Category: News
-

အကယ်ဒမီဆုရမည့်သူစာရင်း ဆုပေးပွဲမကျင်းပခင် ပေါက်ကြားလာ
မြန်မာ့ရုပ်ရှင်အကယ်ဒမီ ၁၂ ဆု စာရင်းနဲ့ အကယ်ဒမီရမဲ့ အနုပညာရှင်တွေရဲ့ စာရင်းတချို့ အကယ်ဒမီဆုပေးပွဲ မတိုင်ခင် ပေါက်ကြားလာပါတယ်။ ပေါက်ကြားလာတဲ့အထဲမှာ မြေစာရုပ်ရှင်ဇာတ်ကားမှာ အဓိကသရုပ်ဆောင်တဲ့ မြင့်မြတ်က အမျိုးသားဇာတ်ဆောင်ဆုကို ရမယ်လို့ ဖော်ပြထားပြီး အမျိုးသမီးဇာတ်ဆောင်ဆုကို ဗြောသံ ရုပ်ရှင် ဇာတ်ကားနဲ့ ခင်ဝင့်ဝါ ရမယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ ဒါ့အပြင် မြေစာရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသားဇာတ်ပို့ဆုကို ဆင်မ၊ ဗြောသံရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ပို့ဆုကို မျိုးသန္တာထွန်း၊ ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို ဒါရိုက်တာ ဝင်းလွင်ထက်တို့ ရမယ်လို့ ဖော်ပြနေကြပါတယ်။ အကောင်းဆုံးဇာတ်ညွှန်းဆုကိုတော့ မေတ္တာအမွေပုဂံမြေ ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ ငြိမ်းမင်း၊ အကောင်းဆုံး ဇာတ်ကားဆုကို နတ်ဝင်သည် ရုပ်ရှင်ဇာတ်ကားနဲ့ ဝတ်မှုံရွှေရည်၊ အကောင်းဆုံးဓာတ်ပုံဆုကို မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ် ရုပ်ရှင်ဇာတ်ကားနဲ့…
-

မင်းအောင်လှိုင် ပါရဂူဘွဲ့ယူမှုအပေါ် ဦးသန်းရွှေနှင့် ခိုင်းနှိုင်းပြီး စစ်တပ်လော်ဘီ လှောင်ပြောင်
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့ အပ်နှင်းလိုက်ခြင်းအပေါ် စစ်တပ်ထောက်ခံသူ လော်ဘီ Ba Kaung က တယ်လီဂရမ်ချန်နယ်တွင် စစ်အာဏာရှင် သန်းရွှေနှင့် ခိုင်းနှိုင်း လှောင်ပြောင်ထားသည်။ ၎င်းက အာဏာရှင် ဦးသန်းရွှေကို နေပြည်တော်ကို တည်ထောင်ပြီး ဒီမိုကရေစီကို အသက်သွင်းပေးခဲ့သူဖြစ်သော်လည်း ဘွဲ့တံဆိပ်ပေါင်းများစွာ မယူဘဲ ရာထူးမှ စွန့်လွှတ်ခဲ့သူဖြစ်သည်ဟု ရေးသားထားခြင်းဖြစ်သည်။ “လော်ဘီတွေတောင် မင်းအောင်လှိုင် ဘွဲ့ယူတာကို မလိုလားဘူးဆိုတာ သက်သေပြလိုက်တာပဲ၊ တိုင်းပြည် စီးပွားရေးနဲ့ စစ်ရေးကဏ္ဍမှာ အဘက်ဘက်မှ ကျရှုံးနေချိန် အခုလို ဘွဲ့ယူတာက လက်တွေ့ မြေပြင် အခြေအနေနဲ့ ဖီလာဆန်နေတာကို လော်ဘီတွေ ပေါက်ကွဲနေပုံရတယ်” ဟု နိုင်ငံရေး လေ့လာသူတစ်ဦးက သုံးသပ်သည်။ ထို့ပြင် စစ်တပ်လော်ဘီများ၏ ရေးသားချက်တွင် အာဏာရှင်ဟောင်း…
-

နမခစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်
စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်အခြေစိုက် အနောက် မြောက်တိုင်းစစ်ဌာနချုပ် (နမခ)အနီးမှာ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ် တပ်ဦး (BLDF)တာဝန်ရှိသူက ပြောပါတယ်။ အခု ဖေဖော်ဝါရီ ၅ရက်က တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးသူ ခြောက်ဦးထက်မနည်းရှိပြီး လက်နက်အချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။ “နမခကနေ ထွက်လာတဲ့စစ်ကြောင်းကိုတိုက်တာ။နမခနဲ့နီးတော့ နေရာကိုအသေးစိတ် ဖော်ပြလို့မရဘူး။တိုက်ခိုက်မှုအပြီးမှာ နမခကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်”လို့ အထက်ပါတာဝန်ရှိသူကတိုက်ပွဲ ဖြစ်စဥ်ကို ရှင်းပြပါတယ်။ စစ်တပ်စစ်ကြောင်းထံက MA 1နဲ့ MA 11တို့သိမ်းဆည်းရရှိတယ်လို့လည်း အသိပေးပါတယ်။ “စစ်တပ်စစ်ကြောင်းက တိုက်ခံရပြီး နမခ ထဲ ပြန်ဝင်သွားတယ်”လို့ BLDF ရဲဘော်တစ်ဦးက ပြောပါတယ်။ အဲဒီစစ်တပ် စစ်ကြောင်းကို Black Falcon၊ ပြည်သူ့လွတ်မြောက်ရေးတပ် မတော် (PLA)၊…
-

ဗဟိုဘဏ်က ငွေသားထုတ်ယူမှုများကို ကန့်သတ်လိုက်၍ ပုဂ္ဂလိကဘဏ်များတွင် ငွေသားများ လိုသလောက် ထုတ်မရတော့
ဒေါ်လာ၊ ရွှေ အပါအဝင် စျေးကစားသည့်နေရာများသို့ ငွေကြေးများ မရောက်စေရန်ဟုဆိုကာ ဗဟိုဘဏ်က ငွေသားထုတ်ယူမှုများကို ကန့်သတ်လိုက်၍ ပုဂ္ဂလိကဘဏ်များတွင် ငွေသားများ လိုသလောက် ထုတ်မရတော့ ပြည်တွင်းစီးပွားရေးနယ်ပယ်အတွင်း အမေရိကန်ဒေါ်လာ၊ ရွှေ အပါအဝင် စျေးကွက်အတွင်း စျေးကစားသည့်နေရာများသို့ ငွေကြေးများ မရောက်စေရန်ဟုဆိုကာ စစ်တပ်လက်အောက်ခံ ဗဟိုဘဏ်က ငွေထုတ်မှုများကို ကန့်သတ်ရန် ညွှန်ကြားထားကြောင်း UMFCCI သတင်းရင်းမြစ်က ပြောဆိုသည်။ ဖေဖော်ဝါရီ ၅ ရက်နေ့ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI တွင် ပြုလုပ်သော ကုန်သည်များနှင့်တွေ့ဆုံပွဲတစ်ခုတွင်လည်း စစ်တပ်လက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေ က ဒေါ်လာ၊ ရွှေ အပါအဝင် စျေးကစားသည့် စျေးကွက်များအတွင်းသို့ ကျပ်ငွေများ ထုတ်ယူ ရင်းနှီးမြုပ်နှံခြင်းကို အားမပေးကြောင်း၊ ထို့ကြောင့် ငွေသား ထုတ်ယူမှုများကို ထိန်းကျောင်းထိန်းချုပ်လျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။…
-

အီရန်၊ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှု လုံခြုံရေးအတွက်အခရာကျဟု အမေရိကန်ပြော
အီရန်နဲ့မြန်မာ အပေါ် ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူထားတဲ့ နိုင်ငံခြားရေးမူဝါဒဟာ အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ ကမ္ဘာ့ငွေကြေးတည်ငြိမ်မှုအတွက် အဓိကနေရာမှာ ဆက်ရှိနေဆဲလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆက် (Scott Bessent) က ပြောလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၅ ရက်နေ့က အမေရိကန် လွှတ်တော် ဘဏ္ဍာရေးထိန်းကြောင်းမှုကော်မတီ ၂၀၂၅ ခုနှစ် အစီအရင်ခံစာ ထုတ်ပြန်ချိန် အထက် လွှတ်တော်ကြားနာပွဲမှာ အခုလိုပြောလိုက်တာဖြစ်ပြီး အီရန်နိုင်ငံကို ဘဏ္ဍရေးအရ အပြင်းထန်ဆုံးဖိအားပေး လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အီရန်စီးပွားရေးထိခိုက်တဲ့အထိ ဖြစ်လာခဲ့ကြောင်းဦ ဒီဇင်ဘာလက အီရန်စီးပွားရေးပြိုလဲခဲ့တာဟာ ဒီမူဝါဒရဲ့ အသီးအပွင့်တွေ ဖြစ်ကြောင်းလည်း မစ္စတာဘက်ဆက်က ပြောပါတယ်။ “အီရန်နဲ့ပတ်သက်လို့ သမ္မတထရန့်က သမ္မဖြစ်လာပြီးကတည်းက အီရန်ကို အပြင်းထန်ဆုံးဖိအားပေး အရေးယူဖို့ လမ်းညွှန်ခဲ့ကြောင်း၊ အခုဒီဇင်ဘာလက အီရန်စီးပွားရေးပြိုလဲပြီး (ပြည်သူတွေအစိုးရကို ဆန့်ကျင်ဆန္ဒပြလာကြတာဟာ) ဒီမူဝါဒရဲ့…