Category: News
-

နေကြတ်မယ့်နေ့မှာ ပြသလိုက်တဲ့ နိမိတ်
နေကြတ်မယ့်နေ့မှာ ပြသလိုက်တဲ့ နိမိတ်… မိနစ်ပိုင်းအတွင်း ငလျင် (၃) ကြိမ် ဆက်တိုက်လှုပ်” (၂၆) မိနစ်အတွင်း ငလျင် (၃) ကြိမ် ဆက်တိုက်လှုပ်ခတ် ယနေ့ (၁၇.၂.၂၀၂၆) ရက်နေ့ မနက်ပိုင်းတွင် မိနစ် (၃၀) မပြည့်မီအချိန်အတွင်း၌ အောက်ပါအတိုင်း ငလျင် (၃) ကြိမ်ဆက်တိုက် လှုပ်ခတ်သွားခဲ့ပါသည်။ ပထမအကြိမ် – မနက် (၀၅:၂၀) နာရီ ကျင်းဒွေးမြို့၏ အရှေ့ဘက် (၁၄) မိုင်အကွာ မြေအောက်အနက် (၄၉) မိုင် ပမာဏ (၄.၀) အဆင့် ဒုတိယအကြိမ် – မနက် (၀၅:၃၉) နာရီ မင်းတပ်မြို့၏ အရှေ့ဘက် (၈) မိုင်အကွာ မြေအောက်အနက် (၆.၂) မိုင် ပမာဏ (၃.၈)…
-

အမျိုးသမီးများနှင့် လိင်ကိစ္စ မျက်မှန်ကင်မရာဖြင့် အွန်လိုင်းပေါ် ရိုက်တင်သူ ရုရှားဘလော့ဂါကို ဖမ်းပို့ရန် ဂါနာ တောင်းဆို
ရုရှားဘလော့ဂါ ယွက်ဇ်ဆီစလပ်ဗ်ထရာဟော့ဗ် ဆိုသူသည် ဂါနာနိုင်ငံအတွင်း ဝင်ရောက်လာပြီး အမျိုးသမီးများစွာနှင့် လိင်မှုကိစ္စများကို မျက်မှန်ရှိ လျှို့ဝှက်ကင်မရာမှ ရိုက်ကူးကာ ဗီဒီယိုများကို တယ်လီဂရမ် အပါအဝင် လူမှုကွန်ရက်များပေါ် ကာယကံရှင်များ မသိဘဲ တင်ရောင်းခဲ့မှုကြောင့် ရုရှားအစိုးရဘက်မှ ဖမ်းဆီးပြီး ပို့ပေးရန် ဂါနာအစိုးရက တောင်းဆိုလိုက်သည်။ အသက် ၃၀ ဝန်းကျင်ရှိ ထရာဟော့ဗ်အကြောင်း သတင်းများ ဂါနာနှင့် ရုရှားမီဒီယာများတွင်ပါ ပါဝင်လာပြီး ၎င်းသည် လမ်းများပေါ်တွင် အမျိုးသမီးများကို လိုက်လံမိတ်ဆက်ကာ ဟန်ဆောင် အကွက်ဆင်၍ စတင်ချဉ်းကပ်ခဲ့ကြောင်း သတင်းများက ဆိုသည်။ ထိုသို့ ချဉ်းကပ်ပုံများကို ၎င်းက မျက်မှန်ကင်မရာဖြင့် မှတ်တမ်းတင်ပြီး တချို့ အပိုင်းတိုများအား TikTok တွင်လည်းတင်ကာ တယ်လီဂရမ်အုပ်စုများတွင် အခကြေးငွေယူ၍ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုများ ရောင်းစားနေခြင်း ဖြစ်သည်။ ဂါနာတွင်…
-

ဖားကန့်မြို့နယ်မှာ မြေစာပုံပြိုကျပြီး အများအပြားသေဆုံး (ရုပ်/သံ)
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကုဋေမှော်ရွာရှိ မြေစာပုံပြိုကျပြီး အများအပြားသေဆုံးခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက် မနေ့ညပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး မြေစာပုံအောက်မှာ လူ ဆယ်ဂဏန်းကျင်ရှိနိုင်တယ်လို့ ဆိုကြပါတယ်။ ပြိုကျတဲ့ မြေစာပုံပမာဏများတဲ့အတွက် ပြန်လည်တူးဖော်ဖို့ အခက်အခဲရှိနေပြီး ကူညီကယ်ဆယ် ရေးအတွက် လတ်တလော ထိထိရောက်ရောက်လုပ်ဆောင်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ဖားကန့် ကုဋေမှော်မှာ မြေစာပုံပြိုကျလို့ လူ ၂၀ ဝန်းကျင် သေဆုံးနိုင် ကချင်ပြည်နယ်၊ ဖားကန့် ကုဋေမှော် အဲဗားမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ည ၉ နာရီကျော်ခန့်က မြေစာပုံပြိုကျလို့ လူတချို့ ပါသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မနေ့ည ကိုးနာရီခွဲခန့်က ကုဋေမှော်မှာ မြေစာပုံပြတ်ကျပြီး လူတော်တော်များများ မြေစာပြိုတဲ့နောက်ပါသွားပါတယ်။ အနည်းဆုံး လူ၂၀ခန့် သေဆုံးတယ်လို့သိရတယ်။”…
-

BNRA ဂိတ်စခန်းများကို MOD လက်အောက်ခံ တပ်ရင်းများက လက်နက်ကြီးနှင့် ဒရုန်းများ အသုံးပြုပြီး စတင်တိုက်ခိုက်နေဟုဆို
ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်၊ နံနက် ၇ နာရီခွဲအချိန်ခန့်မှ စတင်ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ တပ်ရင်းများက ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ၏ ဂိတ်စခန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ဒရုန်းဗုံးသီးများ အသုံးပြု၍ တိုက်ခိုက်ခြင်းများ ပြုလုပ်လာကြောင်း ယင်းအဖွဲ့ ခေါင်းဆောင် ဗိုလ်နဂါးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားထားသည်။ NUG သည် အစိုးရအမည်ခံထားသည့် အဖွဲ့အစည်းဖြစ်ခြင်း၊ စစ်ဒေသ (၁) အတွင်း၌လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဦးဆောင်နေခြင်းတို့ကြောင့် တော်လှန်ရေး အင်အားစုအချင်းချင်းကြား ယခုကဲ့သို့ အကျည်းတန်သော စစ်ရေးပဋိပက္ခမျိုး ဖြစ်ပေါ်လာလိမ့်မည်မဟုတ်ဟု ယုံကြည်ယူဆခဲ့ကြသော်လည်း ယခုအခါ မမျှော်လင့်ဘဲ ဆိုးသွမ်းသော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရကြောင်း ဗိုလ်နဂါးက…
-

ကျွဲဂိမ်းရှုံးပြီး အကြွေးတင်နေသဖြင့် အလုပ်ရှာနေသည့် အမျိုးသမီးကို စည်းရုံးပြီး တရုတ်မယား အဖြစ်ရောင်းစားရန်စီစဉ်သူများ အဖမ်းခံရ
အွန်လိုင်း ကျွဲဂိမ်းရှုံးပြီး အကြွေးတင်နေတဲ့ အတွက် အလုပ်အကိုင်ရှာဖွေနေတဲ့ အမျိုးသမီး တစ်ဦးကို ငွေဖြင့် စည်းရုံးပြီး တ-ရုတ်မယား အဖြစ်ရောင်းစားရန် စီစဉ်သူတွေကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရပါတယ်။ ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ ၊ အမှတ်(၂)ရပ်ကွက်နေ အမျိုးသမီးတစ်ဦးဟာ Online ကျွဲဂိမ်းကစားခဲ့ရာမှ ငွေကျပ်သိန်း ၃၀ အကြွေးတင်ခဲ့သဖြင့် မိခင်၏နေအိမ်အား ပေါင်နှံ၍ အကြွေးဆပ်ခဲ့ရာ ခြောက်လကြာချိန်ထိ အကြွေးပြန်မဆပ်နိုင်သေးတဲ့ အတွက် နေအိမ်အပေါင်ဆုံးတော့မယ့် အခြေအနေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် အလုပ်ရှာဖွေရာမှ မူဆယ်မြို့ မှာ နေထိုင်တဲ့ မချိုမာစိန်(ခ)မဗိုက်၊ မဇင်နွယ်လတ် (ခ)မဇင်တို့နဲ့ ချိတ်ဆက်မိပြီး တ-ရုတ်နိုင်ငံ မှာ တရုတ်ယောက်ျားယူပါက ငွေကျပ်သိန်း ၈၀ ရရှိမှာ ဖြစ်သလို တစ်နှစ်သာ ပေါင်းသင်းနေထိုင်ရမည်ဟု ပြောဆိုစည်းရုံးကာ မူဆယ်မြို့သို့…