Category: News

  • ပုဂံမှာ ဘုရားဖူးမိသားစုကို ပျုစောထီးအဖွဲ့ ပြန်ပေးဆွဲပြီးငွေညှစ်

    ပုဂံမှာ ဘုရားဖူးမိသားစုကို ပျုစောထီးအဖွဲ့ ပြန်ပေးဆွဲပြီးငွေညှစ်

    ပုဂံမှာ ဘုရားဖူးမိသားစုကို ပျုစောထီးအဖွဲ့ ပြန်ပေးဆွဲပြီးငွေညှစ် မန္တလေးတိုင်း ၊ ပုဂံမြို့သစ်တောင်ပိုင်းရှိ စေတနာကြီးဘုရားအနီးမှာ ခရီးသွားကားကိုတားပြီး ပြန်ပေးဆွဲမှုဒီဇင်ဘာလ ၁၉ ရက်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။ စစ်တပ်လက်ဝေခံပျုစောထီးတွေပါဝင်တဲ့လက်နက်ကိုင်အဖွဲ့က ဒီဇင်ဘာ လ ၁၉ရက် နေ့ခင်းပိုင်းမှာ အိမ်စီးကားနဲ့ ဘုရားဖူးထွက်လာတဲ့ မိသားစုတစ်စုကိုပြန်ပေးဆွဲခဲ့တာပါ။ “ဖြစ်စဉ်ကတော့မှန်တယ်” လို့ ပုဂံမြို့ခံတစ်ဦးကပြောပါတယ်။ ပြန်ပေးဆွဲပြီးနောက် ပုဂံ-ချောက်ကားလမ်းဘက်ခေါ်ဆောင်သွားပြီး ကျပ်သိန်းငါးထောင်နဲ့ ပြန်ရွေးခိုင်းခဲ့တာပါ။ ညှိနှိုင်းမှုအရပြန်ပေးဆွဲခံရသူတွေဘက်ကကျပ်သိန်း၁,၂၀၀ နဲ့ လက်ဝတ် လက်စားတွေချွတ်ပေးရပြီးနောက် အဲဒီနေ့ ညနေပိုင်းမှာ ပြန်လွတ်လာတယ်လို့ သိရပါတယ်။ အခုလို ပြန်ပေးဆွဲငွေတောင်းတဲ့ ပျုစောထီးအဖွဲ့ဟာ ပုဂံအနီးတဝိုက်မှာ ကျင်လည်ကျက်စားနေတာလို့ ဒေသခံအချို့က ပြောပါတယ်။ ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့တဲ့ စေတနာကြီးဘုရားက ပုဂံမြို့သစ်နဲ့ တစ်မိုင်ခန့်သာဝေးပြီး ခရီးသွားမရှိဘဲ လူသွားလူလာပြတ်တဲ့နေရာတစ်ခုပါ။ ဆက်စပ်သတင်း ပုဂံကို အိမ်စီးကားနဲ့ လုံးဝ မလာကြပါနဲ့တော့

  • ဘွဲ့ရလူငယ်များစာရင်း အချိန်မီပေးပို့ရန် စစ်ကောင်စီဝန်ကြီး အမိန့်ပေး

    ဘွဲ့ရလူငယ်များစာရင်း အချိန်မီပေးပို့ရန် စစ်ကောင်စီဝန်ကြီး အမိန့်ပေး

    ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ဘွဲ့ရလူငယ်တွေ စာရင်းကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား ပို့ပေးဖို့ ဒီဇင်ဘာ ၂၃ ရက်မှာ စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က အမိန့်ပေး ညွှန်ကြားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ မနေ့ နေ့လယ်က နေပြည်တော် MGallery ဟိုတယ်မှာ ပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပရေး ဦးစီးကော်မတီရဲ့ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့တာလို့ နေပြည်တော် သတင်းအရင်းအမြစ်က ပြောပါတယ်။ “ဘွဲ့ရလူငယ်စာရင်းကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး ပို့ပေးဖို့ ပြောတယ်။ စာရင်းတောင်းတယ် ဆိုတာထက် အမိန့်ပေးတာ။ ဒီလူငယ်တွေက ငြိမ်းချမ်းရေးဖိုရမ်မှာ တက်ရမှာဆိုတော့ ဘာမှပြန်မပြောဘူး။ စစ်ဘက်ကကြားရတဲ့ သတင်းတွေအရတော့ ဘွဲ့ရတွေကို စစ်ဘက်က နည်းပညာပိုင်းမှာ စစ်မှုထမ်းခိုင်းမယ်လို့ ပြောနေကြတယ်။ အရင်က…

  • ဂုတ်ကြီးကျေးရွာကို AA နှင့် ပူးပေါင်းတပ်များ ပြန်လည်သိမ်းပိုက်

    ဂုတ်ကြီးကျေးရွာကို AA နှင့် ပူးပေါင်းတပ်များ ပြန်လည်သိမ်းပိုက်

    မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာရဲ့ ကာကင်းစခန်းတည်ရှိတဲ့ ဂုတ်ကြီးစခန်းကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အလုံးစုံ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ပြီး ဂုတ်ကြီးကျေးရွာက အစိတ်အပိုင်းတချို့ကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ AA နဲ့ ပူးပေါင်းတပ်တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ “ဂုတ်ကြီးကျေးရွာကို ပူးပေါင်းတပ်တွေက ပြန်ပြီးတော့ ထိန်းချုပ်ထားပြီးပါပြီ။ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်တိုက်တာကြောင့် တချို့နေရာတွေကို ဆုံးရှုံးလိုက်ရတာတွေ ရှိပေမဲ့ တော်လှန်ရေးတပ်တွေက ပြန်လည်ထိုးစစ်ဆင်ပြီးတော့ သိမ်းပိုက်လိုက်တာ။ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အတော်လေးကို အထိနာပြီးတော့ ဖရိုဖရဲနဲ့ ပြန်ဆုတ်သွားရတယ်။ အလောင်းတွေ၊ လက်နက်တွေကိုလည်း အများအပြား သိမ်းဆည်းရမိခဲ့တာ ရှိတယ်။” စစ်ကောင်စီဟာ…

  • ဆရာမတွေရဲ့ကိုယ်ချင်းမစာမှု၊ ဘက်လိုက်မှုတွေကြောင့်

    ဆရာမတွေရဲ့ကိုယ်ချင်းမစာမှု၊ ဘက်လိုက်မှုတွေကြောင့်

    ဆရာမတွေရဲ့ကိုယ်ချင်းမစာမှု၊ ဘက်လိုက်မှုတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝကူးသွားခဲ့ရတဲ့ သမီးငယ်လေး ဧရာတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် အ.မ.က(ကြိမ်ချောင်း) တတိယတန်းတွင် ပညာသင်ကြားနေသော (မမေဝင့်ဝါ)အသက် (၁၁ နှစ်) သည် ၂၆.၁၁.၂၀၂၅(ဗုဒ္ဓဟူးနေ့) နေလယ် ၁ နာရီခန့်က ရေသောက်နေစဉ် အနောက်မှ ကလေးတစ်ယောက်က ဝင်တိုက်မိရာ ပက်လက်လန်လဲပြီး ခေါင်းထိ၍ ဆရာမများအား ငိုယို၍ ပြောကြားခဲ့သော်လည်း ဆရာမများမှ အပိုလုပ်သည် အဖြစ်သည်နေသည်ဟု ပြောဆိုပြီး ကျောင်းဆင်းသည့်တိုင်အောင် ငိုယိုနေလည်း ဒီအတိုင်းသာ ပစ်ထားခဲ့သည်။ အိမ်ပြန်ရောက်၍ မိဘများမှ ဆေးခန်းသွားရောက် ပြ‌သသော်လည်း မသက်သာသောကြောင့် ရန်ကုန် ဦးနှောက်နှင့် အာရုံကြော ‌အထူးကုဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး (၂၉.၁၁.၂၀၂၅ စနေနေ့)မနက် ၄ နာရီခွဲခန့်တွင် ဦးနှောက်ထဲ သွေးရောက်၍ အသက်ဆုံးရှုံးရပါသည်။ ကျန်ခဲ့သူ မိဘများမှာလည်း ရူးမတက်ခံစားခဲ့ရပါတယ်။…

  • ရမည်းသင်းမှာ ဆီပုံးတွေတင်လာတဲ့ကား ဆိုင်ကယ်ဝင်တိုက်

    ရမည်းသင်းမှာ ဆီပုံးတွေတင်လာတဲ့ကား ဆိုင်ကယ်ဝင်တိုက်

    ရမည်းသင်းမှာ ဆီပုံးတွေတင်လာတဲ့ကား ဆိုင်ကယ်ဝင်တိုက်လို့ မီးလောင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၃ ဦး သေဆုံး မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ ဆီပုံးတွေတင်လာတဲ့ကားကို ဆိုင်ကယ်က ဝင်တိုက်မိလို့ မီးလောင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာ ၂၁ ရက် ညနေ ၄ နာရီကျော်က ရမည်းသင်းမြို့နယ်၊ စံပြသိမ်ကုန်းရွာ၊ ကြက်ရှာလမ်းခွဲအနီးမှာ ဆီပုံးတွေနဲ့ ကုန်တွေတင်လာတဲ့ကားကို ဆိုင်ကယ်တစ်စီးက ဝင်တိုက်မိခဲ့ကြောင်း၊ အဲဒီလို ဝင်တိုက်မိရာကနေ ဆီပုံးတွေပေါက်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ဆိုင်ကယ်ပေါ်က ဇနီးမောင်နှံနဲ့ ကားပေါ်က အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။ “ရှေ့ကကားကို နောက်ကဆိုင်ကယ်သမားက ဝင်တိုက်တာ။ ကားမှာဆီပုံးတွေရော ကုန်အပြည့်နဲ့ ဆီပုံးတွေပြုတ်ကျပြီး ကားကမီးအရင်လောင်တာ။ ချောင်းထဲကျတဲ့တစ်ယောက်က မနေ့က ညနေကမှ ဆုံးသွားပါတယ်”လို့ ဒေသခံတစ်ဦးက…