Category: News
-

စစ်ကောင်စီသည် အာဏာလက်မလွှတ်ရရေးအတွက် ကျွန်ခံရန် သဘောထားရှိနေဟု NUGကာကွယ်ရေးဝန်ကြီးပြော
စစ်ကောင်စီသည် အာဏာလက်မလွှတ်ရရေးအတွက် မည်သူ့ကိုမဆိုကျွန်ခံရန် သဘောထားရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။ ဝန်ကြီးဦးရည်မွန်က လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ယနေ့ (ဇန်နဝါရီလ၂၁ရက်)တွင် ထိုကဲ့သို့ရေးသား အသိပေးထားခြင်းဖြစ်သည်။ “ကိုယ်ပြည်ထောင်စုရဲ့ ပြည်တွင်းရေးကို တိုင်းတပါးက ချယ်လှယ် သြဇာပေးတယ်ဆိုတာ တွေးကြည့်ရင်အင်မတန် နှလုံးနာဖို့ ကောင်းပါတယ်။ ကိုယ့်အုပ်စု အာဏာမြဲ ပြီးရောဘယ်သူ့ကျွန်ခံရ ခံရ ခံမယ်ဆိုတာစစ်အုပ်စုရဲ့ သဘောထားပါပဲ။ ကျွန်တော်တို့ တိုင်းပြည်ကစစ်အုပ်စု မရှိမှ အေးမယ်ဆိုတဲ့ တိုင်းပြည်ပါပဲ”ဟု ရေးသားထားသည်။ စစ်ကောင်စီသည် တရုတ်နိုင်ငံ၏ကြားဝင်ညှိနှိုင်းပေးမှုဖြင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နှင့် အပစ်ရပ်လက်မှတ်ထိုးလိုက်ကြောင်း ယမန်နေ့က တရုတ်ဘက်က ကြေညာခဲ့သည်။ ထိုကြေညာချက်ကို MNDAAရော စစ်ကောင်စီကပါ တရားဝင်ထုတ်ပြန်လာခြင်းမရှိသေးဘဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောကြားခဲ့ခြင်းဖြစ်သည်။ စစ်ရှုံးနေသည့်စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ကြောက်လန့်နေပြီး တိုက်ပွဲများရပ်တန့်ရေး၊ ရွေးကောက်ပွဲကျင်းပနိုင်တို့အတွက် တရုတ်နိုင်ငံရေးအကူအညီကို…
-

စစ်ရေးအရ စုစည်းညီညွတ်မှု တည်ဆောက်ရန် NUG ယာယီသမ္မတ ထပ်မံ သတိပေး
လက်နက်ကိုင် တော်လှန်ရေးတွင် တစ်ယောက် တစ်ပေါက် ဖြစ်၍မရဘဲ စစ်ရေးအရ စုစည်းညီညွတ်မှု တည်ဆောက်ရန် NUG ယာယီသမ္မတ ထပ်မံ သတိပေး အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေသည့် လက်နက်ကိုင် တော်လှန်ရေးတွင် တစ်ယောက် တစ်ပေါက်ဖြစ်၍မရဘဲ စစ်ရေးအရ စုစည်းညီညွတ်မှု တည်ဆောက်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ထပ်မံ သတိပေးလိုက်သည်။ ယနေ့ ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ၃/၂၀၂၅ အစည်း အဝေးတွင် ယာယီသမ္မတက အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။ NUG အစိုးရ၏ အမိန့်ပေး ကွပ်ကဲမှုထီးရိပ်အောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တော်လှန်ရေးတပ်များ တစ်ညီတစ်ညွတ်တည်း ဖြစ်စေရန် ဆက် လက် တည်ဆောက်ရန် လိုအပ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် စုစည်းညီညွတ်မှုကို နိုင်ငံရေးအရ တည်ဆောက်ရမည့်အပြင် စစ်ရေးအရပါ လက်တွေ့ကျကျ တည်ဆောက်နိုင်ရေး ကြိုးစားကြရန်…
-

အောင်ဇေယျာ စစ်ကြောင်းမှ စစ်သား ၂ ဦး အလင်းဝင်
မြ၀တီမြို့ကို ပြန်သိမ်းရန် ထိုးစစ်ဆင်နေသော စစ်ကောင်စီ၏ အောင်ဇေယျာ စစ်ကြောင်းမှ စစ်သား ၂ ဦး အလင်းဝင် ကရင်ပြည်နယ်၊ မြ၀တီမြို့ကို ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသော အောင်ဇေယျာ စစ်ကြောင်းမှ အကြမ်းဖက်စစ်ကောင်စီ စစ်သား ၂ ဦး လက်နက်မပါဘဲ အလင်းဝင်လာသဖြင့် ဂုဏ်ပြုဆုငွေ၁၀သိန်း ချီးမြှင့်ခဲ့ကြောင်း People Defense Force မှ ဗျူဟာ ၃၁ လုံခြုံရေးတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၁၈ရက်နေ့ ညပိုင်း တောင်ပိုင်းတိုင်းစစ်ဒေသ ဗျူဟာ ၃၁ ထံသို့ အကြမ်းဖက်စစ်ကောင်စီ၏ အောင်ဇေယျစစ် ကြောင်းမှ စစ်သား ၂ ဦးက အလင်းဝင်လာကြောင်း၊ ထိုအလင်းဝင်လာသော အကြမ်းဖက်စစ်ကောင်စီ စစ်သား ၂ ဦးကို ဗျူဟာ ၃၁ က…
-

တီးတိန်မြို့သိမ်း တိုက်ပွဲကြောင့် ချင်းတော်လှန်ရေးအချင်းချင်းကြားတွင် တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်
ချင်းပြည်နယ်၊ တီးတိန်မြို့ကို People Defence Army(PDA)-Tedim က မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ မြို့သိမ်းတိုက်ပွဲဆင်နွှဲမည်ဟု ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တီးတိန်မြို့နယ်ကောင်စီက ထုတ်ပြန်ပြီးနောက် PDF-ဇိုလန်ကလည်း ကန့်ကွက်ကြောင်းနှင့် ၎င်းတို့လည်း တီးတိန်မြို့သိမ်းတိုက်ပွဲဖော်ဆောင်မည်ဟု ဆက်လက်ထုတ်ပြန်ခဲ့သည်။ ထို့အပြင် PDF-ဇိုလန်အနေဖြင့် တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် လုပ်ငန်းစဥ်များချမှတ်ထားပြီဖြစ်ပြီး PDA-တီးတိန်နှင့် မဟာမိတ်ပူးပေါင်းတပ်က တီးတိန်မြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်လာပါက (ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)/ချင်းညီနောင်(CB)နှင့် လက်တွဲကာ ပြတ်ပြတ်သားသားတိုက်ထုတ်သွားမည်ဟု PDF-ဇိုလန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “မြို့သိမ်းတိုက်ပွဲအတွက် လွဲဆွဲမှုတွေကြောင့် ချင်းတော်လှန်ရေးအင်အားစုအချင်းချင်းကြားမှာ တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်မိတယ်။ နှစ်ဖက်သေချာညှိနှိုင်းပြီးမှ သေသေချာချာကိုင်တွယ် လုပ်ဆောင် စေချင်ပါတယ်။ မနှစ်က မတူပီမြို့သိမ်းတိုက်ပွဲတုန်းကလည်း အချင်းချင်းတိုက်ပွဲဖြစ်တယ်။ အချင်းချင်းတွေပဲ ထိခိုက်နစ်နာတယ်။ ဒါကို စံနမူနာယူကြဖို့ လိုအပ်တယ်ပေါ့နော်။ တီးတိန်မြို့ သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး အမှား/အယွင်းတွေရှိခဲ့ရင်…
-

ဒုအရာခံဗိုလ် မျိုးဇော်ဆတ်က စစ်မှုထမ်း တပ်သားသစ်များကို အကြောင်းမဲ့ ရိုက်နှက်သဖြင့် တပ်သားတချို့ မသန်စွမ်းဖြစ်
မိုင်းဆတ်မြို့၊ ထပခ ၈၂၃ တပ်ခွဲတွင် ရုံးအုပ် ဒုအရာခံဗိုလ် မျိုးဇော်ဆတ်က စစ်မှုထမ်း တပ်သားသစ်များကို အကြောင်းမဲ့ ရိုက်နှက်သဖြင့် တပ်သားတချို့ မသန်စွမ်းဖြစ် ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့၊ ထပခ ၈၂၃ တပ်ခွဲတွင် ရုံးအုပ် ဒုအရာခံဗိုလ် မျိုးဇော်ဆတ်က စစ်မှုထမ်း တပ်သားသစ်များကို အကြောင်းမဲ့ ရိုက်နှက်မှုကြောင့် မသန်စွမ်း ဖြစ်သွားသူများရှိကြောင်း တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။ အမှတ် ၈၂၃ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲတွင် ရုံးအုပ် ဒုအရာခံဗိုလ် မျိုးဇော်ဆတ်သည် တပ်တွင်းကြီးနိုင်ငယ်ညှဉ်း နှိပ် စက်မှုများကို ကျူးလွန်နေသူများဖြစ်ပြီး တပ်ထဲသို့ အသစ်ရောက်ရှိလာသည့် စစ်မှုထမ်း တပ်သားသစ် လူငယ်များကို ပစ်မှတ်ထား၍ ရိုက်နှက်မှုများ ပိုမိုလုပ်ဆောင်ကြောင်း သိရသည်။ ရုံးအုပ် ဒုအရာခံဗိုလ် မျိုးဇော်ဆတ်သည် တပ်အတွင်း ၎င်းဖွင့်လှစ်ထားသော…