Category: News

  • ကုလအတွက် နှစ်စဥ်ကြေးကို NUG က ပေးသွင်းနေတယ်လို့ ဦးကျော်မိုးထွန်းပြော

    ကုလအတွက် နှစ်စဥ်ကြေးကို NUG က ပေးသွင်းနေတယ်လို့ ဦးကျော်မိုးထွန်းပြော

    ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအနေနဲ့ ကုလသမဂ္ဂရုံးကို နှစ်စဉ်ပေးသွင်းရတဲ့ နှစ်စဥ်ကြေးပမာဏကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပေးသွင်းနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက PVTV သတင်းဌာနကို ပြောပါတယ်။ ဦးကျော်မိုးထွန်းရဲ့အပြောအရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ မဲပေးခွင့် မဆုံးရှုံးရေးအတွက် ကုလသမဂ္ဂရုံးအဖွဲ့ထံကို တစ်ကြိမ်ကို အမေရိကန်ဒေါ်လာ ၃ သိန်းနဲ့ သုံးကြိမ် ပေးသွင်းထားတယ်လို့ဆိုပါတယ်။ ပထမတကြိမ် ပေးသွင်းချိန်က အဖွဲ့ရုံးရဲ့ရန်ပုံငွေအောက်မှာရှိတဲ့ငွေကြေးကို ပေးသွင်းခဲ့ပြီး ၂၀၂၄ နဲ့ ၂၀၂၅ မှာ NUG က တဆင့် ပေးလာတဲ့ငွေကြေးကို မြန်မာအဖွဲ့ရုံး နယူးယောက်ကတဆင့် ကုလသမဂ္ဂရုံးကို ပေးသွင်းထားတယ်လို့ သိရှိရပါတယ်။ ဒီလိုပေးသွင်းထားတဲ့အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ ၂၀၂၆ နှစ်ကုန်အထိ ကုလသမဂ္ဂမှာ မဲပေးခွင့်ကို ဆက်ရရှိတယ်လို့လည်း ဦးကျော်မိုးထွန်းက PVTV သတင်းကို ပြောထားပါတယ်။ ကုလသမဂ္ဂရဲ့စည်းမျဉ်းတွေအရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက…

  • သာပေါင်းတိုက်ပွဲ၌ ကာကင်းစခန်းများလက်လွှတ်ရသဖြင့် စစ်တပ်အရာရှိအချို့ စစ်ဆေးခံရ

    သာပေါင်းတိုက်ပွဲ၌ ကာကင်းစခန်းများလက်လွှတ်ရသဖြင့် စစ်တပ်အရာရှိအချို့ စစ်ဆေးခံရ

    ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ထဲက တိုက်ပွဲတွေမှာ ကာကင်းစခန်းတွေ လက်လွှတ်ဆုံးရှုံးခဲ့ရတာနဲ့ ပတ်သက်လို့ သာပေါင်းတပ်က အရာရှိတချို့ကို စစ်ကောင်စီက စစ်ဆေးနေတယ်လို့ တပ်ရင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဇန်နဝါရီ ၃၀ ရက်နဲ့ ၃၁ ရက်အတွင်း သာပေါင်းမြို့နယ်ထဲက တိုက်ပွဲတွေမှာ ကာကင်းစခန်း ၃ ခုထက်မနည်း လက်လွှတ်ခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ခလရ ၃၀၈ သာပေါင်းတပ်ရင်းမှာ စစ်ဆင်းရေးကွပ်ကဲနေတဲ့ ဗိုလ်မှူးတယောက်နဲ့ တပ်ရင်းမှူးတယောက်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတာလို့ သိရပါတယ်။ သာပေါင်းခလရ ၃၀၈ တပ်ရင်းနဲ့ နီးစပ်သူက “သာပေါင်းဘက်မှာတော့ အစည်းအဝေးတက်ဖို့ သွားတာလို့ သတင်းဖြန့်ထားတယ်။ အမှန်တော့ သာပေါင်းတိုက်ပွဲမှာ ကာကင်းစခန်းတွေ လက်လွှတ်ရပြီး နောက်ရက်ဆို ပုသိမ်က တိုင်းမှူးက စစ်ဆေးဖို့လို အပ်တာကြောင့်ဆိုပြီး ခေါ်ထားတာ။ ပုသိမ်မှာ အဖမ်းခံရထားတာ။…

  • မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ မရပ်မချင်း အာဆီယံ ရပ်တည်ချက်မပြောင်း

    မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ မရပ်မချင်း အာဆီယံ ရပ်တည်ချက်မပြောင်း

    မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ မရပ်တန့်မချင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမှာမဟုတ်သလို အာဆီယံရဲ့ ရပ်တည်ချက် ပြောင်းလဲမှာမဟုတ်ဘူးလို့ လက်ရှိအာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထရက်ဆာပရဲညို လာဇာရိုက ပြောပါတယ်။ ဖေဖော်ဝါရီ ၆ ရက်က စင်ကာပူနိုင်ငံမှာ ISEAS – Yusof Ishak Institute ကစီစဉ် ကျင်းပတဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် လည်းဖြစ်တဲ့ မစ္စလာဇာရိုကပြောကြားခဲ့တာလို့ The Straits Times စင်ကာပူ သတင်းစာမှာဖော်ပြပါတယ်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက် ၅ ချက်ကို မူဝါဒအခြေခံအဖြစ် ဆက်လက်ကိုင်စွဲထားတယ်လို့လည်း သူက ထပ်လောင်းအတည်ပြုပါတယ်။ မစ္စလာဇာရိုက “ဘုံသဘောတူညီချက် ၅ ချက်ဟာ မြန်မာနိုင်ငံနဲ့…

  • ကုလသမဂ္ဂအထွေထွေညီလာခံ နိုင်ငံရေးစင်မြင့်တွင် ပြောရေးဆိုခွင့် ဆုံးရှုံးနေရဟု  မင်းအောင်လှိုင် ထုတ်ပြော

    ကုလသမဂ္ဂအထွေထွေညီလာခံ နိုင်ငံရေးစင်မြင့်တွင် ပြောရေးဆိုခွင့် ဆုံးရှုံးနေရဟု မင်းအောင်လှိုင် ထုတ်ပြော

    ကုလသမဂ္ဂနှင့်လက်အောက်ခံအဖွဲ့များက မြန်မာစစ်တပ်ကို အသိအမှတ်မပြုဘဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း သစ္စာဖောက်သွား၍ ကုလသမဂ္ဂအထွေထွေညီလာခံ နိုင်ငံရေးစင်မြင့်တွင် ပြောရေးဆိုခွင့် ဆုံးရှုံးနေရဟု မင်းအောင်လှိုင် ထုတ်ပြော အာဆီယံကလည်း မြန်မာစစ်ခေါင်းဆောင်များကို နိုင်ငံရေးအရ ဘေးဖယ်ထားဟု စစ်ခေါင်းဆောင် ညဉ်းတွား ကုလသမဂ္ဂနှင့်လက်အောက်ခံအဖွဲ့များက မြန်မာစစ်တပ်ကို အသိအမှတ်မပြုဘဲ မြန်မာအမြဲတမ်းကိုယ်စား လှယ် (သံအမတ်ကြီး ဦးကျော်မိုးထွန်း)ကလည်း သစ္စာဖောက်သွား၍ အထွေထွေညီလာခံနိုင်ငံရေးစင်မြင့်တွင် ပြော ရေးဆိုခွင့်ဆုံးရှုံးနေရကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ထုတ်ပြောပြောဆိုသည်။ ယမန်နေ့ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် မြန်မာနိုင်ငံအပေါ် စွဲဆိုထားသော ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက၍ သွားရောက် တရားရင်ဆိုင်ခဲ့သည့် ကိုကိုလှိုင်နှင့်အဖွဲ့ကို ဂုဏ်ပြုပွဲတွင် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် ICJ တရားရုံးက ဆက်သွယ်လာကြောင်း၊…

  • နေပြည်တော်၌ မိန်းမဖြစ်သူကို ခေါင်းဖြတ်သတ်သည့် အမျိုးသားကို ဖမ်းမိ

    နေပြည်တော်၌ မိန်းမဖြစ်သူကို ခေါင်းဖြတ်သတ်သည့် အမျိုးသားကို ဖမ်းမိ

    နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာမှာ လင်မယားချင်စကားများရန်ဖြစ်ရာကနေ မိန်းမဖြစ်သူကို ခေါင်းဖြတ်သတ်ခဲ့တဲ့ အမျိုးသားကို ဖေဖော်ဝါရီ ၅ ရက် ညပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းမိခဲ့တယ်လို့ မြိုခံတွေဆီက သိရပါတယ်။ ကျူးလွန်ပြီးနောက် ထွက်ပြေးနေတဲ့ ဦးဝင်းဇော်ဦး ကို ရဲတွေက ပိတ်ဆို့ရှာဖွေဖမ်းဆီးတာမှာ နေပြည်တော်-မြို့သစ်ကံပြားလမ်းမှာ ဖမ်းမိခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။ “လူသတ်မှုဖြစ်ကတည်းက ရဲတွေက ဥတ္တသီရိမြို့ထဲမှာ လိုက်ရှာတာမတွေ့ဘူး။ မနေ့က မင်းကုန်းရွာသားတယောက်က ကံပြားလမ်းဆုံမှာတွေ့လို့ ရဲစခန်းကိုဖုန်းဆက်လိုက်လို့ မိသွားတာ။ စခန်းမှာတော့ စစ်ဆေးနေတယ်” လို့ပြောပါတယ်။ ဖေဖော်ဝါရီ ၄ ရက် မနက်အစောပိုင်းက ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာမှာ လင်မယားချင်း စကားများရန်ဖြစ်ရာကနေ ဦးဝင်းဇော်ဦးက နေအိမ်ဘုရားခန်းရှေ့မှာအိပ်နေတဲ့ ဇနီးဖြစ်သူ ဒေါ်ပူစူးမကို ထင်းခွဲဓားမနဲ့ ခေါင်းဖြတ်သတ်ခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာ ဦးဝင်းဇော်ဦးကို ဥတ္တသီရိမြို့နယ်ရဲစခန်းက…