Category: News

  • ပုဏ္ဏားကျွန်း၌ စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်သဖြင့် ပရဟိတလူငယ် ၁ ဦး သေဆုံး

    ပုဏ္ဏားကျွန်း၌ စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်သဖြင့် ပရဟိတလူငယ် ၁ ဦး သေဆုံး

    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ဖြူစင်ရင်ခွင်ဖောင်းဒေးရှင်းက ၁၄ နှစ်အရွယ် ပရဟိတ လူငယ်လေးတစ်ယောက် လူနာသွားသယ်စဥ်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်တဲ့အတွက် အောက်တိုဘာ ၂၆ ရက်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားသူမှာ ဖြူစင်ရင်ခွင်ဖောင်းဒေးရှင်းက အသက် ၁၄ နှစ်အရွယ် မောင်ဌေးအောင်ဟိန်း ဖြစ်ပြီး ကွန်းတောင်ကျေးရွာက လူနာတယောက်ကို အကူအညီပေးဖို့ သွားစဉ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်တာခံရပြီး သေဆုံးခဲ့တာလို့ သူရဲ့ အစ်ကိုဖြစ်သူက လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ ပုဏ္ဏားကျွန်းမြို့က သူနဲ့ ပရဟိတ လုပ်ဖော် လူငယ်တယောက်က “ကွန်းတောင်ရွာ လူနာတယောက်က ဆေးရုံပို့ပေးဖို့ အကူအညီတောင်းခံလာလို့ သွားပြီးယူကြတာမှာ စစ်ကောင်စီက ဒရုန်းနဲ့တိုက်ခိုက်တာကို ခံကြရတာ။ ပရဟိတကို စိတ်အားထက်သန်စွာရှိတဲ့ လူတစ်ဦးကို ဆုံးရှုံးရတာဟာ ပြည်သူတွေအတွက် ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်ပါတယ်။…

  • အာဏာသိမ်းစစ်တပ်ကို အကြီးအကျယ်ရှုံးနိမ့်စေခဲ့သော “ ၁၀၂၇ “ စစ်ဆင်ရေး နှစ်နှစ် ပြည့်ခဲ့ပြီ

    အာဏာသိမ်းစစ်တပ်ကို အကြီးအကျယ်ရှုံးနိမ့်စေခဲ့သော “ ၁၀၂၇ “ စစ်ဆင်ရေး နှစ်နှစ် ပြည့်ခဲ့ပြီ

    နံနက် မိုးလင်းသည်နှင့် စစ်တပ်စခန်းများကို တော်လှန်ရေးတပ်များ အင်နှင့်အားနှင့် ဝင်ရောက်တိုက်ခိုက် ချေမှုန်းလိုက်ရာ လက်နက်ချ၊ ထွက်ပြေးကြသည့်မြင်ကွင်းများက တစ်နိုင်ငံလုံးကို အံ့ဩမင်သက်သွားစေသည်။ ၂၀၂၁ စစ်တပ် အာဏာသိမ်းချိန်မှစ၍ စစ်တပ်ကို ရရာလက်နက်ဖြင့် တော်လှန်ခဲ့ကြသည့် တော်လှန်ရေး အင်အားစုအတွက် အချိုးအကွေ့အချိန်အခါ ရောက်ပြီဟုပင် ထင်မှတ်လိုက်ကြသည်။ အဖွင့် ကောင်းခဲ့သော်လည်း အဆုံးသတ်လည်း မလှပခဲ့သည်က ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ က စတင်ခဲ့သည့် “၁၀၂၇” စစ်ဆင်ရေးပင်ဖြစ်သည်။ ထို့နေ့ထိုရက်ကစတင်သော အမည်ဖြင့်ပင် ရိုးရိုးရှင်းရှင်း အမည်ပေးခဲ့ပြီး စစ်ဆင်ရေးကို အပိုင်းနှစ်ပိုင်း ခွဲကာ ပြုလုပ်ခဲ့ကြပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သော ကိုးကန့်တပ် (MNDAA) ၊ တအာင်းတပ် (TNLA) ၊ အာရက္ခတပ်တော် (AA) တို့က ဦးဆောင်ခဲ့ကြပြီး ရှမ်းမြောက်တိုက်ပွဲများကို…

  • ဂျူလီယာဆက်ရဲ့ အမေကတော့ သမီးဖြစ်သူအတွက် လူရှေ့ထွက်ပြီး ရှင်းလာခဲ့ပြီ

    ဂျူလီယာဆက်ရဲ့ အမေကတော့ သမီးဖြစ်သူအတွက် လူရှေ့ထွက်ပြီး ရှင်းလာခဲ့ပြီ

    ဂျူလီယာဆက်ရဲ့ အမေကတော့ သမီးဖြစ်သူအတွက် လူရှေ့ထွက်ပြီး ရှင်းလာခဲ့ပြီ မီဒီယာတွေ ခေါ်ထားပေမယ့် ဦးယောဆက်ကို ကြောက်လို့ ဘယ်သူမှ မလာရဲဘူးတဲ့ သူမ(10) အတန်းအရွယ်ကတည်းက ဦးယောဆက်က အလိုမတူဘဲ ပေါင်းသင်းခဲ့ကြောင်းနဲ့ တောထဲက အိမ်မှာ ဘယ်သူနဲ့မှ အတွေ့မခံဘဲ ပိတ်လှောင်ထားခဲ့တာ အော်တစ်ဇင်ဖြစ်နေတဲ့ သားလေးကို ဆေးကုသဖို့ မပေးခဲ့သလို သမီးငယ်လေးမှာလည်း သူမကို နှိပ်စက်နေတာတွေ မြင်ပြီး စိတ်ရောဂါရခဲ့တာ မူးလာရင်လည်း သူမကို အမြဲလိုလို နှိပ်စက်ပြီး သူစိတ်တိုရင် ရှိတဲ့ ပစ္စည်းနဲ့ ကောက်ပေါက်တာ ဦးယောဆက်ဆီက သူမတို့သားအမိထွက်ပြေးဖို့ ကြိုးစားပေမယ့်လည်း ပိုင်ဆိုင်သမျှ ပစ္စည်းတွေအပြင် မှတ်ပုံတင်ကအစ သိမ်းထားပြီး ခိုးမှုနဲ့ပါ ရဲစခန်းအမှုဖွင့်ထားလို့ ဘယ်လိုမှ လုပ်မရတော့လို့သာ အခုလို လူသိရှင်ကြား ပြောရတာပါ။ သမီးလေးနဲ့ သူမတို့ သားအမိကို…

  • ပြင်းထန်တဲ့ဝေဖန်မှုခံနေရတဲ့ စစ်ကောင်စီဘက်တော်သား အနုပညာရှင်များ

    ပြင်းထန်တဲ့ဝေဖန်မှုခံနေရတဲ့ စစ်ကောင်စီဘက်တော်သား အနုပညာရှင်များ

    ပြည်သူတွေရဲ့ ပြင်းထန်တဲ့ဝေဖန်မှုခံနေရတဲ့ စစ်ကောင်စီဘက်တော်သား အနုပညာရှင်များ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မြန်မာပြည်ရဲ့နာမည်ကြီးမင်းသားတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားအပေါ် တော်လှန်ရေးအသိုင်းအဝိုင်းအပါအဝင် ပြည်သူတွေရဲ့ ဝေဖန်သံတွေ ဆူညံနေပါတယ်။ “ဗုံးထောင်တာ တော်လှန်ရေးမဟုတ်ဘူးတဲ့ အိမ်တွေမီးရှို့တာက နယ်မြေရှင်းလင်းရေး၊ လေယာဥ်နဲ့ ပြည်သူတွေ၊ကလေးတွေပါမကျန် ဗုံးကြဲတာက စစ်ဆင်ရေး၊ ကိုယ့်လက်အောက် မှာ မလုပ်ချင်တဲ့သူတွေကိုဖမ်းပြီးထောင်ချ၊ ကိုယ်မကောင်းလို့မကောင်းဘူးပြောတဲ့သူတွေကိုဖမ်းဆီးဖျောက်ဖျက်တာကနိုင်ငံရေး၊စစ်ရှုံးနေလို့လူငယ်တွေကိုပေါ်တာဆွဲတာကတပ်မတော်ပေါ့လေ။” လို့ Revolution Fan War-RFW ပေ့ခ်ျက ‌မြေပြင်အခြေအနေနဲ့ ကွာဟနေတဲ့ အကြောင်းကို ထောက်ပြထားပါတယ်။ ဒီဇာတ်ကားက စစ်ကောင်စီရဲ့ရွေးကောက်ပွဲ အတွက်တင်မဟုတ်ပဲ ပြည်သူ့ဘက်တော်သားတွေရဲ့ တည်ရှိမှုကိုပါ စကားလုံးအသုံးအနှုန်း ၊ အမူအရာတွေနဲ့ စော်ကားထားကြတာပါ။ “ပြည့်သူတွေပေးတဲ နာမည်တွေနဲ့ အောင်မြင်လာပြီး ပြည်သူလူထုကို ကျေဇူးဆပ်လိုက်တာ ။ ဒါလား ပရိတ်သတ်ကိုချစ်တာ၊ ဒါလား ပရိတ်သတ်ရဲ့အနုပညာရှင်တွေလား။ မအလ ကိုမထောက်ခံလို့…

  • မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံထိပ်သီးနှင့်ဆက်စပ် အစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်

    မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံထိပ်သီးနှင့်ဆက်စပ် အစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်

    အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် ပျက်ကွက်နေမှုကြောင့် မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံထိပ်သီးနှင့်ဆက်စပ် အစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင် ရွေးကောက်ပွဲ မကျင်းပမီ အကြမ်းဖက်မှုများရပ်တန့်ရန်နှင့် အားလုံးပါဝင်သော တွေ့ဆုံညှိနှိုင်းရေး လုပ်ဆောင်ရမည်ဟု အာဆီယံက အသိပေး မြန်မာအကြမ်းဖက်စစ်တပ်အနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်နေသည့်အတွက် မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်လိုက်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ဆုံးဖြတ်ကြေညာချက် ထုတ်ပြန်လိုက်သည်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ တွင် အောက်တိုဘာလ ၂၆ ရက်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး အချက် ၂၈ ချက်ပါ မြန်မာ့အရေး ဆွေးနွေးချက် ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် အဓိက အချက်များအနေဖြင့် မြန်မာစစ်တပ်က အာဆီယံဘုံသဘော တူ…