Category: News
-

ရမခတိုင်းမှူးဗိုလ်ချုပ်မြင့်ကျော်ထွန်းနှင့်ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး ၃ ဦးကို စစ်ကောင်စီဖမ်းဆီး
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)တိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်းနှင့် ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး သုံးဦးသည် ကျားဖြန့်ငွေလိမ်လုပ်ငန်းများနှင့် ပတ်သက်နေသည်ဟု တရုတ်အစိုးရ၏ သတင်းပေးပို့မှုဖြင့် စစ်ကောင်စီကဖမ်းဆီးပြီး နေပြည်တော်တွင် စစ်ဆေးနေကြောင်း သိရသည်။ ဗိုလ်ချုပ်မြင့်ကျော်ထွန်း၊ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းနိုင်စိုး၊ တန့်ယန်းအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းတင်၊ မိုင်းရယ်စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးမြတ်မော်အောင်တို့ကို ကျားဖြန့်ငွေလိမ်လုပ်ငန်းများနှင့် ပတ်သက်ပြီး ဖမ်းဆီးခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ “သတင်းရင်းမြစ်တွေပြောကြားချက်အရ တရုတ်နိုင်ငံကနေ စာရင်းပေးပြီးတော့ အတိအကျဖမ်းတယ်လို့ သတင်းရရှိပါတယ်”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။ စစ်ကောင်စီနှင့် နီးစပ်သော သတင်းရင်းမြစ်တဦးကလည်း ဗိုလ်ချုပ်မြင့်ကျော်ထွန်းအပါအအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ကောင်စီတပ်အရာရှိလေးဦးကို ဖေဖော်ဝါရီ ၂၁ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ဗိုလ်လောင်းသင်တန်းဆင်းပွဲ၌ ဖမ်းဆီးသွားခြင်းဟု ပြောသည်။ အဆိုပါ ဗိုလ်လောင်းသင်တန်းဆင်းပွဲသို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။ ထို့အပြင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊…
-

လိုင်ဇာ ဝေကြိုင် စစ်ရှောင်စခန်းက ၃ နှစ်အရွယ် ကလေးငယ် ရိုက်နှက်၊ မီးရှို့ သတ်ခံရ
ကချင်ပြည်နယ်၊ လိုင်ဇာ ဝေကြိုင် စစ်ရှောင်စခန်းက အသက် ၃ နှစ်အရွယ် ကလေးငယ်တယောက်ဟာ မတ် ၁ ရက်နေ့က မီးရှို့၊ ရိုက်နှက်၊ လှီးဖြတ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သေဆုံးသွားတဲ့ ကလေးငယ်ဟာ လိုင်ဇာ ဝေကြိုင် စစ်ရှောင်စခန်း အကွက် ၂ မှာ နေထိုင်တဲ့ ဦးဆင်နန်ဇော်ဒန်နဲ့ ဒေါ်လထော်ကော့နန် တို့ရဲ့ သား၊ အသက် ၃ နှစ်အရွယ် မောင်ဆင်နန်ဒန်ခေါင်တူး ဖြစ်ပြီး မတ် ၁ ရက် မနက် ၈ နာရီလောက်မှာ ပျောက်ဆုံးသွားတာ ဖြစ်ပြီး ပြစ်မှုကျူးလွန်သူကိုလည်း သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒေသခံအမျိုးသမီးတယောက်က “သူတို့အိမ်နားက ကောင်လေးတယောက် ခေါ်သွားပြီး မီးရှို့၊ ရိုက်နှက်၊ ဓားနဲ့ လှီးထားတာတဲ့။…
-

လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီ၏ ပူလူတူတပ်စခန်းကို တပ်မဟာ(၇) ပူးပေါင်းတပ်သိမ်းပိုက်
လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီ၏ ပူလူတူတပ်စခန်းကို တပ်မဟာ(၇) ပူးပေါင်းတပ်သိမ်းပိုက်နိုင်ဟု KNU သတင်းရင်း မြစ်ပြော ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၇)နယ်မြေ လှိုင်းဘွဲ့မြို့နယ်ရှိစစ်ကောင်စီတပ် စခန်းတစ်ခုကို ယနေ့ (မတ်လ ၂ ရက်) ညပိုင်း၌ အပြီး သတ်သိမ်းပိုက်နိုင်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။ ထိုင်း – မြန်မာနယ်စပ်အနီး လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ပူလူတူစခန်းကို KNU ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂၇ ရက်က စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၄ ရက်မြောက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ စခန်းကိုသိမ်းလိုက်ပြီးနောက် ယနေ့ ည ၇ နာရီခန့်တွင် မီးရှို့ဖျက်ဆီးလိုက်နိုင် သည်ဟု ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ” အခြေအနေက ထောက်ကြည့်တော့ သေချာတော့ သေချာပြီတဲ့။…
-

တိုက်ပွဲပြင်းထန်နေသောကျောက်ဖြူသို့ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ရောက်လာ
ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေစဉ် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ လေကြောင်းမှရောက်ရှိလာသည်။ ဖေဖော်ဝါရီလ ၂၆ရက်နေ့က ကျောက်ဖြူလေဆိပ်သို့ ဆိုက်သည့် ခရီးသည်တင်လေယာဉ်နှင့်အတူ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅ ဦး လိုက်ပါလာခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။ “အဲ့ဒီနေ့က အယောက်အစိတ်ပါတယ်။ ဒီရက်ထဲတင် ရောက်လာတာ ၅၀ ရှိနေပါပြီ။ တရုတ်လုံခြုံရေးရဲတွေပါ။စီမံကိန်းတွေဆီ တန်းသွားပါတယ်”ဟု မြို့ခံသတင်းရင်းမြစ်က ပြောသည်။ ကျောက်ဖြူမြို့မှ ဓညဝတီရေတပ်စခန်းကို အာရက္ခတပ်တော်(AA) ဖေဖော်ဝါရီလ ၂၁ ရက်တွင် စတင်တိုက်ခိုက်ပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။ ဦးကင်းရွာ၊ ရှောက်ချောင်းရွာတို့တွင် မြေပြင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှဗုံးကြဲမှုများပြုလုပ်နေသည်။ တိုက်ပွဲပြင်းထန်နေစဉ် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆက်တိုက်ဆိုသလိုရောက်ရှိလာခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။ တရုတ်နှင့် စစ်ကောင်စီသည် အကျိုးတူပူးပေါင်းသည့် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) တည်ထောင်ရေး လုပ်ငန်းကော်မတီကို ၂၀၂၄ နိုဝင်လာလတွင် တည်ထောင်ပြီးနောက် ကျောက်ဖြူမြို့ရှိ…
-

မြင်းခြံ-နဘူးအိုင် လမ်းပိုင်းတွင် ၃ ရက်ဆက် တိုက်ပွဲပြင်းထန်
မြင်းခြံ-နဘူးအိုင် လမ်းပိုင်းတွင် ၃ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား၍ ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲကာ မီးရှို့ဖျက်ဆီးနေ မန္တလေးတိုင်း၊ မြင်းခြံ-နဘူးအိုင် လမ်းပိုင်းတွင် ၃ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား၍ ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲပြီး မီးရှို့ဖျက်ဆီးနေကြောင်း မြင်းခြံမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြင်းခြံမြို့မှ အကြမ်းဖက် စစ်တပ်နှင့် သီတာယုမွန် ဦးဆောင်သော ပျူစောထီးများက မြင်းခြံ-နဘူးအိုင် လမ်းပိုင်းကို စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မတ်လ ၁ ရက်နေ့တွင် ယင်းစစ်ကြောင်းနှင့်…