Category: News

  • ဖလမ်းမြို့နယ်ရှိ စစ်ကော်မရှင် စခန်းကုန်းတစ်ခု သိမ်းပိုက်ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ

    ဖလမ်းမြို့နယ်ရှိ စစ်ကော်မရှင် စခန်းကုန်းတစ်ခု သိမ်းပိုက်ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ

    ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်အတွင်းရှိ ထင်းရှူစခန်း ခံစစ်ကုန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်းနှစ်ဦးနှင့် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိကြောင်း ရှေ့တန်းစစ်ရေးသတင်းမြစ်ထံမှ သိရသည်။ တီးတိန်မြို့နယ် သိုင်ငင်းဘက်မှ တက်လာသည့် စစ်ကော်မရှင် စစ်ကြောင်းသည် ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖလမ်းမြို့နယ်ရှိ ချင်းပူးပေါင်းတပ်ဖွဲ့များ၏ ထင်းရှုးစခန်း ခံစစ်ကုန်းကို ဦးစွာတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ထင်းရှူးစခန်း ခံစစ်ကုန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက် တစ် နာရီဝန်းကျင်တွင် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်သဖြင့် စခန်းကို အောင်မြင်စွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ “မနေ့ည ၁၂ ကျော်လောက်မှာ ဖလမ်းမြို့နဲ့ ဗာလုံကြား Lumbang ရွာမှာ တိုက်ပွဲပြင်းထန်တယ်။ ဒီနေ့ မနက်…

  • ရခ တွေရဲ့ မရှိတဲ့ ဂုဏ်သိက္ခာ ကျမှာစိုးလို့ ဆင်ဆာဖြတ်ခံလိုက်ရတဲ့ ပဲ့တင်သံဇာတ်ကားမှ ဇာတ်ဝင်ခန်း

    ရခ တွေရဲ့ မရှိတဲ့ ဂုဏ်သိက္ခာ ကျမှာစိုးလို့ ဆင်ဆာဖြတ်ခံလိုက်ရတဲ့ ပဲ့တင်သံဇာတ်ကားမှ ဇာတ်ဝင်ခန်း

    ပဲ့တင်သံ ရုပ်ရှင်ဇာတ်ကားကြီး ကို ကြည့်ပြီးတဲ့ပရိသတ်တွေ(လုံးဝ)မကြည့်လိုက်ရတဲ့ အကြောင်းအမျိုးမျိုးကြောင့်မထည့်ဖြစ်လိုက်ရတဲ့… Deleted Scene “ဘ၀ဆိုတာ တိုက်ပွဲလို့ပြောကြတယ်၊ အမှန်က တိုက်ပွဲမဟုတ်ပါဘူး၊ ပဲ့တင်သံပါ ” Video by ပဲ့တင်သံ ရုပ်ရှင်ဇာတ်ကားကြီး

  • ပုဇွန်တောင် ဓားစန်းရီအား ကျူချောင်သုဿန်၌ ယနေ့ သင်္ဂြိုဟ်

    ပုဇွန်တောင် ဓားစန်းရီအား ကျူချောင်သုဿန်၌ ယနေ့ သင်္ဂြိုဟ်

    နိုင်ငံတော်၏ မေ့လျှော့ခံခဲ့ရသူ ဓားစန်းရီကွယ်လွန်ပြီ ရန်ကုန်မြို့၊ လှည်းတန်းလမ်းဆုံ၏ ဖုန်ထူသော လမ်းဘေးတွင် အသက် ၈၇ နှစ်အရွယ် ယောဂီဝတ် အမျိုးသမီးကြီးတစ်ဦးသည် တုန်ယင်နေသော လက်ဖြင့် တောင်ဝှေးကို အားပြုကာ ရပ်နေသည်။ သူမ၏ မျက်ဝန်းများက မှေးမှိန်နေသော်လည်း စကားပြောလျှင် ခိုင်မာပြတ်သားသည့် အသံက ရှိနေဆဲ။ သွားလေရာပါသော သူမ၏ အနီရောင် ကချင်လွယ်အိတ်ထဲတွင် အရောင်လွင့်နေပြီဖြစ်သော “ဂုဏ်ပြုမှတ်တမ်းလွှာ” တစ်စောင် ရှိနေသည်။ ထိုစာရွက်ကလေးသည် သူမအား “ဓားစန်းရီ” ဟု ကမ္ဘာက သိစေခဲ့သည်။ ထို့ပြင် သူမကို နိုင်ငံတော်က ကူညီစောင့်ရှောက်ရန် ပျက်ကွက်ခဲ့ကြောင်း ပြသနိုင်သည့် တစ်ခုတည်းသော သက်သေပင် ဖြစ်သည်။ ဒေါ်စန်းရီ (ခေါ်) ဓားစန်းရီသည် ၁၉၈၃ ခုနှစ်၊ အာဇာနည်ဗိမာန် ဗုံးခွဲလုပ်ကြံမှု၏ တရားခံ…

  • ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်တိုက်မှု တစ်ဦးသေ၊ ၁၂ ဦးဒဏ်ရာရ

    ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်တိုက်မှု တစ်ဦးသေ၊ ၁၂ ဦးဒဏ်ရာရ

    ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၁၄၂) တွင် ယနေ့ (ဖေဖော်ဝါရီ ၁၄ ရက်) နံနက် ၁ နာရီ ၄၅ မိနစ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်းအမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှသတင်းထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ရန်ကုန်မှ‌ နေပြည်တော်သို့ မောင်းနှင်လာသော TOWNACE လိုက်ထရပ်အမျိုးအစား အဖြူရောင်ယာဉ်မှာ လက်ယာဘက်ယာဉ်ကြောအတိုင်း မောင်းနှင်နေစဉ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၁၄၂/၁-၁၄၂/၂) ကြားအရောက်၌ လားရာတူ နောက်မှလိုက်ပါလာသည့် SUZUKI SOLIO အမျိုးအစားအဖြူ‌ရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ နောက်ကဝင်တိုက်မိသဖြင့် TOWNACE လိုက်ထရပ်ယာဉ်မှာ လမ်းယာဘက် မြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ခဲ့ကြောင်းသိရသည်။ ” SUZUKI SOLIO ယာဉ်ကအရှိန်မထိန်းနိုင်ပဲ နောက်ကဝင်တိုက်တာပါ။ TOWNACE လိုက်ထရပ်ယာဉ်ကတော့ကား ပေါ်မှာအမျိုးသားက လေးဦး၊ အမျိုးသမီးကကိုးဦး စုစုပေါင်း ၁၃ ဦးလိုက်ပါလာတာပါ။…

  • ကွတ်ခိုင်ရှိ MNDAA အား TNLA ဖယ်ရှား

    ကွတ်ခိုင်ရှိ MNDAA အား TNLA ဖယ်ရှား

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ပေါ်တွင် တပ်စွဲထားသည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)အား ပလောင် (တအာင်း)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယမန်နေ့ညတွင် စီးနင်း ဖယ်ရှားခဲ့ကြောင်းနှင့် မြို့ခံများက တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိပ်နေကြောင်း သိရသည်။ TNLA အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည့် ကွတ်ခိုင်မြို့ပေါ်ရှိ နေရာ ၅ ခု ထပ်မနည်းတွင် ကိုးကန့်တပ်က စောင့်ကြည့်ရေး CCTV တပ်ဆင်ခဲ့ရာမှ တင်းမာမှုဖြစ်ပွားခဲ့ပြီး MNDAA ၀င်ရောက်တပ်စွဲထားသည့် ကွတ်ခိုင် ပန်းခြံစျေး၊ ပြည်ထောင်စုခန်းမ၊ မိခင်နှင့်ကလေးရုံး၊ ဆောက်လုပ်ရေးရုံး၊ စိုက်ပျိုးရေးရုံး၊ အမှတ် (၃၊၅၊၆) ရပ်ကွက်ရုံးတို့ရှိ တပ်ဖွဲ့၀င် (၁၀၀)ခန့်အား မြို့ပြင်ရှိ နွားခြံသို့ TNLA ကားများဖြင့် ပို့ဆောင် ဖယ်ရှားခဲ့ကြောင်း သိရသည်။ ထို စီးနင်းမှုတွင် နှစ်ဖက်တပ်ဖွဲ့၀င်များအကြား အချင်းများကာ ထိုးကြိတ်သေနတ်ပစ်ခတ်မှုဖြစ်ခဲ့၍ နှစ်ဖက်…