ရွှေညောင်ပင်စစ်တပ်ဂိတ်စခန်း တိုက်ခိုက်

မြင်းခြံအနောက်ဘက်ရှိ ရွှေညောင်ပင်စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်သားနှင့်ပျူစောထီး ၈ ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်အုပ်စုအခိုင်အမာတပ်စွဲထားတဲ့ ရွှေညောင်ပင်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ

စစ်သားနဲ့ပျူစောထီး ၈ ဦး​သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ One More စစ်ကြောင်း-MGN District တာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က မြင်းခြံမြို့နယ်အနောက်ဘက် လေးအိမ်တန်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ ရွှေညောင်ပင် စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ သိရတာပါ။

အထက်ပါရွှေညောင်ပင်ဂိတ်စခန်းမှာ စစ်သားနဲ့ ပျူစောထီး အင်အား ၃၀ နီးပါးက ဘန်ကာတွေအခိုင်အမာနဲ့ အထိုင်ချ တပ်စွဲနေတာဖြစ်ပြီး

တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ ပြန်ပြီးခုခံတာကြောင့် မိနစ်၂၀ နီးပါး အပြန်အလှန်ပစ်ခတ်ဖြစ်ခဲ့ပါသေးတယ်။

တိုက်ခိုက်မှုအတွင်း ဂိတ်မှာရှိတဲ့ စစ်သားနဲ့ပျူစောထီး ၈ ဦး​သေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ One More စစ်ကြောင်း-MGN District တာဝန်ခံက ပြောပါတယ်။

ရွှေညောင်ပင်ဂိတ် ဝင်ရောက်တိုက်ခိုက်မှုကို Onemore စစ်ကြောင်းနဲ့ အတူ

မြင်းခြံခရိုင် တပ်ရင်းအမှတ် (၁)၊

MGN အညာသား တပ်ဖွဲ့၊

ထနောင်းမြေစစ်ကြောင်း၊

အမေ့လက်ရုံးပြောက်ကျားတပ်ဖွဲ့၊

မိုရှည်ဒါးယမ်း ပြောက်ကျားတပ်ဖွဲ့၊

ဇေယျာမြေပြောက်ကျားတပ်ဖွဲ့၊

TFM ပြောက်ကျားတပ်ဖွဲ့၊

ရေစကြိုတပ်ပေါင်းစုရေစကြိုမြို့နယ်ပြည်သူလုံခြုံရေးတပ်ဖွဲ့ နဲ့

ဗိုလ်စနေ ပြောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေအရ မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းတွေ ဝင်ရောက်နေတာနဲ့ပက်သက်ပြီးတော့လည်း “စစ်တပ်က စစ်ကြောင်းတွေထိုး ရွာတွေမီးရှို့နေတာဟုတ်ပါတယ်။

နောက်ပြီး တော်လှန်ရေးဘက်က နယ်မြေ အကုန်ဆုတ်ခွာနေတာတော့မဟုတ်ပါဘူး။ အချို့နယ်တွေကို တော့ခွာစစ် အနေထားနဲ့ပါ” လို့ One More စစ်ကြောင်း-MGN District တာဝန်ခံက ပြောခဲ့ပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *