Category: News

  • ရင်နင့်စရာကောင်းလွန်းတဲ့ ထိုင်းရောက်မြန်မာလုပ်သားတို့ရဲ့ ဘဝနိဂုံး တစ်ခု…

    ရင်နင့်စရာကောင်းလွန်းတဲ့ ထိုင်းရောက်မြန်မာလုပ်သားတို့ရဲ့ ဘဝနိဂုံး တစ်ခု…

    “ရင်နင့်စရာကောင်းလွန်းတဲ့ ထိုင်းရောက်မြန်မာလုပ်သားတို့ရဲ့ ဘဝနိဂုံး တစ်ခု… 😥😥 ​လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ထိုင်းနိုင်ငံက အခန်းငှားတစ်ခုအတွင်းမှာ ပအိုဝ်းတိုင်းရင်းသူလေး မနင်းအေးသိန်း (အသက် ၂၇ နှစ်) တစ်ယောက် ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့ရပါတယ်။ အဆိုးဝါးဆုံးကတော့ သူမဟာ နေမကောင်းဖြစ်နေတာ ရက်အတန်ကြာခဲ့ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ဆေးခန်းပြဖို့ အခက်အခဲရှိနေခဲ့ပုံရပါတယ်။ ​နောက်ဆုံးမှာတော့ ဘယ်သူမှမသိရှိဘဲ သူမရဲ့ အခန်းလေးထဲမှာပဲ အသက်ရှူရပ်တန့်သွားခဲ့ရရှာပါတယ်။ ပိုပြီး စိတ်မကောင်းဖြစ်ရတာကတော့ သူမရဲ့ (၂) နှစ်၊ (၃) နှစ်အရွယ် သမီးငယ်လေးဟာ သူ့အမေ အသက်မရှိတော့တာကို မသိဘဲ ‘မေမေ အိပ်ပျော်နေတယ်’ အမှတ်နဲ့ ဘေးနားမှာ ဆော့ကစားရင်း၊ ငိုတောင်မငိုဘဲ အဖော်လုပ်ပေးနေခဲ့တာပါပဲ။ ဒီမြင်ကွင်းကို မြင်တွေ့ရတဲ့သူတိုင်း ရင်ထဲမှာ တကယ်ကို ခံစားရခက်လွန်းလှပါတယ်။ ​အခုတော့ ပအိုဝ်းလူမှုကူညီရေးအဖွဲ့တွေက သွားရောက်ကူညီဆောင်ရွက်ပေးခဲ့တယ်လို့…

  • တော်လှန်ရေးဇာတ်မျောကြီး ဖြစ်သွားတော့မှာလား

    တော်လှန်ရေးဇာတ်မျောကြီး ဖြစ်သွားတော့မှာလား

    ဒီနေ့ နေပြည်တော်မှာ ပြည်သူ့လွှတ်တော်အစည်းအဝေးလုပ်တယ်။ လက်ရှိ ကြံ့ဖွံ့ဥက္ကဋ္ဌ ခင်ရီက ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးအဖြစ် လက်ရှိစစ်ကော်မရှင်မှာ ရာထူးယူထားတဲ့ မောင်မောင်အုန်းက ဒုက္ကဋ္ဌဖြစ်တယ်။ ညိုစောအပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းများစွာ ပြည်သူ့လွှတ်တော်ထဲ နေရာယူထား တယ်။ ဒီအခင်းအကျင်းကို လက်ရှိ တော်လှန်ရေးတာဝန်တွေယူထားသူတွေရော၊ ပြည်သူတွေပါ သတိထား စောင့်ကြည့်သင့်တယ်လို့ ကျွန်တော်တို့မြင်တယ်။ အပေါ်ယံအားဖြင့်တော့ စစ်တပ်ကလုပ်တာဘာဆန်းလဲ၊ ရွေးကောက်ပွဲလည်း သူတို့ဘာသာလုပ်တဲ့ အတုယောင်ပဲ၊ လွှတ်တော်လည်းအတုယောင်ပဲ၊ အဲဒီကရွေးတဲ့ အစိုးရကလည်း အတုအယောင်ပဲ ၊ နုဂျီကမှ ငါတို့အစိုးရ စသည်ဖြင့် တွေးမိကြမယ်။ မှန်ပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော်တို့ အတွက်ပဲ မှန်ပါတယ်။ သတိထားကြည့်ရင် စစ်တပ်ဟာ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတရပ်နဲ့ လွှတ်တော်စနစ်ကို ပုံဖော်ပေးခဲ့တယ်ဆိုတဲ့ လမ်းကြောင်းကိုသွားနေတာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာအကြိုက်ပါပဲ။ နိုင်ငံတကာမှာ နိုင်ငံရေး၊…

  • သယ်ရခက်ခြင်းကြောင့် ရုရှားစစ်သည်ရုပ်အလောင်းများမှ ဦးခေါင်းကိုသာ ဖြတ်ယူခဲ့ရန် အမိန့်ပေးထားကြောင်း အသံဖိုင်ပေါက်ကြား

    သယ်ရခက်ခြင်းကြောင့် ရုရှားစစ်သည်ရုပ်အလောင်းများမှ ဦးခေါင်းကိုသာ ဖြတ်ယူခဲ့ရန် အမိန့်ပေးထားကြောင်း အသံဖိုင်ပေါက်ကြား

    သေဆုံးသွားသော ရုရှားစစ်သည်များ၏ ရုပ်အလောင်းများကို စစ်မြေပြင်မှ ပြန်လည်သယ်ယူမည့်အစား ဦးခေါင်းကိုသာ ဖြတ်ယူခဲ့ရန် ရုရှားတပ်မှူးများက အမိန့်ပေးထားကြောင်း ယူကရိန်းစစ်ဘက်ထောက်လှမ်းရေးက ပြောကြားလိုက်သည်။ ယူကရိန်းတွင် တိုက်ပွဲဝင်နေသည့် ရုရှားတပ်ဖွဲ့ဝင်များ“ကိုယ်ကျင့်တရားပျက်ပြားပြီး စိတ်ဓာတ်ကျဆင်းနေမှု”ကို ဖော်ပြသည့် လက္ခဏာအဖြစ် ရုရှားစစ်သားနှစ်ဦး ပြောကြားထားသည့် အသံဖိုင်တခုကို ယူကရိန်းစစ်ဘက်ထောက်လှမ်းရေး (HUR) က ကြားဖြတ်ဖမ်းယူနိုင်ခဲ့သည်။ “အလောင်းတွေကို သယ်ရတာ ခက်ခဲတဲ့အတွက် ဦးခေါင်းကိုဖြတ်၊ အဲဒီဦးခေါင်းနဲ့အတူ အထောက်အထားစာရွက်စာတမ်းတွေပါ တပါတည်း ယူလာခဲ့ဖို့ ညွှန်ကြားခံထားရတယ်” ဟု အသံဖိုင်တွင် ရုရှားစစ်သားတဦးက ပြောကြားခဲ့သည်။ ရုပ်အလောင်းတခုလုံးကို စစ်မြေပြင်မှ သယ်ထုတ်ရန်မလိုဘဲ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန်အတွက် ရုရှားတပ်မှူးများက ထိုသို့ ခေါင်းဖြတ်ယူခိုင်းခြင်းဖြစ်ကြောင်း ယူကရိန်းစစ်ဘက်ထောက်လှမ်းရေး (HUR) က ပြောကြားသည်။ ထို့ပြင် ရုရှားအရာရှိများသည် ၎င်းတို့၏ စစ်သားများ၏ ရုပ်အလောင်းများကို “ဝန်ပို”…

  • ကျောက်ဖြူမှာ AA ထိန်းချုပ်နယ်မြေကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်း ပြိုကွဲရုံသာမက အထိုင်ကုန်းစခန်းတစ်ခုပါ အသိမ်းခံရ

    ကျောက်ဖြူမှာ AA ထိန်းချုပ်နယ်မြေကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်း ပြိုကွဲရုံသာမက အထိုင်ကုန်းစခန်းတစ်ခုပါ အသိမ်းခံရ

    ကျောက်ဖြူမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်း တစ်ခုဟာ ထပ်မံ အထိနာခဲ့ရတဲ့အပြင် သူတို့ရဲ့ အထိုင်စခန်းတစ်ခုပါ ထပ်မံဆုံးရှုံးလိုက်ရတယ်လို့ သတင်းရရှိပါတယ်။ ဒီလ ၁၆ ရက်နေ့က အင်အား ၇၀ ခန့်ပါတဲ့ စစ်ကော်မရှင် စစ်ကြောင်း တစ်ခုဟာ မင်းပြင်နဲ့ သိုင်းချောင်းကြားကနေ အာရက္ခတပ်တော်ထိန်းချုပ်တဲ့နေရာတစ်ခုကို ထိုးစစ်ဆင်လာခဲ့တယ်လို့ စစ်မြေပြင် သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။ ဒီစစ်ကြောင်းကို အာရက္ခစစ်သည်တော်တွေက လက်ဦးမှုရယူကာ ချေမူန်းတိုက်ခိုက်လိုက်တဲ့အတွက် သေဆုံးသူတွေ၊ ဖမ်းဆီးခံရသူတွေနဲ့ စစ်ကြောင်း ပြိုကွဲကာ နောက်ဆုတ်သွားခဲ့တယ်လို့ သူက ဆက်ပြောပြပါတယ်။ “ဒီလ ၁၆ ရက် ညနေဖက် ထိုးစစ်ဆင်လာတာပါ။ အင်အား ၇၀ ဝန်းကျင်လောက်ပါတယ်လို့ ခန့်မှန်းရတယ်။ တပ်တော်က သေချာ နေရာယူပြီး လက်ဦးမှုယူ တိုက်ခိုက်တော့ အဲဒီစစ်ကြောင်း အကျဆုံးများပြီး…

  • တစ်နေ့လျှင် ၄ နာရီ ၂ ကြိမ် စုစုပေါင်း ၈ နာရီ  လျှပ်စစ်မီးများ အလှည့်ကျ ပြန်လည်ဖြတ်တောက်မည်ဟု ကြေညာ

    တစ်နေ့လျှင် ၄ နာရီ ၂ ကြိမ် စုစုပေါင်း ၈ နာရီ လျှပ်စစ်မီးများ အလှည့်ကျ ပြန်လည်ဖြတ်တောက်မည်ဟု ကြေညာ

    ယနေ့ မတ်လ ၁၈ ရက်နေ့မှစတင်၍ တစ်နေ့လျှင် ၈ နာရီခြား၍ ၂ ကြိမ် စုစုပေါင်း ၈ နာရီ လျှပ်စစ်မီးများ အလှည့်ကျ ပြန်လည်ဖြတ်တောက်မည်ဖြစ်ကြောင်း အကြမ်းဖက်စစ်တပ် လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် တက္ကသိုလ်ဝင်စာမေးပွဲများ ပြီးဆုံးသွားပြီး နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ယနေ့ မတ်လ ၁၈ ရက်နေ့ မှစတင်ကာ လျှပ်စစ်မီးများကို အလှည့်ကျစနစ် (Planned Load Shedding) ဖြင့် ပြန်လည်ဖြတ်တောက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည်။ အလှည့်ကျ မီးဖြတ်မီးပေးစနစ်ကို ကျင့်သုံးရခြင်းမှာ လျှပ်စစ်မီးများ လုံလောက်စွာ မထုတ်နိုင်တော့ခြင်းကြောင့်ဖြစ်ပြီး အဓိကပင်မ ဓာတ်အားလိုင်းအချို့ ဖျက်ဆီးခံရခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရရှိမှု လျော့နည်းလာခြင်းကြောင့် LNG သုံး ဓာတ်အားပေးစက်ရုံများမှာ ပုံမှန်ထုတ်လုပ်နိုင်မှု၏…