Category: News
-

တပ်ချုပ်ရာထူး စွန့်လွှတ်တော့မယ့် မင်းအောင်လှိုင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး ယူထားတာ ၁၅ နှစ်ရှိလာပြီဖြစ်တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ တပ်ချုပ်ရာထူးကနေ အနားယူမယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်တို့ တွေ့ဆုံချိန်မှာ မြန်မာမှာ အစိုးရသစ်ဖွဲ့ပြီး သမ္မတအပါအဝင် အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို ခန့်အပ်ဖို့နဲ့တချိန်တည်းမှာပဲ ကာကွယ်ရေး ဦးစီးချုပ်သစ် ခန့်အပ်မယ်ဆိုအကြောင်း ပြောထားတာလည်းရှိနေပါတယ်။ စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ထိုင်းဝန်ကြီးချုပ်ပြောတဲ့အထဲမှာပါဝင်တဲ့ ဝန်ကြီးချုပ်ဆိုတာက တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို ခန့်အပ်မယ်ဆိုတာမျိုးသာဖြစ်ကြောင်း ဖြေကြားပါတယ်။ သတင်းရင်းမြစ်ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တပ်ချုပ်ရာထူးကနေ အနားယူမယ်ဆိုတာ ဟုတ်မှန်တယ်လို့သိထားရကြောင်းနဲ့ သမ္မတရာထူး ယူ၊ မယူဆိုတာကိုတော့အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။ စစ်တပ်ကိုင်သုံးနေတဲ့ ၂၀၀၈ အခြေခံဥပဒေအရ တပ်ချုပ်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဆိုပြုထောက်ခံချက်နဲ့ နိုင်ငံတော် သမ္မတက ခန့်အပ်တာဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရဲ့…
-

NUG ဝန်ကြီးချုပ်ရုံး ဆုံးဖြတ်ချက် မျှတမှု မရှိသဖြင့် ဒေါ်ကြည်ပြာနှင့်ပတ်သက်သည့် သက်သေများကို ပြည်သူထံ ချပြမည်ဟု တိုင်ကြားသူ ၁၂ ဦး ကြေညာ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာအပေါ် အဂတိလိုက်စားမှုနှင့် အလွဲသုံးစားလုပ်မှု စွပ်စွဲချက်များအား စုံစမ်းစစ်ဆေးပြီးနောက် ပြင်းထန်စွာ သတိပေးခြင်းဖြင့်သာ အဆုံး သတ်လိုက်သည့်အပေါ် တိုင်ကြားသူ ဝန်ထမ်း (၁၂) ဦးက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပြီး ခိုင်လုံသော သက်သေအ ထောက်အထားများကို ပြည်သူလူထုထံသို့ မချွင်းမချန် ချပြသွားမည်ဟု လူမှုကွန်ရက်တွင် ကြေညာထားသည်။ ယင်းဆုံးဖြတ်ချက်နှင့် ပတ်သက်၍ တိုင်ကြားသူ (၁၂) ဦးဘက်ကမူ ၎င်းတို့၏ မျှော်လင့်ချက်များ ဝေဝါးသွားခဲ့ရပြီဖြစ်ကြောင်းနှင့် မြေပြင်အခြေအနေများနှင့် လုံးဝကွဲလွဲနေကာ အဖြူအမဲ သဲသဲကွဲကွဲမရှိဘဲ ပြီးစလွယ် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု တုံ့ပြန်ထားသည်။ “ကျွန်တော်/ကျွန်မတို့ဟာ အစိုးရကို အကျပ်ရိုက်စေချင်လို့ အခုလို တိုင်ကြားခဲ့ကြတာ မဟုတ်ပါဘူး။ အစိုးရရဲ့ ပုံရိပ်ကို အတွင်းကနေ ပုပ်အောင်လုပ်နေတဲ့ အနာအစာတွေကို ခေါင်းဆောင်တွေ ပြုပြင်နိုင်ဖို့နဲ့…
-

အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဉီး Happy Water သောက်ပြီး သေဆုံး
ရှမ်းပြည် မိုင်းပန်မြို့နယ် လွိုင်နွဲ့ရွာရှိ KTV ဆိုင်တွင် အသက် ၁၆ အရွယ် မိန်းကလေးငယ်တစ်ဉီး Happy Water စိတ်ကြွဆေးရည် သောက်သုံးပြီးနောက် သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဖြစ်စဉ်မှာ အသက် ၁၆ နှစ်အရွယ် နန်းဟျိုးငင်းသည် ၎င်းသူငယ်ချင်းနှင့်အတူ မိုင်းပန်မြို့နယ် လွိုင်နွဲ့ရွာရှိ KTV ဆိုင်သို့ သွားရောက်လည်ပတ်ပြီး Happy Water စိတ်ကြွဆေးရည်ကို သောက်သုံးရာ ရုတ်တရက်သေဆုံးသွားခဲ့ကြောင်း မိုင်းပန်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “သူငယ်ချင်းတွေနဲ့စုပြီး KTV သွားလည်ကြတာ၊ Happy Water သောက်ပြီးတော့ အဲ့သလို ရုတ်တရက်ဆုံးသွားတာပဲ။ အစတုန်းက ဆေးရုံကိုပို့လိုက်သေးတယ်၊ ဆေးရုံကလက်မခံတော့ အိမ်ကိုပြန်ခေါ်လာတာ” ဟု ၎င်းကပြောသည်။ “အပျော်လွန်တော့ အပျက်” ဆိုတဲ့ မြန်မာစကားပုံအတိုင်း ဝမ်းနည်းကြေကွဲစရာ ဖြစ်ရပ်တစ်ခု…
-

မိုင်းတုံမြို့နယ် UWSA နှင့် လားဟူပြည်သူ့စစ်အကြား ပစ်ခတ်မှုဖြစ်၊ စစ်ရေးတင်းမာမှု ဆက်ဖြစ်
ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် စစ်ကောင်စီလက်အောက်ခံ လားဟူပြည်သူ့စစ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက်ပိုင်းက မိုင်းတုံမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် UWSA တပ်ဖွဲ့ဝင်များက လားဟူပြည်သူ့စစ်အဖွဲ့၏ ယာဉ်တစ်စီးကို တားဆီးစစ်ဆေးရာမှ နှစ်ဖက်အငြင်းပွားပြီး၊ လားဟူပြည်သူ့စစ်ဘက်မှ စတင်ပစ်ခတ်ခဲ့ကြောင်း အဆိုပါဖြစ်စဉ်ကိုသိရှိသူ ပုံပါကျင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ထိုပစ်ခတ်မှုကြောင့် ‘ဝ’ တပ်ဖွဲ့ဝင် (၃) ဦးသေဆုံးသည့်အထိဖြစ်ပွားကာ ၎င်းတို့၏ အလောင်းများကို နားကောင်းမူးဘက်သို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။ “အဲ့စစ်ဆေးရေးဂိတ်မှာ အငြင်းပွားရာကနေ လားဟူပြည်သူ့စစ်ဘက်က သေနတ်နဲ့ စပစ်တယ်လို့ သိရတယ်။ ‘ဝ’တပ်ဖွဲ့ဝင် အရာရှိလည်း သေတယ် ပြောတယ်၊ တချို့ကလည်း သုံးဦးလောက်သေတယ် ပြောတယ်။…
-

ဆာနေကြသူများ
အစများ၏ အစမှ စရမည်ဆိုလျင်တော့ မိုးဆွေ၏ ဒေါ်လေးဖြစ်သူ အန်တီမိုးက စရမည်ထင်သည်။ အန်တီမိုးက တစ်ခုလပ်မလေး ဖြစ်သည်။ သမီးလေး တယောက်ရှိသည်။ သမီးလေးပင် ဆယ်တန်းအောင်၍ တက္ကသိုလ်အဝေးသင် တက်နေပြီဖြစ်ရာ အန်တီမိုးအသက်မှာလည်း လေးဆယ်ပင် စွန်းနေပြီ ဖြစ်သည်။ အန်တီမိုးက နေ့ခင်းဘက်တွင် ရုံးသွားတတ်ပြီး ညကျလျင်တော့ သူတို့အား ဂိုက်သဘောမျိုး စာသင်ပေးတတ်သည်။ ညဂိုက်များမတိုင်မီလည်း အန်တီမိုးက အပြင်တွင် ဂိုက်လိုက်ပြသည်။ ထိုဂိုက်များပြီးမှ အိမ်ပြန်လာပြီး သူတို့အား စာသင်ပေးသည်။ သူတို့ဆိုသည့် ဂိုက်လိုက်သူများမှာ မိုးဆွေနှင့်အတူ မိုးဆွေ၏ အစ်မရူပါခင်၊ တင်ထွန်းနှင့် တင်ထွန်း၏ ညီမလေး နှင်းသူဇာခင်၊ တင်စိုး၊ ဇော်ထက်နှင့် မိန်းကလေး သုံးယောက်ပါသည်။ မိန်းကလေး သုံးယောက်မှာ အိမ်နီးချင်းမှ သင်းသင်းချို၊ မိုးမိုးဆောင်းနှင့် ပိုပိုခင်တို့ဖြစ်သည်။ အန်တီမိုးအား…