Category: News
-

ပေါက်မြို့လာနေတဲ့ စစ်တပ်ရိက္ခာယာဥ်တန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေ
မကွေးတိုင်း၊ ပေါက်မြို့ကို လာနေတဲ့ စစ်တပ်ရိက္ခာယာဥ်တန်းကို တိုက်ခိုက်နေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ရိက္ခာနဲ့စစ်ကား အစီးရေ ၁၃၀ကျော်ပါတဲ့ ယာဥ်တန်းဟာ ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)ကနေ ဆိပ်ဖြူမြို့နယ်ဖြတ်ပြီး ပေါက်မြို့နယ်တောင်ပိုင်းကတဆင့် မြို့အတွင်းဝင်ဖို့ကြိုးစားနေတာလို့ ဆိုပါတယ်။ “ယာကြီးပြင်ပျူရွာရောက်ပြီ။ပေါက်မြို့ဘက်ကို ဒီနေ့ ရှေ့ပြေးစထွက်နေပြီ”လို့ ပေါက်မြို့နယ်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ ဒါအပြင် ယာကြီးပြင်ကျေးရွာကနေ ပေါက်မြို့ပေါ်ကို ရောက်ဖို့ (၅)မိုင်ဝန်းကျင် လိုသေးတယ်လို့ အသိပေးပါတယ်။ အဲဒီယာဥ်တန်းအတွက် ရှေ့ပြေးရှင်းလင်းတဲ့ စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အခုမတ် ၁၃ ရက်က တိုက်ပွဲစဖြစ်တယ်လို့ သိရပါတယ်။ “၁၃ရက်နေ့က သုံးယောက်(စစ်ကောင်စီတပ်သား)သေတယ်။မနေ့က ဒရုန်းတွေနဲ့သူတို့ဘက်က တိုက်တယ်”လို့ ပေါက်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ စစ်တပ်ယာဥ်တန်းမှာ တပ်သားအင်အားအပြည့်ပါတဲ့ ကားအစီးရေ ၃၀ကျော်နဲ့ ရိက္ခာတွေ တင်ထားတဲ့ ယာဥ်တွေအပါအဝင် စုစုပေါင်း အစီး ၁၃၀…
-

အိမ်တွင်းရေးကိစ္စကြောင့် ကိုယ့်အိမ်ကို လူငှားကာ ဓားပြတိုက်ခိုင်းမှု မန္တလေးမှာ ဖြစ်ပွား
အိမ်တွင်းရေးကိစ္စကြောင့် ကိုယ့်အိမ်ကို လူငှားကာ ဓားပြတိုက်ခိုင်းမှု မန္တလေးမှာ ဖြစ်ပွား မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်မှာ ကိုယ့်အိမ်ကို လူငှားပြီး ဓားပြတိုက်ခိုင်းတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်က အမရဌာနီ အရှေ့ရပ်ကွက်၊ အကွက် (၂၂)၊ ၇၆×၇၈ လမ်းကြား၊ ၈×၉ လမ်းကြားက ဦးသောင်းအေး ဆိုသူရဲ့နေအိမ်ကို ပစ္စည်းလာပို့သူပုံစံ ဟန်ဆောင်ထားတဲ့ လူ ၂ ယောက်က ဓားပြဝင်တိုက်သွားတယ်လို့ သိရပါတယ်။ ဓားပြအတိုက်ခံရတာကြောင့် ငွေသား ကျပ်သိန်း ၂၀၀ ကျော်နဲ့ ရွှေထည်ပစ္စည်းတွေ ပါသွားတယ်လို့ ဆိုပါတယ်။ “ကြားတာတော့ အဲ့ဒီပစ္စည်းပို့သမား ၂ ယောက်က အိမ်မှာရှိတဲ့ ကလေး ၃ ယောက်ထဲက တယောက်ကို ဖမ်းချုပ်ပြီး ပိုက်ဆံတွေနဲ့…
-

စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့သည့် ရေးမြို့နယ်က အမတ ၃၁၆ တပ်ရင်း စစ်ဆေးရေးဂိတ် (ရုပ်သံ)
မတ်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်က မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ အမတ ၃၁၆ တပ်ရင်းစစ်ဆေးရေး ဂိတ်ကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီသား ၃ဦး နေရာတွင် သေဆုံးခဲ့ပြီး ရေးဘီလူး အဖွဲ့မှာ ထိခိုက်မှု မရှိဘဲ ဆုတ်ခွာခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ တပ်သား ၃ ဦး သေဆုံးပြီး ပျူစောထီး ခေါင်းဆောင်တစ်ဦးလည်း ထိခိုက် ဒဏ်ရာ ရရှိကာ ရေးမြို့နယ် ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း သိရှိရသည်။ ရုပ်သံ-ရေးဘီလူးတပ်ဖွဲ့
-

မြဝတီမှာ မိသားစုလိုက် အစာအဆိပ်သင့်ပြီး ကလေးနှစ်ယောက်သေ
ခြောက်ယောက်ဆေးကုသမှုခံယူနေရ ကရင်ပြည်နယ် ၊ မြဝတီမြို့မှာ မိသားစုလိုက် အစာအဆိပ်သင့်ပြီး ကလေးနှစ်ယောက်သေဆုံးကာ နောက်ထပ်ခြောက်ယောက် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ မနေ့က မတ်လ ၁၅ ရက်နေ့မှာ ကြက်သားဟင်းချက်စားရာမှာ ဆားကိုထည့်ရမယ့်အစား ဆိုဒီယမ်နိုက်ထရိုက်အမှုန့်ကို ထည့်ပြီးချက်စားခဲ့တဲ့အတွက် အစာအဆိပ်သင့်ပြီး အသက် ၁၂ နှစ်အရွယ်နဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ်နှစ်ယောက်သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ “ဖြစ်တာက သာမန်လက်လုပ်လက်စား မိသားစုပါ။ ကြက်သားထဲကို ဆိုဒီယမ်နိုက်ထရိုက် အထုတ်ထည့်စားတာကနေ ဖြစ်တာလို့သိရတယ်။ အဲဒီအထုတ်ကလည်း ကျားဖြန့်ဆိုက်တွေက ကောက်လာတာလား ဘာလားတော့ မသိဘူး။ ကလေးနှစ်ယောက်က ဆေးရုံရောက်လာကတည်းက အသက်မပါတော့ဘူးသိရတယ်။ ” လို့ ဒေသခံက ပြောပါတယ်။ အဆိုပါ အစာအဆိပ်သင့်ခဲ့တဲ့ မိသားစုဟာ မြဝတီမြို့ အမှတ် ၄ ရပ်ကွက်က ဖြစ်ပြီး…
-

ချင်းတွင်းမြစ်ထဲ ရေဆင်းချိုးတဲ့ ကလေး ၅ ဦး ရေနစ်၊ ၃ ဦး ပျောက်ဆုံးနေ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ချင်းတွင်းမြစ်ဆိပ်မှာ ဒီကနေ့ညနေပိုင်းက ကလေးတွေရေဆင်းချိုးရာကနေ ၅ ဦးရေနစ်ပြီး ၂ ဦးကယ်နိုင်ခဲ့ကာ ၃ ဦးပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ (မတ်လ ၁၆ ရက်) ညနေ ၆ နာရီခန့်က မုံရွာမြို့ရှိ ချင်းတွင်းမြစ်၊ ဇတ်ဆိပ်အနီးမှာ ရေဆင်းချိုးတဲ့ အသက် ၁၄ နှစ်ဝန်းကျင် ယောက်ျားလေး ၃ဦးနဲ့ မိန်းကလေး ၂ဦး စုစုပေါင်း ၅ ဦး ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ၅ ဦးအနက် ယောကျာ်းလေး ၂ ဦးကိုတော့ စက်လှေသမားတွေက ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ သို့သော် ကျန်တဲ့ ယောက်ျားလေး ၁ ဦး၊ မိန်းကလေး ၂ ဦးကိုတော့ ညပိုင်းအထိ ရှာမတွေ့သေးလို့…