Category: News
-

အရှိန်အဟုန်မြှင့်မည့် စစ်တောင်းမြစ်ဝှမ်းဒေသ စစ်ဆင်ရေးအတွက် PDF တပ်သားသစ်များ ခေါ်ယူနေ
စစ်တောင်းမြစ်ဝှမ်းဒေသ စစ်ဆင်ရေးကို အရှိန်အဟုန်မြှင့်နိုင်ရန် PDF တပ်သားသစ်များ ခေါ်ယူနေ ကြောင်း သိရသည်။ ပဲခူးတိုင်း၊ ကျောက်ကြီး ၊ ကျောက်တံခါး ၊ ဖြူးနှင့် ညောင်လေးပင်မြို့နယ်ရှိ စစ်တောင်းမြစ်ဝှမ်းတစ် လျှောက်တွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည့် ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း P2-3702 က စစ် တောင်းမြစ်ဝှမ်း စစ်ဆင်ရေး ပိုမိုအားကောင်းလာစေရန် အချိန်ကာလနှင့် လူဦးရေ ကန့်သတ်ထား ခြင်း မရှိဘဲ တပ်သားသစ်များ ခေါ်ယူနေခြင်းဖြစ်သည်။ “တပ်သားသစ်ကတော့ ရသလောက်ခေါ်မှာပါဗျ။အခုလက်ရှိကျနော်တို့ တပ်ရင်းအနေနဲ့ ပဲနွယ်ကုန်း ၊ ကျောက်တံခါး၊ ဖြူး ၊ ကျောက်ကြီး တစ်လျှောက်လုံး စစ်ရေးဖော်ဆောင်မှု ထိတွေ့မှုတွေ တောက် လျှောက်ရှိနေပါတယ်။။ စစ်တောင်းမြစ်ဝှမ်းဒေသ စစ်ဆင်ရေးအားကောင်းဖို့ ကျနော်တို့ တပ်ရင်းအ နေနဲ့…
-

MNDAA က စစ်သုံ့ပန်း ၅၀၀ ဦးနှင့် အကျဉ်းသား ၉ ဦးကို ပြန်လွှတ်ပေးပြန်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ ၁ တွင် MNDAA က စစ်သုံ့ပန်း ၅၀၀ နှင့် အကျဉ်းသား ၉ ဦးကို ပြန်လည်လွှတ်ပေးလိုက်ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၂၅ ရက်နေ့ အာဇာနည်ဝိညာဉ်ပို့ဆောင်ပွဲ (သို့မဟုတ်) “တာကျောင်” မဟာပူဇော်ပွဲ ကာလအတွင်း MNDAA က ယင်းကဲ့သို့ တရားဝင်ခွင့်ပြုချက်နှင့် တရားစီရင်ရေးအာဏာပိုင်များ၏ တင်းကျပ်သော စိစစ်မှုတို့ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ MNDAA ၏ ချုပ်နှောင်ဖမ်းဆီးမှုအတွင်း အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ပြသနိုင်ခဲ့သူ အကျဉ်းသား ၉ ဦးကို တရားဝင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး ကောင်းမွန်သော အပြု အမူဖြင့် နေထိုင်ခဲ့သည့် စစ်သုံ့ပန်း ၅၀၀ ဦးကိုလည်း ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ ထို့အပြင် အခြားသော…
-

မြိတ် ကန်စွန်းအင်းကျောင်းအတွင်း G 6 ကျောင်းသားငယ်တစ်ဦးကို ကျောင်းပိုင်ရှင်က အကြမ်းဖက်ရိုက်နှက်မှု ဖြစ်ပွား
မြိတ်မြို့ရှိ ကန်စွန်းအင်း ကိုယ်ပိုင်ကျောင်းတွင် G.6 အတန်းရှိ ကျောင်းသားငယ်တစ်ဦးကို ကျောင်းပိုင်ရှင်ဖြစ်သူက အကြမ်းဖက် ရိုက်နှက်ခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်း၊ G.10၊ G.11၊ G.12 အတန်းများ မဆင်းခင်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းပိုင်ရှင်က ယင်း G.6 ကျောင်းသားငယ်ကို ဆံပင်ဆွဲကာ ဘယ်ပြန်ညာပြန် ပါးရိုက်ခြင်း (ဂျပန်ပါးရိုက်ပုံစံ) ကို အနည်းဆုံး ၆ ချက်မှ ၁၀ ချက်အထိ ရိုက်နက်ခဲ့သည်ဟု ဆိုသည်။ လက်ရှိတွင် ရိုက်နက်ခံရသည့် ကျောင်းသားငယ်သည် ရိုက်နှက်မှုကြောင့် မခံနိုင်ဘဲ လဲကျသွားသော်လည်း ခြေထောက်ဖြင့် ဆက်လက်ကန်ကျူးခဲ့ကြောင်းနှင့် လူမောပန်းသွားမှသာ ဆဲဆိုကာ အခန်းအတွင်း ပြန်ဝင်သွားခဲ့ကြောင်း အနီးကပ်မြင်တွေ့သူများက ပြောဆိုထားသည်။ ဖြစ်စဉ်၏…
-

မြန်မာရွှေ့ပြောင်း လုပ်သား ၁၀၀ခန့် စီမံချက်ကာလ အဖမ်းခံရ
ထိုင်းအလုပ်သမားဝန်ကြီးဌာနက နိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်နေသော နိုင်ငံခြားသားများ ဖမ်းဆီးနှိမ်နှင်းရေး တိုးမြှင့်ဆောင်ရွက်မည်ဟု ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်ပြီးနောက် ဆက်တိုက် စစ်ဆေးမှုများပြုလုပ်နေရာ ဖမ်းဆီးခံ ရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၁၀၀ နီးပါးရှိပြီဖြစ်ကြောင်း ဧရာဝတီက စိစစ်တွေ့ရှိရသည်။ ယခုအခါ ထိုင်းအထွေထွေရွေးကောက်ပွဲ နီးလာချိန်ဖြစ်သလို ထိုင်းနိုင်ငံသားများနှင့် မြန်မာတချို့ ရန်ပွဲ၊ မြန်မာအချင်းချင်း ရန်ပွဲတို့ လူမှုကွန်ရက်တွင် ခပ်စိတ်စိတ်တွေ့မြင်လာရပြီးနောက် တနိုင်ငံလုံး အတိုင်းအတာ စီမံချက်ချကာ အလုပ်လုပ်ခွင့် မရှိဘဲ အလုပ်လုပ်ကိုင်နေသူများ၊ နိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိသော လုပ်ငန်း အမျိုးအစား များ၌ လုပ်ကိုင်နေ သူများ အား ရှာဖွေဖမ်းဆီးရန်နေခြင်း ဖြစ်သည်။ ဝင်ရောက်စစ်ဆေး ဖမ်းဆီးသည့်နေရာများမှာ ရွှေ့ပြောင်းအလုပ်သမားများ အများဆုံးရှိရာ ဖတ်ထရာကမ်းခြေဒေသ၊ နွန်ထဘူရီ၊ ဘန်ကောက်မြို့ အရှေ့တောင်ဘက်ရှိ စက်မှုလုပ်ငန်းများ…
-

လောင်းလုံးတွင် မြို့မရဲစခန်းနှင့် မောင်းမကန်ရွာ မဲရုံတို့ကို ဒရုန်းဖြင့် တိုက်ခိုက်
လောင်းလုံးတွင် စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်း ၃ ပြုလုပ်နေစဉ် မြို့မရဲစခန်းနှင့် မောင်းမကန်ရွာ မဲရုံတို့ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုရှိပြီး ရဲစခန်း အဆောက်အဦးတချို့ မီးလောင်ပျက်စီး မဲပုံးလာပို့သည့် ကားပါ ကြားဖြတ် တိုက်ခိုက် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်း ၃ ပြုလုပ်နေစဉ် မြို့မရဲစခန်းနှင့် မောင်းမကန်ရွာ မဲရုံတို့ကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်မှုရှိပြီး ရဲစခန်း အဆောက်အဦးတချို့ မီးလောင်ပျက်စီးကာ မဲပုံးလာပို့သည့် ကားပါ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် လောင်းလုံးမြို့ပေါ်၌ အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲပြုလုပ်နေစဉ် မြို့မရဲစခန်းကို…