Category: News
-

မြစ်ကြီးနားလေတပ်ကို KIA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်
မြစ်ကြီးနားလေတပ်ကို KIA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ဗန်းမော်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို တော်လှန်ရေးတပ်များက အပြီးသတ် ထိုးစစ်ဆင်နေ ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်အတွင်းသို့ KIA ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း KIA သတင်းရင်းမြစ်က ပြော ဆို သည်။ ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၄ နာရီကျော်အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လေတပ်ဝင်းအတွင်းသို့ KIA က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ရှော့တိုက်ဒုံးသည် လေတပ်ဝင်းအတွင်းတွင် ကျရောက်ပေါက်ကွဲခဲ့သော်လည်း တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။ “ဟုတ်တယ်။ မြစ်ကြီးနား လေတပ် ကို ငါတို့လက်နက်ကြီးနဲ့ပစ်တာပါ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။ မြစ်ကြီးနားလေတပ်မှာ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက မကြာ ခဏဆိုသလို…
-

Non-CDM ဝန်ထမ်းများစစ်မှုထမ်းရမည်
ယမန်နေ့က (ဇန်နဝါရီ ၂၃)အတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများသည် စစ်မှုထမ်းရမည်ဖြစ်သည်။ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသည့် Non-CDM ဝန်ထမ်းများသည် စစ်ဘက်နှင့်အရပ်ဘက် နှစ်နေရာစလုံးတွင် အမည်စာရင်းပေါက်မည်ဖြစ်သော်လည်း မူလရရှိသည့်ဝန်ထမ်းလစာနှင့် တပ်သားသစ်အဖြစ်ရရှိမည့်လစာနှစ်ခုထဲမှ နှစ်သက်ရာတစ်ခုကိုသာ လက်ခံရရှိမည်ဟု ပြဋ္ဌာန်းထားသည်။ စစ်ဗိုလ်များသည်အရပ်ဘက်ပြောင်းပါက စစ်ဘက်နှင့်အရပ်ဘက် နှစ်နေရာစလုံးအတွက် နှစ်သီးစားလစာများ ရသော်လည်း စစ်မှုထမ်း Non-CDM ဝန်ထမ်းများကတော့ ယင်းအခွင့်အရေးရရှိမည်မဟုတ်ပါ။ ယင်းအစားNon-CDM ဝန်ထမ်းများသည် ရာထူးတိုးစာမေးပွဲဖြေရန်ရှိလာပါက လူတွေ့နှင့် ရေးဖြေ နှစ်ခုစလုံးအတွက် ဖြေဆိုစရာမလိုဘဲ ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။ Non-CDM ဝန်ထမ်းများသည် စစ်မှုထမ်းသတ်မှတ်ကာလပြည့်ပါက အရပ်ဘက်သို့မပြန်ဘဲ အမြဲတမ်းစစ်သားအဖြစ် ဆက်လက်လျှောက်ထားနိုင်ကြောင်းလည်း စစ်မှုထမ်းနည်းဥပဒေတွင်ပါဝင်သည်။ အာဏာရှင်ဟောင်းဗိုလ်ချုပ်သန်းရွှေကရေးဆွဲခဲ့ပြီး အာဏာရှင်လက်သစ်ဗိုလ်ချုပ်မင်းအောင်လှိုင်က ၂၀၂၄ တွင်အတည်ပြုခဲ့သည့် စစ်မှုထမ်း ဥပဒေအရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း…
-

မြိုင် လင်းကတော ရဲစခန်းနှင့် ငါန်းဇွန် မြို့သာရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံး
မကွေးတိုင်း၊ မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို လာရောက် ပူးပေါင်းသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းများ ဖြင့်ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Eagle Brigade (ANyar Eagles) တပ်မှူး Leo9 က ပြောဆိုသည်။ ဇန်နဝါရီလ ၂၃ ရက်နေ့ ညပိုင်းတွင် မြိုင်မြို့နယ်ရှိ လင်းကတော ရဲစခန်းကို အင်အား ၁၀၀ ကျော်ခန့်ဖြင့် လာရောက် ပူးပေါင်း အကြမ်း ဖက်စစ်ကောင်စီ တပ်သားများကို 4Kg ဗုံးသီး ၁ လုံး ၊ 2Kg ဗုံးသီး ၁ လုံး၊ 1Kg ဗုံးသီး ၂ လုံး စုစုပေါင်း ၄ လုံးဖြင့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း…
-

ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း ၅၁၀၂နှင့် ဗျူဟာစစ်ကြောင်း ၁ ကို ကျည်ကာပစ္စည်းများတပ်ဆင်ခြင်းအခမ်းအနား ကျင်းပ
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း၅၁၀၂ နှင့် ဗျူဟာစစ်ကြောင်း ၁ ကို ကျည်ကာပစ္စည်းများတပ်ဆင်ခြင်းအခမ်းအနားကို ရှေ့တန်းတစ်နေရာတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရန်ကုန်တိုင်းစစ်ဌာနမှ စစ်ဦးစီးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး တပ်ရင်း ၅၁၀၂ နှင့် ဗျူဟာစစ်ကြောင်း ၁ မှ ရဲဘော်များကို ကျည်ကာအင်္ကျီ၊ ကျည်ကာပြားနှင့် ကျည်ကာဦးထုပ်တို့ကို တပ်ဆင်ပေးခဲ့ကြောင်း သိရှိရသည်။
-
စစ်မှုထမ်းရန်အကျုံးဝင်သည့်လူငယ်အားလုံး နိုင်ငံခြားထွက်ခွင့်ပိတ်ပင်ကြောင်း စစ်ကောင်စီအတည်ပြုပြီ
စစ်မှုထမ်းရန်အတွက် ကျန်းမာပြီး အသက်ပြည့်မီသည့် လူငယ်များအားလုံးကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားထွက်ခွင့်မပြုကြောင်း စစ်ကောင်စီကယမန်နေ့က အတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် ထည့်သွင်းကန့်သတ်လိုက်သည်။ စစ်မှုထမ်းရန်အတွက် ကျန်းမာပြီး အသက်ပြည့်မီသည့် လူငယ်များအားလုံးကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားထွက်ခွင့်မပြုကြောင်း စစ်ကောင်စီကယမန်နေ့က အတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် ထည့်သွင်းကန့်သတ်လိုက်သည်။ စစ်ကောင်စီသည် ပြီးခဲ့သည့်နှစ်ဖေဖော်ဝါရီလအတွင်းက အသက်သွင်းခဲ့သည့် စစ်မှုထမ်းဥပဒေ၏ နောက်ဆက်တွဲအဖြစ် နည်းဥပဒေကိုဆက်လက်အသက်သွင်းခဲ့ခြင်းဖြစ်သည်။ လျို့ဝှက်အဆင့်အဖြစ်သတ်မှတ်ထားသည့် ထိုနည်းဥပဒေကို ရရှိထားပြီး ယင်းဥပဒေတွင် စစ်မှုထမ်းရန်အတွက် ပိုမိုပြင်းထန်သည့်ကန့်သတ်ချက်များပါရှိသည်။ အဆိုပါနည်းဥပဒေ၏အဆိုအရ စစ်ကောင်စီ၏အုပ်ချုပ်ရေးမှူးများသည် ရပ်ကွက်နှင့်ကျေးရွာများအတွင်းမှ စစ်မှုထမ်းရန်အသက်ပြည့်သူများကို စာရင်းကောက်မည်ဖြစ်ပြီး ထိုသူတို့ကို မြို့နယ်အဆင့်တွင်စုစည်းပြီး ဆေးစစ်မည်ဟုဖော်ပြထားသည်။ ကျန်းမာပြီးဆေးအဆင့်မီသူများကို စစ်မှုထမ်းရန်အတွက် မှတ်ပုံတင်သွင်းမည်ဖြစ်သည်။ ဆေးအောင်သူများသည် စစ်မှုထမ်းရန်အတွက် စောင့်ဆိုင်းနေရမည်ဖြစ်ပြီး စစ်သင်တန်းတက်သည်ဖြစ်စေ၊ စစ်သင်တန်းမတက်ရောက်သေးဘဲ အရပ်သားအဖြစ် နေထိုင်သည်ဖြစ်စေ နိုင်ငံရပ်ခြားသို့ သွားလာခွင့်မရှိကြောင်း စစ်ကောင်စီကကန့်သတ်လိုက်သည်။ စစ်မှုထမ်းရန် အကျုံးဝင်သူ…