Category: News
-

ပဲခူးမြို့တွင် စက်သုံးဆီထုတ်ယူခွင့်စာအုပ်ဖြင့်သာ ဆီဝယ်ခွင့်ရ
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်မှာ စက်သုံးဆီဝယ်ယူလိုပါက စက်သုံးဆီ ထုတ်ယူခွင့်စာအုပ် လုပ်ရမှာဖြစ်ပြီး အဆိုပါစာအုပ်နဲ့သာ ဝယ်ယူခွင့်ရမှာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မတ် ၂၁ ရက်မှာ ကြေညာထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မတ် ၂၁ ရက်က မြို့နယ်ထွေအုပ်ရဲ့ ညွှန်ကြားချက်အရ ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ယာဥ်စာရင်း လိုက်လံကောက်ယူနေပြီး ပေးရတဲ့အချက်အလက်တွေ ကွဲပြားမှုတွေ ရှိတယ်လို့ မဇင်းရပ်ကွက်နေသူတယောက်က ပြောပါတယ်။ “မနေ့ကတည်းက စက်သုံးဆီဝယ်ယူခွင့်စာအုပ် လုပ်ရမယ်ဆိုပြီး ကြေညာတာ၊ စာအုပ်အတွက် အုပ်ချုပ်ရေးမှူးရုံးမှာ စာရင်းသွားပေးရတယ်။ ယာဉ်လိုင်စင်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ ပေးရတယ်။ ကုန်ကျစရိတ်က ကျပ် ၈,၀၀၀ ကနေ ၁၀,၀၀၀ ကြား ကုန်တယ်။” ပဲခူးမြို့ပေါ်ရပ်ကွက်တွေမှာ ယာဥ်လိုင်စင်မိတ္တူနဲ့ မှတ်ပုံတင်ပဲ ပေးရပေမဲ့ ကျေးရွာဘက်တွေမှာတော့ အိမ်ထောင်စုစာရင်းနဲ့…
-

နေ့မှာကျောင်သား ညမှာ စစ်သား ကလေးစစ်သားများ
တနင်္သာရီတိုင်း၊ ထားဝယ်မြို့က အထက်တန်းကျောင်းသားတွေထဲမှာ နေ့ဘက်ဆိုရင် အဖြူအစိမ်းဝတ် ကျောင်းသားတွေလိုပဲ ပုံမှန်ကျောင်းတက်နေကြပေမယ့်၊ ညဘက်ရောက်လာချိန်မှာတော့ စစ်ကောင်စီတပ်တွေနဲ့အတူ ကင်းလှည့်နေတဲ့ အသက်မပြည့်သေးတဲ့ ကလေးပြည်သူ့စစ်တွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ၊ ဒီကလေးပြည်သူ့စစ်တွေဟာ အသက် ၁၄ နှစ်ကနေ ၁၇ နှစ်ကြားရှိပြီး စစ်တပ်လက်အောက်ခံ ဌာနေပြည်သူ့စစ် (ပ.စ) တံဆိပ်ပါ ယူနီဖောင်းဝတ်ဆင်ကာ ကာဘိုင်သေနတ်တွေကိုလည်း ကိုင်ဆောင်ထားကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်သူ့စစ်ထဲ ဝင်ထားတဲ့ ကျောင်းသားတွေဟာ ကျောင်းသားအချင်းချင်းနဲ့ ဆရာ၊ ဆရာမတွေကိုပါ ခြိမ်းခြောက်လေ့ရှိတယ်လို့ ဒေသတွင်းအခြေစိုက် သတင်းဌာနဖြစ်တဲ့ Dawei Watch က ဖော်ပြထားပါတယ်။ စာသင်ကျောင်းထဲမှာ ဒီလို ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုတာ ကြားသိထားပေမယ့် အတည်ပြုနိုင်တာတော့ မရှိသေးသလို တရားဝင် တိုင်ကြားလာတာမျိုးလည်း မရှိသေးဘူးလို့…
-

ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကတော့ အတောသတ်နိုင်မယ် မထင်ပါဘူး
မဲလုံးက စက်သုံးဆီ ပြတ်စရာမရှိကြောင်းပြောတယ် ၊ စက်သုံးဆီရောင်းချဖြန့်ဖြူးရေးအသင်းကလည်း စက်သုံးဆီပြတ်လတ်မှု မရှိနိုင်ကြောင်း သင်္ဘောတွေ အဆက်မပြတ်လာနေကြောင်း ကြေညာတယ် ၊ တကယ်တမ်းက မြန်မာပြည်ရဲ့ သူတို့ပြောတဲ့ အရံဆီက သူတို့ပြောသလိုဆိုရင်တောင် ရက်လေးဆယ်စာပဲရှိတာပါ၊ တကယ်မြေပြင်မှာ ရှိပါ့မလားပဲ ၊ စစ်တပ်ကတော့ ကိုဗစ်ဖြစ်တုန်းက ပြည်သူတွေ ဘာဖြစ်နေနေ ဂက်စ်အိုးတွေ သိမ်းကျုံးအပိုင်သိမ်းသွားတဲ့အချိုးမျိုး ထပ်ချိုးပါတယ် ၊ MAI နှင့် MNA ခရီးသည်တင် လေကြောင်းလိုင်းများအတွက် လေယာဉ်ဆီတွေကို စစ်တပ်က အတင်းအဓမ္မ သိမ်းယူလိုက်တာမို့ လေယာဉ်ဆီ မလုံလောက်မှု ပြဿနာဖြစ်ပေါ်လာပြီး ခရီးစဉ်အများစု ဖျက်သိမ်းရပ်နားရကြောင်း ခေတ်သစ်သတင်းက ဖော်ပြပါတယ် ။ . မြန်မာနိုင်ငံကို လေယာဉ်ဆီများ အဓိက တင်သွင်းဖြန့်ဖြူးနေသော NEPAS (National Energy Puma Aviation…
-

ရဲ၊ စစ်တပ်နှင့် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအတွက် အရေးပေါ်ဆီများ ထားရှိရန် ညွှန်ကြား
စက်သုံးဆီအရောင်းဆိုင်တိုင်းတွင် ရဲ၊ စစ်တပ်နှင့် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအတွက် အရေးပေါ်ဆီများ ထားရှိရန် ညွှန်ကြားပြီး ပြည်သူများ၏ယာဉ်များကို တစ်ပတ်လျှင် ၁ ကြိမ် (သို့မဟုတ်) ၂ ကြိမ်သာ ဆီရောင်းပေးတော့မည် မြန်မာနိုင်ငံတစ်ဝန်းတွင် စက်သုံးဆီပြဿနာ ကြုံတွေ့နေရချိန် စက်သုံးဆီအရောင်းဆိုင်တိုင်းတွင် ရဲ၊ စစ်တပ်နှင့် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအတွက် အရေးပေါ်ဆီများ ထားရှိရန် ညွှန်ကြားလိုက်ကြောင်း စက်သုံးဆီဖြန့်ဖြူးရောင်းချရေးအသင်းထံမှ သိရှိရသည်။ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီတင်သွင်းသူများနှင့် ဖြန့်ဖြူးရောင်းချရေးအသင်းများက အပတ်စဉ် စက်သုံးဆီခွဲတမ်း PO များ ချထားပေးကြောင်း၊ ယခုကဲ့သို့ စက်သုံးဆီရှားပါးမှုနှင့် ပြတ်လပ်မှုများ ကြုံတွေ့လာချိန် ဆီအရောင်းဆိုင်များအားလုံးတွင် ရဲ၊ စစ်တပ်နှင့် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအတွက် အရေးပေါ်ဆီများ ထားရှိရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။ “အဲဒါက အရင်ကတည်းက တပ်မတော်၊ ရဲနဲ့ တာဝန်ထမ်းဆောင်နေတဲ့…
-

မြန်မာ့တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဒရုန်းများနှင့်နည်းပညာများ ထောက်ပံ့နေသည့် ယူကရိန်းနိုင်ငံ သားများအကြောင်း ရုရှားက အိန္ဒိယထံသို့ သတင်းပေးခဲ့ရာမှ ဖမ်းဆီးမှုများဖြစ်
မြန်မာ့တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဒရုန်းများနှင့်နည်းပညာများ ထောက်ပံ့နေသည့် ယူကရိန်းနိုင်ငံသားများအကြောင်း ရုရှားက အိန္ဒိယထံသို့ သတင်းပေးခဲ့ရာမှ ဖမ်းဆီးမှုများဖြစ်ပေါ်လာ အိန္ဒိယနိုင်ငံရှိ ယူကရိန်းနိုင်ငံသားများ၏ လှုပ်ရှားမှုများကို ရုရှားထောက်လှမ်းရေးများက နောက် ယောင် ခံလိုက်ကာ ၎င်းတို့၏ အချက်အလက်များကို အိန္ဒိယပြည်တွင်း တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများထံ မျှဝေပေးခဲ့ရာမှ ဖမ်းဆီးမှုများ ဖြစ်ပေါ်လာကြောင်း အိန္ဒိယနိုင်ငံမှလာသော သတင်းများအရ သိရှိရသည်။ DW သတင်းဌာန၏ ဖော်ပြချက်အရ အိန္ဒိယအာဏာပိုင်များက အဆိုပါ ယူကရိန်းနိုင်ငံသားများအား နယ်စပ်ဒေသရှိ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်နွှယ်မှုရှိသည်ဟု စွပ်စွဲဖမ်းဆီးခဲ့ကြောင်း၊ ဖမ်း ဆီးခံရသူများသည် ဒရုန်းများကိုယ်တိုင် အသုံးပြုခြင်း သို့မဟုတ် နည်းပညာဆိုင်ရာ ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု သံသယရှိခြင်း ခံနေရကြောင်း သိရှိရသည်။ မတ်လ တတိယပတ်အတွင်း ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁…