Category: News
-

တပ်မ ၅၅ က အရာရှိစစ်သည် ၆ ဦး ထွက်ပြေး
ရှေ့တန်း မကြာခဏထွက်နေရတာကြောင့် တပ်မ ၅၅ က အရာခံဗိုလ်တယောက် နဲ့ အခြားအဆင့် ၅ ယောက်တို့ ဖေဖော်ဝါရီ ၂၇ ရက်က ထွက်ပြေးသွားတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) လက်အောက်ခံ ကလောမြို့အခြေစိုက် တပ်မ ၅၅ မှာ ဖေဖော်ဝါရီ ၂၄ ရက်က ရှေ့တန်းထွက်ဖို့ လက်အောက်ခံတပ်တွေကို စုစည်းထားတဲ့အထဲက အရာရှိ၊ စစ်သည် ၆ ယောက် ထွက်ပြေးသွားတာလို့ သတင်းအရင်းအမြစ်က ပြောပါတယ်။ “တပ်မ ၅၅ က ရှေ့တန်းအတွက် လက်အောက်ခံတပ်တွေကို ၂၄ ရက်ကတည်းက စုထားတာ၊ ၂၇ ရက်မှာ ခလရ ၃၊ ခလရ ၇ နဲ့ ခမရ ၁၁၂ က အရာခံဗိုလ်တယောက်…
-

သရက်ချောင်းတွင် ထိုးစစ်ဆင်လာသော စစ်ကြောင်းနှင့် စစ်တပ် ဂိတ်စခန်းများကို ဒရုန်းဖြင့် ဗုံး ၁၀၀ ကျော် ကျဲချ တိုက်ခိုက် (ရုပ်/သံ)
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် ဂိတ်စခန်းများကို ဒရုန်းဖြင့် ဗုံးအလုံး ၁၀၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း DRAGON SQUAD-TNI မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၂၄ ရက်နေ့ထိ သရက်ချောင်းမြို့နယ် အတွင်းရှိ ပန်းပြင်၊ ပိန်းတော၊ မဲနယ်အိုး၊ ရွေဂူ၊ ရန်တောင်၊ ဥတ္တူ၊ သရက်နှစ်ခွ ကျေးရွာများကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မဟာမိတ်ပူးပေါင်း ဒရုန်းတပ်ဖွဲ့များနှင့် ထားဝယ်ခရိုင်တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ပန်းပြင်ကျေးရွာကို ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇…
-
စလင်းမြို့နယ်တွင် စစ်ဆင်ရေးများ ပူးတွဲလုပ်ဆောင်ရန် တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့ ၆ ခု ပေါင်းစည်း
စလင်းမြို့နယ်တွင် စစ်ဆင်ရေးများ ပူးတွဲလုပ်ဆောင်ရန် တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့ ၆ ခု ပေါင်းစည်းလိုက်ပြီး စစ်တပ်ကို စုပေါင်း ထိုးစစ်ဆင်တိုက်ခိုက်မည် မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ဆင်ရေးများ ပိုမို လုပ်ဆောင်နိုင်ရန် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၆ ခုပူးပေါင်းလိုက်ပြီး စစ်တပ်ကို ပူးပေါင်းအားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မည်ဖြစ်ကြောင်း ဒေါင်းစစ်အောင် (LPDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဘုံသဘောတူညီချက် ၁၃ ချက်ကို စလင်းမြို့နယ် အခြေစိုက် ရင်း ၁ ၊ ရင်း ၅ ၊ ဗမာ့တပ်တော်၊ ဒေါင်းစစ်အောင်၊ ဒေါင်းညီနောင် မြို့ပြပြောက်ကျား နှင့် SALIN LOCAL PDF တို့မှ…
-

ရေစကြိုတွင် စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအဆင့်အပါ ၉ ဦးသေဆုံးကာ စစ်သုံ့ပန်း ၉ ဦး ဖမ်းမိ
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက် ခံရပြီး ဗိုလ်ကြီးအဆင့်အပါအဝင် ကိုးဦးသေဆုံးကာ စစ်သုံ့ပန်းကိုးဦးဖမ်းဆီးရမိခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၈ နာရီခွဲတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက် ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။ “စစ်ကြောင်းထိုးလာတာကို ကြားဖြတ်ချေမှုန်းခဲ့တာဖြစ်ပါတယ်။ ကျည်ကွယ်မျက်ကွယ်မရှိတဲ့ ကွင်းပြင် မှာ သတ်ကွင်းကောင်းကောင်း ဖော်နိုင်ခဲ့တယ်။ ရန်သူ့စစ်ကြောင်း ဦးကျိုးပြီးထွက်ပြေးသွားခဲ့တဲ့ အခြေ အနေမျိုးအထိ ဖြစ်ခဲ့တယ်” ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ကိုးဦး၏ ရုပ်အလောင်းများရရှိ က စစ်သုံ့ပန်းကိုးဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း နှစ်ဖက်ပစ်ခတ်မှု သုံးနာရီကြာဖြစ်ပွားခဲ့ပြီး…
-

မြောင်နယ်မှာ စစ်အုပ်စုတွေ စစ်ကြောင်းပျက်တဲ့အထိ ချေမှုန်းတိုက်ခိုက်ခံရ
အရာရှိ အပါအဝင် ၁၀ ကျော် သေဆုံးပြီး သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိလို့ဆို စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အနောက်ခြမ်းကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စုတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက စစ်ကြောင်းပျက်တဲ့အထိချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီး သုံ့ပန်းနဲ့လက်နက်ခဲယမ်းတွေသိမ်းဆည်း ရရှိခဲ့တယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ – CDSOM ခေါင်းဆောင်ကိုနွေဦးက ပြောပါတယ်။ မြောင်မြို့နယ် အနောက်ခြမ်းက ကျေးရွာတွေကို မကွေးတိုင်း ရေစကြိုမြို့ဘက်ကနေ ချင်းတွင်းမြစ်ဖြတ်ပြီး စစ် ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်အုပ်စုတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီလ ၂၆ ရက် မနက် ပိုင်းမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ကိုနွေဦးက ဆိုပါတယ်။ “တိုက်ပွဲဖြစ်တာက မနက် ၇ နာရီလောက်မှာ စဖြစ်တာ။ သူတို့(စစ်အုပ်စု)ဘက်က အထိနာတော့ ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်၊ Mi-35 နဲ့ ခြောက်ကြိမ် လာပစ်တယ်။…