Category: News

  • ခေါဇာမြို့ရှိ စစ်ကောင်စီတပ်စခန်းအား မွန်တပ်နှင့် PDF ပူးပေါင်းတိုက်ခိုက်

    ခေါဇာမြို့ရှိ စစ်ကောင်စီတပ်စခန်းအား မွန်တပ်နှင့် PDF ပူးပေါင်းတိုက်ခိုက်

    စစ်ရှိန်မြှင့်ရန်ရှိ၍ ပြည်သူများ မလိုအပ်ဘဲခရီးသွားလာခြင်းမပြုရန် MSRF ပြော မွန်ပြည်နယ်၊ ရေးမြို့နယ် ခေါဇာမြို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်းတပ်က ဇန်နဝါရီ ၂၃ရက်တွင် တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ရှိကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။ ခေါဇာမြို့အခြေစိုက် အမှတ်(၃၁)ခြေလျင်တပ်ရင်း(ခလရ – ၃၁) လက်အောက်ခံ မီးတိုင်တပ်စခန်းအား မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) နှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု MSRF က ထုတ်ပြန်သည်။ “ခလရ(၃၁) လက်အောက်ခံ မီးတိုင်တပ်စခန်းလို့ ခေါ်တယ်။ သူက လမ်းမကြီးပေါ်မှာ ရှိနေတာ။ ဒီစခန်းကို သွားရောက်တိုက်ခိုက်ဖို့ အသွားမှာ သူတို့နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့တာပါ။ တိုက်ပွဲက နာရီဝက်ကျော်ကျော် မိနစ် ၄၀လောက်ကြာတယ်။…

  • ဖလမ်းတွင်  စစ်သုံ့ပန်းများ ထားရှိသည့် အဆောက်အအုံကို စစ်တပ်က လေ ယာဉ် ဖြင့် ဗုံးကျဲချ

    ဖလမ်းတွင် စစ်သုံ့ပန်းများ ထားရှိသည့် အဆောက်အအုံကို စစ်တပ်က လေ ယာဉ် ဖြင့် ဗုံးကျဲချ

    ဖလမ်းတွင် စစ်သုံ့ပန်းများ ထားရှိသည့် အဆောက်အအုံကို စစ်တပ်က လေ ယာဉ် ဖြင့် ဗုံးကျဲချ၍ ရဲတပ်ဖွဲ့ဝင် ၇ ဦးနှင့် မိသားစုဝင် ၁ ဦးအပါအဝင် ၈ ဦး သေဆုံး စစ်ကောင်စီက စစ်သုံ့ပန်းများကို ပြန်လည် ဗုံးကျဲသတ်ဖြတ်မှုအပေါ် ဝမ်း နည်းစိတ်မကောင်းဖြစ်ရဟု စစ်သုံ့ပန်း ဒုရဲမှူးကြီး မိုးနိုင်ပြော ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် CNO ၊ CNDF အဖွဲ့က ဖမ်းဆီးထားသည့် စစ် သုံ့ပန်း ရဲတပ်ဖွဲ့ဝင် ၄၄ ဦးရှိသည့် စာသင် ကျောင်း နေရာကို အကြမ်းဖက်စစ် တပ်က ဗုံးကျဲတိုက်ခိုက်သည့်အတွက် ရဲအုပ်၊ ဒုရဲအုပ်များအပါအဝင် ရဲတပ် ဖွဲ့ဝင် ၇ ဦးနှင့် ရဲ မိသားစုဝင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း…

  • တစ်ကျော့ပြန်ဖြစ်နေတဲ့ ဗန်းမော်တိုက်ပွဲမှာ သံချပ်ကာ တပ်ရင်းတစ်ခုနဲ့ တင့်ကား ၄ စီး KIA သိမ်းပိုက်

    တစ်ကျော့ပြန်ဖြစ်နေတဲ့ ဗန်းမော်တိုက်ပွဲမှာ သံချပ်ကာ တပ်ရင်းတစ်ခုနဲ့ တင့်ကား ၄ စီး KIA သိမ်းပိုက်

    ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ တဖန် စစ်ရှိန်မြင့် တိုက်ပွဲဖော်ဆောင်လိုက်ပြီး လက်ရှိမှာ လေယာဉ်ကွင်းအနီးရှိ သံချပ်ကာတပ်ရင်းတစ်ခု နဲ့ စစ်ဗိုလ်တစ်ဦးကို ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ မနက် ၆ နာရီ ဝန်းကျင်က စတင်ပြီး ခလရ ၄၇၊ စကခ (၂၁)၊ သံချပ်ကာတပ်ရင်းနဲ့ စစ်ကောင်စီတပ် နေရာယူထားတဲ့ ဗန်းမော်တက္ကသိုလ်အားလုံးကို စစ်အင်အားအလုံးအရင်းနဲ့ တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ နံနက်ပိုင်း ၁၁ နာရီခန့်ဝန်းကျင်အထိ လေယာဉ်ကွင်းအနီးက သံချပ်ကာတပ်ရင်းအပါ တင့်ကား ၄ စီးနဲ့ ဗိုလ်ကြီးတစ်ဦး ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ “ဒီကနေ့ မနက်ပိုင်း ၆ နာရီလောက်ကနေ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ…

  • ကျောင်းသား ၁၇ ဦးကို အဓမ္မပြုကျင့်တဲ့ ကျောင်းဆရာကို ဖမ်းဆီးထား

    ကျောင်းသား ၁၇ ဦးကို အဓမ္မပြုကျင့်တဲ့ ကျောင်းဆရာကို ဖမ်းဆီးထား

    ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ မုက္ကလကျေးရွာမှာ ယာယီကျောင်းအုပ်ဆရာက ကျောင်းသား ၁၇ ဦးအား အဓမ္မပြု ကျင့်ခဲ့တယ်လို့ ဖြစ်စဉ်ကိုသိထားတဲ့ ဒေသခံထံက သိရပါတယ်။ ကျောင်းသားတွေကို အဓမ္မပြုကျင့်သူဟာ မုက္ကလကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲက ယာယီကျောင်းအုပ်ဖြစ်သူ အသက် ၂၉ နှစ်အရွယ် ဦးသက်ဇော်အောင် ဖြစ်တယ်လို့ ဆိုပါတယ်။ အဓမ္မပြုကျင်ခံရတဲ့ ကျောင်းသားတွေထဲက ကျောင်းသားတဦးဖြစ်သူ အသက် ၁၁ နှစ်အရွယ် ၄ တန်း ကျောင်သားက နေအိမ်မှာရှိနေချိန် အနေအထိုင်မမှန်တာကြောင့် မိဘဖြစ်သူတွေက ခေါ်မေးမြန်းရာမှ အဓမ္မပြုကျင့်ခံရတာကို သိရပြီးနောက် ဇန်နဝါရီ ၂၃ ရက် မနေ့ မနက်ပိုင်းမှာ ပဲခူးမြို့မရဲစခန်းမှာ အမှုဖွင်ခဲ့တာလို့ ဆိုပါတယ်။ “၄ တန်းကျောင်းသား မိဘတွေကနေ သိသွားတာ။ ကလေးက ကျန်းမာရေးမကောင်းတဲ့ပုံစံဖြစ်တယ်ဆိုတော့ မိဘတွေက စစ်တော့သိလို့ မိဘတွေကိုယ်တိုင်…

  • ကန့်ဘလူမှာ သုံးရက်အတွင်း တပ်သားသစ်စုဆောင်းခံရသူ ၃၅၀ ခန့်ရှိ

    ကန့်ဘလူမှာ သုံးရက်အတွင်း တပ်သားသစ်စုဆောင်းခံရသူ ၃၅၀ ခန့်ရှိ

    ကန့်ဘလူမြို့မှာ စစ်အုပ်စုက အသက် ၁၈ ကနေ ၅၀ နှစ်ကြား အမျိုးသားတွေကို တပ်သားသစ်အဖြစ် မဲနှိုက်ရွေး ချယ်နေပြီး လက်ရှိမှာ အဲဒီလို ရွေးချယ်စုဆောင်းခံထားရသူ ၃၅၀ ခန့်ရှိနေပြီလို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ “ပေါ်တာဆွဲ မဲနှိုက်ခိုင်းထားတဲ့ မြို့ပေါ်ကလူထုကို အားလုံး ၃၅၀ ရပြီလို့ပြောတယ်။ မနေ့ကထိအောင်။ ဒီနေ့ နမခ ( အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ကို ပို့မယ်လို့ ကြားတယ်”လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်စပြီး ကန့်ဘလူမြို့ပေါ်က အမျိုးသားတွေကို တပ်သားသစ်အဖြစ် မဲနှိုက် စုဆောင်းနေတာဖြစ်ပြီး သုံးရက်အတွင်း အမျိုးသား ၃၅၀ခန့် အဓမ္မစုဆောင်းခံထားရတာလို့ဆိုပါတယ်။ ကန့်ဘလူမြို့ပေါ်မှာ အမှတ် (၆၀၀၆) တင့်ကားတပ်ရင်၊ ခရိုင်ထွေအုပ်ရုံး၊ မြို့နယ်ထွေအုပ်ရုံး၊…