Category: News
-

ပေါ်တာဆွဲ ဖမ်းဆီးနေ၊ လူငယ်များထွက်ပြေးသွား၍ ရွာလုံးကျွတ် ပြည်သူများကို ဖမ်းဆီးထား
ကြို့ပင်ကောက်၊ သင်္ခရိုင်ရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း စီးနင်း ပေါ်တာဆွဲ ဖမ်းဆီးနေ၊ လူငယ်များထွက်ပြေးသွား၍ ရွာလုံးကျွတ် ပြည်သူများကို ဖမ်းဆီးထားကာ ရွာနှင့်လူများကို သတ်ဖြတ် မီးရှို့ မည်ဟု ခြိမ်းခြောက် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်း ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးစဉ် လူငယ်များထွက်ပြေးသွား၍ ရွာလုံးကျွတ် ဖမ်းဆီးထားပြီး နေအိမ်များကို မီးရှို့၍ ပြည်သူမျာကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်နေကြောင်း ဒေသသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးစဉ် လူငယ်များ ထွက်ပြေးသွား၍…
-

ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ်၏ ကပစ ၂၁ စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်
ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ်၏ ကပစ ၂၁ စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု အဆောက်အဦးများ ပျက်စီးပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးနိုင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကပစ ၂၁ စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စက်ရုံအတွင်း အဆောက်အဦးများ ပျက်စီးပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် ဆိပ်ဖြူမြို့နယ်ရှိ…
-

ရေးမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား၊ ဒရုန်းဗုံးသီး အလုံးရေ ၁၃၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ဟု PDF ထုတ်ပြန်
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များအကြား ဖြစ်ပွားနေဆဲ တိုက်ပွဲများအတွင်း ဒရုန်းဖြင့် ဗုံးသီး ၁၂၇ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေါနတပ်ခွဲ(၄) KBDF ဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၉ ရက်နေ့မှစ၍ ကျုံလောင်းရွာဟောင်းဘက်သို့ စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) (၁၉) လက်အောက်ခံ ရေးမြို့နယ်အခြေစိုက် တပ်ရင်းများမှ အင်အား ရာနှင့်ချီ၍ စစ်ကြောင်းထိုးခဲ့သည်။ ထိုစစ်ကောင်စီစစ်ကြောင်းနှင့် မွန်၊ ကရင်၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) စသည့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များအကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့အထိ ပစ်ခတ်မှုများ ရှိကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ကူတို့ကို အဓိကသုံး၍ ခုခံခဲ့သည်။ ထို့ပြင် စစ်ကောင်စီ၏ စစ်အင်အားဖြည့်တင်းခြင်း၊…
-

ရွှေသောင်ယံ ဘောမိတိုက်ပွဲအတွင်းစစ်ကားနှင့် တင့်ကားများအပါဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိ
ဧရာ၀တီတိုင်း၊ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးရှိ ဘောမိတိုက်ပွဲအတွင်းအာရက္ခတပ်တော် (AA)နှင့် ပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီထံမှ စစ်ကားများနှင့် တင့်ကားများအပါဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရမိကြောင်း သတင်းရရှိသည်။ ရွှေသောင်ယံမြို့အနီးရှိဘောမိစခန်းကို ဇန်နဝါရီ ၁၇ရက်နေ့ကတည်းက အာရက္ခတပ်တော်(AA) ဦးဆောင်သည့်ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့သည်ဟုဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ” ဒီလ ၁၇ ရက်နေ့ကတည်းက သိမ်းပိုက်ထားပြီ။စစ်သားတွေက နောက်ဆုတ်ထွက်ပြေးတယ်။ စစ်ကားတွေ၊တင့်ကားတွေ လက်နက်တွေအများကြီးရထားတယ်။ အလောင်းတွေလည်းသိမ်းဆည်းရမိတယ်။ ဒါပေမယ့် လက်နက်ပစ်ခတ်သံတွေ မစဲသေးဘူး။ပင်လယ်ပြင်က နေဗီနဲ့ တပင်မှော်ရေတပ်၊ ဝက်သေရွာ အထိုင်ချထားတဲ့ အမြောက်တပ်ကနေ ပစ်ခတ်မှုတွေတော့ ရှိနေပါသေးတယ်” ဟုပြောသည်။ ဘောမိကျသွားပြီးနောက်စစ်ကောင်စီလေတပ်က ဗုံးကြဲသဖြင့် နေအိမ်အများအပြား မီးလောင် သွားခဲ့သည်ဟု သိရသည်။ ဂွဒေသခံတစ်ဦးက ” အခုက မီးခိုးမီးလုံးတွေကိုဂွဖက်ကနေမြင်ရတယ်။ ဘောမိချောင်းဖျားကမ်းစပ်ကရွာတွေ လက်နက်ကြီးနဲ့အပစ်ခံနေရတယ်။ နေဗီကလည်းလက်နက်ကြီးနဲ့ပစ်သလိုလေယာဉ်ကလည်း ဗုံးကြဲတယ်။အိမ်တွေ တော်တော်များများ…
-

အွန်လိုင်းငွေလိမ်ဂိုဏ်းများ ထိုင်းနှင့်မြန်မာ ပူးပေါင်းတိုက်ဖျက်ရန်သဘောတူ
မြန်မာ-ထိုင်းနယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှစ်နိုင်ငံပူးပေါင်း တိုက်ဖျက်သွားရန် ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်က ဘန်ကောက်မြို့၌ ပြုလုပ်သော ၅ ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်းဝေးတွင် သဘောတူခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြသည်။ အဆိုပါ အစည်းအဝေးသို့ စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ပြီး ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူမှုရေးဝန်ကြီး Prasert Jantararauangtong နှင့် တွေ့ဆုံခဲ့သည်။ အွန်လိုင်းလိမ်လည်ရေးဂိုဏ်းများသည် အရေးတကြီး ဖြေရှင်းရမည့် ပြဿနာများဖြစ်ပြီး၊ အာဆီယံဒစ်ဂျစ်တယ် ဝန်ကြီးများသည်လည်း ဘေးကင်းလုံခြုံသော ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်ကို ဖန်တီးရန် ပိုမို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။ Prasert Jantararauangtong က မြန်မာ-ထိုင်း လိမ်လည်ဂိုဏ်းများကို တိုက်ဖျက်မည်ဟု ကတိပြုခဲ့သလို ထိုင်းသို့လာရောက်သော တရုတ်နိုင်ငံ သားများအား…