Category: News
-

ဗန်းမော် လေယာဉ်ကွင်း နှင့်လေဆိပ် ဧရိယာ တစ်ခုလုံးကို KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်
ဗန်းမော် လေယာဉ်ကွင်း နှင့်လေဆိပ် ဧရိယာ တစ်ခုလုံးကို KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်း အများအပြားရရှိ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဗန်းမော်လေယာဉ်ကွင်းနှင့် လေဆိပ်တစ်ခုလုံးကို KIA ဦး ဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြားရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြော ဆိုသည်။ ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်နေ့ ညနေပိုင်းတွင် ဗန်းမော်လေယာဉ်ကွင်းနှင့် လေဆိပ်တစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ဗန်းမော်လေဆိပ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ညနေပိုင်းတွင် အပြီး သတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “ဗန်းမော်လေယာဉ်ကွင်း Sold out သွားပြီ။ လေယာဉ်ကွင်းနှင့်လေဆိပ်အကုန်လုံးရတာပါ။ လက်နက်ခဲယမ်းတွေလည်း အများကြီးရပါတယ်။ စာရင်းအတိအကျတော့ မသိရသေးပါဘူး” ဟု…
-

ရေးမြို့နယ်တွင် စစ်ကောင်စီတပ်အားတိုက်ခိုက်ခဲ့ဟု တောင်ပိုင်းစစ်ဒေသ အသိပေး
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းကျေးရွာရှိ ဘိုကလေးကျောင်းတိုက်အနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ဇန်နဝါရီ ၂၂ ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက ယနေ့(ဇန်နဝါရီ ၂၆ ရက်) သတင်းထုတ်ပြန်သည်။ တောင်ပိုင်းစစ်ဒေသ အမှတ်(၁၈၀၃) SDDF Missile Team နှင့် တော်လှန်ရေး မဟာမိတ်အင်အားစုများပူးပေါင်း၍ Missile Rocket များဖြင့် ပစ်ခတ်ခဲ့ဟု ဖော်ပြသည်။ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံး၍ ၁၀ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပြီး စစ်ကောင်စီတပ် အသုံးပြုသော ကားတစီး မီးလောင်ပျက်စီးခဲ့ဟု ထုတ်ပြန်ထားသည်။ တောင်ပိုင်းစစ်ဒေသ၏ ထုတ်ပြန်ချက်တွင် ယာဉ်တစ်စီးပေါ်တပ်ဇင်ထားသည့် လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုရုပ်သံကိုလည်း ဖော်ပြထားသည်။ တောင်ပိုင်းစစ်ဒေသ နယ်မြေ ရေးမြို့နယ်အတွင်း၌ PDF စစ်ကြောင်းများနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၊ မွန်တော်လှန်ရေးတပ်ဖွဲ့များ၊…
-

ခရီးသွားများ မရှိသော်လည်း ဟိုတယ်နှင့် ဈေးဆိုင်များကို ဖိအားပေး ဖွင့်လှစ်ခိုင်း
ငွေဆောင် ကမ်းခြေတွင် စစ်တပ်က ပြည်သူ့စစ်များကို ထောက်ပံ့ရန် ငွေကောက်ခံနေပြီး ခရီးသွားများ မရှိသော်လည်း ဟိုတယ်နှင့် ဈေးဆိုင်များကို ဖိအားပေး ဖွင့်လှစ်ခိုင်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင် ကမ်းခြေတွင် အကြမ်းဖက် စစ်တပ်က ပြည်သူ့စစ်များကို ထောက်ပံ့ရန် ငွေကောက်နေပြီး ခရီးသွားများ မရှိသော်လည်း ဟိုတယ်နှင့် ဈေးဆိုင်များကို ဖိအားပေး ဖွင့်လှစ်ခိုင်းနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။ ဇန်နဝါရီလ ၂၃ ရက်နေ့မှ စ၍ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ကမ်းခြေကို ခရီးသွားများ လာရောက်လည်ပတ်မှု နည်းပါးကာ ကမ်းစပ် ဈေးဆိုင်များပါ ဖွင့်လှစ်ခြင်းမရှိသောကြောင့် အကြမ်းဖက် စစ်တပ်က ဟိုတယ်၊ တည်းခိုခန်းနှင့် ဈေးဆိုင်များကို ဖိအားပေးဖွင့်လှစ်ခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။ ငွေဆောင်မြို့မှ ပြည်သူတစ်ချို့လည်း ရွေ့ပြောင်းမှု ရှိနေပြီး…
-

KIA ထိန်းချုပ်နယ်မြေအတွင်း TNLA တပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာ
KIA ထိန်းချုပ်နယ်မြေအတွင်း TNLA တပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသောကြောင့် နှစ်ဖက် အချင်းများ KIAတပ်ဖွဲ့တစ်ဦးကို TNLA တပ်ဖွဲ့ဝင်များမှ သေနတ်ဒင်းဖြင့်ထုလိုက်သောကြောင့် ဒဏ်ရာရ KIO အစိုးရ ထိန်းချုပ်ထားပြီး မြို့ပြ စီမံရေးဖော်ဆောင်နေလျက်ရှိသော နမ့်ဖက်ကာသို့ TNLA တပ်များ အင်အား အလုံးအရင်းဖြင့် တိုးဝင်လာသောကြောင့် KIA နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ တားဆီးထားကာ နှစ်ဖက် အချင်းများနေလျက်ရှိကြောင်းနှင့် KIA တပ်ဖွဲ့တစ်ဦးက TNLA တပ်များမှ သေနတ်ဒင်းဖြင့် ထုလိုက်သောကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီလ (၂၆)ရက်နေ့ မွန်းလွဲ (၁)နာရီခွဲခန့်မှစ၍ နမ့်ဖက်ကာသို့ TNLA တပ်များမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသော အခြေအနေဖြစ်ပြီး KIA နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ တားဆီးထားရသည့်အပြင် TNLA တပ်များ…
-

အောင်ပြည့်စုံပိုင်ဆိုင်သည့် အဇူရာဟိုတယ်မှ ပစ္စည်းများပြောင်းရွှေ့
ချောင်းသာတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်သည့် အဇူရာဟိုတယ်မှ ပစ္စည်းများပြောင်းရွှေ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်သည့် ဟိုတယ်ရှိ ဟိုတယ်အသုံးအဆောင်ပစ္စည်းများကို စတင် ပြောင်းရွှေ့ နေကြောင်း ဟိုတယ်ဝန်ထမ်းတစ်ဦးထံက သိရသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သား အောင်ပြည့်စုံ ပိုင်ဆိုင်သော ချောင်းသာ ကမ်းခြေရှိ အကြီးမားဆုံးဟိုတယ် အဇူရာ ( Azura beach Resort) အပါအဝင် အခြားဟိုတယ်အချို့မှ ဟိုတယ်အသုံးအဆောင်ပစ္စည်းများကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့က စတင်၍ ပြောင်းရွှေ့နေခြင်းဖြစ်ကြောင်း ချောင်းသာကမ်းခြေရှိ ဟိုတယ်များနှင့်နီးစပ်သူထံက သိရသည်။ “မင်းအောင်လှိုင်ရဲ့သားပိုင်တဲ့ဟိုတယ်ပါ။ လက်ရှိတော့မပိတ်သေးဘူး။ ဒါပေမယ့် လူရှင်းတယ်။ ကားသုံးလေးစီးလောက်တော့တွေ့တယ်။ ချောင်းသာမှာဆို သူက အဓိကဟိုတယ်တစ်ခုပဲ။ ရှေ့မှာဆိုဆိုင်းဘုတ်ရှိတယ်။ ဘာသာရေးကိုင်းရှိုင်း သလိုလိုဘာလိုလို…