကြောင်းက စစ်ပြေးများနေတာကြောင့် ရတခ တိုင်းမှူးကို ကော့ကရိတ်ကိုပို့ထား

    အောင်ဇေယျစစ်ကြောင်းက စစ်ပြေးများနေတာကြောင့် ရတခ တိုင်းမှူးကို ကော့ကရိတ်ကိုပို့ထား

    မော်လမြိုင်အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်ကို အောင်ဇေယျစစ်ကြောင်းက စစ်ပြေးများနေတာကို ကွပ်ကဲကြပ်မတ်ဖို့ ပျက်ကွက်တယ်ဆိုပြီး စစ်ခေါင်းဆောင်က ကော့ကရိတ်အခြေစိုက် စကခ(၁၂)ကို ပို့ထားတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ ရက်သတ္တပါတ်မှာ ဘားအံကနေ လုံခြုံရေးကိစ္စတွေ ဦးစီးနေတဲ့ ရတခ ရဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်ကိုလည်း စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနဲ့ ပြဿနာဖြစ်လို့ ဘားအံကနေ ကော့ကရိတ်ကို ပို့ဆောင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

    နောက်ဆုံးရတဲ့ အချက်အလက်တွေအရ ဘားအံ ဂေါက်ကွင်းမှာ စစ်ကောင်စီပြည်နယ်ဝန်ကြီးနဲ့ ထိုး ကြိတ်မှုကြောင့် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်ကို အရန်အင်အားအဖြစ် အနားပေးလိုက်ပြီလို့ သိရပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး CDM ဗိုလ်မှူးစွယ်တော်ကို ဆက်သွယ်မေးမြန်းတဲ့အခါ ကျွန်တော်ကြားတာတော့ စစ်ကောင်စီပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြဿနာဖြစ်လို့ ဒုတိုင်းမှူးကို ဘားအံကနေ ကော့ကရိတ်ပို့တယ် ပြောတယ်။ နောက်တော့ သူ့ကို အရန်အင်အားပို့လိုက်တယ်လို့ သိရတယ်။ ကော်ဘရာစစ်ကြောင်းကို အောင်ဇေယျစစ်ကြောင်းက စစ်သည်တွေ အသုတ်လိုက်ခွဲပြီး အလင်းဝင်နေတာကို ကကကြည်းက မကျေနပ်လို့ တိုင်းမှူးကို ကော့ကရိတ်မှာ ၁ ပါတ်နေခိုင်းတယ်လို့ သိရပါတယ် လို့ မြို့တော်ကို ပြောပါတယ်။

    ပြီးခဲ့တဲ့ သုံးလအတွင်း အောင်ဇေယျစစ်ကြောင်းကနေ လက်နက်နဲ့ အတူ အလင်းဝင်လာသူတွေနဲ့ ဖမ်းမိတဲ့အင်အား ၃၀ ခန့်ထိရှိကြောင်း ကော်ဘရာစစ်ကြောင်းက တာဝန်ရှိသူတစ်ဦးက ပြောဆိုထားပါတယ်။