Category: News
-

“ငရဲခန်းစစ်သင်တန်းဆင်း အမျိုးသမီးကွန်မန်ဒို ရေချယ်”
စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲဝင်နေတဲ့ တော်ဝင်ဒေါင်းစစ်ကြောင်းက အမျိုးသမီးကွန်မန်ဒို ရေချယ်ရဲ့ တော်လှန်ရေးဘဝနဲ့ ခံယူချက်တွေကို ကြားရမှာဖြစ်ပါတယ်။ သူဟာ အမျိုးသားတွေတောင် နုတ်ထွက်သွားရတဲ့ ငရဲခန်းစစ်သင်တန်းကို ထူးထူးချွန်ချွန်နဲ့ အောင်မြင်ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီးရဲမေဖြစ်ပါတယ်။
-

NUG နဲ့ SRAတွေ့ဆုံပြီး စစ်ဆင်ရေးအပါအဝင် အဓိကအချက်သုံးချက် ဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ ဒီကနေ့ တွေ့ဆုံပြီး စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်တွေ နဲ့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာတွေကို ရင်းနှီးပွင့်လင့်စွာဆွေးနွေးခဲ့တယ်လို့ NUGနဲ့ SRAက ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီလ ၂၇ရက်မွန်းလွဲ ၂နာရီမှာZoom မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပြီးအစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်နှီးမြှပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့နဲ့ SRAမှ ခေါင်းဆောင်များ စုံလင်စွာတက်ရောက်ခဲ့ကြတယ်လို့ဖော်ပြပါတယ်။ တွေ့ဆုံဆွေးနွေးမှုမှာ မူဝါဒအပေါ် အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့လည်းပါရှိပါတယ်။ အစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး နဲ့ SRA ဦးဆောင်ကော်မတီဝင်ဆလိုင်းဝီလျံချင်းတို့ကအဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကအမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာ မူဝါဒကို…
-

အသက်ငယ်ငယ်နဲ့ ရာထူးအတက်ကြမ်းနေတဲ့ မြန်မာစစ်တပ်
စစ်ကောင်စီတပ်ထဲမှာ အခုတလော ရာထူးတွေ အရမ်းတက်နေပါတယ်။ ဒါပေမယ့် အသက်ရှင်နေတုန်း ရာထူးတက်တာမဟုတ်ဘဲ သေမှ တက်တဲ့ရာထူးတွေပါ။ ရာထူးတက်သလောက် အသက်ထွက်တာကလည်း မြန်ပါတယ်။ အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်နေတဲ့ ကျောက်ဖြူစစ်မျက်နှာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်က သက်ထွန်းအောင် (ကြည်း-၇၇၆၈၂) ဆိုသူ သေဆုံးသွားခဲ့ပါတယ်။ အံ့သြစရာကောင်းတာက သူ့အသက်ဟာ (၂၅) နှစ်သာ ရှိသေးတာပါ။ တကယ်တော့ သူဟာ အသက်ရှင်လျက်နဲ့ ဗိုလ်မှူးဖြစ်သွားတာ မဟုတ်ပါဘူး။ မြေပြင်တိုက်ပွဲမှာ အသေဆိုးနဲ့ သေဆုံးသွားပြီးမှသာ စစ်ကောင်စီက ဗိုလ်မှူး အပွင့်ရာထူးကို ပေးလိုက်တာပဲ ဖြစ်ပါတယ်။ အသက်ရှင်တုန်းကတော့ ရှေ့တန်းမှာ အသေခံခိုင်းပြီး သေမှ ရာထူးတိုးပေး၊ ဂူလုပ်ပေးတဲ့ စစ်တပ်ရဲ့ ထုံးစံအတိုင်းပါပဲ။ မယားဖြစ်သူကတောင် TikTok ကနေ “စစ်သားမပီသပြနဲ့…
-

မနက် ၂ နာရီခွဲကြီး ထလောင်တဲ့ မန္တလေး မီး
28-2-2026 မန္တလေး ချမ်းမြသာစည်မြို့နယ် 65-လမ်း 106-107 လမ်းကြား မီးလောင်မူ သတင်းရ Level (1) ၂၈.၂.၂၀၂၆ ရက်နေ့၊ ၀၂ ၁၅အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၅လမ်း၊ (၁၀၆)×(၁၀၇)ကြား၊ မြို့သစ်(၁)ရပ်ကွက်၊ ရိမ်းဘိုး(မြို့သစ်)ဆိုင်ကယ်အပိုပစ္စည်းဆိုင်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ Level 1 ယာဉ် အုပ်စုများထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။ Update ၀၃ ၀၂ အချိန် မီးထိန်းပါသည်။ ရေခဲ
-

ဧရာဝတီစစ်မျက်နှာတွင် ဒုဗိုလ်မှူးကြီးအဆင့်ရှိသူများ အရေးပေါ်ကုသနေရ
ဧရာဝတီစစ်မျက်နှာတွင် ဒုဗိုလ်မှူးကြီးအဆင့်ရှိသူများ အရေးပေါ်ကုသနေရပြီး ဗိုလ်ကြီးအဆင့်ရှိသူများ သေဆုံး၍ တပ်သားသစ်များလည်း အစုလိုက်ထွက်ပြေးနေ ဧရာဝတီတိုင်းအတွင်း နယ်မြေသုံးခုထက်မနည်း၌ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကော် မရှင်ဘက်မှ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူများအပါအဝင် အရာရှိနှင့် တပ်သားအများအပြား သေဆုံး၊ ထိခိုက် ဒဏ်ရာ ရရှိနေကြောင်း သိရသည်။ ရှေ့တန်းမှ ရောက်ရှိလာသည့် ဒဏ်ရာရတပ်ဖွဲ့ဝင်များကို ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ)၊ စစ်မြေပြင်ဆေးတပ်ရင်း (မဆရ ၄) တွင် ကုသပေးနေရပြီး ဝန်ထမ်းအင်အား မလောက်ငသဖြင့် အခက်တွေ့နေကြောင်း သိရသည်။ “မဆရ ၄ ထဲမှ လူနာတွေတအားများလာလို့ ဝန်ထမ်းအင်အား မလောက်ဘဲခက်ခဲနေတယ်။ ခြေပြတ် လက်ပြတ် တပ်သားတွေကိုတောင် မကုနိုင်ဘဲ သေကုန်လို့ ရင်ခွဲရုံမှာ သွားပုံထားရတယ်”ဟု ပုသိမ်သတင်းရင်းမြစ်က ပြောသည်။ စစ်ကော်မရှင်၏ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ နှစ်…