Category: News

  • ရန်ကုန်နှစ်သစ်ကူးပွဲကို စစ်တပ်နှင့်နီးစပ်​သော အဆို​တော်၊လုပ်ငန်ရှင် အာဘွိုင်း လုပ်ခွင့်ရ

    ရန်ကုန်နှစ်သစ်ကူးပွဲကို စစ်တပ်နှင့်နီးစပ်​သော အဆို​တော်၊လုပ်ငန်ရှင် အာဘွိုင်း လုပ်ခွင့်ရ

    ရန်ကုန်နှစ်သစ်ကူးပွဲကို စစ်တပ်နှင့်နီးစပ်​သော အဆို​တော်၊လုပ်ငန်ရှင် အာဘွိုင်း လုပ်ခွင့်ရ

    ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်း၌ ပြုလုပ်မည့် နှသစ်ကူးည ​ဖျော်​ဖြေပွဲဖြစ်​သော Yangon Countdown Festival (YC Fest) ကို စစ်ကောင်စီက အဆိုတော်၊ လုပ်ငန်းရှင် အာဘွိုင်း(Ah Boy)ကို ဦးဆောင်စီစဉ်ခိုင်းထားခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

    “ဒီဇင်ဘာ ၃၀ နဲ့ ၃၁ ၊ နှစ်ရက်တိတိ ကျိုက္ကဆံအားကစားကွင်းမှာပြုလုပ်မဲ့ New Year Countdown ပွဲ YC Fest ဟာ အကြမ်းဖက်စစ်တပ်ကနေ ခရိုနီ Ah boy နဲ့အပေါင်းအပါတွေကိုစီစဉ်ခိုင်းတဲ့ပွဲဖြစ်ပါတယ်”ဟု အဆိုပါ​ဖျော်ဖြေပွဲအ​ကြောင်း သိထားသူတစ်ဦးက ပြောသည်။

    YC Fest ပွဲကို ဒီဇင်ဘာလဆန်းပိုင်းတွင် ​ဖေစ်ဘွခ်​​ပေချ်တစ်ခုသီးသန့်လုပ်၍စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၃၀ ရက်တွင် EDM Festival အနေဖြင့် နယ်သာလန်နိုင်ငံသား ဒီဂျေ Yellow Claw ၏ ဖျော်ဖြေမှု ပြုလုပ်မည်ဖြစ်ကာ ဒီဇင်ဘာ ၃၁ ရက်တွင် အဆိုတော် ဖြိုးလေး နှင့် နေဝင်းတို့က ဖျော်ဖြေမည်ဟု ကြေညာထားသည်။

    ယင်းပွဲကို စီစဉ်သည့် အဆိုတော်အာဘွိုင်းသည် စစ်ကောင်စီကို လေယာဉ်ဆီ ပံ့ပိုးသောကြောင့်ဟုဆိုကာ ဗြိတိန်အစိုးရက အရေးယူဒဏ်ခပ်ပိတ်ဆို့ထားသည့် Swan Energy ကုမ္ပဏီပိုင်ရှင် ဦးစိန်ဝမ်၏ သားဖြစ်သည်။

    ထို့အပြင် အာဘွိုင်းသည် စစ်ကောင်စီနှင့်နီးစပ်သည့်စီးပွားရေး လုပ်ငန်းရှင်များကို လက်နက်များဝယ်ယူပေးနေသူတစ်ဦးဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

    အဆိုပါဖျော်ဖြေပွဲကျင်းပသည့် အဖွဲ့အစည်း နှင့် ပတ်သက်၍ သီးသန့်ကြေညာထားခြင်းမရှိဘဲ အခြားပွဲများကဲ့သို့ ပံ့ပို့ပေးသည့် ကုမ္ပဏီနာမည်များကိုလည်း ထည့်သွင်းကြေညာထားခြင်းမရှိပေ။

    လက်မှတ်ဈေးနှုန်းကိုလည်း နှစ်ရက်စာအတွက် ပုံမှန် လက်မှတ် အတွက်သုံးသောင်းကျပ် နှင့် VIPလက်မှတ် အတွက် ခြောက်သောင်းကျပ်သတ်မှတ်ကာ ရောင်းချ​နေသည်။ ယင်းလက်မှတ်ဈေးနှုန်းသည် ယနေ့ခေတ် ကုန်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပြည်တွင်းအဆိုတော်များ၏ ဖျော်ဖြေပွဲဈေးနှုန်းထက်ပင်သက်သာနေ​သည်။

    ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထပ်တွင် နှစ်သစ်ကူးပွဲတော်များကို ကျိုက္ကစံ အားကစားကွင်း၌ နာမည်ကြီး အဆိုတော်များ၏ ဖျော်ဖြေမှုအစီအစဉ်များနှင့်အတူ အခမဲ့ စည်ကားစွာကျင်းပပေးလေ့ရှိသည်။

    နိုင်ငံတစ်ဝန်း ​တော်လှန်​ရေးတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှု​ကြောင့် ​ဒေသအများစုတွင် စစ်ရှုံး​နေ​သောစစ်​ကောင်စီမှာ နိုင်ငံ သည် ပုံမှန်အခြေအနေရှိသည်ဟု ပြသရန် ၊ပြည်သူများကို ​တော်လှန်​ရေးတွင် စိတ်မဝင်စားဘဲ အာရုံ​​ပြောင်းရန် ရာသီအလိုက်ပွဲတော်များ ၊အားကစားပြိုင်ပွဲများ ၊ပွဲလမ်းသဘင်များကို ပိုမိုပြုလုပ်​နေသည်။ ​ရခိုင်ပြည်နယ်၊​မောင်​တောမြို့နယ်တွင် အဓိက နယ်ခြား​စောင့်ရဲစခန်းဌာနချုပ် လည်းဖြစ် ၊ဘဂ်လား​​ဒေရှ်နယ်စပ်တွင် အကြီးဆုံးစခန်းဖြစ်​သောနခခ (၅) ကို အာရက္ခတပ်​တော် (AA) ကသိမ်းပိုက်ပြီး ၊ အမ်း နပခ ဌာနချုပ်ကိုပါသိမ်းပိုက်ရန် ထိုးစစ်ဆင်​နေစဥ် အာဏာသိမ်း​ခေါင်း​ဆောင်နှင့် ဇနီးတို့က ​နေပြည်​တော်တွင် အမျိုးသားအားကစားပွဲ​တော်ဖွင့်ပွဲတက်​ရောက်​နေသဖြင့်စစ်တပ်အသိုင်းအဝိုင်းကြားမှာပင် ပြင်းထန်စွာ​ဝေဖန်ခဲ့ကြသည်။ ပြည်သူလူထုကြားတွင်မူ နခခ (၅) မှ စစ်သားများက အလံဖြူထောင် လက်နက်ချ ​​နေ​သောပုံ နှင့် အာဏာသိမ်း​ခေါင်း​ဆောင် ဇနီး​မောင်နှံက အမျိုးသားအားကစားပွဲ​တော်ဖွင့်ပွဲ အလံ​ဝှေ့ယမ်း​နေ​သောပုံတို့ကို ယှဥ်တွဲ၍ ရယ်​မောစရာဟာသဖြစ်​နေသည်။

    စစ်အုပ်စုက အဓမ္မစစ်သားသစ်စု​ဆောင်းခြင်း၊​ပေါ်တာဆွဲခြင်းများကို စစ်​ကောင်စီထိန်းချုပ်​ဒေသများတွင်ပိုလုပ်​နေ​သော်လည်း ၊၎င်းတို့ပြုလုပ်​သောပျော်ပွဲရွှင်ပွဲများကိုမူ ပြည်သူများလာ​စေရန် စစ်သားသစ်စု​ဆောင်းခြင်း ၊​ပေါ်တာဆွဲခြင်းများကိုပြုလုပ်​လေ့မရှိ​ပေ ။

    (အဆို​တော် လုပ်ငန်းရှင် အာဘွိုင်း)

  • ဒုတိယမြောက် တိုင်းစစ်ဌာနချုပ် ဆုံးရှုံးမှုအဖြစ်  ရခိုင်ပြည်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို  ထပ်မံ လက်လွှတ်ရ

    ဒုတိယမြောက် တိုင်းစစ်ဌာနချုပ် ဆုံးရှုံးမှုအဖြစ် ရခိုင်ပြည်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထပ်မံ လက်လွှတ်ရ

    စစ်ကောင်စီက ဒုတိယမြောက် တိုင်းစစ်ဌာနချုပ် ဆုံးရှုံးမှုအဖြစ် ရခိုင်ပြည်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထပ်မံ လက်လွှတ်ရ

    ဗိုလ်မှူးချုပ် သောင်းထွန်း၊ ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနှင့် ဗိုလ်မှူးချုပ် သူရိန်ထွန်းတို့ကို AA အရှင် ဖမ်းဆီးရမိထား

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ထပ်မံ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။

    ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တစ်ခုလုံးကို AA က သိမ်းပိုက်ရရှိပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကို ဖမ်းဆီးရရှိကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် နပခ ဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုလည်း အရှင်ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

    AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် ဗိုလ်မှူးချုပ် ၃ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားရာ ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ စကခ ၁၅ တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းတို့မှာ AA ၏ လက်ထဲတွင် စစ်သုံ့ပန်းများ အဖြစ် ဖမ်းဆီးရရှိထားသည်။

    ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးအခြေ စိုက် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်ကို ကိုးကန့် MNDAA နှင့်တပ်ပေါင်းစုမဟာမိတ်များက သိမ်းပိုက်ခဲ့ပြီးနောက် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ဒုတိယအကြိမ် တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်းလည်းဖြစ်သည်။

  • AA က နပခဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်

    AA က နပခဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်

    AA က နပခဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းအားဖမ်းမိ

    ဂွမြို့ရှိခမရ(၅၆၃)ကိုလည်းသိမ်းပိုက်ပြီးမြို့ကို စတင်ထိန်းချုပ်

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို AAက အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး ဒုတိုင်းမှူးဗိုလ်မှူးချုပ်သောင်းထွန်းကို အရှင်ဖမ်းမိထားကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

    ဒုတိုင်းမှူးဗိုလ်မှူးချုပ်သောင်းထွန်း ကို ယနေ့ (ဒီဇင်ဘာ ၂၀ ရက်​နေ့ ) နံနက်ပိုင်းတွင် ဖမ်းဆီးလာခြင်းဖြစ်ပြီး နပခကိုလည်းအပြီးသတ် သိမ်းယူလိုက်ပြီဟုဆိုသည်။ သို့​သော်စစ်ကောင်စီကမူ လေကြောင်းမှအပြင်းအထန်တိုက်ခိုက်နေဆဲဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

    နပခသိမ်းပိုက်ရေးတိုက်ပွဲနှင့်ပတ်သက်၍ AAက ယမန်နေ့ညနက်ပိုင်းတွင် နောက်ဆုံး သတင်းထုတ်ပြန်စဉ် လက်နက်ချ အညံ့ခံထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုများကြားမှ ကယ်ထုတ်ခဲ့ကြောင်း ရုပ်သံမှတ်တမ်းနှင့်အတူထုတ်ပြန်ခဲ့သည်။

    ထွက်ပြေးလာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက နပခမှ အရာရှိများသည် ၎င်းတိုအားထား၍ထွက်ပြေးရန် ကြိုးစားခဲ့ကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နပခထဲသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း AAထံဝန်ခံထားသည်။

    AAတပ်ဖွဲ့ဝင်ကလည်း နပခထိပ်တန်းအရာရှိများနှင့်ပတ်သက်၍ မေးမြန်းနေသည်ကိုတွေ့ရသည်။

    နပခတိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးသည်လည်း ထွက်ပြေးနေကြောင်း ပြီးခဲ့သည့်နိုဝင်ဘာလကတည်းက သတင်းများထွက်ပေါ်ခဲ့သည်။

    ထို့အတူ ယခု ဖမ်းမိသည်ဆိုသည့် ဗိုလ်မှူးချုပ်သောင်းထွန်းသည် မကွေးမြို့ တပ်မ ၈၈သို့ နိုဝင်ဘာလ၁၄ရက်နေ့က ထွက်ပြေးသွားခဲ့ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ဖူးသည်။

    ထို့အတူတိုင်းစစ်ဦးစီးမှူးဗိုလ်မှူးချုပ်ကျော်ကျော်သန်းသည် နပခမှ ထွက်ပြေးစဉ် တောထဲတွင် AAစစ်ကြောင်းနှင့် ထိက်တိုက်တိုးပြီး တိုက်ပွဲဖြစ်ကာ သေဆုံးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောထားသည်။

    အထက်ပါအခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်အတည်ပြုချက်မရသေးပေ။ AAကလည်း သတင်းမထုတ်ပြန်သေးပေ။

    ထို့အပြင် ယနေ့နံနက်တိုက်ပွဲအတွင်း ဂွမြို့နယ်တွင်နောက်ဆုံးကျန်ရှိနေသည့် ခမရ(၅၆၃)ကို AAကသိမ်းပိုက်လိုက်ပြီး မြို့ကိုထိန်းချုပ်လိုက်ပြီဟု နောက်ထပ် စစ်ရေးသတင်းမြစ်တဦးကပြောသည်။

    ဂွတစ်မြို့နယ်လုံးကို စစ်ကောင်စီက ဒီဇင်ဘာလ၁၈ရက်နေ့ညမှစ၍ ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ပစ်ခဲ့သည်။

    ဂွမြို့နှင့် ဆက်စပ်နေသော ဧရာဝတီတိုင်းဘက်မှမြို့နယ်များကို စစ်ကောင်စီကပိတ်ဆို့ပြီး စစ်ဆေးမှုများပြုလုပ်နေသည်။

  • အင်္ဂပူမြို့နယ်တွင် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းရန် အရေးပေါ် အစည်း အဝေးခေါ်

    အင်္ဂပူမြို့နယ်တွင် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းရန် အရေးပေါ် အစည်း အဝေးခေါ်

    ဧရာဝတီတိုင်းအတွင်းသို့ AA နှင့် တော်လှန်ရေးတပ်များ ဝင်ရောက်မည်ကို စိုးရိမ်၍ အင်္ဂပူမြို့နယ်တွင် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းရန် အရေးပေါ် အစည်းအဝေးခေါ်

    ဧရာဝတီတိုင်းအတွင်းသို့ AA ဝင်ရောက် တိုက်ခိုက်မည်ကို အကြမ်းဖက် စစ်တပ်က စိုးရိမ်နေပြီး အင်္ဂပူမြို့နယ်တွင် ရပ်ကွက်လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းရန် အရေးပေါ် အစည်းအဝေးများ ခြိမ်းခြောက် ခေါ်ယူနေကြောင်း ပုသိမ်မြို့နယ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် အင်္ဂပူမြို့နယ်အတွင်း AA ဝင်ရောက် တိုက်ခိုက်မည်ကို အကြမ်းဖက် စစ်တပ်က စိုးရိမ်နေပြီး မဲဇလီကုန်းမြို့ ရပ်ကွက် ၁ ၊ ၂ ၊ ၃၊ ၄ အတွင်းရှိ အသက် ၃၅ နှစ်အထက် ပြည်သူများကို ရပ်ကွက်လုံခြုံရေးအဖွဲ့ ဖွဲ့ရန်အတွက်ဟုဆိုကာ အုပ်ချုပ်ရေးမှူးများက အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့ကြောင်း သိရသည်။

    ယင်း အစည်းအဝေးပွဲကို ဗိုလ်အောင်‌ကျော်ခန်းမတွင် ပြုလုပ်ခဲ့ပြီး ရပ်ကွက်လုံခြုံရေးအတွက် လူဦးရေ ၅၀ ခန့် ပေးရမည်ဖြစ်ကြောင်း၊ လက်နက်မဲ့ သင်တန်း ၂ ပတ် တက်ရောက်ရမည်ဖြစ်ကာ တစ်နေ့လျှင် ၆၈၀၀ ကျပ်ပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် သင်တန်းဆင်းလာသူများကိုလည်း အပြာနု‌ရောင် ဝတ်စုံထုတ်ပေးပြီး ဧည့်စာရင်းစစ်ဆေးခြင်း၊ လူကြီးလမ်းကြောင်းများတွင် လုံခြုံရေးစောင့်‌ပေးခြင်း၊ ၎င်းတို့ ခေါ်ဆောင်လျှင် လက်ထိပ်နှင့် တုတ်များ ပေးထားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရသည်။

    ထို့ပြင် မြို့ပေါ် ရပ်ကွက်များအတွင်း လူစိမ်း ဝင်ရောက်ခြင်း၊ ဧည့်သည် ရောက်ရှိခြင်းများရှိပါက အုပ်ချုပ်ရေးပိုင်းကို ချက်ချင်း သတင်းပေးပို့ ပေးပို့ခြင်းများလည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ သင်တန်းဆင်းလာသူများကို လက်နက် မပေးဘဲ သတင်းပေး ပုံစံသာ လုပ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

  • မန္တလေးမှာ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်မှုဖြစ်

    မန္တလေးမှာ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်မှုဖြစ်

    မနာလိုလို့ သတ်တာလို့ ဆိုပြီး ငွေကျပ် သိန်း ၃၀၀၀ တောင်းလို့ ငွေပေးပေမယ့် ပုပ်ပွနေတဲ့ အလောင်းသာ ပြန်ရ

    မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ပုဂ္ဂလိကဆေးရုံတစ်ခုရဲ့ ပိုင်ရှင် အသက် ၃၃နှစ်အရွယ် သားဖွားမီးယပ် အထူးကု ဆရာဝန်တစ်ဦးကို အသိမိတ်ဆွေ ဆေးခန်းပိုင်ရှင် ဆရာဝန်က ပြန်ပေးဆွဲ သတ်ဖြတ်မှု ဒီဇင်ဘာလ ၁၇ရက်က ဖြစ်ပွားခဲ့ တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

    “ရက်ရက်စက်စက် အသတ်ခံရတာပါ။ မနာလိုလို့ သတ်တာတဲ့။ သတ်တဲ့ ဆရာဝန်က ရိုးရိုးဆရာဝန်ပေါ့။ ဆေးခန်းတော့ ဖွင့်ထားတယ်။ သေဆုံးတာက ခွဲစိပ် ဆရာဝန်လေ။ အခု စစ်ဆေးတော့ ဆေးရုံ ဆေးခန်းတွေ ပိုင်တော့ မနာလိုဘူးလို့ ပြောတယ်တဲ့” လို့ သေဆုံးသူ ဆရာဝန်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    ဒီဇင်ဘာလ ၁၇ရက် မနက် ၁၀နာရီခန့်က သားဖွားမီးယပ် အထူးကုဆရာဝန်ကို ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီး မွီးပွိုင့် အနီးရှိ ပုဂ္ဂလိက ဆေးခန်းတစ်ခုက လူနာကို လာရောက် ကုသပေးဖို့ ပင့်ဖိတ်လို့ ကိုယ်ပိုင် ကားနဲ့ သွားရောက် ရာက အဆက်အသွယ်ပြတ် ပျောက်ဆုံးခဲ့ပြီး ဒီနေ့ ဒီဇင်ဘာလ ၁၉ ရက် မနက် ၄ နာရီမှာ အဲ့ဒီ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးအနီး၊ ရွှေတချောင်းမြောင်းအတွင်းက ပုပ်ပွနေတဲ့ အလောင်းကို ပြန်တွေ့ရတာ လို့ ဆိုပါတယ်။

    “နှိပ်စက်ပြီး သတ်လိုက်တာတဲ့။ မသေမရှင်ကို လက်ပြန်ကြိုးတုပ်ပြီး မြောင်းထဲချထားတဲ့ သဘောပဲ။ ပါးစပ်ထဲလည်း အဝတ်စတွေ ထည့်ထားတယ်တဲ့။ အလောင်းက လက်ပြန်ကြိုးတုပ်၊ ဓားဒဏ်ရာရော၊ နှိပ်စက် ဒဏ်ရာတွေရော။ ပါးစပ်ကလည်း ဓားနဲ့ ဖြဲထားတာ။ လက်တွေ ကျိုးနေတယ်။ ရင်ဘတ် နလုံးနေရာ တည့်တည့်က ဓါးနဲ့ ထိုးထားတယ်တဲ့၊ ဝင်ကြည့်ခွင့်ရတဲ့ ဆရာဝန်က ပြန်ပြောတာ။ တွေ့တဲ့အချိန်မှာ အလောင်းက ပုပ်ပွ နေပြီပေါ့။ သင်္ဂြိုလ်တာတောင် အိပ်ထဲထည့်ပြီး သဂြိုလ်ရတာ” လို့ နီးစပ်သူက ပြောပါတယ်။

    ဆရာဝန်ကို စတင် ဖမ်းခေါ်တဲ့ ဒီဇင်ဘာလ ၁၇ရက်ကတည်းက သတ်ဖြတ်ထားဟန်ရှိပြီး အပုပ်နံ့ ရလို့ ပတ်ဝန်းကျင်က သိရှိရာက အလောင်းကို ဆေးရုံကြီး ရေခဲတိုက်ကို ပို့ဆောင်ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဆရာဝန် ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး ဇနီးဖြစ်သူက ဖုန်းကတဆင့် ခြေရာခံစုံစမ်းရာ အဲ့ဒီ ကန်တော်ကြီး မွီးပွိုင့်အနီးက ဆေးခန်းတစ်ခုမှာ ဖုန်းကို တွေ့ရှိတာကြောင့် စစ်အုပ်စုက ဝင်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

    “ဆရာ့ကို သတ်ပြီးမှ ငွေတောင်းတဲ့သဘောပဲ။ သူက (ကျူးလွန်သူဆရာဝန်) အိုးဝေတစ်စီး လွှတ်လိုက်မယ်။ အဲ့ဒီ ၁၇ရက်နေ့က ၃ နာရီမထိုးခင် ငွေသိန်း ၃၀၀၀ ထုတ်ပေးလိုက်ပါ။ ဘယ်သူမှ မလိုက်ခဲ့ပါနဲ့၊ လိုက်လာရင် အသေပဲ ဆိုလို့ အိုးဝေမှာ ငွေထည့် ပေးလိုက်ရတယ် တဲ့။ ဒါပေမယ့် လူက မလွတ်လာဘူး။ ဆရာက သေနေပြီးသားကို ညာပြီး တောင်းတာ။ ဆရာသေတာနဲ့ ပိုက်ဆံတောင်းတာနဲ့ တပြိုင်တည်း ဖြစ်တာ” လို့ နီးစပ်သူတစ်ဦးက ရှင်းပြပါတယ်။

    ကျူးလွန်တဲ့ ဆရာဝန်ကို ဒီကနေ့ ဒီဇင်ဘာလ ၁၉ရက် မနက် ၂နာရီကတည်းက စစ်အုပ်စုက ဖမ်းဆီးထားပြီး စစ်ဆေး နေတယ်လို့လည်း ဆိုပါတယ်။

    သေဆုံးသူ ဆရာဝန်က ယခင်က မန္တလေးမြို့ ဗဟိုအမျိုးသမီး ဆေးရုံကြီးက သားဖွားမီးယပ်အထူးကု ဆရာဝန် ဖြစ်ကာ လက်ရှိမှာ ပုဂ္ဂလိက ဆေးရုံတစ်ခုကို ဖွင့်လှစ်ထားပြီး မိသားစုဝင်တွေဟာလည်း ဆရာဝန်တွေ ဖြစ်ကြတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

    “ဆရာက အရမ်း သဘောကောင်းတယ်။ တချို့ ပိုက်ဆံမရှိတဲ့ လူနာတွေကိုလည်း အခမဲ့ ကုပေးတယ်” လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

    သေဆုံးသူ ဆရာဝန်ဟာ တော်ပြီး သဘောကောင်းကြောင်း မိတ်ဆွေတွေက လူမှုကွန်ယက်မှာ ဖော်ပြပါတယ်။

    “မိုးလင်းလင်းချင်းကြားလိုက်ရတာ စိတ်မချမ်းသာစရာ RIP ပါဆရာ။ Case တွေ အတူတူလုပ်ခဲ့ဖူးတဲ့ တော်ပြီး သဘောကောင်းတဲ့သူမို့ ပိုပြီး နှမြောမိ ယူကြုံးမရဖြစ်ရပါတယ်” လို့ လုပ်ဖော်ကိုင်ဘက် တစ်ဦးက ဆိုပါတယ်။

    အဲ့ဒီ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး စစ်အုပ်စုကတော့ တစုံတရာ သတင်းဖြန့်တာ မရှိသေးပါဘူး။

    စစ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ စစ်အုပ်စုနဲ့ ပျူစောထီးတွေ ကြီးစိုး သောင်းကျန်းနေပြီး မန္တလေးမှာ ပြန်ပေးဆွဲ ငွေညှစ်မှု၊ လုယက်မှု၊ သတ်ဖြတ်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။

    လက်ရှိမှာ စစ်အုပ်စု လက်အောက်ခံ ပျူနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက လူငယ်လူရွယ်တွေကို ပြန်ပေးဆွဲ ငွေညှစ်တာ၊ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ လုပ်နေသလို ပြီးခဲ့တဲ့လတွေအတွင်း စစ်အုပ်စု လက်အောက်ခံ သွေးသောက် အဖွဲ့တွေက စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ဖမ်းဆီးပြန်ပေးဆွဲ သတ်ဖြတ် တာတွေ ကျူးလွန်ခဲ့ပါတယ်။

    မန္တလေးမှာ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်မှု ကျူးလွန်သူကို ဖမ်းဆီးထား

    ကျူးလွန်သူ ဆရာဝန်က လူသတ်ပြီးမှ မိသားစုထံက ငွေတောင်းကာ ကားဝယ်

    KTV သွားပြီး နောက်ရက်မှ အလောင်းဖျောက် ဟုဆို

    မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်၊ အလောင်း ဖျောက်မှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူဆရဝြန်နဲ့ ပူးပေါင်းပါဝင်သူ တစ်ဦးတို့ကို ဒီဇင်ဘာလ ၁၉ရက်က ဖမ်းမိ ထားတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

    ဒီဇင်ဘာလ ၁၇ရက် မနက်ပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာ ရပ်ကွက်၊ ၁၀၁ လမ်း၊ ၅၅လမ်းနဲ့ ၅၆လမ်းကြားနေ ပုဂ္ဂလိကဆေးရုံတစ်ခုရဲ့ ပိုင်ရှင် ဒေါက်တာ အောင်မြင့်မြတ်ထွန်း (၃၃ နှစ်)ကို ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီး မီးပွိုင့်အနီးမှာ ဆေးခန်းဖွင့်ထားတဲ့ အသိမိတ်ဆွေဆရာဝန် ဒေါက်တာအောင်ဇင်ဖြိုး က သူ့ဆေးခန်းမှာ ရှိတဲ့ လူနာကို လာရောက်ကုသပေးဖို့ ပင့်ဖိတ်ကာ ပြန်ပေးဆွဲ၊ သတ်ဖြတ် အလောင်းဖျောက်တာလို့ ဆိုပါတယ်။

    ဒေါက်တာအောင်မြင့်မြတ်ထွန်းဟာ ဒီဇင်ဘာလ ၁၇ရက် မနက် ၉နာရီမှာ ဆေးကုသဖို့ ကိုယ်ပိုင်ကားနဲ့ ထွက်သွားရာက အဆက်အသွယ် မရတော့ဘဲ မွန်းတည့် ၁၂ နာရီမှာ မိသားစုထံ ဖုန်းဆက်ပြီး ဒေါက်တာ အောင်မြင့်မြတ်ထွန်းကို ပြန်ပေးဆွဲထားကြောင်းနဲ့ အသက်ရှင်လျက် ပြန်လိုချင်ပါက ငွေကျပ်သိန်း ၃၀၀၀ နဲ့ လာရွေးယူဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနေ့ မွန်းလွဲ ၃နာရီမှာ ငွေကျပ် သိန်း ၃၀၀၀ ကို မန္တလေးမြို့၊ မဟာမုနိ ဘုရားကြီးအနီး လာရောက်ပေးဆောင်ဖို့ ချိန်းဆိုလို့ မိသားစုက ငွေကျပ် သိန်း ၃၀၀၀ နဲ့ သွားရောက်ခဲ့ရာ မီနီအိုးဝေသမားက တဆင့် အဆင့်ဆင့် လက်လွှဲယူခဲ့ပြီး ပြန်ပေးဆွဲထားတဲ့ ဆရာဝန်ကို နောက်ရက်မှာ ပြန်ပို့ပေးမယ်လို့ ပြောဆိုခဲ့တယ်လို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

    အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေါက်တာအောင်မြင့်မြတ်ထွန်းရဲ့ မိသားစုက ရဲစခန်းမှာ အဖွင့်လို့ စစ်အုပ်စုက ငွေပေးခဲ့ရတဲ့ မီနီအိုးဝေကတဆင့် CCTV မှတ်တမ်းတွေ အပါအဝင် ဖြစ်စဉ်ကို စုံစမ်းခဲ့ရာ ပြန်ပေးဆွဲ ကျူးလွန်သူ ဒေါက်တာအောင်ဇင်ဖြိုးကို ဒီဇင်ဘာလ ၁၈ ရက် မနက်ပိုင်းမှာ ဖမ်းမိခဲ့ပြီး အတူကျူးလွန်သူကို ဒီဇင်ဘာလ ၁၉ ရက်မှာ ထပ်မံ ဖမ်းမိတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

    ဒေါက်တာအောင်ဇင်ဖြိုးဟာ ဒေါက်တာ အောင်မြင့်မြတ်ထွန်းကို သူ့ဆေးခန်းက လူနာကို ဆေးလာကုပေးဖို့ လိမ်လည် ခေါ်ယူပြီးနောက် ဆေးခန်းအကူ အမျိုးသားနဲ့အတူ ဝိုင်းချုပ်ဖို့ ကြိုးစားချိန် အော်ဟစ်ရုန်းကန်လို့ ပါးစပ်တွေပိတ်ကာ ချုပ်နှောင်ဖို့ ကြိုးစားရင်း သေဆုံးတယ်လို့ ကနဦး ထွက်ဆိုထားပြီး ဒဏ်ရာတွေနဲ့ ပတ်သက်လို့ စစ်ဆေးနေဆဲလို့ စစ်အုပ်စုက ဆိုပါတယ်။

    ဒါ့အပြင် ဒေါက်တာအောင်ဇင်ဖြိုးဟာ ဒေါက်တာ အောင်မြင့်မြတ်ထွန်း သေဆုံးပြီးချိန်မှ မိသားစုထံက ကျပ်သိန်း ၃၀၀၀ တောင်းယူကာ ကားဝယ်တာ၊ KTV သွားရောက်တာတွေ လုပ်ဆောင်ခဲ့ပြီး နောက်ရက် ဒီဇင်ဘာလ ၁၈ရက်တွင်မှ အလောင်းကို ၇၈လမ်း၊ ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်းနဲ့ ဆိုင်ကယ်လမ်းကြားမှာ စွန့်ပစ်ခဲ့ကာ ဖမ်းမိချိန်မှာ ထွက်ဆိုတာကြောင့် အလောင်းကို ပြန်တွေ့ရတာလို့လည်း စစ်အုပ်စုက ဆိုပါတယ်။

    အဲ့ဒီလို ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ၊ သတ်ဖြတ်၊ အလောင်းဖျောက်တဲ့ ဖြစ်စဉ်ကို CCTV မှတ်တမ်းတွေက တဆင့် စစ်အုပ်စုက ဖော်ထုတ်နိုင်ခဲ့တာလို့လည်း စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

    ရန်ငြိုးရန်စ မရှိဘဲ မနာလိုလို့ ပြန်ပေးဆွဲ၊ သတ်ဖြတ်တာလို့ ကနဦး ထွက်ဆိုတယ်လို့ ကြားသိရကြောင်း သေဆုံးသူ ဆရာဝန်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    “ရက်ရက်စက်စက် အသတ်ခံရတာပါ။ မနာလိုလို့ သတ်တာတဲ့။ သတ်တဲ့ ဆရာဝန်က ရိုးရိုးဆရာဝန်ပေါ့။ ဆေးခန်းတော့ ဖွင့်ထားတယ်။ သေဆုံးတာက ခွဲစိပ် ဆရာဝန်လေ။ အခု စစ်ဆေးတော့ ဆေးရုံ ဆေးခန်းတွေ ပိုင်တော့ မနာလိုဘူးလို့ ပြောတယ်တဲ့” လို့ သေဆုံးသူ ဆရာဝန်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    အလောင်းကို ဒီဇင်ဘာလ ၁၉ ရက် မနက် ၄ နာရီမှာ ရေမြောင်းအတွင်းက ပြန်တွေ့ရပြီး အလောင်းက ပုပ်ပွနေပြီဖြစ်သလို ဒဏ်ရာဒဏ်ချက်တွေလည်း တွေ့ရတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

    “ပါးစပ်ထဲလည်း အဝတ်စတွေ ထည့်ထားတယ်တဲ့။ အလောင်းက လက်ပြန်ကြိုးတုပ်၊ ဓားဒဏ်ရာရော၊ နှိပ်စက် ဒဏ်ရာတွေရော။ ပါးစပ်ကလည်း ဓားနဲ့ ဖြဲထားတာ။ လက်တွေ ကျိုးနေတယ်။ ရင်ဘတ် နလုံးနေရာ တည့်တည့်က ဓါးနဲ့ ထိုးထားတယ်တဲ့၊ ဝင်ကြည့်ခွင့်ရတဲ့ ဆရာဝန်က ပြန်ပြောတာ။ တွေ့တဲ့အချိန်မှာ အလောင်းက ပုပ်ပွ နေပြီပေါ့။ သင်္ဂြိုလ်တာတောင် အိပ်ထဲထည့်ပြီး သဂြိုလ်ရတာ” လို့ နီးစပ်သူက ပြောပါတယ်။

    ဆရာဝန် ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး ဇနီးဖြစ်သူက ဖုန်းကတဆင့် ခြေရာခံစုံစမ်းရာ အဲ့ဒီ ကန်တော်ကြီး မွီးပွိုင့်အနီးက ဆေးခန်းတစ်ခုမှာ ဖုန်းကို တွေ့ရှိတာကြောင့် စစ်အုပ်စုက ဝင်ဖမ်းဆီးခဲ့တာလို့ နီးစပ်သူတချို့က ပြောပေမယ့် စစ်အုပ်စုကတော့ CCTV တွေကတဆင့် ခြေရာခံဖမ်းမိတာလို့ သတင်းဖြန့်ထားပါတယ်။

    “ဆရာ့ကို သတ်ပြီးမှ ငွေတောင်းတဲ့သဘောပဲ။ သူက (ကျူးလွန်သူဆရာဝန်) အိုးဝေတစ်စီး လွှတ်လိုက်မယ်။ အဲ့ဒီ ၁၇ရက်နေ့က ၃ နာရီမထိုးခင် ငွေသိန်း ၃၀၀၀ ထုတ်ပေးလိုက်ပါ။ ဘယ်သူမှ မလိုက်ခဲ့ပါနဲ့၊ လိုက်လာရင် အသေပဲ ဆိုလို့ အိုးဝေမှာ ငွေထည့် ပေးလိုက်ရတယ် တဲ့။ ဒါပေမယ့် လူက မလွတ်လာဘူး။ ဆရာက သေနေပြီးသားကို ညာပြီး တောင်းတာ။ ဆရာသေတာနဲ့ ပိုက်ဆံတောင်းတာနဲ့ တပြိုင်တည်း ဖြစ်တာ” လို့ နီးစပ်သူတစ်ဦးက ရှင်းပြပါတယ်။

    သေဆုံးသူ ဆရာဝန်က ယခင်က မန္တလေးမြို့ ဗဟိုအမျိုးသမီး ဆေးရုံကြီးက သားဖွားမီးယပ်အထူးကု ဆရာဝန် ဖြစ်ကာ လက်ရှိမှာ ပုဂ္ဂလိက ဆေးရုံတစ်ခုကို ဖွင့်လှစ်ထားပြီး မိသားစုဝင်တွေဟာလည်း ဆရာဝန်တွေ ဖြစ်ကြတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

    “ဆရာက အရမ်း သဘောကောင်းတယ်။ တချို့ ပိုက်ဆံမရှိတဲ့ လူနာတွေကိုလည်း အခမဲ့ ကုပေးတယ်” လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

    သေဆုံးသူ ဆရာဝန်ဟာ တော်ပြီး သဘောကောင်းကြောင်း မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်က လူမှုကွန်ယက်မှာ ဖော်ပြကြပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ စစ်အုပ်စုနဲ့ ပျူစောထီးတွေ ကြီးစိုး သောင်းကျန်းနေပြီး မန္တလေးမှာ ပြန်ပေးဆွဲ ငွေညှစ်မှု၊ လုယက်မှု၊ သတ်ဖြတ်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။

    လက်ရှိမှာ စစ်အုပ်စု လက်အောက်ခံ ပျူနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက လူငယ်လူရွယ်တွေကို ပြန်ပေးဆွဲ ငွေညှစ်တာ၊ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ လုပ်နေသလို ပြီးခဲ့တဲ့လတွေအတွင်း စစ်အုပ်စု လက်အောက်ခံ သွေးသောက် အဖွဲ့တွေက စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ဖမ်းဆီးပြန်ပေးဆွဲ သတ်ဖြတ် တာတွေ ကျူးလွန်ခဲ့ပါတယ်။

    သေဆုံးသူကို တွေ့ရစဉ်/Photo – ပေးပို့

    မန္တလေးမှာ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲတာ ဖတ်လိုက်ရတယ်..

    ပြန်ပေးငွေ သိန်းသုံးထောင် တောင်းချိန်မှာ တကယ်က thet ထားပြီးပြီတဲ့.. လက်တွေ choe ထားပြီး တခြား ညှင်းပန်းထားတဲ့ ဒဏ်ရာတွေရောတဲ့..

    ဘာလို့ လုပ်တာတုန်းဆို မနာလိုလို့တဲ့.. တရားခံရဲ့ ဝေါလ်မှာကျ ဘုရားတရားတွေနဲ့ကိုမှ သူ့ကလေးကိုပါ ဝင်လေ ထွက်လေ ရှုတာတွေ သင်ပေးနေတာတဲ့..

    ဘုရားတရား ကာဗာယူထားသူတွေက ပိုလို့တောင် စိတ်မထိန်းနိုင်ကြသလိုဘဲ.. တလောကလုံးကို မေတ္တာပို့ပြီး တယောက်ကို ကျိတ်မုန်းနေတဲ့သူတွေရဲ့ စိတ်က ပိုကြောက်စရာကောင်းနေတာ..

    ကိုယ်ကသာ မတွေးမိမယ်.. သူများကို မနာလိုစိတ်နဲ့ မကောင်းကြံချင်ကြသူတွေက ဘဝမှာ တကယ် ရှိကြတာပဲ.. တရားခံတော့ မိပြီပြောတယ်.. သူ့အမျိုးသမီးနဲ့ သားလေးအတွက်ကတော့ တသက်စာ အရိပ်မည်းကြီး ကျန်ခဲ့ရပြီ..

    Poe Phyu Thant

    ဆက်စပ်သတင်း

    မန္တလေးမှာ လူငယ်ဆရာဝန်တစ်ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံရ

    မန္တလေးမှာ လူငယ်ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်