Category: News
-

နတ်မောက်မှာ ၁ ရက်တည်း အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရ
သေနတ်သံကြောင့် နှလုံးရောဂါအခံရှိသူ အမျိုးသား ၁ ဦးပါသေဆုံး မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊အုပ်ရှစ်မျှောင်ကျေးရွာနဲ့ စန်းကုန်းကျေးရွာမှာ ၁ ရက်တည်း အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပြီး သေနတ်သံကြောင့် နှလုံးရောဂါအခံရှိသူ အမျိုးသား ၁ ဦးပါသေဆုံးခဲ့တယ်လို့ နတ်မောက်မြို့နယ်ပကဖ တာဝန်ခံထံက သိရပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့ညနေ ၆ နာရီလောက်မှာအုပ်ရှစ်မျှောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးချစ်ကို နေအိမ်မှာဝင်ရောက်ပစ်ခတ်ခဲ့ပြီး ညနေ ၆ နာရီခွဲကျော်ခန့်မှာ အသက် ၇၆ နှစ်အရွယ် စန်းကုန်းရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကိုလည်း နေအိမ်မှာပင် ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ “အုပ်ရှစ်မျှောင်ပြီးတော့ စန်းကုန်းအုပ်ကြီးကို တခါတည်းဝင်ရှင်းတာ။ ရွာတွေက ကပ်လျက်ပါ။ နေအိမ်ထဲဝင်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာချည်းပါပဲ။ ခေါင်းတွေချည်း ပစ်ခဲ့တာပါ။”လို့ နတ်မောက်မြို့နယ် ပကဖတာဝန်ခံ ကိုအဆိပ်သီးက ပြောပါတယ်။ သေနတ်နဲ့အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့်…
-

ကန့်ဘလူနယ်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ညောင်ပင်ဆိပ်ရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့၀င်ကို ဒေသခံတော်လှန် ရေးတပ်က စောင့်ကြိုတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့၀င် ၄ ဦးသေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၃ ရက် မနက်ပိုင်းက ကန့်ဘလူမြို့ နယ်ချင်မြစ်ကျင်းကျေးရွာပျူအထိုင်စခန်းကနေ ချင်မြစ်ကျင်း-ကာဘိုးလမ်းပိုင်းကင်းယူဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီး၈ ဦးကို ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်း နဲ့ နယ်မြေခံ ပကဖ ပူး ပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီး ၄ ဦးသေဆုံးပြီး G3သေနတ် ၃ လက်နဲ့ ကာဘိုင် သေနတ် ၂ လက် သိမ်းဆည်းနိုင်ခဲ့ပြီး တေယ်လှန်ရေးတပ်ဖွဲ့၀င်တွေ ထိခိုက်မှုမရှ်ိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်အမှတ် ၄ တပ်ရင်းကသတင်းထုတ်ပြန်ထားပါတယ်။…
-

စိုက်ပျိုးရေးနှင့် မွေးမြူရေးပေါင်းစည်းထားသည့် တက္ကသိုလ်တစ်ခု ဧရာ၀တီတိုင်းတွင် လာမည့် ပညာသင်နှစ်ဖွင့်လှစ်မည်ဟု မင်းအောင်လှိုင် ထုတ်ပြော
ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်များ လုံခြုံရေး စိုးရိမ်၍ ပြောင်းရွှေ့မည့်သတင်း ပိုမိုခိုင်မာလာ စိုက်ပျိုးရေးနှင့်မွေးမြူရေးပေါင်းစည်းထားသည့် တက္ကသိုလ်တစ်ခုကို ဧရာ၀တီတိုင်းတွင် လာမည့် ပညာသင်နှစ်အတွင်း ဖွင့်လှစ်မည်ဟု အကြမ်း ဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။ လာမည့်ပညာသင်နှစ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ပေါင်းစည်းထားသည့် တက္ကသိုလ်တစ်ခုကို ဧရာ၀တီတိုင်းအတွင်း ဖွင့်လှစ်ပေးနိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့ကြောင်း၊ ထိုသို့ ထုတ်ဖော်ပြောဆိုမှုကြောင့် မကြာမီ နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် သစ်တောတက္ကသိုလ်တို့ကို ဧရာ၀တီတိုင်းဘက်သို့ ပြောင်းရွှေ့ပြီး ပြင်ဦးလွင်မှ စစ်တက္ကသိုလ်များကို လုံခြုံရေးစိုးရိမ်ချက်အရ နေပြည်တော်သို့ ပြောင်းရွှေ့ရောက်ရှိလာမည်ဆိုသော သတင်းများမှာ ပိုမိုခိုင်မာလာကြောင်း အဆိုပါတက္ကသိုလ်များနှင့်နီးစပ်သော အသိုင်းအ၀ိုင်းက ပြောဆိုသည်။ ထို့ပြင် စစ်ကောင်စီက…
-

ပုဂံသို့ ဘုရားဖူးလာသည့် လူငယ်တချို့ ကို စစ်တပ်က စစ်မှုထမ်းတပ်သားများအဖြစ် ဖမ်းဆီး
ဧည့်စာရင်းမတိုင်ဟု စစ်တပ်က အကြောင်းပြကာ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူများအားလုံး စစ်တပ်ထဲ အပို့ခံရ မန္တလေးတိုင်း၊ ပုဂံမြို့ကို ဘုရားဖူးလာသည့် လူငယ်တချို့ကို အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း တပ်သားများအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့နှင့် ၃ ရက်နေ့ ညပိုင်း အကြမ်းဖက် စစ်တပ်က ပုဂံမြို့ပေါ်ရှိ နေအိမ်များ၊ ဟိုတယ်များနှင့် တည်းခိုခန်းများကို ဧည့်စာရင်း ဝင်ရောက် စစ်ဆေးခဲ့ပြီး လူငယ် ၁၀ ဦးကျော်ကို ဖမ်းဆီးခဲ့ကြောင်း၊ ဧည့်စာရင်းမတိုင်ဟုဆိုကာ စစ်တပ်က လူငယ်များကို အကြောင်းပြ ဖမ်းဆီးခဲ့ပြီးနောက် ဖမ်းဆီးခံရသော လူငယ်များအားလုံးကို စစ်တပ်ထဲသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။ အကြမ်းဖက် စစ်တပ်က ပုဂံမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် ညပိုင်း ဧည့်စာရင်း အကြောင်းပြ၍ ဖမ်းဆီးမှုများ…
-

စစ်မှုထမ်းရမည့်သူ ထွက်ပြေးတိမ်းရှောင်သွား၍ အစားထိုးဖမ်းဆီး
စစ်မှုထမ်းရမည့်သူ ထွက်ပြေးတိမ်းရှောင်သွား၍ အစားထိုးဖမ်းဆီးမှုများ စစ် တပ်က စတင်လုပ်ဆောင်၊ စစ်တပ်ထဲတွင် လူပျောက် စုံစမ်းမှုများ လက်မခံ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် အကြမ်းဖက် စစ်တပ်က လူငယ်များကို နေအိမ်အထိ စစ်မှု ထမ်းရန် လိုက်လံ ခေါ်ဆောင် ဖမ်းဆီးနေပြီး စစ်မှုထမ်း စာရင်းတွင် ပါဝင်နေသော လူငယ်များ မရှိလျှင် အိမ်တွင်ရှိသူများကို အစားထိုး ဖမ်းဆီးခေါ်ဆောင်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ရှမ်းစုကျေးရွာမှ လူငယ်တချို့ကို စစ်တပ်က စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန် လာရောက် ခေါ်ဆောင် ဖမ်းဆီးရာတွင် စစ်မှုထမ်းရမည့်လူငယ် တိမ်းရှောင်သွား၍ နေအိမ်တွင် ရှိနေသူကို အစားထိုး ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ ည…