Category: News

  • နောင်တရားတွင် ဓာတ်ဆီအများအပြား သိုလှောင်ထားသည့် ဂိုထောင် မီးလောင်

    နောင်တရားတွင် ဓာတ်ဆီအများအပြား သိုလှောင်ထားသည့် ဂိုထောင် မီးလောင်

    ရှမ်းပြည်တောင်ပိုင်း၊ နောင်တရားမြို့တွင် ဓာတ်ဆီအများအပြား သိုလှောင်ထားသည့် ဂိုထောင်တစ်လုံးယမန်နေ့ မတ်၂၃ ရက်တွင် မီးလောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မီးလောင်မှုဖြစ်သည့်နေရာမှာ နောင်ပီးသွားလမ်းရှိ အောင်စံဖြိုးဆိုင် အနီးဖြစ်ပြီး ဂိုထောင်အတွင်း ဓာတ်ဆီများ အများအပြား သိုလှောင်ထားမှုကြောင့် မီးအား ပြင်းထန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ “ဆီသိုလှောင်ထားတဲ့နေရာ ဖြစ်တော့ မီးလောင်တာနဲ့ တပြိုင်နက် အနားတောင် မကပ်နိုင်ပါဘူး။ ဆီကုန်ခါနီးမှပဲ ရပ်ကွက်ကလူတွေ ဝိုင်းကူနိုင်တာပါ” ဟု မီးလောင်မှုကို တွေ့မြင်ခဲ့သည့် ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။ မီးလောင်မှုအတွင်း မီးအားပြင်းထန်မှုကြောင့် အနီးကပ်ဝင်ရောက် ငြှိမ်းသတ်ရန် ခက်ခဲခဲ့ပြီး အချိန်အတော်ကြာမှသာ ဒေသခံများ ဝိုင်းဝန်းကူညီနိုင်ခဲ့ကြောင်း သိရသည်။ ယင်းမီးလောင်မှုကြောင့် လူထိခိုက်မှု မရှိခဲ့ကြောင်းလည်း ဒေသခံများက ဆိုသည်။

  • မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်အတွင်းက သေမင်းတမန် စက္ကန့်ပိုင်းများ

    မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်အတွင်းက သေမင်းတမန် စက္ကန့်ပိုင်းများ

    အဲဒီနေ့လယ်ခင်းက ခါတိုင်းနေ့တွေလိုပဲ အဆောင်က ကျွန်မအခန်းလေးမှာ တစ်ယောက်တည်း ကွန်ပျူတာလေးနဲ့ အလုပ်လုပ်နေခဲ့တယ်။ ကျွန်မအလုပ်က Working from Home ဆိုတော့ တစ်ဆောင်လုံးမှာ ကျွန်မ တစ်ယောက်တည်းရှိတာပေါ့လေ။ ကံကောင်းတာတစ်ခုက ခါတိုင်း အဲဒီလိုနေ့လယ်စာစားချိန်တစ်ဖြတ်နားရင် ကျွန်မက ရေချိုးနေကျပါ။ ချိုးမိခဲ့ရင် အဲဒီအဖြစ်ဆိုးကြီး ရုတ်တရက်ရောက်လာချိန်မှာ ကျွန်မ ရေချိုးခန်းထဲပဲ ပိတ်မိနေခဲ့မလား မပြောတတ်ပါဘူး။ နေ့လယ်စာစား၊ ခုတင်ပေါ်မှာပဲ ကွန်ပျူတာရှေ့မှာထိုင်၊ ဖုန်းခဏကြည့်နေတုန်း ဝေါဆိုတဲ့ တော်လှဲသံကြီးနဲ့အတူ တစ်အိမ်လုံး သိမ့်သိမ့်တုန်ခါယမ်းလာတော့တယ်။ ကျွန်မက ဘာလဲဆိုပြီး ကြောင်သွားတုန်း “ငလျင်” ဆိုတဲ့အသိနဲ့ တစ်ဖက်က ကျွန်မအခန်းဖော်ရဲ့ခုတင်အောက်ဝင်လိုက်တုန်းမှာပဲ ယမ်းခါတာတွေ ပိုဆိုးလာပြီး မျက်နှာကြက်က ခုနက ကျွန်မထိုင်နေခဲ့တဲ့ခုတင်ပေါ် ပြုတ်ကျလာပါတယ်။ အခြေအနေကို သုံးသပ်ဖို့ ကြိုးစားတုန်းမှာပဲ တစ်လော ကလုံး ကယ်ပါ ယူပါ…

  • မြန်မာ သက္ကရာဇ် ၁၃၈၈ ယခုနှစ်ထဲမှာ ထီကံ အကောင်းဆုံး နေ့ဖွားများ

    မြန်မာ သက္ကရာဇ် ၁၃၈၈ ယခုနှစ်ထဲမှာ ထီကံ အကောင်းဆုံး နေ့ဖွားများ

    မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်ထဲမှာ ထီကံဇာတာ အထူးပွင့်လန်းပြီး ငွေဝင်ကံ အကောင်းဆုံးဖြစ်မယ့် နေ့နံရှင်တွေကို အခုလိုပဲ ဟောကြားထားပါတယ်။ မိမိတို့ရဲ့ မွေးနေ့အလိုက် ကံတရားက ဘယ်လိုရှိနေမလဲဆိုတာ ကြည့်လိုက်ရအောင်ဗျာ။ မြန်မာ သက္ကရာဇ် ၁၃၈၈ ခု ယခုနှစ် ထဲမှာ ထီကံ အကောင်းဆုံး နေ့ဖွားများ ဒီနှစ်အတွက် ကံအကောင်းဆုံး ဇာတာရှင်တွေကတော့ ဗုဒ္ဓဟူးနေ့နဲ့ ရာဟုဖွား (ဗုဒ္ဓဟူးမွန်းလွဲ) တွေပဲ ဖြစ်ပါတယ်။ ဒုတိယအဆင့် အနေနဲ့ကတော့ စနေနေ့ဖွားတွေဟာ ကံထူးဖို့ အခွင့်အလမ်းများနေပြီး၊ တတိယအဆင့် အသင့်အတင့် ကံပွင့်မယ့်သူတွေကတော့ တနင်္ဂနွေ၊ ကြာသပတေးနဲ့ အင်္ဂါနေ့ဖွားတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ထီကံဆိုတာ နှစ်အလိုက် အားသာချက်အပြင် မိမိတို့ရဲ့ မူလဇာတာ၊ မှည့်ခေါ်ထားတဲ့ အမည်နဲ့ ဖြတ်သန်းနေရတဲ့ အသက်ပိုင်းခြားတွေပေါ်မှာလည်း အများကြီး…

  • မြောင်မှာ စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲလို့ အရပ်သား ၅ ဦး သေဆုံးပြီး နေအိမ် ၅၀ ကျော်လည်း မီးလောင်ပျက်စီး

    မြောင်မှာ စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲလို့ အရပ်သား ၅ ဦး သေဆုံးပြီး နေအိမ် ၅၀ ကျော်လည်း မီးလောင်ပျက်စီး

    စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရသူလည်းရှိတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် TGR မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီနေ့ မတ်လ ၂၃ ရက် နေ့လယ် ၁၂ ခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က သောင်းကြီးကျေးရွာကို လေကြောင်းကနေ ဗုံး ၂ ကြိမ် ကြဲချတိုက်ခဲ့လို့ နေအိမ် ၅၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းက “၄ ဦးက နေရာမှာတင် ပွဲချင်းပြီး သေတယ်။ ၁ ဦးကတော့ ဆေးခန်းရောက်ရောက်ချင်းမှာ သေသွားပါတယ်။ ဒဏ်ရာရသူက အတိအကျ မသိရသေးဘူး။ ရုပ်အလောင်းတွေက တစ်စစီလိုက်ကောက်‌နေရပါတယ်။ ပေါင်ကတော့ ဘယ်လောက်ရှိတယ်လို့တော့ မသိရဘူး။ ကျင်းကြီးတွေကတော့ လူတထိုင်လောက် ရှိပါတယ်။…

  • အီရန်နှင့် ဆွေးနွေးနေပြီး စွမ်းအင်ကဏ္ဍကို တိုက်ခိုက်မှု ၅ ရက် ဆိုင်းထားမည်ဟု ထရမ့် ကြေညာ

    အီရန်နှင့် ဆွေးနွေးနေပြီး စွမ်းအင်ကဏ္ဍကို တိုက်ခိုက်မှု ၅ ရက် ဆိုင်းထားမည်ဟု ထရမ့် ကြေညာ

    အီရန်စစ်ပွဲသည် လေးပတ်မြောက်ထဲသို့ ရောက်လာချိန် အမေရိကန်ပြည်ထောင်စုက အီရန်နှင့် သံတမန်ရေးအရ ဆွေးနွေးမှုများ စတင်နေပြီဖြစ်ကြောင်းနှင့် အီရန်နိုင်ငံရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုကို ငါးရက်ကြာ ရပ်နားထားမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့တွင် ကြေညာသည်။ “အမေရိကန်နဲ့ အီရန်နိုင်ငံတို့က ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာ အရှေ့အလယ်ပိုင်းဒေသက ရန်လိုတိုက်ခိုက်မှုတွေကို အပြီးတိုင် ဖြေရှင်းနိုင်ဖို့အတွက် တော်တော်လေးလည်း ကောင်းမွန်ပြီး အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာကို ဝမ်းမြောက်ဝမ်းသာစွာ သတင်းပေးချင်ပါတယ်” ဟု ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် စာလုံးကြီးများဖြင့် ရေးသားသည်။ ၎င်းက ဆက်လက်ပြီး “တပတ်လုံး ဆက်ပြီး ပြုလုပ်သွားမယ့် အနှစ်သာရရှိပြီး အသေးစိတ်ကျတဲ့ အပြုသဘောဆန်တဲ့ ဆွေးနွေးပွဲတွေရဲ့ အလားအလာအပေါ် မူတည်ပြီး၊ အခု လက်ရှိ ပြုလုပ်နေတဲ့…