Category: News
-

မိုးကုတ်မြို့က ထွက်ခွာချိန် ကျည်မဖောက်ကြရန် TNLA တားမြစ်
မိုးကုတ်မြို့ကနေ ထွက်ခွာမယ့်ရက်တွေမှာ ဒေသတော်လှန်ရေးအင်အားစုတွေအနေနဲ့ လုံးဝကျည် မဖောက်ဖို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က တားမြစ်ထားတယ်လို့ မိုးကုတ်သပိတ်ခေါင်းဆောင်က ပြောပါတယ်။ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို လက်လွှတ်ဖို့ စစ်ကောင်စီနဲ့သဘောတူထားတဲ့ TNLA က နိုဝင်ဘာ ၂၉နဲ့ ၃၀ ရက်တွေမှာ နောက်ဆုံးထားပြီး မြို့ကနေ ထွက်ခွာသွားဖို့ရှိနေတယ်လို့ မိုးကုတ်သပိတ်ခေါင်းဆောင်က ပြောပါတယ်။ အဲ့ဒီရက်တွေမှာ စစ်ကောင်စီတပ်တွေလည်း တခါတည်းဝင်လာတာမျိုးဖြစ်လာနိုင်ပြီး ဘယ်လိုပုံစံ၊ ဘယ်လိုလမ်းကြောင်းကနေ ဝင်လာမယ်ဆိုတာကိုတော့ အတိအကျမသိနိုင်သေးဘူးလို့ ဆိုပါတယ်။ မိုးကုတ်မြို့ကို လက်လွှတ်မယ်လို့ TNLA က အောက်တိုဘာ ၂၉ ရက်က ကြေညာခဲ့ပြီးနောက်ပိုင်း ဒေသကာကွယ်ရေးအဖွဲ့တွေကို သူတို့သတ်မှတ်ထားတဲ့ စခန်းကုန်းတွေမှာသာ အခြေချခွင့် ပြုထားတယ်လို့လည်း သိရပါတယ်။ လတ်တလောဖြစ်ပေါ်နေတဲ့ မတ္တရာ၊ ဖော့တော့လမ်းဆုံဘက်ကနေ အင်အားအလုံးအရင်းနဲ့ ဝင်လာမယ်၊ TNLA ဝတ်စုံတွေဝတ်ပြီး မိုးကုတ်မြို့ထဲ…
-

မိုင်းနောင်တွင် ပြည်သူ့စစ်၏ ကျားဖြန့်များကို စစ်တပ်က အဖမ်းပြသော်လည်း များစွာကျန်နေသေး
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်အတွင်းရှိ ကျားဖြန့်များကို စစ်ကောင်စီတပ်များက ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား ၂၆ ဦး အပါအဝင် နိုင်ငံသား ၈ ဦးနှင့် စုစုပေါင်း ၃၄ ဦး ကိုလက်နက်ခဲယမ်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းအရ သိရသည်။ ကျားဖြန့်များနှင့်အတူ MA-1 သေနတ် တစ်လက်၊ MA-13 သေနတ် တစ်လက်၊ AK-12 သေနတ် တစ်လက်၊ ကာဘိုင် သေနတ် တစ်လက်၊ WICHESTER 12 V သေနတ် တစ်လက်၊ ၉ မမကျည် ၁၀ တောင့်၊ 12 V ကျည် ၂တောင့်၊ ၉ မမကျည်အိမ် ၁ ခု၊ AK ကျည်အိမ် ၁ ခုနှင့်…
-

အာဏာသိမ်းပြီးနောက်ပိုင်း ကျားဖြန့်စင်တာ ပိုများလာဟု စစ်ကောင်စီဝန်ခံ
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်မှာ ကျားဖြန့်ခေါ် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ အခြေစိုက်တဲ့ နေရာတွေ ပိုများလာတယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ အဲဒီလို ပိုများလာတဲ့အကြောင်းကို ဒီကနေ့ထုတ် စစ်တပ်လက်အောက်ခံသတင်းစာတွေမှာ ဂြိုဟ်တု ဓာတ်ပုံနဲ့ ဖော်ပြထားပါတယ်။ ဒါအပြင် အဲဒီအဆောက်အအုံတွေ တိုချဲ့ဆောက်လုပ်နေကတည်းက သူတို့သိရှိခဲ့ကြောင်းလည်း သတင်းစာတွေမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ “၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း နိုင်ငံရေးဖြစ်စဉ်တွေကြောင့် နိုင်ငံတော်ရဲ့ လုံခြုံရေးအခြေအနေတွေအပေါ် အခွင့်ကောင်းယူပြီး ဒီဒေသတွေမှာ တရားမဝင် အဆောက်အအုံတွေကို တိုးချဲ့ဆောက်လုပ်နေကြောင်း သိရှိခဲ့ရပါတယ်။” ဒါပေမဲ့ အဲဒီအဆောက်အအုံတွေ များလာတာဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) မှာပဲ တာဝန်ရှိပြီး စစ်တပ်အနေနဲ့ ငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းဖို့ပဲ လုပ်နေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ နိုင်ငံတကာကတော့…
-

စစ်တပ်၏ ရွေးကောက်ပွဲကို ဥရောပသမဂ္ဂက အသိအမှတ်မပြုဘဲ ပယ်ချ
စစ်တပ်၏ ရွေးကောက်ပွဲကို ဥရောပသမဂ္ဂက အသိအမှတ်မပြုဘဲ ပယ်ချလိုက်ပြီး သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ရန် တောင်းဆို အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို ဥရောပသမဂ္ဂက အသိအမှတ်မပြုဘဲ ပယ်ချလိုက်ပြီး သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရန် ဥရောပ ပါလီမန်က တောင်းဆိုလိုက်သည်။ စစ်တပ်က လာမည့် ဒီဇင်ဘာလ နှင့် ဇန်နဝါရီ အတွင်း တစ်ဖက်သတ် စီစဉ်ထားသည့် တရားမဝင် ရွေးကောက်ပွဲများကို ပယ်ချကြောင်း၊ ရှင်းလင်းသော ဒီမိုကရေစီ စံနှုန်းများနှင့် အခြေခံ လွတ်လပ်ခွင့်များ ကင်းမဲ့ခြင်း၊ မဲပေးရန် မဖြစ်နိုင်သော အခြေအနေများ၊ ဆက်လက်ဖြစ်ပွားနေသော နှိပ်စက်ဖိနှိပ်မှု၊ အစုလိုက်အပြုံလိုက် နေရာရွှေ့ပြောင်းခံရမှုနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုများ လုံးဝမရှိခြင်းတို့ကြောင့် စစ်အာဏာရှင်အဖွဲ့၏ လက်ရှိလုပ်ဆောင်မှုများမှာ တရားမဝင်ကြောင်း…
-
မိုးကုတ် သယံဇာတများ TNLA က တတ်စွမ်းသလောက် ထုတ်ယူသွား
မိုးကုတ် သယံဇာတများ TNLA က တတ်စွမ်းသလောက် ထုတ်ယူသွားဟု ဒေသခံများပြော တအာင်းတပ် TNLA ထိန်းချုပ်မှု နောက်ဆုံးအချိန်အထိ မြို့၏ အဖိုးတန်သယံဇာတများကို “အလွန်အကျွံ” ထုတ်ယူခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများ သိမ်းယူခြင်းတို့ကြောင့် မြို့၏ အမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင် “ပြင်းထန်စွာ” ထိခိုက်ပျက်စီးခဲ့ရကြောင်း မြို့ခံများက ပြောသည်။ စစ်ရေးအရ သိမ်းယူထားသော မြို့ကို စွန့်ခွာချိန်တွင် မိုးကုတ်မြို့သည် ‘အခွံသက်သက်’ သာ ကျန်ရှိတော့မည့် အခြေအနေကို “ရင်နာစရာ” မြင်တွေ့နေရသည်ဟု ဒေသခံများက ပြောသည်။ TNLA က မိုးကုတ်မြို့ကို သိမ်းယူထားသည့် ကာလတစ်လျှောက်လုံး၊ ၎င်းတို့နှင့် အဆက်အသွယ်ရှိသော တရုတ်ကုမ္ပဏီများနှင့် မဟာမိတ် ကိုးကန့်ဒေသမှ လုပ်ငန်းများကို ပတ္တမြားမြေတွင် ကျောက်တူးဖော်ခွင့်များ ချထားပေးခဲ့သည်။ ယခင်က တူးဖော်ခြင်းမရှိသည့် မြို့ရှိ ဂေါက်ကွင်းနှင့်…