Category: News
-

ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော အမျိုးသား ၁ ဦး တပ်ထဲတွင် ရိုက်နှက်ခံရပြီး သေဆုံး
ပေါက်ခေါင်းတွင် စစ်တပ်က စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော အမျိုးသား ၁ ဦး တပ်ထဲတွင် ရိုက်နှက်ခံရပြီး သေဆုံး၊ မိသားစုက အလောင်းပြန်ယူ သဂြိုလ် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် စစ်တပ်က စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော အမျိုးသား ၁ ဦး တပ်ထဲတွင် ရိုက်နှက်ခံရပြီး သေဆုံးသွားကြောင်း ပဲခူးဒေသသတင်းရင်းမြစ် ပြည်သစ္စာက ပြောဆိုသည်။ ဇန်နဝါရီလ ၁၀ ရက်နေ့ ညသန်းခေါင်ယံအချိန် ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပြည်-ပေါက်ခေါင်းလမ်း၊ တောင်ဇင်းဝအနီး ဝေဠုဝန်ရွာမှ အမျိုးသား ၃ ဦးကို စစ်တပ်က ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးခဲ့သော အမျိုးသား ၃ ဦးအနက်မှ ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ ကျန်…
-

ရိက္ခာလာပို့သည့် စစ်တပ်စစ်ကြောင်းကို ၆ ရက်ကြာ ကြားဖြတ် တိုက်ခိုက်
မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာသို့ ရိက္ခာလာပို့သည့် စစ်တပ်စစ်ကြောင်းကို ၆ ရက်ကြာ ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာသို့ ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၆ ရက်ကြာ ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း ဗစ်တာ ပြောက်ကျားတပ်ဖွဲ့မှ ကိုဗစ်တာက ပြောဆိုသည်။ ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့ထိ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ရိက္ခာလာပို့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက လမ်းတစ်လျှောက် လိုက်လံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို ထိတွေ့ တိုက်ပွဲများအတွင်း ဇန်နဝါရီလ ၁၇ ရက်နှင့်…
-

အလှူပွဲမှ သောက်စားမူးယစ် ပြန်လာသည့် ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေးနှင့် စစ်တပ်စစ်ကြောင်းကိုပစ်ခတ်
အုတ်တွင်းမြို့နယ်တွင် အလှူပွဲမှ သောက်စားမူးယစ် ပြန်လာသည့် ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေးနှင့် စစ်တပ်စစ်ကြောင်းကိုပစ်ခတ်မှု အုပ်ချုပ်ရေးမှူး အပါအဝင် စစ်သား ၆ ဦး ပွဲချင်းပြီး သေဆုံး၊ လက်နက်ခဲယမ်းများ ပါသွား ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် အလှူပွဲမှ သောက်စားမူးယစ် ပြန်လာသည့် ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေးနှင့်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တချို့က ပစ်ခတ်တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူး အပါအဝင် စစ်သား ၆ ဦး ပွဲချင်းပြီး သေဆုံးကာ လက်နက်ခဲယမ်းများ ပါသွားကြောင်း ဒေသခံပြည်သူများနှင့် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့ အုတ်တွင်းမြို့နယ်၊ ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေး (ခ) ကိုမောင်နှင့် စစ်သား ၅ ဦးက သံဒိုင်ခင်ကျေးရွာသို့ အလှူသွားရောက်ခဲ့ကြပြီး ယင်းအလှူပွဲမှ ပြန်လာကြကြောင်း၊ ယင်းသို့ ပြန်လာစဉ် ရှမ်းရွာနှင့်…
-

စစ်တွေမြို့က စစ်ကောင်စီဝန်ထမ်းတွေ ဖိအားပေးခြိမ်းခြောက်ခံနေကြရ
စစ်တွေမြို့က စစ်ကောင်စီဝန်ထမ်းတွေကို စစ်ကောင်စီရဲ့ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အထက်အရာရှိကြီးတွေက ဖိအားပေးခြိမ်းခြောက်တာတွေခံနေကြရတယ်လို့ ဝန်ထမ်းတွေက အတည်ပြုပြောပါတယ်။ အဲဒီဝန်ထမ်းတွေဟာ ရုံးတက်နေ့တိုင်းဖုန်းအပါအဝင် လူမှုကွန်ရက်အားလုံးကိုလည်းစစ်ဆေးနေသလိုသတင်းသမားတွေ၊သတင်းဌာနတွေ၊အာရက္ခတပ်တော်ကို ဆက်သွယ်ထားတာတွေ၊သတင်းပို့နေတာတွေ ရှိ၊မရှိကိုလည်း စစ်ဆေးတယ်လို့ ဝန်ထမ်းတွေက ဆိုကြပါတယ်။ အဲဒီအပြင် နေ့တိုင်းရုံးပုံမှန်တက်ကြဖို့၊အလုပ်ခွင့်မယူကြဖို့၊စစ်ဘေးရှောင်ထွက်မပြေးကြဖို့၊ အလုပ်မထွက်ကြဖို့လည်း ဖိအားပေးခြိမ်းခြောက်ခံနေကြရတယ် ဝန်ထမ်းတွေက ဆိုကြပါတယ်။ “သတင်းတွေတက်လာရင် ဘယ်သူပြောလိုက်တာလဲဆိုပြီး ဖုန်းတွေကိုစစ်ပါတယ်။Facebook ရော့၊Messagerက အစစစ်ပါတယ်။သတင်းသမားတွေနဲ့ Friend ဖြစ်နေရင်တောင်သတင်းပေးတယ်လို့စွပ်စွဲခံရပါတယ်။ဝန်ထမ်း တွေကအမျိုးမျိုးဖိအားပေးခံနေကြရပါတ ယ်။စစ်တွေမှာအရပ်သားတွေမရှိဘဲစစ် သားသက်သက်ကျန်ခဲ့မှာကို ကြောက်နေကြတာပါ။”လို့ စစ်တွေမြို့ရှိ ပြည်နယ်အစိုးရရုံးမှဝန်ထမ်းတစ်ဦးက ပြောပါတယ်။ အဲဒီစစ်တွေမြို့မှာ စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်တာတွေနေ့စဥ်ရ က်ဆက်ပြုလုပ်နေသလို အရပ်သားပြည်သူတွေကို အတင်းအဓမ္မဖမ်းဆီးတာတွေလည်း စစ်ကောင်စီတပ်က နေ့စဥ်ပြုလုပ်နေကြတာမို့ အရပ်သားပြည်သူတွေ စိုးရိမ်ကြောက်လန့်နေကြရတယ်လို့ ဆိုကြပါတယ်။ အဲဒီစစ်ကောင်စီဝန်ထမ်းတွေဟာ ဌာနဆိုင်ရာလူကြီးတွေရဲ့သဘောတူလက်မှ တ်ပါရင်တောင် ခရီးသွားလာခွင့်မရ ကြတော့တာမို့ စစ်တွေမြို့မှတခြားဒေသသို့ စစ်ဘေးရှောင်ထွက်ပြေးလို့မရကြတော့ဘူးလို့လည်း ဆိုကြပါတယ် ။ အဲဒီလိုအတင်းအဓမ္မရုံးတက်ခိုင်းပြီး…
-

မူးယစ်ဆေးသုံးပြီး ရွာသားတွေကို လူသားဒိုင်းပြုလုပ်လာတဲ့ စစ်ကောင်စီ
PNO က ပင်ငို ၊ နောင်ကျော၊ဖြီကျွတ် တိုက်ပွဲမှာ ၁၃၀ ကျော် သေဆုံး ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ နဲ့ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အင်အား ၁၃၀ ကျော်သေဆုံးကြောင်း PNLA က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီက အင်အား ၅၀၀ ခန့်ကို စစ်ကြောင်း လေးကြောင်းခွဲကာ ထိုးစစ်ဆင်လာတာလို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ စစ်ကောင်စီဟာ လေယာဉ်နဲ့ ပစ်ကူပေးပြီး မြေပြင်မှာ ပအို့ဝ်ရွာသားတွေကို လူသားဒိုင်းပြုလုပ်ကာ မနေ့က (ဇန်နဝါရီလ ၁၇) ဆီဆိုင်မြို့နယ်၊ ပင်ငိုကျေးရွာ၊ နောင်ကျောကျေးရွာ၊ ဖြီကျွတ်ကျေးရွာအနီးကို စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ပင်ငိုကျေးရွာနဲ့ နောင်ကျောကျေးရွာ အနီးမှာ တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီနဲ့ PNO…