Category: News

  • ကနီမှာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်တပ်ကဂျက်ဖိုက်တာ ၇ စီးနဲ့ ဗုံးကြဲ

    ကနီမှာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်တပ်ကဂျက်ဖိုက်တာ ၇ စီးနဲ့ ဗုံးကြဲ

    စစ်ကိုင်းတိုင်းကနီမြို့၊ ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်း နဲ့ စာသင်ကျောင်းကို ဒီနေ့ နေ့လည်ပိုင်းမှာစစ်တပ်ကဂျက်ဖိုက်တာ၇စီးနဲ့ ဗုံးကြဲလို့ သံဃာတော်တွေနဲ့ အရပ်သားတွေသေဆုံးထိခိုက်မှု​တွေရှိ​နေပါတယ်။ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းက ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို နေပြည်တော်၊ မကွေး၊ မိတ္ထိလာလေတပ်‌တွေကနေ တက်လာတဲ့ဂျက်ဖိုက်တာတွေနဲရှေ့ဆင့်နောက် ဆင့် ပစ်ခတ်တာလို့ ဒေသခံတွေကပြောပါတယ်။ “ဘုန်းကြီးတွေဆွမ်းစားပြီးချိန်မှာပစ်သွားတာ။ ထိတာတွေများတယ်။ ပိတ်မိနေတာတွေလည်းရှိတယ်။ ဒရုန်းတွေပါ ဆက်ဝဲနေတယ်”လို့ ဒေသခံကပြောပါတယ်။ စာသင်ကျောင်းကိုတော့ပိတ်ထားတဲ့အတွက်အရပ်သားထိခိုက်မှုမရှိခဲ့ဘူးလို့​ဒေသခံအချို့ကဆိုပါတယ်။ မတ်လ ၂၁ ရက်ဗုံးကြဲတိုက်ခိုက်မှု​တွေ​ကြောင့် ထိခိုက်မှု အသေးစိတ်အခြေအနေကိုလတ်တလောမှာမသိရှိရသေးပါဘူး။ စစ်တပ်ကမတ်လ ၂၀ ရက်ကလည်းကသာမြို့ ရပ်ကွက်(၃)ထဲကစစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာလည်း သံဃာတော်နဲ့အရပ်သား ၅၀ ဦးထက်မနည်းသေဆုံးနိုင်တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။ စစ်တပ်က မတ်လ ၁၅ရက်ကနေ ဒီနေ့ မတ်လ ၂၁ရက် မွန်းလွဲပိုပိုင်းအချိန်အထိ စစ်ကိုင်းတိုင်းထဲက ကျွန်းလှ၊…

  • ကြည့်ရှုသူမရှိသဖြင့် စစ်တပ်ဝါဒဖြန့် “တိမ်ပင်လယ်ခရီးကြမ်း”ရုပ်ရှင် အခမဲ့ ပြမည်

    ကြည့်ရှုသူမရှိသဖြင့် စစ်တပ်ဝါဒဖြန့် “တိမ်ပင်လယ်ခရီးကြမ်း”ရုပ်ရှင် အခမဲ့ ပြမည်

    စစ်ကောင်စီရဲ့ဝါဒဖြန့်ချိရေးဇာတ်ကားဖြစ်တဲ့ Battle Of Taung Hkam ခေါ် “တိမ်ပင်လယ်ခရီးကြမ်း”ရုပ်ရှင်ကို မြန်မာနိုင်ငံတဝန်းရှိ ရုံပေါင်း ၆၇ ရုံမှာ ပြသပေမဲ့ ကြည့်ရှုသူ နည်းပါးတာကြောင့် မြဝတီစင်တာမှာ အခမဲ့ပြသဖို့ စီစဥ်နေတယ်လို့ နေပြည်တော်သတင်းရင်းမြစ် ကနေ သိရပါတယ်။ မတ် ၁၃ ရက်မှ ၁၉ ရက်အထိ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ ပုသိမ်၊ မော်လမြိုင်နဲ့ တောင်ကြီးမြို့က ရုပ်ရှင်ရုံပေါင်း ၆၉ ရုံမှာ ပြသခဲ့ပေမဲ့ ကြည့်ရှုသူနည်းတာကြောင့် မြဝတီစင်တာမှာ တပ်မိသားစုတွေနဲ့ ဌာနဆိုင်ရာတွေကို ပြသဖို့ စီစဥ်နေတာလို့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။ “ဝါဒဖြန့်ဇာတ်ကားဆိုတော့ လူတိုင်းက ကိုယ့်ပိုက်ဆံနဲ့ကိုယ် အဆဲခံပြီး သွားမကြည့်ကြဘူး။ တပ်ထဲ က သူတွေတောင် လိုင်းပေါ်တက်လာတဲ့…

  • အရှေ့အလယ်ပိုင်းသို့ စစ်သင်္ဘော ၃ စင်းနှင့် စစ်သား ထောင်ချီ အမေရိကန် စေလွှတ်မည်

    အရှေ့အလယ်ပိုင်းသို့ စစ်သင်္ဘော ၃ စင်းနှင့် စစ်သား ထောင်ချီ အမေရိကန် စေလွှတ်မည်

    ဟော်မုဇ်ရေလက်ကြားကို “ဖွင့်လှစ်ပေးရေး” ၌ ကူညီခြင်း မရှိတဲ့ နေတိုးမဟာမိတ်တွေကို “သူရဲဘောကြောင်သူတွေ” ဟု ပြောထားသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရှေ့အလယ်ပိုင်းဆီ စစ်သင်္ဘောသုံးစင်းနဲ့ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ထပ်မံ စေလွှတ်ရန် ပြင်ဆင်နေကြောင်း သတင်းများအရ သိရသည်။ အီရန်အစိုးရအနေဖြင့် ရေလက်ကြားကို ပြန်ဖွင့် ပေးလာအောင် ဖိအားပေးရန် အီရန်၏ မဟာဗျူဟာ အရေးပါသော ခါ့ဂ်ကျွန်းကို သိမ်းပိုက်ခြင်း သို့မဟုတ် ပိတ်ဆို့ရန် အစီအစဉ်ကို အမေရိကန်က စဉ်းစားနေကြောင်းလည်း သိရသည်။ ယင်းကို တုံ့ပြန်သည့်အနေဖြင့် အီရန်စစ်တပ်က အမေရိကန်နှင့် အစ္စရေးအရာရှိများ၊ စစ်ဗိုလ်ချုပ်များကို ကမ္ဘာလှည့်ခရီးသွားနေရာများ အပါအဝင် ကမ္ဘာ့ မည်သုည့်နေရာမှာမဆို လိုက်လံ “ရှင်းလင်း” မည်ဟု ခြိမ်းခြောက်ပြောဆိုသည်။ “အခုအချိန်ကစပြီး ကမ္ဘာပေါ်မှာရှိတဲ့ အပန်းဖြေစခန်းတွေ၊ ကမ်းခြေတွေနဲ့ ဖျော်ဖြေရေးစင်တာတွေဟာ…

  • နေပြည်တော်က ဗခ သားတွေပိုင်တဲ့ခြံကျယ်ကြီးတွေထဲ လျှို့ဝှက်ဆေးပါတီတွေနောက်က ယုန်လေး

    နေပြည်တော်က ဗခ သားတွေပိုင်တဲ့ခြံကျယ်ကြီးတွေထဲ လျှို့ဝှက်ဆေးပါတီတွေနောက်က ယုန်လေး

    နေပြည်တော်က ဗိုလ်ချုပ်သားတွေပိုင်တဲ့ခြံကျယ်ကြီးတွေထဲက လျှို့ဝှက်ဆေးပါတီတွေပေါ့။ စစ်ဗိုလ်ချုပ်တွေကလည်း သူတို့သားသမီးတွေ ရန်ကုန်မန္တလေးမှာဆိုရင် UG နဲ့တိုးမှာစိုးလို့ နေပြည်တော်မှာပဲ ကဲချင်တိုင်းပေးကဲထားရတဲ့ အနေအထားမျိုးပဲ။ ဒီနေရာမှာပဲ ယုန်လေးရဲ့အခန်းကဏ္ဍကရောက်လာတာပဲ။ အောက်ကစာကတော့ ကူးလာတာပါ။ သူက ကျွန်မလို့ရေးထားတာကို ကျုပ်လို့ပြင်ထားတာကလွဲရင် ကျန်တာသူ့အတိုင်းပါပဲ။ ယုန်သခေါရဲ့နောက်ထပ်အလုပ်က တက်သစ်စတွေကို နိုင်ငံရေးအမှုမျိုးတွေနဲ့ အကျပ်ကိုင်ပြီး ၊ ဒါမှမဟုတ် လုပ်ပိုင်ခွင့်တွေမက်လုံးပေးပြီး ဗိုလ်ချုပ်သားတွေနဲ့ ပါတီဆင်နွှဲဖို့ ခေါ်ပေးရတာမျိုးပေါ့။ Miss တွေကိုဆိုရင်လည်း မအလရဲ့နိုင်ငံခြားခရီးစဉ်တွေမှာ ပါသွားတဲ့စစ်ခွေးတွေနဲ့လုပ်ငန်းရှင်တွေကို အသုံးတော်ခံဖို့ထည့်ပေးရတာမျိုးတွေလည်း ရှိသေးတယ်။ အင်မတန်ရှုပ်ထွေးတဲ့ လောကကြီးပါပဲ။ မြန်မာပြည်မှာ ဂျက်ဖရီအပ်စတိန်းတွေ အများကြီး အဲ့အထဲကမှကျုပ်သိရသလောက်ပြောပြရရင်ယုန်လေးကအဆိုးဆုံးပဲ ။ သူတို့အနုပညာလောကကသူတွေpharချတာတွေ မင်းသမီးမော်ဒယ်တွေခရိုနီတွေစစ်တပ်အကြီးအကဲတွေနဲ့ ဆက်သွယ်ပေးတာတွေ ရန်ကုန်ကခြံဝင်းကြီးတစ်ခုထဲမှာ ပါတီဆိုပြီး အကုန်စုပြီးဆေးဝါးတွေချ ဆိုးရွားတဲ့ Sex ကိစ္စတွေပြုကြ အကုန်လုံးကိုဒီကောင်ကပဲစီမံပေးတာ။ အဲ့အထဲမှာအသက်မပြည့်သေးတဲ့ကလေးမတွေလည်းပါတယ်လို့သိရတယ် ။ သူ့လက်အောက်မှာ…

  • ပုဂံညောင်ဦး ဒေသကာကွယ်ရေး တပ်ပေါင်းစုဖွဲ့စည်းကြောင်း အသိပေး

    ပုဂံညောင်ဦး ဒေသကာကွယ်ရေး တပ်ပေါင်းစုဖွဲ့စည်းကြောင်း အသိပေး

    မန္တလေးဒေသ၊ ညောင်ဦးခရိုင်အတွင်းမှာ အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်နေကြတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ ၄ ဖွဲ့က ပုဂံညောင်ဦး LOCAL တပ်ပေါင်းစုကို မနေ့က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ မတ်လ ၁၉ ရက်မှ စတင်ကာ 21 BAGAN PEOLPLE DEFENSE FORCE ဒေါင်းရင်သွေးပျောက်ကျားတပ်ဖွဲ့ (DYT) ၊ GARUDA SECRET FORCE (ပုဂံ/ဂဠုန်တပ်) နှင့် TIGER WARRIOR FORCE တို့က ဒေသကာကွယ်ရေး တပ်ပေါင်းစုတွေအဖြစ် ပူးပေါင်းဖွဲ့စည်းလိုက်တာပါ။ လက်ရှိအချိန်မှာ ပုဂံညောင်ဦး ဒေသမှာ အကြမ်းဖက်စစ်တပ်က ယင်းတို့ လက်လွှတ်ထားရတဲ့ နယ်မြေတွေအတွင်းကို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးကာ ပြည်သူပိုင် ပစ္စည်းတွေ လုယက်၊ မီးရှို့ ၊ သတ်ဖြတ်မှုတွေ ပြုလုပ်နေတယ်လို့…