Category: News

  • လားရှိုးမြို့ မဟာဗောဓရုံကျောင်းတိုက်မှ ဆရာတော်ကို သတ်ဖြတ်ခဲ့သူမှာ ခုနှစ်တန်းကျောင်းသား နှစ်ဦးဖြစ်နေ

    လားရှိုးမြို့ မဟာဗောဓရုံကျောင်းတိုက်မှ ဆရာတော်ကို သတ်ဖြတ်ခဲ့သူမှာ ခုနှစ်တန်းကျောင်းသား နှစ်ဦးဖြစ်နေ 30 Jan 2026 By Poesangle/ MPA ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ မဟာဗောဓရုံကျောင်းတိုက်မှ ဆရာတော် ဦးကေသရကို သတ်ဖြတ်ခဲ့သူမှာ ခုနှစ်တန်းကျောင်းသား နှစ်ဦးဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဆရာတော်ကို သတ်ဖြတ်ခဲ့သည့် အထက (၆) မှ ခုနှစ်တန်းကျောင်းသားနှစ်ဦးကို ဖမ်းမိခဲ့သော်လည်း၊ ရဲတပ်ဖွဲ့ဘက်မှ အမှုနှင့်ပတ်သက်၍ ဇန်နဝါရီလ ၂၉ ရက်နေ့အထိ တစ်စုံတစ်ရာ အကြောင်းကြားလာခြင်းမရှိဘဲ အမှုပိတ်ရန်သာ ပြင်ဆင်နေကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ် မဖြစ်ပွားမီ သုံးရက်အလိုက ခုနှစ်တန်းကျောင်းသားနှစ်ဦးသည် မဟာ‌ဗောဓရုံကျောင်းတိုက်မှ ဆရာတော်ကိုရန်ရှာမှုပြုလုပ်ခဲ့ပြီး ထိုကဲ့သို့ ပြုလုပ်မှုကြောင့် ဆရာတော်က လေးဂွဖြင့် ပစ်ခတ်မောင်းထုတ်ခဲ့မှုကို…

  • ရှောတိုက်ဒုံးကြောင့် စစ်ဆေးရုံမှာမနိုင်တော့လို့ နိုင်ငံခြားပို့ပြီးကုရမယ့်အထဲမှာ မအလပါသွားပြီလား…

    ရှောတိုက်ဒုံးကြောင့် စစ်ဆေးရုံမှာမနိုင်တော့လို့ နိုင်ငံခြားပို့ပြီးကုရမယ့်အထဲမှာ မအလပါသွားပြီလား…

  • ကျောင်းတွင်းအုပ်စုဖွဲ့ အနိုင်ကျင့်ကာ ဝိုင်းဝန်းချုပ်နှောင် ထိုးကြိတ်ကြရာက ဆယ်ကျော်သက် ကျောင်းသားငယ်တစ်ဦး လည်စေ့ကို အထိုးခံရလို့ နေရာတင်သေဆုံး

    ကျောင်းတွင်းအုပ်စုဖွဲ့ အနိုင်ကျင့်ကာ ဝိုင်းဝန်းချုပ်နှောင် ထိုးကြိတ်ကြရာက ဆယ်ကျော်သက် ကျောင်းသားငယ်တစ်ဦး လည်စေ့ကို အထိုးခံရလို့ နေရာတင်သေဆုံး ၂၈. ၁. ၂၀၂၆ ရိုက်ကူး / တည်းဖြတ် – Thiri ကျောင်းတွင်းအုပ်စုဖွဲ့ အနိုင်ကျင့်ကာ ဝိုင်းဝန်းချုပ်နှောင်ထိုးကြိတ်ကြရာက ဆယ်ကျော်သက် ကျောင်းသားငယ်တစ်ဦး သေဆုံးရတဲ့ဖြစ်စဉ် ရွှေပြည်သာမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှာ မနေ့က ဇန်နဝါရီလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ကျောင်းမုန့်စားဆင်းချိန် စုဖွဲ့ကစားကြရာကနေ အပျော်ကနေ အပျက်ဖြစ်ရတဲ့ မတော်တဆ အခြေအနေတစ်ရပ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သေဆုံးသူက အသက် ၁၃ နှစ် ၆ လအရွယ် မောင်မိုးသူရိန် Grade -7 ကျောင်းသားဖြစ်ပြီး ကျူးလွန်သူက အဖွဲ့လိုက်ကျူးလွန်သူတွေထဲကမှ လက်သီးနဲ့ထိုးကြိတ်သူ Grade -8…

  • နေပြည်တော်သို့ ဖျော်ဖြေရန်သွားသည့် ဇာတ်သဘင်အဖွဲ့ ယာဉ်တိမ်းမှောက်ပြီး ၇ ဦး သေဆုံး

    နေပြည်တော်သို့ ဖျော်ဖြေရန်သွားသည့် ဇာတ်သဘင်အဖွဲ့ ယာဉ်တိမ်းမှောက်ပြီး ၇ ဦး သေဆုံး 001 မဇ္ဈိမ။ ။ ‘ဇော်လေးနိုင်’ ဇာတ်သဘင်အဖွဲ့ဝင်များလိုက်ပါလာသည့် ယာဉ်တိမ်းမှောက်မှု အမျိုးသမီး နှစ်ဦးနှင့် အမျိုးသားငါးဦး စုစုပေါင်း ခုနစ်ဦးသေဆုံးကြောင်း ကယ်ဆယ်ရေးလုပ်နေသည့် မွန်မြတ်သူ လူမှုကူညီရေးအသင်းက ယနေ့ (ဇန်နဝါရီ ၂၉) နံနက်ပိုင်းက အတည်ပြု ပြောသည်။ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှ နေပြည်တော် ၊ တပ်ကုန်းမြို့သို့ ဖျော်ဖြေရန်သွားသည့် ‘ဇော်လေးနိုင်’ ဇာတ်သဘင်အဖွဲ့ယာဉ်သည် တောင်ညိုလမ်းတွင် ယမန်နေ့(ဇန်နဝါရီ ၂၈) ညနေ ၅ နာရီခွဲဝန်းကျင်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လူ ၂၇ ဦးလိုက်ပါလာသည့် အဆိုပါ ဇာတ်သဘင်အဖွဲ့၏ယာဉ်မှာ တောင်ညိုလမ်း ၃၈ မိုင် ၄ ဖာလုံ တောင်ပေါ်ကွေ့လမ်း အဆင်းတွင်…

  • “မဲလိမ်လို့ရလား” ဆိုပြီး ပြည်သူတွေကို လိုက်မေးခဲ့သည့် စစ်ခေါင်းဆောင် ဝေဖန်ခံနေရ

    “မဲလိမ်လို့ရလား” ဆိုပြီး ပြည်သူတွေကို လိုက်မေးခဲ့သည့် စစ်ခေါင်းဆောင် ဝေဖန်ခံနေရ 27 Jan 2026 By Sayar Ngaat / MPA ရွေးကောက်ပွဲ နောက်ဆုံးရက်များတွင် မဲရုံများကို လိုက်လံကြည့်ရှုခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မဲလာပေးသည့် ပြည်သူများကို “မဲလိမ်လို့ရမယ် ထင်လား” ဆိုပြီး လိုက်လံမေးမြန်းနေသည့် လုပ်ရပ်အပေါ် ဝေဖန်မှုများ ရှိလာသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိသည်ဆိုသည့် အကြောင်းပြချက်နှင့် အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင်သည် ယခု ၎င်းကိုယ်တိုင် ပြန်လည်ကျင်းပသည့် ရွေးကောက်ပွဲတွင်မူ မဲလိမ်သည်ဆိုသည့် တံဆိပ်အကပ်ခံရမှာကို စိုးရိမ်နေပုံရသည်ဟု လူပြောများနေခြင်း ဖြစ်သည်။ ဇန်နဝါရီလ ၂၅ ရက်နေ့ ရွေးကောက်ပွဲအပိုင်း (၃) မဲပေးမှုပြုလုပ်ချိန်တွင် စစ်ခေါင်းဆောင်သည် မဲရုံများအတွင်း လှည့်လည်ကြည့်ရှုရင်း…