မြင်းခြံအနောက်ဘက်ရှိ ရွှေညောင်ပင်စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်သားနှင့်ပျူစောထီး ၈ ဦးသေဆုံး မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်အုပ်စုအခိုင်အမာတပ်စွဲထားတဲ့ ရွှေညောင်ပင်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်သားနဲ့ပျူစောထီး ၈ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ One More စစ်ကြောင်း-MGN District တာဝန်ခံက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က မြင်းခြံမြို့နယ်အနောက်ဘက် လေးအိမ်တန်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ ရွှေညောင်ပင် စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ သိရတာပါ။ အထက်ပါရွှေညောင်ပင်ဂိတ်စခန်းမှာ စစ်သားနဲ့ ပျူစောထီး အင်အား ၃၀ နီးပါးက ဘန်ကာတွေအခိုင်အမာနဲ့ အထိုင်ချ တပ်စွဲနေတာဖြစ်ပြီး တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ ပြန်ပြီးခုခံတာကြောင့် မိနစ်၂၀ နီးပါး အပြန်အလှန်ပစ်ခတ်ဖြစ်ခဲ့ပါသေးတယ်။ တိုက်ခိုက်မှုအတွင်း ဂိတ်မှာရှိတဲ့ စစ်သားနဲ့ပျူစောထီး ၈ ဦးသေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ […]