Category: News
-

အိမ်မှနှင်ချတဲ့ ယောက္ခမကို သားမက်က ခဲတံချွန်တဲ့ဓားဖြင့်လည်လှီးသတ်
လင်မယားရန်ဖြစ်တာလို့ အိမ်မှနှင်ချတဲ့ ယောက္ခမကို သားမက်က ခဲတံချွန်တဲ့ဓားဖြင့်လည်လှီးသတ် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု ငှက်ပျောတောရွာတွင် သမက်ဖြစ်သူမှ ယောက္ခအား ခဲတံချွန်ဓားဖြင့်လည်လှီးသတ်မှုဖြစ်ပွားရာလူတစ်ဦး သေဆုံးသွားကြောင်းသိရှိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာလ (၈)ရက် ည(၁၁)နာရီခွဲခန့်တွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ဟင်္သာတနယ်မြေစခန်းအပိုင်အိပ်ပျက်အုပ်စု ငှက်ပျောတောကျေးရွာရှိ ဦးချစ်ကို(သေဆုံး)၏ နေအိမ်၌ အမျိုးသားတဦး အသတ်ခံရကြောင်း သတင်းအရ ဟင်္သာတမြို့ နယ် ဟင်္သာတနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်ပိုင်ရှင် ဦးချစ်ကို(ဘ)ဦးဗိုက်ကြီး (၅၂)နှစ် မှာ နေအိမ်ပေါ်တွင် လည်ပင်းယာဘက် အလျား(၇)စင်တီမီတာ အနံ(၄)စင်တီမီတာ အနက်(၂)စင်တီမီတာခန့် ပြတ်ရှဒဏ်ရာ(၁)ချက်(ပြင်းထန်)၊ လည်ပင်းယာဘက် အလျား(၁၂)စင်တီမီတာ အနံ(၄)စင်တီမီတာ အနက်(၃)စင်တီမီတာခန့် ပြတ်ရှဒဏ်ရာ(၁)ချက်(ပြင်းထန်)၊ လည်ပင်းယာဘက်အလျား(၉)စင်တီမီတာ အန်(၅)စင်တီမီတာ အနက်(၄)စင်တီမီတာခန့်ပြတ်ရှဒဏ်ရာ(၁)ချက်(ပြင်းထန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ ရှိရသဖြင့်…
-

သိမ်းပိုက်ထားသော နယ်မြေများ မဆုံးရှုံးရေး ချင်းတပ်များအားလုံး ပူးပေါင်း ခုခံနေ
ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အကွာ မဏိပူရမြစ်အနီး စစ်တပ်နှင့် ချင်းတော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ သိမ်းပိုက်ထားသော နယ်မြေများ မဆုံးရှုံးရေး ချင်းတပ်များအားလုံး ပူးပေါင်း ခုခံနေ ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အကွာရှိ မဏိပူရမြစ်အနီးတွင် စစ်တပ်နှင့် ချင်းတော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေပြီး သိမ်းပိုက်ထားသော နယ်မြေများ မဆုံးရှုံးရေးအတွက် ချင်းတပ်များအားလုံးပူးပေါင်း ညီညွတ်စွာဖြင့် ခုခံနေကြောင်း ချင်းညီနောင်ပြော ရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ပြောကြားသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် နံနက် ၈ နာရီမှ ၁၀ နာရီဝန်းကျင်အထိ ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အ ကွာ မဏိပူရမြစ်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က အထိနာပြီး ဂျက်ဖိုက်တာ…
-

ကလေး၊ ဂန့်ဂေါ၊ ဖလမ်းနှင့်တီးတိန်မြို့နယ်တို့တွင် စစ်တပ်နှင့် တော်လှန်ရေးမဟာမိတ်များအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်သား ၁၀၀ ဝန်းကျင်သေဆုံး
ကလေး၊ ဂန့်ဂေါ၊ ဖလမ်းနှင့်တီးတိန်မြို့နယ်တို့တွင် စစ်တပ်နှင့် တော်လှန်ရေးမဟာမိတ်များအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်သား ၁၀၀ ဝန်းကျင်သေဆုံး စစ်သုံ့ပန်းတချို့နှင့် လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိ အကြမ်းဖက်စစ်တပ်က ချင်းပြည်နယ်အတွင်းသို့ ထိုးဖောက်ဝင်ရန် စစ်ကြောင်းထိုးလာမှုကို ချင်းတော်လှန်ရေးတပ်များနှင့် မဟာမိတ်တော်လှန်ရေးများက ပူးပေါင်း ခုခံတိုက်ခိုက်ခဲ့ကြရာ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ဝန်းကျင်သေဆုံးကြောင်း ချင်းပြည်(Chinland)အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ချင်းအမျိုးသားတပ်မတော်နှင့် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ချင်းလဲန်အစိုးရတပ်ဖွဲ့၏ စစ်ကြောင်း ၁ နှင့် စစ် ကြောင်း ၂ တို့က အကြမ်းဖက်စစ်တပ်ကို ကလေးမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်တို့တွင် တိုက်ခိုက်ခဲ့ကြောင်း၊Chinland အစိုးရတပ်ဖွဲ့၏ စစ်ကြောင်း ၁ က…
-

ကမ္ဘာ့နိုင်ငံများအနေဖြင့် အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးမှုများကို ရှောင်ရှားရန် စစ်ကော်မရှင် ပြန်ကြားရေး ဝန်ကြီးပြော
အိမ်နီးချင်းနှင့် ဒေသတွင်း နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများအနေဖြင့် ညီညွတ်မျှတမှုကို အခြေခံ၍ အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးမှုအား ရှောင်ရှားရန်နှင့် မြန်မာ့အနာဂတ်ကို နိုင်ငံသားများကသာ ကိုယ်တိုင် ထုဆစ် ပုံဖော်ရမည်ဟု အာဏာသိမ်း စစ်ကော်မရှင်၏ ပြန်ကြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။ စစ်ကော်မရှင်၏ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့နိုဝင်ဘာ ၁၇ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ ဆွေးနွေးပွဲနှင့် ယခုနှစ်၊ စတုတ္ထ သုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲ၌ ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။ ထို့အပြင် စစ်ပွဲများနှင့် ပဋိပက္ခများ လျော့ပါးရပ်စဲရေးအတွက် အင်အားကြီး နိုင်ငံများအနေဖြင့် အားနည်းသော နိုင်ငံများအပေါ် စာနာနားလည် ထောက်ထားကာ ထောက်ပံ့ကူညီ ရိုင်းပင်းမှုများဖြင့် အေးချမ်းသာယာ ငြိမ်းချမ်းသော…
-

ရည်းစားမက ခင်ပွန်းမကျရဲ့ ငယ်ပါကို ဖြတ်လိုက်တဲ့ အင်ဒိုနီးရှား အမျိုးသမီး
အင်ဒိုနီးရှားနိုင်ငံ Bandar Lampung, Sumatra ရှိ လမ်းတလမ်းပေါ်မှာ အောက်တိုဘာ ၁၉ ရက်နေ့က အိမ်ထောင်သယ်အမျိုးသားတယောက် သွေးအလိမ်းလိမ်းနဲ့ နာကျင်လို့အော်ဟစ်နေတယ်။ သူ့အငယ်အနှောင်း mistress က မနာစိတ်ဝင်ပြီး အတူဆက်ဆံနေချိန်မှာ လိင်တံကို ဖြတ်လိုက်လို့ပါ။ အဲဒီအမျိုးသမီး Windi Sintia က သူ့ကို သင်ခန်းစာပေးချင်လို့ ဒီလိုလုပ်လိုက်ရတာ ကျေနပ်တယ် လို့ဆိုတယ်။ ၂၈ နှစ်အရွယ် Windi Sintia နဲ့ Karsilan Utami တို့ဟာ ၂၀၁၉ ခုနှစ်အစောပိုင်းကာလတည်းက ချစ်ကြိုက်ခဲ့တာ။ ၂၀၁၉ ခုနှစ်အနှောင်းပိုင်းမှာ ၃၂ နှစ်အရွယ် Karsilan Utami ဟာ အခြားအမျိုးသမီးတဦးနဲ့ လက်ထပ်ခဲ့တာကို Windi Sintia က သိရှိပေမယ့် သူတို့နှစ်ဦး ဆက်ဆံရေးမပျက်ခဲ့ဘူး။ Karsilan…