Category: News
-

ပြည်ပရောက် လူငယ်များ စစ်မှုထမ်းရန် ပြန်မလာခြင်းများ ဖြစ်ပေါ်လျှင် မိဘများကို စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၆ ဖြင့် ထောင်ချမည်
ပုသိမ်တွင် စစ်မှုထမ်းရမည့် လူငယ်များ ထွက်ပြေးခြင်း၊ ပြည်ပရောက် လူငယ်များ စစ်မှုထမ်းရန် ပြန်မလာခြင်းများ ဖြစ်ပေါ်လျှင် မိဘများကို စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၆ ဖြင့် ထောင်ချမည်ဟု ဗိုလ်မှူးဇော်နိုင် ခြိမ်းခြောက် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူငယ်များကို စစ်မှုစာရင်းသွင်းရန် လက်မှတ်ရေးထိုးခိုင်းပြီး စစ်မှုထမ်းရမည့်အချိန်တွင် လူငယ်များ ထွက်ပြေးတိမ်းရှောင်ခြင်း၊ ပြည်ပရောက် လူငယ်များ စစ်မှုထမ်းရန် မြန်မာနိုင်ငံသို့ ပြန်မလာခြင်းများ ဖြစ်ပေါ်ပါက မိဘဆွေမျိုးများကို ပြည်သူ့စစ်မှုထမ်း ဥပဒေ ပုဒ်မ ၂၆ ဖြင့် ထောင် ၁ နှစ်ချမှတ်မည်ဟု ဗိုလ်မှူးဇော်နိုင်က ခြိမ်းခြောက်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ထိုသို့ ခြိမ်းခြောက်သူ ဗိုလ်မှူးဇော်နိုင်မှာ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ၁ ဖြစ်ပြီး ပုသိမ်မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏…
-

ပုလောမှာ အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူ သတ်ဖြတ်ခံရ
တနင်္သာရီတိုင်း၊ ပုလောမြို့ အမှတ် ၃ ရပ်ကွက်က စစ်ကောင်စီခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူ စာတိုက်စာရေးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း က မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေက အသက် ၇၄ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်နဲ့ သားဖြစ်သူ အသက် ၄၁ နှစ်အရွယ် စာတိုက်စာရေး ကိုဝင်းမင်းထွန်းကိုတို့ကို သူတို့နေအိမ် မှာပဲ မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တပ်ရင်း ၇ ပူးပေါင်းတပ်တွေက ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ သူတို့ဟာ စစ်မှုထမ်းအတွက် လူသစ်စုဆောင်းတာနဲ့ ပြည်သူတွေကို ခြိမ်းခြောက်တာကြောင့် ရှင်းလင်းတာလို့ မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းတာဝန်ရှိသူက…
-

အောင်ဇေယျ စစ်ကြောင်းမှ စစ်အရာရှိများက ရဲဘော်များကို အငတ် ထားပြီး အသေခံ စစ်တိုက်ခိုင်း
မြ၀တီမြို့သို့ ချီတက် ထိုးစစ်ဆင်နေသော အောင်ဇေယျ စစ်ကြောင်းမှ စစ်အရာရှိများက ရဲဘော်များကို အငတ် ထားပြီး အသေခံ စစ်တိုက်ခိုင်းဟု ခလရ ၉၄ မှ အလင်းဝင် တပ်သား နိုင်လင်းထွန်း ပြောဆို ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်သို့ ထိုးစစ်ဆင်နေသာ စစ်ကောင်စီ၏ အောင်ဇေယျ စစ်ကြောင်းတွင် စစ်အရာရှိများက အောက် ခြေရဲဘော်များကို ထမင်းချက်ပြုတ်စားသောက်ခွင့်မပေးဘဲ အငတ်ထားပြီး အသေခံ စစ်တိုက်ခိုင်းနေကြောင်း ခလရ ၉၄ မှ အလင်းဝင်လာသည့် တပ်သား နိုင်လင်းထွန်းက ပြောဆိုသည်။ ယမန်နေ့ မတ်လ ၁ ရက်နေ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) က ထုတ်ပြန်သည့် ရုပ်သံ အင်တာဗျူးတွင် အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသည့် တပ်မ ၅၅ လက်အောက်ခံ ခလရ…
-

ပျူစောထီးများ လက်နက်ချ အလင်းဝင်ရန် PDF တပ်ဖွဲ့က သွားရောက် ပြောဆိုစဉ် တိုက်ပွဲဖြစ်ပွား
ပွင့်ဖြူ၊ ရေပုတ်ကြီးရွာမှ ပျူစောထီးများ လက်နက်ချ အလင်းဝင်ရန် PDF တပ်ဖွဲ့က သွားရောက် ပြောဆိုစဉ် တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီး ၃ ဦး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာမှ ပျူစောထီးများ လက်နက်ချ အလင်းဝင်ရန် PDF တပ်ဖွဲ့က သွားရောက် ပြောဆိုစဉ် တိုက်ပွဲ ဖြစ်ပွားပြီး ပျူစောထီး ၃ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် -၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာအတွင်း အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးများကို တော်လှန်ရေးတပ်ဖွဲ့က လက်နက်ချ အလင်းဝင်ရန်…
-

မိုင်းရှင်းရန် လာသည့် စစ်သားများ၊ ကြေးနီ ယာဉ်တန်းနှင့် စစ်ယာဉ်တန်းများကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်
ချောင်းဦး၊ မုံရွာနှင့် ယင်းမာပင် မြို့နယ်တို့တွင် မိုင်းရှင်းရန် လာသည့် စစ်သားများ၊ ကြေးနီ ယာဉ်တန်းနှင့် စစ်ယာဉ်တန်းများကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြား စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေ လမ်းပိုင်းတွင် မိုင်းရှင်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း CDSOM ဗိုလ်စင်္ကြာစစ်ကြောင်းမှ ရဲဘော်စမာက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာ-မန္တလေး လမ်းပိုင်း၌ မိုင်းရှင်းရန် နတ်ရေကန် စစ်တပ် အထိုင်စခန်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ…