Category: News
-

ဆိပ်ဖြူမြို့နယ်အတွင်း ဝါဇီစက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးရှိ စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက်
ကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာ အဓိက အခန်းကဏ္ဍက ပါ၀င်ပြီး စစ်ကောင်စီခိုင်းသမျှ ငွေစက္ကူ ထုတ်လုပ်ပေးနေတဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းက ဝါဇီ စက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။ ဆိပ်ဖြူမြို့အနီးက ဝါဇီ စက်ရုံ၊ ချောင်းမကြီးကျေးရွာ စစ်ကောင်စီစခန်း၊ ပခုက္ကူမြို့နယ်၊ လယ်ကျင်းကျေးရွာအနီး ဇီးပင်ဂိတ်၊ တောခေါင်းဂိတ်၊ ချိုက်ကျေးရွာ စစ်ကောင်စီစခန်း၊ မြင်းစကောကျေးရွာ စစ်ကောင်စီစခန်းတို့ကို မကွေးတိုင်း ပကဖ ရဲ့ ဒရုန်းလက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးက ထုတ်လုပ်ထားတဲ့ Short Range Missile – SRM (၁၇) လုံး၊ Drop Bomb (၂၆) လုံးနဲ့ ၈၁ မမ…
-

စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်
ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုးရန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိုက်သေဆုံးမှုရှိကြောင်း 925 ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောဆိုသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဆုံရွာ ပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ငါန်းမြာကြီးကျေးရွာမှ ထွက်လာသော အင်အား ၁၀၀ ဝန်းကျင်ခန့်သည် မိုးတောင်ကျေးရွာကို ရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို 925 ပြောက်ကျားတပ်ဖွဲ့နှင့် တော်လှန်ရေး ပူးပေါင်း…
-

မန္တလေးမှာ နေ့ခင်းအချိန် အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်
မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်မှာ နေ့ခင်းအချိန် လူမြင်ကွင်းမှာ အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်မှု မနေ့ ဇန်နဝါရီလ ၂၂ ရက် နေ့ခင်းပိုင်း ၃ နာရီ ခွဲ ဝန်းကျင်က ဖြစ်ပွားခဲ့ပါတယ်။ ချမ်းမြသာစည်မြို့နယ် ၊ အနောက်မြို့သစ် ၆၉ အေလမ်း ၊ ၁၁၅ လမ်းနဲ့ ၁၁၆ လမ်းကြားမှာ ဖြစ်ပွားတာဖြစ်ပြီး ဆိုင်ကယ် စီး အမျိုးသား ၆ ဦးက အခြားသောဆိုင်ကယ်စီးအမျိုးသားကိုရန်ပြုကာ ဆိုင်ကယ်လုယက်သွားတာပါ။ CCTV မှတ်တမ်းအရ ကလစ် ဆိုင်ကယ် (Click) အမျိုးအစားမောင်းနှင်လာတဲ့အမျိုးသားကို မျက်နှာချင်းဆိုင်လာတဲ့ ဆိုင်ကယ် ၃ စီးနဲ့အမျိုးသား ၆ ဦးက ဆိုင်ကယ်နဲ့ဝင်တိုက်ပြီး ရန်ပြုကာ ဆိုင်ကယ်ကိုလုယက်သွားတာတွေ့ရပါတယ်။ ဆိုင်ကယ်ပိုင်ရှင်အမျိုးသားက ဆိုင်ကယ်ကို ပြန်ရဖို့ ကြိုးပမ်းရာမှာ ရန်ပြုတိုက်ခိုက်တာကို…
-

ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းအား PDF များ စောင့်ကြိုတိုက်ခိုက်
စစ်တောင်းမြစ်အနောက်ခြမ်း စိုးမိုးနိုင်ရေးဆောင်ရွက်နေဟု တော်ဝင်လျှပ်စီးစစ်ကြောင်း ပြော ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်မှုရှိခဲ့သည်ဟု ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်(PDF) စစ်ကြောင်းဖြစ်သည့် တော်ဝင်လျှပ်စီးစစ်ကြောင်း(RTC)မှ ပြောရေးဆိုခွင့်ရှိသူ ကိုအီဗယ်က ပြောသည်။ ယမန်နေ့(ဒီဇင်ဘာ၂၂ရက်) ည ၉နာရီ ၄၅မိနစ်ခန့်တွင် ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အနောက်ဖက်ကမ်းရှိ နှောပင်ကျေးရွာတွင် စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲနေကြသော အင်အား ၁၅ဦးခန့်ရှိသော စစ်ကောင်စီတပ်သားများကို RTCစစ်ကြောင်းမှ ရဲဘော်များက သွားရောက်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာတိုက်ပွဲဖြစ်ခဲ့သည်ဟု တော်ဝင်လျှပ်စီးစစ်ကြောင်း(RTC)က သတင်းထုတ်ပြန်သည်။ ထိုသို့တိုက်ခိုက်မှုကြောင့် အထိနာသွားသည့် နှောပင်ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်သားများအား စစ်ကူပေးရန် ကျွန်းတောကုန်းကျေးရွာမှ စစ်ကူထွက်လာသော အင်အား ၂၀ခန့်ပါ စစ်ကောင်စီတပ်ကိုလည်း ထပ်မံစောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၁၀ မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု အသိပေးသည်။ RTC စစ်ကြောင်း၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရကြောင်း ထုတ်ပြန်ထားပြီး…
-

ချောင်းသာကမ်းခြေမှ ဟိုတယ်၊ တည်းခိုခန်းနှင့် ဆိုင်ခန်းများ ဖွင့်လှစ်ခြင်းမရှိဘဲ ပိတ်ထားလျှင် နိုင်ငံပိုင် အဖြစ်ချိတ်ပိတ်သိမ်းမည်
တိုက်ပွဲများကြောင့် ဧည့်သည်မရှိတော့ချိန် ချောင်းသာကမ်းခြေမှ ဟိုတယ်၊ တည်းခိုခန်းနှင့် ဆိုင်ခန်းများ ဖွင့်လှစ်ခြင်းမရှိဘဲ ပိတ်ထားလျှင် နိုင်ငံပိုင် အဖြစ်ချိတ်ပိတ်သိမ်းမည်ဟု စစ်တပ်က ခြိမ်းခြောက် ဧရာဝတီတိုင်း၊ တိုက်ပွဲများကြောင့် ဧည့်သည်မရှိတော့ချိန် ချောင်းသာကမ်း ခြေ နှင့်မြို့ပေါ်မှ ဟိုတယ်၊ တည်းခိုခန်းနှင့် ဆိုင်ခန်းများ ဖွင့်လှစ်ခြင်းမရှိဘဲ ပိတ်ထားပါက နိုင်ငံပိုင် အဖြစ်ချိတ်ပိတ်သိမ်းဆည်းမည်ဟု အကြမ်းဖက် စစ်တပ်က လိုက်လံ ခြိမ်းခြောက်နေကြောင်း ပုသိမ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီး တိုက်ပွဲများ ရောက်ရှိလာသဖြင့် ချောင်းသာကမ်းခြေသို့ လာရောက်သူ နည်းပါးလာကြောင်း၊ ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ဟိုတယ်နှင့်တည်းခိုခန်း၊ ဆိုင်ခန်းများ ယာယီပိတ်သိမ်းကြကြောင်း၊ ထို့ကြောင့် ချောင်းသာမြို့ရှိ ဟိုတယ်၊ တည်းခိုခန်းနှင့် ဆိုင်ခန်းများ ပြန်လည် ဖွင့်လှစ်ရန်…