Category: News

  • ကျောက်ဖြူတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ကြည်း၊ ​ရေ၊ ​လေမှ ခုခံ​နေ

    ကျောက်ဖြူတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ကြည်း၊ ​ရေ၊ ​လေမှ ခုခံ​နေ

    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်အနီးတွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေကြောင်း သိရသည်။ ယနေ့ ဖေဖော်ဝါရီ ၂၆ရက်နေ့တွင် ဓညဝတီရေတပ်ဌာနချုပ်နှင့် လေးမိုင်အကွာ ဦးကင်းကျေးရွာတွင် AAနှင့် စစ်ကောင်စီတို့ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက နံနက် ၁၁နာရီ ၃၀မိနစ်ခန့်တွင် ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ စစ်တပ်က ရေတပ်ဝန်းကျင်ကရွာတွေနဲ့ တောင်တန်းတွေဘက်ကို နေ့တိုင်းပစ်တယ်။ သစ်ပုတ်တောင်ကို ပိတ်ဆို့ထားတာ ဒီနေ့တော့ ရွာသားအချို့ ထွက်ပြေးခွင့်ရတယ်ကြားပါတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။ ဓညဝတီရေတပ်ဌာနချုပ်အနီးရှိ ဦးကင်း၊ စည်မော်၊ ကြတ္တိန်ကျေးရွာအနီးကို AAက ထိန်းချုပ်ပိတ်ဆို့ပြီး ယမန်နေ့ ဖေဖော်ဝါရီ ၂၅ရက်နေ့က စစ်ကောင်စီတပ်များကို…

  • မုံရွာ နမခကို ရော့ကတ် ဒုံးကျည်နဲ့တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးတယ်လို့ဆို

    စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် စစ်ကောင်စီတပ်ရဲ့အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကို ပစ်မှတ်ထားတဲ့ရော့ကတ် ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ယင်းမာပင်ခရိုင် အမှတ် ၃၇ တပ်ရင်းရဲ့ တပ်ရင်းမှူးက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်က နမခ ထဲကို ရော့ကတ် ဒုံးကျည်အလုံး ၇၀ နဲ့ စစ်တပ်ရဲ့ အမှတ် ၅၀၈ အမြောက် တပ်ထဲကို ဒုံးကျည်အလုံး ၃၀ သုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သူက ဆိုပါတယ်။ “အမတ ၅၀၈ ထဲက အ‌ဆောက်အဦ ၁ လုံး မီးလောင် ပျက်စီးတယ်။ ည ၁၀ နာရီမှ မီးငြိမ်းသွားတာ”လို့ သူက ရှင်းပြပါတယ်။ နမခ ဌာနချုပ်ကို…

  • နတ်ရေကန်တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂၃ဦးလက်နက်များနှင့် ဖမ်းမိ

    နတ်ရေကန်တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂၃ဦးလက်နက်များနှင့် ဖမ်းမိ

    AA ထိုးစစ်ဆင်နေသည့်နတ်ရေကန်တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂၃ဦးလက်နက်များနှင့် ဖမ်းမိဟု CDF အရှို အသိပေး မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်ကာကင်းစခန်းများမှ တပ်စခန်စွန့် ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် – အရှို( CDF – Asho )က အသိပေးသည်။ အာရက္ခတပ်တော်(AA)က နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်တည်ရှိရာ တောင်ကုန်းအား ထိုးစစ်ဆင် တိုက်ခိုက်နေစဉ်အတွင်း ကာကင်းစခန်းများမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီ ၂၄ရက်မှစတင်၍ နယ်မြေရှင်းလင်း ဖမ်းဆီးလျက်ရှိရာ ၃ရက်အတွင်း စစ်ကောင်စီတပ်သား ၂၃ဦး ဖမ်းမိခဲ့ဟု အသိပေးသည်။ ထိုသို့ ဖမ်းမိသည့်ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သားများက ပြန်လည်ခုခံခြင်းမရှိဟုမရှိ CDF အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။ “ကျနော်တို့ကို ကြောက်ပြီးတော့…

  • ကျောက်တံခါး စစ်ကောင်စီသံလမ်းကင်းတဲစခန်း ၅ ခု တပြိုင်တည်း တိုက်ခိုက်ခံရ

    ကျောက်တံခါး စစ်ကောင်စီသံလမ်းကင်းတဲစခန်း ၅ ခု တပြိုင်တည်း တိုက်ခိုက်ခံရ

    ကျောက်တံခါးမြို့နယ်ရှိ ရထားသံလမ်း တံတားအမှတ် ၁၄၅၊ ၁၄၆၊ ၁၄၇၊ ၁၄၈၊ ၁၄၉ ရှိ စစ်ကောင်စီသံလမ်းကင်းတဲ စခန်းတွေကို ဖေဖော်ဝါရီ ၂၅ ရက် ည ၁၀ နာရီလောက်မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း -P2-3702 က ထုတ်ပြန်ပါတယ်။ အဆိုပါတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၉၊ P2-3702 တပ်ရင်း၊ Spring Warriors Column တပ်ရင်းတွေက တပြိုင်နက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးခဲ့ပြီး MA ကျည်​ဘောက် ၂ ဘောက်နဲ့ ကျည် အတောင့် ၂၀ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ဂိတ်ကင်းတဲစခန်းအားလုံးကို မီးရှို့ဖျက်ဆီးရှင်းလင်းခဲ့ပြီး…

  • စစ်မှုထမ်း အကြောင်းပြ၍ လူငယ်များကို ဖမ်းဆီးငွေညှစ်နေသော ပျူခေါင်းဆောင် နေဝင်း ပစ်ခတ်ခံရပြီး သေဆုံး

    စစ်မှုထမ်း အကြောင်းပြ၍ လူငယ်များကို ဖမ်းဆီးငွေညှစ်နေသော ပျူခေါင်းဆောင် နေဝင်း ပစ်ခတ်ခံရပြီး သေဆုံး

    နတ်တလင်း၊ ညောင်လေးပင်ရွာတွင် စစ်မှုထမ်း အကြောင်းပြ၍ လူငယ်များကို ဖမ်းဆီးငွေညှစ်နေသော ပျူခေါင်းဆောင် နေဝင်း ပစ်ခတ်ခံရပြီး သေဆုံး ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ညောင်လေးပင်ရွာတွင် လူငယ်များကို ဖမ်းဆီးပြီး ငွေတောင်းကာ ပြန်လွှတ်ပေးနေသည့် ပျူစောထီးခေါင်းဆောင် နေဝင်းကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေ ဆုံးသွားကြောင်း Phoenix DF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၆ နာရီ ၄ မိနစ်က နတ်တလင်းမြို့နယ်၊ အရှေ့ဘက် ညောင် လေးပင်ရွာမှ စစ်တပ်ထောက်တိုင် ပျူစောထီးခေါင်းဆောင် နေဝင်း အား ပဲခူးတိုင်းစစ်ဌာန၊ သာယာ ဝတီ ခရိုင်၊အမှတ် ၁ တပ်ရင်း (P23801) ၊ တပ်ခွဲ ၂…