Category: News
-

ဆိုင်ကယ် ဖုန်း ပိုက်ဆံတွေယူပီး မိန်းမနဲ့ ခလေးကို လိမ်ညာထားခဲ့ပီး ရည်းစားဟောင်းနဲ့ ထွက်ပြေး
တခြားသူနဲ့ဆို ခံသာသေးတယ် ခုဟာက ရည်းစားဟောင်းနဲ့ ဖြစ်နေလို့ တဲ့ …. သားလေးလည်းရှိတာကို သူမို့လုပ်ရက်တယ်။😪 ယောက်ျားဖြစ်သူက ပြင်ဦီးလွင်ဘက် အလုပ်သွားလုပ်မယ်ဆိုပြီးထွက်သွားတာ။ ဘာအဆက်သွယ်မှလည်းလုပ်မရ၊ ဖုန်းလည်းဆက်သွယ်လို့မရ။ သူအလုပ်လုပ်ဖူးတဲ့ဆိုင်ကလူကို လှမ်းပြောတယ်။ သူပေါ်တာဆွဲခံရလို့ပေါ့။ ဆိုင်ကယ်၊ ဖုန်း၊ စုထားတဲ့ပိုက်ဆံလေးတွေလဲ ပါသွားတယ်။ ခုကြတော့ တစ်တော့အအကောင့်မှာ သူရဲ့ရည်းစားဟောင်းနဲ့ယူပြီးကြပြီဆိုတဲ့ ပုံစံမျိုးနဲ့ ဗွီဒီယိုတွေ တင်ထားတယ်။ ချစ်ရတဲ့မိန်းမလေးနဲ့ဆိုပြီး ရေးတင်ထားတယ် တဲ့.. မိန်းမရဲ့ အကောင့်ကိုကြ block ထားတယ်.. ရည်းစားဟောင်းနဲ့ပြန်ဆက်သွားတော့ တရားဝင်ယူထားတဲ့ ကောင်မလေးက ပိုပြီး စိတ်ထိခိုက်ရတာပေါ့။ ယောက်ျားဖြစ်သူကို ပြန်လာပြီးကွာရှင်းပေးပါလို့ဆိုပါတယ်။ ကွာရှင်းမပေးရင် နှစ်ယောက်လုံးရဲ့ ပုံတွေကို ချပြမယ်လို့ပြောလိုက်ပါတယ်။ ကွာရှင်းပေးလိုက်ရင်တော့ ညီမဘက်ကရှုံးပြီ။ ရည်းစားဟောင်းက နိုင်ပွဲရမှာပဲ။ အဲတော့ ကွာရှင်းမပေးပါနဲ့ အရှက်မရှိတဲ့ဟာတွေကို ထောင်ကျတဲ့အထိ ဥပဒေအတိုင်း ဆက်လုပ်ပါ။
-

တိုက်ပွဲပြင်းထန်လာ၍ ကျောက်ဖြူ စီမံကိန်းများကို ကာကွယ်ရန် တရုတ်လုံခြုံရေးတပ် ရာချီ ချထား
တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ဖြန့်ဖြူးရေးစသည့် စီမံကိန်းများကို ကာကွယ်ရန်အတွက် တရုတ်လုံခြုံရေးတပ်သား ရာနှင့်ချီချထားပြီး စစ်ရေးစောင့်ကြည့်မှုများ ရှိနေကြောင်း သိရသည်။ လက်ရှိတွင် တရုတ်လုံခြုံရေး လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှာ စီမံကိန်းအနီးတွင် ကတုတ်ကျင်းများနှင့် ဘန်ကာများ ဆောက်လုပ်၍ စစ်ရေးအကာအကွယ်များ ပြုလုပ်နေခြင်းဖြစ်သည်။ ကျောက်ဖြူမြို့မှ ၆ မိုင်ခန့်အကွာ ဂုံးချွိန်နှင့် အုန်းတောကျေးရွာရှိ ဓာတ်ငွေ့သန့်စင်ရုံ၊ လျှပ်စစ်ဖြန့်ဖြူးရေး စက်ရုံနှင့် ဓာတ်ငွေ့ခွဲရုံ စသည့် တရုတ် စီမံကိန်းနယ်မြေများတွင် ရှိနေခြင်းဖြစ်သည်။ “Power China စက်ရုံ (လျှပ်စစ်ဖြန့်ဖြူးရေးစက်ရုံ) ဘက်မှာဆိုရင် သေနတ်ပစ်ဖို့အနေအထားမျိုး ပြင်ဆင်နေတာရှိတယ်။ တခြားနေရာတွေမှာတော့ ကတုတ်ကျင်းတွေ တူးထားတာ ရှိတယ်” ဟု တရုတ် စီမံကိန်းများကို စောင့်ကြည့်နေသူ ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ တရုတ်စီမံကိန်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည်…
-

စစ်ရေးအခြေအနေကြောင့် အရာတော်-မုံရွာ လမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ယာယီပိတ်
စစ်အုပ်စု စစ်ကြောင်းတွေကြောင့် ဒေသခံတစ်ထောင်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရ စစ်ကိုင်းတိုင်းအတွင်းက အရာတော်-မုံရွာလမ်းပိုင်းကို စစ်ရေးအခြေအနေကြောင့် ဇန်နဝါရီလ ၁၃ ရက် ဒီနေ့ကစပြီး တော်လှန်ရေးတပ်တွေက ယာယီပိတ်ထားသလို စစ်အုပ်စုစစ်ကြောင်းကြောင့် ကျေးရွာသုံးရွာထက်မနည်း စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်အုပ်စုတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာအနီးက အမြှောက်တပ်(အမတ- ၃၆၉)မှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲကို စစ်ကူလာတဲ့ စစ်အုပ်စုစစ်ကြောင်းက အရာတော်မြို့ပေါ်ကို ပြန်ဆုတ်ဖို့ပြင်ဆင်နေတာကြောင့် အရာတော်-မုံရွာလမ်းပိုင်းကို ယာယီပိတ်ထားတာလို့ အရာတော်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအောင်စည်က ပြောပါတယ်။ “ဇန်နဝါရီ ၃ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ သစ်ကျင်းကြီးတပ်ခေါ် ၃၆၉ တပ်မှာ တိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ အရာတော်မြို့ကနေ ထွက်ပြီးတော့ အင်အား ၃၀ ခန့်ပါတဲ့…
-

ရန်ကုန်မြို့က ပင်လုံလမ်းပေါ်မှာဖွင့်ထားတဲ့ ပရိဘောဂဆိုင်ကို လူအုပ်စုတစုက ဝင်ရောက် ဖျက်စီးသွား
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ပင်လုံလမ်းမကြီးပေါ်မှာ ဖွင့်ထားတဲ့ ပရိဘောဂ ပစ္စည်းဆိုင် တစ်ဆိုင်ကို ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ လူအုပ်စု တစုက ဝင်ရောက် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ပင်လုံလမ်းမကြီးပေါ်မှာ ဖွင့်လှစ်ထားတဲ့ “နိုင်” အမည်ရှိ ပရိဘောဂဆိုင်ကို လူအုပ်စုလိုက် ရောက်ရှိလာပြီး ဆိုင်ကို ဖျက်ဆီးသွားခဲ့တဲ့ ဖြစ်စဉ်ကို ဆိုင်ပိုင်ရှင်ဖြစ်သူက လူမှုကွန်ရက်ပေါ်မှာ အသိပေးဖော်ပြခဲ့ပါတယ်။ “နာမည်ကြီး ဆိုင်တဆိုင်က လူရမ်းကားတစုက ကျမတို့ ဆိုင်ထဲထိ ဝင်ခွဲ ဝင်ရိုက်တာ၊ ကျမဆိုင်က ဝန်ထမ်းကောင်မလေး ၂ ယောက်ရယ်၊ ကျမကလေး ၂ ယောက် နဲ့ အမေ တို့ပဲ ရှိတဲ့အချိန်မှာ လုပ်သွားတာ၊ ကျမ သားငယ်လေးဆို ကြောက်လွန်းအားကြီးပြီး ငိုယိုထွက်ပြေးပြီး အခန်းထဲ ဝင်ပုန်းခဲ့ရတာ၊…
-

စကစ ဒေါက်တိုင် သီတာဦး ရဲ့ သားတော်မောင် သြစီမှာ ဘယ်လိုဇာတ်မြုပ်နေလဲ
🟥 သစ္စာဖောက် သီတာဦးဆိုတာဘယ်သူလဲ အရင်ဆုံး သစ္စာဖောက် သီတာဦးဆိုတာ တကယ်တမ်း NLD အစိုးရလက်ထက်တုန်းက ယခု ဥပဒေရေးရာဝန်ကြီးဌာနဖြစ်သွားပြီဖြစ်တဲ့ ပြည်ထောင်စုရှေ့နေရုံးချုပ်မှာ အမြဲတမ်းအတွင်းဝန်ရာထူးကိုထမ်းဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ 2019 ခုနှစ် ဂမ်ဘီယာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) နဲ့ တရားစွဲခဲ့စဥ်ကလည်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့တဲ့ ဥပဒေရေးရာအဖွဲ့မှာပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းအပြီးမှာတော့ ထိပ်ဆုံးက ဘက်ပြောင်းသစ္စာဖောက်စာရင်းထဲမှာ သီတာဦးတစ်ယောက် ထိပ်ဆုံးကနေပါလာခဲ့ပါတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီး တစ်ရက်အကြာ ဖေဖော်ဝါရီ ၂ ရက်နေ့မှာပဲ မူလရာထူး ဖြစ်တဲ့ အမြဲတမ်းအတွင်းဝန်ထက် မြင့်တဲ့ အကြမ်းဖက် မင်းအောင်လှိုင်က ခန့်အပ်တဲ့ ပြည်ထောင်စုရှေ့နေချုပ်ရာထူးကို တွေဝေခြင်းမရှိလက်ခံခဲ့တာပါ။ သီတာဦးကို ရှေ့နေချုပ် မင်းအောင်လှိုင်ခန့်အပ်ရတဲ့ အကြောင်းအရင်းကလည်း မူလရှေ့နေချုပ် ဗိုလ်ချုပ်ထွန်းထွန်းဦးဟာ မင်းအောင်လှိုင်ရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့ငြင်းဆိုခဲ့တာကြောင့်သာ ဖြစ်ပါတယ်။…