Category: News
-

ဖခင်ဖြစ်သူမှ သားသမီး ၄ ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်
ငွေကြေးအခက်အခဲကြောင့် ဖခင် မိမိကိုယ်ကိုသတ်သေမှု၊ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်မှုတွင် မိသားစုဝင်တစ်ဦး ပါဝင်ပတ်သက်နေ အသက် ၃၀ ကျော်အရွယ် ဖခင်တစ်ဦးနှင့် ၎င်း၏ ကလေးငယ်လေးဦးကို Ulsan၊ Ulju ကောင်တီရှိ ဗီလာတစ်ခုတွင် သေဆုံးလျက်တွေ့ရှိခဲ့ရပြီး မိသားစုသည် မကြာသေးမီက ငွေကြေးအခက်အခဲများနှင့် ရုန်းကန်နေရကြောင်း သတင်းများက အတည်ပြုထားသည်။ Ulju ကောင်တီနှင့် Ulju ရဲစခန်း၏ အဆိုအရ ၁၉ ရက်နေ့ ညနေ ၄:၄၈ နာရီခန့်တွင် မစ္စတာ A (အသက် ၃၄ နှစ်) နှင့် ၎င်း၏ အရွယ်မရောက်သေးသော ကလေးလေးဦး၏ အလောင်းများကို Ulju ကောင်တီ၊ Onsan-eup ရှိ ဗီလာတစ်ခုတွင် ၁၈ ရက်နေ့ ညနေ ၄:၄၈ နာရီခန့်တွင် တွေ့ရှိခဲ့သည်။…
-

ကသာမြို့ လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ
ကသာမြို့ လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သံဃာနှင့် စစ်ဘေးရှောင် ပြည်သူများ ထိခိုက်သေဆုံးမှုရှိ စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းရပ်ကွက်တို့ကို ယနေ့ မတ်လ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သံဃာတော်များအပါအဝင် ပြည်သူအများအပြား ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ ယနေ့နံနက်ပိုင်းတွင် ကသာမြို့၊ ခြေလျင်တပ်ရင်း ခလရ – ၃၀၉ နှင့် တော်လှန်ရေးအင်အားစု (PDF) များ တိုက်ပွဲများဖြစ်ပွားကြောင်း၊ တိုက်ပွဲများမှာ ပန်းပဲကုန်းဘက်အထိပါ ကူးစက်သွားခဲ့ကြောင်း၊ ယင်းနောက် ယနေ့ နံနက် ၁၀ နာရီကျော်အချိန် စစ်တပ်က လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းဘက်သို့ လေယာဉ်များဖြင့် ဗုံးများကျဲချခဲ့ကြောငး သိရှိရသည်။ “ရပ်ကွက်…
-

ဟားခါးမြို့ပေါ်တွင် အကြမ်းဖက် လွှတ်တော် အစည်းအဝေး ကျင်းပရန် ပြုလုပ်နေစဉ် ပစ်ခတ်မှုဖြစ်ပွား
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် အကြမ်းဖက် ပြည်နယ် လွှတ်တော်အစည်းအဝေး ကျင်းပရန် ပြုလုပ်နေစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဟားခါးမြို့ပေါ် ချင်းဦးစီးရပ်ကွက်ရှိ အကြမ်းဖက် ပြည်နယ် လွှတ်တော် အဆောက်အဦးတွင် လွှတ်တော်အစည်းအဝေး ကျင်းပရန် ပြုလုပ်နေစဉ် ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ပြီး ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုပစ်ခတ်မှု အတွင်း ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ အင်အား အများအပြား ရောက်ရှိလာကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ “ဟားခါးမြို့ပေါ်မှာ ဒီနေ့ စစ်ခွေးတွေရဲ့ ပြည်နယ် လွှတ်တော်အစည်းအဝေး ကျင်းပဖို့ ပြုလုပ်နေတုန်း…
-

မူဆယ်တွင် စစ်ကောင်စီတပ်ထိပ်ပိုင်း ပြောင်းလဲပြီးနောက် ကျားဖြန့်နှင့် လောင်းကစားရုံများကို ဝင်ဖမ်း
ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့မှ တပ်ထိပ်ပိုင်းကို အပြောင်းအလဲ ပြုလုပ်ပြီးနောက် ကျားဖြန့် နှင့် လောင်းကစားရုံများကို ဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအပြောင်းအလဲကို မတ် ၁၈ ရက်က စတင်ပြုလုပ်ခြင်း ဖြစ်ပြီး ရဟတ်ယာဥ်များ အဆင်းအတက်မှာ ယနေ့ မတ် ၂၀ ရက်အထိ ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။ “ခေါင်းပေါင်းတွေ ပြောင်းတော့ ထုံးစံအတိုင်း အဖမ်းပြတာပေါ့။ ရဲနဲ့ အခြားသူတွေလည်း ပြောင်းတယ်၊ အဓိက ဗိုလ်မှူးကြီး နိုင်မျိုးထွန်း ပြောင်းသွားတာပဲ။ အသစ်ပြောင်းလာတာတော့ မသိသေးဘူး” ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။ ထို့နောက် ဖမ်းဆီးမိ တရုတ်နိုင်ငံသားများကို လဝကမှ စိစစ်ရေး ပြုလုပ်နေကြောင်းနှင့် ဦးရေ မည်မျှ ဖမ်းမိသည်ကိုမူ မသိဟု ဆိုသည်။…
-

စစ်ကောင်စီသတ်မှတ်တဲ့ စက်သုံးဈေး စံချိန်တင်မြင့်တက်
စစ်ကောင်စီသတ်မှတ်တဲ့ ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းစျေးတွေ ဒီဇယ်တစ်လီတာကို ကျပ် ၅၀၀၀နီးပါးအထိ စံချိန်တင်မြင့်တက်လာတယ်လို့ မော်တော်ယာဥ်မောင်းတွေက ပြောပါတယ်။ အပတ်စဥ် သောကြာနေ့တိုင်း စစ်ကောင်စီဖွဲ့စည်းပေးထားတဲ့ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်ကော်မတီရဲ့သတ်မှတ်စျေးအရ ပြီးခဲ့တဲ့ ခြောက်ရက်ကထက် တစ်လီတာ အနည်းဆုံး ကျပ် ၇၈၀ကနေ ကျပ် ၁၂၆၀အထိ စျေးတက်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့(မတ်လ ၂၀ ရက်)ရန်ကုန်အထိုင် စက်သုံးဆီစျေးအရဓာတ်ဆီ 92တစ်လီတာက ၃,၆၁၀ ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၃,၈၅၀ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၄,၃၉၀ကျပ်နဲ့ ပရီမီယံဒီဇယ် ၄,၈၂၀ကျပ် ဖြစ်ပါတယ်။ အခု စက်သုံးဆီစျေးက ပြည်တွင်းစက်သုံးဆီစျေးသမိုင်းတလျှောက် အမြင့်ဆုံးဖြစ်နေပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအတွက် တိုက်ရိုက်သက််ရောက်မှုတွေနဲ့အတူ အခြေခံလူထုက ကြပ်တည်းမှုတွေ ထပ်ဆင့်ပိုကြုံရလိမ့်မယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့က သုံးသပ်ပါတယ်။ “စက်သုံးဆီ အားလုံးနီးပါးက အရင်ကထက်…