Category: News

  • နတ်တလင်းတွင်တိုက်ပွဲများ ဖြစ်နေပြီး စစ်တပ်ဒရုန်းကြောင့် တော်လှန်ရေးရဲဘော် ၆ ဦး ကျဆုံး

    နတ်တလင်းတွင်တိုက်ပွဲများ ဖြစ်နေပြီး စစ်တပ်ဒရုန်းကြောင့် တော်လှန်ရေးရဲဘော် ၆ ဦး ကျဆုံး

    ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေသလို ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် တော်လှန်ရေးရဲဘော် ၆ ယောက် ကျဆုံးခဲ့တယ်လို့ နတ်တလင်းမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “နတ်တလင်းအရှေ့ခြမ်းမှာ စစ်တပ်စစ်ကြောင်း ပြန်ဝင်နေပြီးတော့ အခုလဆန်းပိုင်းကစလို့ တိုက်ပွဲတွေလည်း ပြန်ဖြစ်နေတယ်။ တိုက်ပွဲတွေစဖြစ်ကတည်းက လေကြောင်းပစ်ကူတွေကလည်း ဆက်တိုက်လုပ်လာတာတယ်။ သူတို့ဘက်က သေဆုံးတာရှိသလို ငုတ်တိုရွာဘက်မှာ ဒရုန်းနဲ့ဗုံးကြဲခံရလို့ ကျနော်တို့မဟာမိတ်ဖြစ်တဲ့ သာယာဝတီခရိုင်တပ်ရင်း​တခုရဲ့ တပ်ခွဲထဲက ရဲဘော်​ ၆ ယောက် ကျဆုံးခဲ့တယ်။ အဲဒီတပ်ရင်းဘက်ကလည်း သတင်းထုတ်ပြန်ပေးပါလိမ့်မယ်” လို့ ပြောပါတယ်။ အခု ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး နတ်တလင်းမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ငုတ်တိုကျေးရွာဘက်ကို စစ်ကောင်စီတပ် မြေပြင်စစ်ကြောင်းက ရှေ့ဆက်တိုး ဝင်ရောက်လာတာကြောင့် နေ့တိုင်းနီးပါး တိုက်ပွဲတွေ…

  • ကပစ ၁၆ အနီးဝန်းကျင်က တိုက်ပွဲတွေ မှာ စကစ ၃၀ ကျော်သေဆုံး

    ကပစ ၁၆ အနီးဝန်းကျင်က တိုက်ပွဲတွေ မှာ စကစ ၃၀ ကျော်သေဆုံး

    ကပစ ၁၆ ကို ဦးတည်ပြီး ၊ ထိုးစစ်ဆင်လာတဲ့ တိုက်ပွဲမှာ စစ်ကော်မရှင် ဘက်က အကျအဆုံးများပြီး ၊ သုံးဆယ်ကျော်သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ပွိုင့် ၆၆၆ ကို သိမ်းပိုက်ပြီးနောက် နောက်ဆုတ်ထွက်ပြေးသွားတဲ့ စကစ တွေကို လိုက်လံချေမှုန်းရင်း ထိုးစစ်အသွင် တိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၆ ရက် နဲ့ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ မှာ စကစ ဘက်က သေဆုံးမှုများပြားခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ “ပွိုင့် ကုန်းက ထွက်ပြေးသွားတဲ့ ကောင်တွေ၊ သူတို့ပူးပေါင်းဂိတ်တွေ ကို မရောက်ခင် ကြားဖြတ်တိုက်ခံရလို့ သေတာပါ၊ ဖမ်းမိထားသူတွေလည်းရှိပါတယ်”လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ကပစ ၁၆ ရှိရာ ပန်းတောင်းမြို့နယ်၊ မသုန်ရွာ နဲ့…

  • ပေါ်တာဆွဲ ဖမ်းဆီးခံထားရသည့် လူငယ် ၂ ဦး လေးထပ်တိုက်ပေါ်မှ ခုန်ချထွက်ပြေးရာ တစ်ဦးခါးရိုးကျိူးသေဆုံး

    ပေါ်တာဆွဲ ဖမ်းဆီးခံထားရသည့် လူငယ် ၂ ဦး လေးထပ်တိုက်ပေါ်မှ ခုန်ချထွက်ပြေးရာ တစ်ဦးခါးရိုးကျိူးသေဆုံး

    လှိုင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ပေါ်တာဆွဲ ဖမ်းဆီးခံထားရသည့် လူငယ် ၂ ဦး လေးထပ်တိုက်ပေါ်မှ ခုန်ချထွက်ပြေးရာ တစ်ဦးခါးရိုးကျိူးသေဆုံး ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၁၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးခံထားရသည့် လူငယ်နှစ်ဦးသည် အဆောက်အဦအပေါ်ထပ်မှ ခုန်ချထွက်ပြေးရန် ကြိုးပမ်းစဉ် တစ်ဦးမှာ ခါးရိုးကျိုးကာ သေဆုံးသွားကြောင်း သိရသည်။ အဆိုပါလူငယ်နှစ်ဦးသည် ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက် ညပိုင်းတွင် ချုပ်နှောင်ခံထားရသည့် ရုံးအဆောက်အဦအပေါ်ထပ်မှ ခုန်ချထွက်ပြေးခဲ့ခြင်းဖြစ်ပြီး တစ်ဦးမှာ နေရာတွင်ပင် ခါးရိုးကျိုးဒဏ်ရာ ပြင်းထန်စွာရရှိကာ ယနေ့ ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ဖြစ်သည့် Hlaing info ထံမှ သိရသည်။ “ထွက်ပြေးဖို့ ကြိုးစားရင်း အပေါ်ထပ်က ခုန်ချတာ။ တစ်ယောက်က လက်ကျိုးတယ်။…

  • အရှင်လတ်လတ် တွေက အခုမှမဟုတ်ဘူး

    အရှင်လတ်လတ် တွေက အခုမှမဟုတ်ဘူး

    အရှင်လတ်လတ် တွေက အခုမှမဟုတ်ဘူး ခေါင်းကို အပိုင်းပိုင်းပြီး ရွာထိပ်မှာထားတာတွေ ကိုယ်ဝန် ၇လ အမျိုးသမီးကို ဦးခေါင်းပွင့်အောင် ပစ်တာတွေ ကိုဝန် ၅လ အမျိုးသမီးလေးကို မုဒိန်းကျင့်ပြီး အင်္ဂါထဲကို Royal-D ဘူး ထိုးထည့်ပြီး သတ်တာတွေ ရွာသားတွေကိုဖမ်းပြီး PDF ပါစွပ်စွဲ အပိုင်းပိုင်းကို တမြေ့မြေ့ ဖြတ်ပြီး မီးရှို့တာတွေ ရွာကို မီးရှို့ပြီးရင် ရွာသူတွေကို ဖမ်းပြီး အုပ်စုဖွဲ့ မုဒိန်း ကျင့် အဝတ်ဗလာနဲ့ ကခိုင်းတာတွေ သွေးအေးရင် ကိုယ့်ကိုကိုယ် ခွင့်မလွှတ်ကြေး။ (ပုံကတော့ (ဇန်နဝါရီ ၁၂ -၂၀၂၄ ခင်ဦးမြို့နယ် မြင်းကျရွာမှ မယဉ် အသက် ၃၄ နှစ် (ကိုယ်ဝန် ၇လ)အား ဦးခေါင်းပွင့်သည်အထိ ပစ်သတ်ခဲ့တဲ့ပုံ) Credit

  • ရန်ကုန်လေဆိပ်ရောက် DJ WUKONG အား စစ်ကောင်စီက ပြည်ဝင်ခွင့်မပေးဘဲ ပြန်လွှတ်

    ရန်ကုန်လေဆိပ်ရောက် DJ WUKONG အား စစ်ကောင်စီက ပြည်ဝင်ခွင့်မပေးဘဲ ပြန်လွှတ်

    ရန်ကုန်မြို့မှာ ကျင်းပမယ့် Invasion Festival မှာ ပါဝင်ဖျော်ဖြေရန် ရောက်ရှိလာတဲ့ ကမ္ဘာကျော် EDM DJ တစ်ဦးဖြစ်သူ DJ WUKONG (Alwyn Chen) အား စစ်ကောင်စီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြည်ဝင်ခွင့်မပေးဘဲ တားဆီးကာ ပြန်လည်မောင်းထုတ်လိုက်ကြောင်း သတင်းရရှိပါတယ်။ ဒီနေ့ကျင်းပမယ့် ဂီတပွဲတော်အတွက် လေဆိပ်သို့ ဆိုက်ရောက်လာစဉ် စစ်တပ်တပ်ဖွဲ့ဝင်များက ၎င်းအား ၄ နာရီကျော်ကြာ တားဆီးထိန်းသိမ်းကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းနဲ့အတူပါလာတဲ့ အဖွဲ့သားအကိုချို့လည်း အတူတကွ ထိန်းသိမ်းခံခဲ့ရကြောင်း EDM လောကနဲ့ နီးစပ်သူများထံမှ သိရပါတယ်။ ၎င်းရဲ့ အခြေအနေနဲ့ပတ်သက်ပြီး DJ WUKONG က လူမှုကွန်ရက်မှတစ်ဆင့် “မြန်မာနိုင်ငံကို ရောက်ရှိလာချိန်မှာ ပြည်ဝင်ခွင့်မရှိဘူးလို့ အပြောခံရပါတယ်။ ၄ နာရီကျော်ကြာအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့်…