Category: News
-

NUG၊ KNU၊ KIO၊ KNPP နဲ့ CNF ငါးဖွဲ့ တွေ့ဆုံပြီးတော်လှန်ရေးအောင်မြင်စွာဆင်နွှဲဖို့ဆွေးနွေး
NUG၊ KNU၊ KIO၊ KNPP နဲ့ CNF ငါးဖွဲ့ တွေ့ဆုံပြီးတော်လှန်ရေးအောင်မြင်စွာဆင်နွှဲဖို့ဆွေးနွေး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ တို့ တွေ့ဆုံပြီး တော်လှန်ရေး အောင်မြင်အောင် ဆင်နွှဲနိုင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်းကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တဦးဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က ပြောပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့မှာကျရောက်တဲ့ကချင်တော်လှန်ရေးနေ့ အခမ်းအနားကိုအမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာကျင်းပခဲ့ရာ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က အွန်လိုင်းမှ ပါဝင်တက်ရောက်ပြီး စစ်ရေး နိုင်ငံရေးဆိုင်ရာတွေရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ် ။ NUGရယ်၊ KNUရယ်၊ KNPPရယ် ၊ CNF ရယ်၊ KIOရယ် ငါးဖွဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းဆွေးနွေးမှု လုပ်ခဲ့ကြောင်း အသိပေးခဲ့တာပါ။ လတ်တလော မီဒီယာတွေမှာဖော်ပြနေတဲ့ အားကောင်းခိုင်မာတဲ့ ဦးဆောင်အဖွဲ့အစည်းကိစ္စ၊ ဖက်ဒရယ် ဦးဆောင်ကောင်စီကိစ္စတွေအပေါ် အခုလိုပြောပြတာပါ။…
-

မောင်ဖြစ်သူရဲ့ စျာပနမှာ ထင်ထားတာထက်ပိုပြီး တရားရှိရှိနဲ့ တည်ငြိမ်စွာ မြင်တွေ့ရတဲ့ ဖွေးဖွေး
ဆရာဝန်တစ်ယောက် ဖြစ်ပေမယ့် အခုလိုရောဂါနဲ့ ဆုံးသွားလို့ မောင်ဖြစ်အတွက် မဖြေဆည်နိုင်ဖြစ်နေရတဲ့ ဖွေးစိန် ဖွေးစိန်လေး အကယ်ဒမီပေးပွဲ တက်နေတုန်း မောင်ဖြစ်သူဆုံးသွားတဲ့ သတင်းကို ပရိတ်သတ်တို့လည်း ကြားဖူးလောက်ပြီထင်ပါတယ်နော်… အမေဖြစ်သူခမျာလည်း တော်တော်လေးကို ဝမ်းနည်းနေရှာတာ… လူတစ်ယောက်ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းနေတာထက် ဖွေးစိန်တို့က မဖြေဆည်နိုင်ဖြစ်နေကြတာပါ ဘာလို့လဲဆိုတော့ သူ့မောင်လေးက ဆရာဝန်တစ်ယောက်ဖြစ်ပြီး နှလုံးရောဂါနဲ့ ကွယ်လွန်သွားလို့ပါပဲ ဆရာဝန်လည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်ဘဲဆိုတော့ ဒီလိုရောဂါတွေနဲ့ ကွယ်လွန်တတ်ပါတယ်နော်… ဒါပေမဲ့ သူ့ကိုယ်သူ ဆေးစစ်တာ ဆေးသောက်တာ ကာကွယ်တာတွေ သေချာမလုပ်လို့လား မသိဘူးနော်… ဒါမျိုးကြီး ရုတ်တရက်ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ…မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်… ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပြုလုပ်တဲ့ မောင်လေးဖြစ်သူ ဧဒင်ဦးရဲ့ ဈာပနအခမ်းအနားမှာ မြင်တွေ့ရတဲ့ ဖွေးဖွေးနဲ့ မိခင်ကြီး…
-

ဆီဘောက်ဆာယာဉ်အတွင်း သန့်ရှင်းရေးလုပ်ရာမှ အောက်စီဂျင်ပြတ်လပ်ပြီး အမျိုးသား ၂ ဦး သေဆုံး
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်မှာ ဒီကနေ့ ညနေပိုင်းက ဆီဘောက်ဆာယာဉ်အတွင်း ဆီဂျိုးတွေကို ဝင်ရောက်ရှင်းလင်းရာမှ အောက်စီဂျင်ပြတ်လပ်ပြီး အမျိုးသား ၂ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်လို့ သိရပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက် ညနေ ၆ နာရီ ၁၂ မိနစ်အချိန်ခန့်က မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာအနီးရှိ မြို့ရှောင်လမ်းပေါ်မှာ ရပ်နားထားတဲ့ ဂါလန် (၇၅၀၀) ဆံ့ ဆီဘောက်ဆာယာဉ်အတွင်း ဆီဂျိုးတွေကို ဝင်ရောက်ရှင်းလင်းနေတဲ့ အမျိုးသား ၂ ဦး သတိမေ့မြောနေကြောင်း သတင်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ သတင်းရရှိခဲ့တာကြောင့် မှော်ဘီမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်၁ စီးနဲ့ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေက သွားရောက်ကူညီ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပြီး ဆီဘောက်ဆာ တိုင်ကီအတွင်း အောက်စီဂျင် ပြတ်လပ်မှုကြောင့် သတိမေ့မြောနေသူ…
-

စစ်ကော်မရှင်တပ်သားအလောင်းများကို ပုသိမ်၌ ညအချိန် တိတ်တဆိတ် သင်္ဂြိုဟ်နေရ
သာပေါင်းတိုက်ပွဲတွင် သေဆုံးသည့် စစ်ကော်မရှင်တပ်သားအလောင်းများကို ပုသိမ်၌ ညအချိန် တိတ်တဆိတ် သင်္ဂြိုဟ်နေရ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ သေဆုံးခဲ့သော စစ်ကော်မရှင် တပ်သားအလောင်းများကို ပုသိမ်မြို့တွင် ညအချိန်မတော် တိတ်တဆိတ် သင်္ဂြိုဟ်နေရကြောင်း သိရသည်။ ပုသိမ်မြို့၊ ရွှေမြင်တင်သုဿန်သို့ သာပေါင်းတိုက်ပွဲမှ ကျဆုံးစစ်ကော်မရှင်တပ်ဖွဲ့ဝင် အလောင်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၈ ရက်၊ ည ၈ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် မော်တော်ယာဉ် သုံးစီးဖြင့် သယ်ယူလာပြီး သင်္ဂြိုဟ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းအထူးတပ်ဖွဲ့ – ပုသိမ်ထံမှ သိရသည်။ “သာပေါင်းတိုက်ပွဲမှာ AA နဲ့ ဧရာဝတီ PDF တွေနဲ့ ရင်ဆိုင်တွေ့ပြီး သေကုန်တဲ့ စစ်သားအလောင်းတွေကို ဖောကားတွေနဲ့ အလုံအုပ်ပြီး သယ်လာတာ။ အဲဒါတွေကို လာသင်္ဂြိုဟ်ကြတာပါ”…
-

တရုတ်ဇီဝနည်းပညာကုမ္ပဏီတွင် ပေါက်ကွဲမှုဖြစ်ပွား လူ ၈ ဦး သေဆုံး
တရုတ်နိုင်ငံမြောက်ပိုင်း၊ ရှန်ရှီပြည်နယ်၊ စူးကျိုးမြို့ရှိ ဇီဝနည်းပညာကုမ္ပဏီတခုတွင် စနေနေ့ နံနက် အစောပိုင်းက ပေါက်ကွဲမှုဖြစ်ပွားရာ လူ ရှစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက တနင်္ဂနွေနေ့တွင် အတည်ပြုခဲ့သည်ဟု Global Times က ဖော်ပြလိုက်သည်။ ယင်းဝမ်းနည်းဖွယ်ဖြစ်ရပ်နှင့်ပတ်သက်၍ တရားဝင်စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်ပြီး အခင်း ဖြစ်ပွားရာ နေရာတွင် ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေသည်။ ပေါက်ကွဲမှုသည် ရှန်ရင်ခရိုင်ရှိ ကုမ္ပဏီ၏ ထုတ်လုပ်ရေးအလုပ်ရုံတခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယင်း နေရာမှာ ခရိုင်အုပ်ချုပ်ရေးရုံးစိုက်ရာမြို့နှင့် ၄၀ ကီလိုမီတာကျော် ကွာဝေးသော တောင်ထူထပ်သည့်ဒေသတွင် တည်ရှိကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက သီတင်းပတ်ကုန်တလျှောက်လုံး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း အခင်းဖြစ်ပွားရာနေရာတွင် အဝါရောင်မီးခိုးတန်းများ ထွက်ပေါ်နေသည်ကို မြင်တွေ့နေရဆဲဖြစ်သည်။ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နံနက် ၉…