Category: News
-

စစ်ဘေးကြောက်၍ ငွေဆောင်ခရီးစဥ် လက်မှတ်ဝယ်ထားသူများ လျော့စျေးဖြင့် ပြန်ရောင်း၊ ဝယ်မည့်သူမရှိ
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ငွေဆောင်ကမ်းခြေသို့ ခရီးအလည်အပတ်သွားရောက်ရန်စီစဥ်ထားသူများသည် ၎င်းတို့ ဝယ်ယူထားသည့် ကားလက်မှတ်များနှင့် အခန်းကြိုတင်ဌားရမ်းခငွေပေးချေမှု(ဟိုတယ်ဘိုကင်ကြေး)များကို လျော့စျေးဖြင့် ပြန်လည်ရောင်းချနေကြကြောင်း ရောင်းချနေသူများထံက သိရသည်။ ငွေဆောင်ကမ်းခြေနှင့် ၉၂ မိုင်ခန့် ( ကားဖြင့်သွားလျှင် လေးနာရီခွဲဝန်းကျင်အကွာအဝေး) အကွာရှိ ရွှေသောင်ယံမြို့၊ မကျီးဇင် ကျေးရွာဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေသည်။ ထို့ကြောင့် လုံခြုံရေးစိတ်မချရ၍ ပြန်လည်ရောင်းချနေရခြင်းဖြစ်ကြောင်း ရောင်းချနေသူများကဆိုသည်။ “တိုက်ပွဲကြောင့် အလုပ်ခရီးက ရက်ရွေ့လိုက်ရတာပေါ့။ မိသားစုကလည်း စိတ်ပူနေတာကြောင့်ပါတယ်။ နေ့တိုင်း သတင်းတွေ နားထောင်ပြီး မသွားဖို့ဘဲ ပြောနေတာ နေ့တိုင်းပဲ”ဟု လက်မှတ်ပြန်လည်ရောင်းချနေသူတစ်ဦးက ပြောသည်။ ရောင်းချရာတွင် ကျပ်သောင်းကဏန်းဝန်းကျင်မှ ကျပ် ၂၀၀,၀၀၀ ဝန်းကျင်အထိ လျော့ချရောင်းနေသည်ကို မြင်ရပြီး ဝယ်ယူလိုသူများအနေဖြင့် စျေးနှုန်းထပ်မံညှိုနှိုင်းနိုင်ကြောင်း ကမ်းလှမ်းထားကြသည်။ ဟိုတယ်ဘိုကင်တဆင့်ပြန်လည်ဝယ်သူများ အဆင်ပြေစေရန်လည်း ဟိုတယ်များဘက်က အဆင်ပြေသည့်ရက်ကို ရွေးချယ်တည်းခိုနိုင်ရန်စီစဥ်ထားကြောင်း ရောင်းချသူများက ကြော်ငြာနေကြသည်။ ပြီးခဲ့သည့် ၂၀၂၄…
-

မန္တလေးမှာ စစ်အုပ်စုက ရပ်ရွာလုံခြုံရေးလို့ ခေါ်တဲ့ အပြာယူနီဖောင်းဝတ် အဖွဲ့တွေ ဖွဲ့စည်း
စစ်မှုထမ်းဟောင်းတွေကို ပြန်ခန့်ပြီး လက်နက်မပေးဘဲ ပြည်သူကို ဖမ်းဆီးစစ်ဆေး ငွေညှစ်ရာမှာ အသုံးချ မန္တလေးမြိုပေါ် ရပ်ကွက်တွေမှာ စစ်အုပ်စုက ရပ်ရွာလုံခြုံရေး – ရလဖ ခေါ် အပြာရောင် ယူနီဖောင်းဝတ် အဖွဲ့တွေ ဖွဲ့စည်းနေပြီး မြို့ပေါ် ရပ်ကွက်အများစုမှာ အဲ့ဒီအဖွဲ့တွေ ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ အဲ့ဒီ ရပ်ရွာလုံခြုံရေး – ရလဖ ခေါ် အပြာရောင် ယူနီဖောင်းဝတ် အဖွဲ့တွေမှာ စစ်မှုထမ်းဟောင်းတွေကို ပြန်လည် ခန့်ထား အသုံးပြုတာ တွေ့ရသလို မီးသတ်ဟောင်း၊ စည်ပင်ဝန်ထမ်းဟာင်းတွေလည်း ပါဝင်ပြီး လက်ရှိမှာတော့ လက်နက်ထုတ်မပေးသေးဘဲ စစ်အုပ်စု လက်အောက်ခံ ရဲ၊ ပျူစောထီးတွေနဲ့အတူ လမ်းမပေါ် ပြည်သူကို ဖမ်းဆီး စစ်ဆေး ငွေညှစ်ရာ၊ ဧည့်စာရင်း စစ်တဲ့နေရာတွေမှာ အသုံးချနေတယ်လို့…
-
ရွေးကောက်ပွဲ ကျင်းပနိုင်သည့် အခြေအနေရအောင် ဖိဖိစီးစီးလုပ်မည် ဟုဆို
ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြေအနေမျိုးဖြစ်ရန်အတွက် ဖိဖိစီးစီး ဆက်လက်ဆောင်ရွက်ကြရန်လိုကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စု အစိုးရအဖွဲ့အစည်းဝေး၌ ပြောဆိုခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို ဆောင်ရွက်ခဲ့ပြီး ကောက်ခံရရှိသည့် အချက်အလက်များအရ လူဦးရေသည် ၅၁ သန်းကျော်ခန့် သာရှိသဖြင့် ကျဆင်းလျက် ရှိကြောင်း၊ ယင်းသို့ ကျဆင်းခြင်းမှာ မွေးဖွားနှုန်းကျဆင်းခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပထွက်ခွာသူ များပြားခြင်း၊ အကြောင်းအမျိုးမျိုး ကြောင့် သေဆုံးခြင်းတို့ကြောင့်ဖြစ်သည်ဟု ၎င်းက ပြောသည်။ ယင်းသို့ လူဦးရေကျဆင်းခြင်းကြောင့် ပြည်တွင်းလုပ်သားများ ရှားပါးလာခြင်းနှင့် အတူ ရွေးကောက်ပွဲ ကျင်းပရာတွင်လည်း အတိုင်းအတာတခုအနေဖြင့် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုဆောင်ရွက်လျက်ရှိကြောင်း ၎င်းက…
-

ဧရာ၀တီနှင့်ရခိုင် အစပ် ရွှေသောင်ယံမြို့၊ ဘောမိရွာတွင် AA နှင့် စစ်တပ် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတချို့ ဆုတ်ခွာသွား
ဧရာ၀တီနှင့်ရခိုင် အစပ် ရွှေသောင်ယံမြို့၊ ဘောမိရွာတွင် AA နှင့် စစ်တပ် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတချို့ ဆုတ်ခွာသွားကြောင်း ဒေသသတင်းရင်းမြစ် ပုသိမ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ထိ ဧရာ၀တီတိုင်းနှင့် ဂွမြို့နယ် အစပ် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ရှိ ဘောမိရွာတွင် အကြမ်း ဖက် စစ်တပ်နှင့် AA ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ခုခံ တိုက်ခိုက်နေကြောင်း သိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ ညပိုင်း ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြိုနယ် ရွှေသောင်ယံမြိုနယ်ခွဲ ဘောမိဘက်မှ အင်အား ၂၅၀…
-
ပန်းတောင်းနှင့် အမ်းမြို့နယ်အစပ် မိုးထိတောင် စစ်တပ်စခန်းကို AA က တိုက်ခိုက်
ပန်းတောင်းနှင့် အမ်းမြို့နယ်အစပ် မိုးထိတောင် စစ်တပ်စခန်းကို AA က တိုက်ခိုက်နေပြီး စစ်တပ်ဘက်မှ ဒုတပ်ကြပ် ၁ ဦး အပါအဝင် စစ်သည် ၃ ဦးသေဆုံး ခမရ ၅၈၉ တပ်ရင်းမှ ဗိုလ်မှူး နန်းဦးပျောက်ဆုံးနေ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်း အစပ်ရှိ မိုးထိတောင်စစ်တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ဒုတပ်ကြပ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံးကာ ခမရ ၅၈၉ မှ ဗိုလ်မှူး နန်းဦး ပျောက်ဆုံးနေကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၈ နာရီခန့်အချိန်မှ စတင်ပြီး မိုးထိတောင်ရှိ အကြမ်းဖက် စစ်တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်တပ် ဘက်မှ နေပြည်တော်…