Category: News
-

ပြည်သူတွေကို ငွေတောင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ကြောင်း PGF ထုတ်ပြန်
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်မှာ ပြည်သူတွေထံကနေ ငွေကြေးတောင်းခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၁၅ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Popa Guerilla Force (PGF) က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးနေတာကြောင့် ပြည်သူတွေ အကြောက်တရားနဲ့ သွားလာနေရတဲ့အတွက် တိုက်ခိုက်ခဲ့တာလို့ Popa Guerilla Force (PGF) တပ်ဖွဲ့ ဒုတာဝန်ခံ ရဲဘော်ဗျတ္တက ပြောပါတယ်။ “စစ်ကောင်စီတပ်က ပုပွါး-ဝဲလောင် လမ်းပိုင်းမှာ ကင်းပုန်းဝပ်ပြီး ကားတွေ၊ ဆိုင်ကယ်တွေကိုတားဆီး စစ်ဆေးတာ ငွေကြေးတောင်းခံတာတွေလုပ်နေလို့ ပြည်သူတွေက အကြောက်တရားနဲ့ သွားလာနေရတယ်၊ ဒါကြောင့် သူတို့လည်း အမြဲအကြောက်တရားနဲ့နေရအောင် တိုက်ခိုက်ခဲ့တာပါ” ပုပ္ပါး-ဝဲလောင် လမ်းပိုင်းမှာ ငွေကြေးတောင်းခံပြီးပြန်လှည့်လာတဲ့ စစ်ကောင်စီတပ် ကားသုံးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အထိအခိုက်များကြောင်းနဲ့ အတိအကျကိုတော့ မသိရသေးကြောင်း…
-

“တပ်မတော် မကယ်တင်လျှင် နိုင်ငံတော်နှင့် ပြည်ထောင်စုပြိုကွဲတော့မည်” ဟု စစ်မှုထမ်းသင်တန်းများတွင် ဝါဒဖြန့်
မင်းအောင်လှိုင်၏ ပြောစကားများကို စစ်မှုထမ်းတပ်သားသစ်များကို သင်ကြားပို့ချနေ KIA ၊ MNDAA ၊ AA ၊ TNLA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များမှာ ပြည်ပကြိုးကိုင်ထားသော ရုပ်သေးရုပ် အဖွဲ့များဟု ဝါဒမှိုင်းသွင်း မြန်မာနိုင်ငံတွင် “တပ်မတော် မကယ်တင်လျှင် နိုင်ငံတော်နှင့် ပြည်ထောင်စု ပြိုကွဲတော့မည်” ဟု စစ်မှုထမ်းသင်တန်းများတွင် ဝါဒဖြန့်နေပြီး မင်းအောင်လှိုင်၏ ပြောစကားများကို စစ်မှုထမ်းတပ်သားသစ်များကို သင်ကြားပို့ချနေကြောင်း စစ်မှုထမ်းတပ်သားတချို့က ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက လစဉ်ဖွင့်လှစ် ပို့ချလျက်ရှိသော စစ်မှုထမ်းသင်တန်းများတွင် စစ်ရေးနှင့်ပစ်ခတ်မှု သင်ကြားခြင်းအပြင် စာတွေ့ သင်ခန်းစာအဖြစ် “နိုင်ငံတော်အကြီးအကဲ၏ အမြင်သဘောထားနှင့် နိုင်ငံတော်၏ အနာဂတ်” ဆိုသော သင်ခန်းစာများ လာရောက်ပို့ ချကြောင်း၊ ထိုသို့ ပို့ချရာတွင် တပ်မတော်ပြိုကွဲလျှင် နိုင်ငံတော်ပြိုကွဲပြီး ပြည်ထောင်စုကြီးပြိုကွဲတော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိ…
-

မံစီမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း လမ်းတွင် ပစ်ခတ်သတ်ဖြတ်
မံစီမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း လမ်းတွင် ပစ်ခတ်သတ်ဖြတ်ထား၍ အလောင်း ၁၀၀ နီးပါး တွေ့ရ ကချင်လွတ်လပ်ရေးတပ်တော် (KIA) သိမ်းပိုက်လိုက်သည့် မံစီမြို့မှ ထွက်ပြေးသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချင်းချင်း လမ်းတွင် အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ထားခဲ့ရာ အလောင်း ၁၀၀ နီးပါး တွေ့ရှိခဲ့ရကြောင်း သိရသည်။ KIA သည် ပြီးခဲ့သည့် ဇန်နဝါရီ ၈ရက်က မံစီမြို့ကိုသိမ်းပိုက်ပြီးနောက် မြို့တွင်းနှင့် တပ်ရင်း သုံးခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားခဲ့ကြပြီး KIA က လိုက်လံတိုက်ခိုက်ရာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အလောင်းများကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။ “၉ ရက်နေ့ကနေ ၁၄ ရက် နေ့အထိ အနောက်က လိုက်တိုက်တာမှာ သူတို့အချင်းချင်း ပစ်သတ် ထားခဲ့ကြတဲ့ အလောင်းတွေတွေ့ရတယ်။ စစ်တပ်မိသားစုဝင်တွေလည်းပါတယ်တွေ့တဲ့ အလောင်း…
-

ကျုံပျော်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးတစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံး
ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ် ၊ ညောင်ပင်ဆိပ်ကျေးရွာတွင် ဇန်နဝါရီ ၁၅ ရက်နေ့နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ ညောင်ပင်ဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥဦးမြင့်သောင်းသည် ကျေးရွာအတွင်းသွားလာနေစဥ် ပစ်ခတ်ခံရပြီး ဆေးရုံသို့အရောက်တွင် သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ “သူက ခုစစ်မှုထမ်းတွေခေါ်တဲ့ အချိန်မှာ ငွေတောင်းအကြမ်းဆုံးပဲ။ ခုတော့ ဘယ်အဖွဲ့ကပစ်သွားမှန်းမသိဘူး ၊ သူမှာလဲ စစ်တပ်ကပေးထားတဲ့ သေနတ်ကိုင်တာတွေ့တယ်။ အပစ်ခံရတော့ပါလာလား ပစ်တဲ့သူတွေပဲယူသွားလားမသိဘူး “ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါပစ်ခတ်မှုနှင့်ပတ်သတ်ပြီးကျုံပျော်မြို့နယ်အတွင်း လှုပ်ရှားနေသော တော်လှန်ရေးအင်အားစုများဘက်မှ သတင်းထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။ အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရသည့်နေရာသို့ မြို့နယ်စစ်ကောင်စီမှ လာရောက်စစ်ဆေးခဲ့ပြီးစစ်တပ်နှင့် ရဲများက လမ်းများပိတ်ဆို့စစ်ဆေးစောင့်ကြည့်မှုများ ပြုလုပ်နေသည့်အတွက် ပြည်သူများအနေဖြင့် မှားယွင်းစွပ်စွဲဖမ်းဆီး ခံရမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်…
-

ပေါက်မြို့နယ်ရှိ ကပစ-၂၄နှင့် ပျူစောထီးကျေးရွာများအား တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၂၄)အပါအဝင် ပျူစောထီးများအထိုင်ချထားသည့် ကျေးရွာ ၅ ရွာအား တော်လှန်ရေးပူးပေါင်းအဖွဲ့များနှင့်အတူ ဒရုန်းများဖြင့် ဗုံးသီးအလုံးရေ ၁၅၀ ကျော်အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ဒရုန်းတပ်ဖွဲ့တာဝန်ခံက ပြောသည်။ တိုက်ခိုက်မှုများကို ဇန်နဝါရီ ၈ ရက်မှ ၁၂ ရက်အထိ ၅ ရက်ဆက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ပျူစောထီး နှစ်ဦးသေဆုံးပြီး ၂၀ခန့် ထိခိုက်ဒဏ်ရာရကြောင်း ပေါက် ပကဖ ဒရုန်းတပ်ဖွဲ့မှ ယနေ့(ဇန်နဝါရီ ၁၅)အသိပေး ထုတ်ပြန်သည်။ စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့်နေရာများမှာ ကပစ-၂၄ နှင့် ပျူစောထီးအားကောင်းသော ကျေးရွာများဖြစ်သော သစ်ချိုကုန်း၊ ဝန်းခြုံ၊ တပ်ကုန်း၊ ပင်တောင်နှင့် ဇီးပြားရွာတို့ဖြစ်ပြီး တိုက်ခိုက်မှုများအတွင် တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ ဒရုန်း ၄စင်းပျက်စီးခဲ့ကြောင်း အသိပေးသည်။…