Category: News
-

ချောင်းသာကမ်းခြေမှ ဟိုတယ်၊ တည်းခိုခန်းနှင့် ဆိုင်ခန်းများ ဖွင့်လှစ်ခြင်းမရှိဘဲ ပိတ်ထားလျှင် နိုင်ငံပိုင် အဖြစ်ချိတ်ပိတ်သိမ်းမည်
တိုက်ပွဲများကြောင့် ဧည့်သည်မရှိတော့ချိန် ချောင်းသာကမ်းခြေမှ ဟိုတယ်၊ တည်းခိုခန်းနှင့် ဆိုင်ခန်းများ ဖွင့်လှစ်ခြင်းမရှိဘဲ ပိတ်ထားလျှင် နိုင်ငံပိုင် အဖြစ်ချိတ်ပိတ်သိမ်းမည်ဟု စစ်တပ်က ခြိမ်းခြောက် ဧရာဝတီတိုင်း၊ တိုက်ပွဲများကြောင့် ဧည့်သည်မရှိတော့ချိန် ချောင်းသာကမ်း ခြေ နှင့်မြို့ပေါ်မှ ဟိုတယ်၊ တည်းခိုခန်းနှင့် ဆိုင်ခန်းများ ဖွင့်လှစ်ခြင်းမရှိဘဲ ပိတ်ထားပါက နိုင်ငံပိုင် အဖြစ်ချိတ်ပိတ်သိမ်းဆည်းမည်ဟု အကြမ်းဖက် စစ်တပ်က လိုက်လံ ခြိမ်းခြောက်နေကြောင်း ပုသိမ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီး တိုက်ပွဲများ ရောက်ရှိလာသဖြင့် ချောင်းသာကမ်းခြေသို့ လာရောက်သူ နည်းပါးလာကြောင်း၊ ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ဟိုတယ်နှင့်တည်းခိုခန်း၊ ဆိုင်ခန်းများ ယာယီပိတ်သိမ်းကြကြောင်း၊ ထို့ကြောင့် ချောင်းသာမြို့ရှိ ဟိုတယ်၊ တည်းခိုခန်းနှင့် ဆိုင်ခန်းများ ပြန်လည် ဖွင့်လှစ်ရန်…
-

ဧရာဝတီတိုင်း မြို့နယ် ၇ မြို့နယ်သို့ ခရီးမသွားသင့်ကြောင်း ဗြိတိန် ထပ်တိုးသတိပေး
ဧရာဝတီတိုင်း ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း၊ ပုသိမ်မြို့နယ်များသို့ မလိုအပ်ဘဲ ခရီးမသွားကြရန် ဗြိတိန် နိုင်ငံခြားရေး၊ ဓနဿဟာရနှင့် ဖွံ့ဖြိုးရေးဌာန (FCDO) က ဇန်နဝါရီ ၂၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော ဧရာဝတီတိုင်း ဒေသအချို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများဖြစ်နေသည်ဟု ဇန်နဝါရီ ၂၀ ရက်တွင် သတင်းထုတ်ပြန်ပြီးနောက် FCDO က သတိပေးလိုက်ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ် ဂွမြို့နယ်နှင့် ပုသိမ်မြို့နယ်အစပ်ရှိ ဘောမိကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်က စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။ ဇန်နဝါရီ ၁၇ ရက်တွင် စစ်တပ်က…
-

ဗိုလ်ချုပ်တွေကို အိတ်ဖောင်းစေတဲ့ တရုတ်မာဖီးယား ကျားဖြန့်
၂၀၂၅ နှစ်သစ်ကို စတင်ဖွင့်လှစ်ခါစမှာပဲ ရွှေကုက္ကိုလ်အခြေစိုက် တရုတ်မာဖီးယားတွေက ဘေဂျင်း အစိုးရရဲ့ နားရွက်တဖက်ကို ပြောင်ပြောင်တင်းတင်းပဲ တံတွေးဆွတ်လိုက်တယ်။ ဇန်နဝါရီ ၃ ရက်မှာ ထိုင်းကိုရောက်နေတဲ့ တရုတ်မင်းသား ဝမ်ကျင်းနဲ့ နာရီ ၆၀ လောက် အဆက်အသွယ် ပြတ်သွားကြောင်း သူ့ရဲ့ချစ်သူက တရုတ်ဆိုရှယ်မီဒီယာပေါ် တင်လိုက်ရာကနေ တရုတ်နိုင်ငံတွင်း ထိပ်တန်းသတင်း ဖြစ်ခဲ့ရုံတင်မက နိုင်ငံတကာ မီဒီယာပလက်ဖောင်းပေါ်အထိ ကျယ်ပြန့်ခဲ့တယ်။ ဘေဂျင်းက ထိုင်းအစိုးရကို အကူအညီတောင်းတယ်။ ထိုင်းရဲတပ်ဖွဲ့ရဲ့ သူ့လမ်းကြောင်းနဲ့သူ ရှာဖွေ ဖော်ထုတ်ချက်အရ မင်းသား ဝမ်ကျင်းကို ဇန်နဝါရီ ၇ ရက်နေ့၊ ကျားဖြန့်တို့ပျော်ရာ နာမည်ကျော် ရွှေကုက္ကိုလ် အမှောင်မြို့မှာ ပြန်လည်တွေ့ရှိကာ ဘန်ကောက်ကို ပြန်ခေါ်လာနိုင်ခဲ့တယ်။ မင်းသား ဝမ်ကျင်း တရုတ်မာဖီးယား ကျားဖြန့်တွေလက်ထဲ ရောက်ရှိတဲ့အချိန်မှာ ကတုံးရိတ်ခံလိုက်ရရုံတင်မက…
-

အမ်း -ပဒါန်းလမ်းပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား
ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး ဗိုလ်ကြီး ၂ ဦး အပါအဝင် စစ်သား ၁၂ ဦး အရှင်ဖမ်း ဆီးရရှိကာ စစ်သား ၁၉ ဦးသေဆုံး ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး ဗိုလ်ကြီး ၂ ဦး အပါအဝင် စစ်သား ၁၂ ဦး အရှင်ဖမ်းဆီးရရှိကာ စစ်သား ၁၉ ဦးသေဆုံးခဲ့ကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း People’s Revolution Alliance – PRA-Magway တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဇန်နဝါရီလ ၁၉ ရက် မွန်းတည့် ၁၂ နာရီ ၄၆ မိနစ်က…
-

လူဦးရေ အနည်းငယ်သာ စစ်သား ဖြစ်ခွင့်ရပြီး မွန်မြတ်၊ မြင့်မြတ်၍ ဂုဏ်ယူတတ်ကြရန် မင်းအောင်လှိုင် ပြော
မြန်မာနိုင်ငံ၏ လူဦးရေ ၅၂ သန်းဝန်းကျင်တွင် လူဦးရေ အနည်းငယ်သာ စစ်သား ဖြစ်ခွင့်ရပြီး မွန်မြတ်၊ မြင့်မြတ်၍ ဂုဏ်ယူတတ်ကြရန် မင်းအောင်လှိုင် ပြော လက်တွေ့တွင် စစ်သားမရှိ၍ တစ်နိုင်ငံလုံး လူငယ်များကို ပေါ်တာဆွဲ ဖမ်းနေ မြန်မာနိုင်ငံ၏ လူဦးရေ ၅၂ သန်းဝန်းကျင်တွင် လူဦးရေ အနည်းငယ်သာ စစ်သားဖြစ်ခွင့်ရပြီး မွန်မြတ်၊ မြင့်မြတ်လှသည့်တာဝန်များကို ထမ်းဆောင်ရသဖြင့် ဂုဏ်ယူတတ်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ နေပြည်တော်၊တောင်ညို တပ်နယ်သို့ သွားရောက်ပြီး ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေ ၅၂ သန်းခန့်ရှိပြီး အမျိုးသား ၄၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၃ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ `၎င်းအနက်မှ လူဦးရေ အနည်းယ်သာ…